သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ေနရပ္စြန္႔ခြာရသူ ၁ သန္းေက်ာ္ရွိ (ကုလအတြင္းေရးမွဴးခ်ဳပ္႐ုံး)


သထုံၿမိဳ႕နယ္၊ ထုံးဘိုေလးေက်း႐ြာသားမ်ား စစ္ ေဘးလြတ္ရာကို ထြက္ေျပးေနၾကပုံ( KIC)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ တ၀န္းမွာ လက္ရွိ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ ၁,၀၀၀,၀၀၀ ေက်ာ္ အိုးအိမ္စြန္႔ ထြက္ေျပးေနရေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေျပာပါတယ္။

ဒါ႔အျပင္ ကေလးငယ္ ၄ သန္းေက်ာ္ဟာလည္း စာသင္ႏွစ္ ၂ ႏွစ္ တိတိ ပညာသင္ၾကားခြင့္ မရျဖစ္ေနေၾကာင္း၊ ကေလးေတြကို တည္ၿငိမ္ေအးခ်မ္းစြာ ပညာသင္ၾကားခြင့္မွာ အဟန္႔အတားေတြ ျဖစ္ေနတာဟာဆိုရင္ ကေလးလုပ္သား၊ လူကုန္ကူးခံရမႈနဲ႔ အရြယ္မတိုင္မီ အိမ္ေထာင္ခ်ထားမႈေတြ ျဖစ္လာႏိုင္တဲ႔ အႏၲရာယ္ ပိုၿပီး မ်ားလာေစတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာ လုပ္တဲ႔ အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

သြားလာခြင့္ အခက္အခဲနဲ႔ ရန္ပံုေငြ မလံုေလာက္မႈေတြ အႀကီးအက်ယ္ ရွိေနေပမယ့္လည္း ကုလသမဂၢနဲ႔ မိတ္ဖက္ေတြက ႏိုင္ငံတြင္းမွာ ဆက္လက္ ေနထိုင္ ေဆာင္ရြက္ေနေၾကာင္း၊ ၂၀၂၂ ခုႏွစ္ ပထမ ၄ လ အတြင္း လူေပါင္း ၂ ဒသမ ၆ သန္းကို အကူအညီ ေပးအပ္ႏိုင္ခဲ႔ေၾကာင္းလည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ လူသားခ်င္း စာနာမႈ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္မွာ ေဖာ္ျပထားတဲ႔ အတိုင္း က်န္ရွိေနတဲ႔ လူေပါင္း ၆ ဒသမ ၂ သန္းကို ကုလသမဂၢ အေနနဲ႔ အကူအညီေတြ ေပးအပ္ႏိုင္ေရးကေတာ့ ရန္ပံုေငြ ထပ္တိုးရရွိမႈ၊ သြားလာခြင့္ တိုးတက္ ရရွိမႈ၊ ျပည္၀င္ခြင့္ ၾကန္႔ၾကာမႈ၊ ဘဏ္လုပ္ငန္း အတားအဆီးေတြလို တားျမစ္ကန္႔သတ္ခ်က္ေတြကို ဖယ္ရွားေပးမႈ အေပၚမွာ မူတည္တယ္လို႔လည္း သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံ အတြက္ စာနာမႈ အကူအညီ အတြက္ ေဒၚလာ ၈၂၆ သန္း ရရွိေရး ပန္ၾကားထားတာမွာ အခုအခ်ိန္ထိ ၁၁ ရာခိုင္ႏႈန္းသာ ရရွိေသးတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၁ သန်းကျော်ရှိ (ကုလအတွင်းရေးမှူးချုပ်ရုံး)

မြန်မာနိုင်ငံ တဝန်းမှာ လက်ရှိ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၁,၀၀၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကလေးငယ် ၄ သန်းကျော်ဟာလည်း စာသင်နှစ် ၂ နှစ် တိတိ ပညာသင်ကြားခွင့် မရဖြစ်နေကြောင်း၊ ကလေးတွေကို တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားခွင့်မှာ အဟန့်အတားတွေ ဖြစ်နေတာဟာဆိုရင် ကလေးလုပ်သား၊ လူကုန်ကူးခံရမှုနဲ့ အရွယ်မတိုင်မီ အိမ်ထောင်ချထားမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုပြီး များလာစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သွားလာခွင့် အခက်အခဲနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေ အကြီးအကျယ် ရှိနေပေမယ့်လည်း ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက နိုင်ငံတွင်းမှာ ဆက်လက် နေထိုင် ဆောင်ရွက်နေကြောင်း၊ ၂၀၂၂ ခုနှစ် ပထမ ၄ လ အတွင်း လူပေါင်း ၂ ဒသမ ၆ သန်းကို အကူအညီ ပေးအပ်နိုင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်မှာ ဖော်ပြထားတဲ့ အတိုင်း ကျန်ရှိနေတဲ့ လူပေါင်း ၆ ဒသမ ၂ သန်းကို ကုလသမဂ္ဂ အနေနဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးကတော့ ရန်ပုံငွေ ထပ်တိုးရရှိမှု၊ သွားလာခွင့် တိုးတက် ရရှိမှု၊ ပြည်ဝင်ခွင့် ကြန့်ကြာမှု၊ ဘဏ်လုပ်ငန်း အတားအဆီးတွေလို တားမြစ်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမှု အပေါ်မှာ မူတည်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံ အတွက် စာနာမှု အကူအညီ အတွက် ဒေါ်လာ ၈၂၆ သန်း ရရှိရေး ပန်ကြားထားတာမှာ အခုအချိန်ထိ ၁၁ ရာခိုင်နှုန်းသာ ရရှိသေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG