သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အခ်ိန္သတ္မွတ္ေျဖရွင္းဖို႔ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီး အဆိုျပဳ


မေလးရွားႏိုင္ငံျခားေရး၀န္ႀကီး Saifuddin Abdullah

[[Zawgyi/Unicode]]​

ျမန္မာ့ ျပႆနာကို ေျဖရွင္းရာမွာ အခ်ိန္ သတ္မွတ္ခ်က္နဲ႔ ပါဝင္ပတ္သက္သူ စာရင္းကို အာဆီယန္ အေနနဲ႔ ခ်မွတ္ဖို႔ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးက စေနေန႔ ဇြန္ ၁၁ ရက္ေန႔က အႀကံေပးလိုက္ပါတယ္။

“ဘယ္အခ်ိန္ ဘယ္အတိုင္းအတာအထိ လုပ္ငန္းၿပီးေျမာက္ ေအာင္ျမင္ေအာင္လုပ္ေဆာင္မယ္၊ ဘယ္သူေတြနဲ႔ ေတြ႕ဆုံမယ္၊ ဘယ္သူေတြက ပါ၀င္သင့္တယ္ ဆိုတာေတြကို အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ထဲမွာ ထည္သြင္း ေဖာ္ျပထားတာ မရွိဘူး” လို႔ စကၤာပူ ႏိုင္ငံ မွာ က်င္းပေနတဲ့ အာရွ ကာကြယ္ေရးဆိုင္ရာညီလာခံမွာ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီး Saifuddin Abdullah က ခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

အဲဒီ ပါဝင္ပတ္သက္သူ စာရင္းမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္၊ NUG ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရးအစိုးရနဲ႔ NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီတို႔ ပါဝင္ရပါမယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက သူ႔ရဲ႕ ေဖ့ဘြတ္ခ္ လူမႈ စာမ်က္ႏွာမွာ ေရးပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယန္ အထူးသံတမန္ရဲ႕ အခန္းက႑ကို ပိုၿပီး ခိုင္မာေအာင္လုပ္ဖို႔လည္း ဇြန္လ ၁၆ - ၁၇ ရက္၊ အိႏၵိယ ႏိုင္ငံ ေဒလီၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံ-အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးမွာ အႀကံျပဳမယ္လို႔ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

အာဏာသိမ္းၿပီး ျဖစ္ေပၚလာခဲ့တဲ့ ပဋိပကၡေၾကာင့္ ျပည္တြင္းမွာ စစ္ေရွာင္ ေနရပ္စြန႔္ခြါသူ တစ္သန္းေက်ာ္ ရွိေနပါတယ္။ ႏွစ္ဘက္လုံးရဲ႕ အေနအထားက တင္းမာၾကၿပီး၊ စကားေျပာဖို႔ ဒါမွမဟုတ္ အက်ပ္အတည္း အေျဖရွာဖို႔ စိတ္ဆႏၵ မရွိၾကဘူးလို႔ အစည္းအေဝးမွာ ဦးေဆာင္တင္ျပသူ တစ္ဦးျဖစ္တဲ့ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noeleen Heyzer က ေျပာပါတယ္။ ဒါေပမဲ့ ျပႆနာေတြကို ကိုင္တြယ္ႏိုင္ဖို႔ ပိုမို ပါဝင္ ႏွီးေႏွာႏိုင္တဲ့ ေဆြးေႏြးပြဲ တစ္ရပ္ကို တခ်ိဳ႕ ေဒသခံေခါင္းေဆာင္ေတြ က လိုလားၾကပါတယ္လို႔လည္း သူက ဆိုပါတယ္။

[[Unicode]]

မြန်မာ့ ပြဿနာကို ဖြေရှင်းရာမှာ အချိန် သတ်မှတ်ချက်နဲ့ ပါဝင်ပတ်သက်သူ စာရင်းကို အာဆီယန် အနေနဲ့ ချမှတ်ဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက စနေနေ့ ဇွန် ၁၁ ရက်နေ့က အကြံပေးလိုက်ပါတယ်။

“ဘယ်အချိန် ဘယ်အတိုင်းအတာအထိ လုပ်ငန်းပြီးမြောက် အောင်မြင်အောင်လုပ်ဆောင်မယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်သူတွေက ပါဝင်သင့်တယ် ဆိုတာတွေကို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ထဲမှာ ထည်သွင်း ဖော်ပြထားတာ မရှိဘူး” လို့ စင်္ကာပူ နိုင်ငံ မှာ ကျင်းပနေတဲ့ အာရှ ကာကွယ်ရေးဆိုင်ရာညီလာခံမှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပါဝင်ပတ်သက်သူ စာရင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ ပါဝင်ရပါမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှု စာမျက်နှာမှာ ရေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယန် အထူးသံတမန်ရဲ့ အခန်းကဏ္ဍကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့လည်း ဇွန်လ ၁၆ - ၁၇ ရက်၊ အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အကြံပြုမယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အာဏာသိမ်းပြီး ဖြစ်ပေါ်လာခဲ့တဲ့ ပဋိပက္ခကြောင့် ပြည်တွင်းမှာ စစ်ရှောင် နေရပ်စွန့်ခွါသူ တစ်သန်းကျော် ရှိနေပါတယ်။ နှစ်ဘက်လုံးရဲ့ အနေအထားက တင်းမာကြပြီး၊ စကားပြောဖို့ ဒါမှမဟုတ် အကျပ်အတည်း အဖြေရှာဖို့ စိတ်ဆန္ဒ မရှိကြဘူးလို့ အစည်းအဝေးမှာ ဦးဆောင်တင်ပြသူ တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က ပြောပါတယ်။ ဒါပေမဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ပိုမို ပါဝင် နှီးနှောနိုင်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို တချို့ ဒေသခံခေါင်းဆောင်တွေ က လိုလားကြပါတယ်လို့လည်း သူက ဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG