သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ဒီသီတင္းပတ္ထဲ ေဆြးေႏြးမည္


ကေမၻာဒီးယားႏုိင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး တက္ေရာက္သူမ်ား။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

ျမန္မာ့အေရး ေျဖရွင္းဖို႔ ရည္ရြယ္ခ်မွတ္ထားတဲ့ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္ေရး အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြ လာမယ့္ ဗုဒၶဟူးေန႔ ေမလ ၁၁ ရက္ေန႔မွာ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးမယ့္အေၾကာင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ဒီသီတင္းပတ္ေႏွာင္းပိုင္း ဝါရွင္တန္ဒီစီမွာ က်င္းပမယ့္ အာဆီယံ-အေမရိကန္ အထူးထိပ္သီးေဆြးေႏြးပြဲ မတိုင္မီမွာ ျမန္မာ့အေရး အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ အားလံုးရဲ႕ အလြတ္သေဘာ ေဆြးေႏြးပြဲ ျဖစ္မယ့္အေၾကာင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Datuk Seri Saifuddin Abdullah က ေျပာပါတယ္။

စစ္ေကာင္စီဘက္က ပူးေပါင္းေဆာင္ရြက္မႈ မရွိတာေၾကာင့္ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ ထိေရာက္မႈမရွိ ျဖစ္ေနတဲ့အတြက္ အခုလို အလြတ္သေဘာ ေဆြးေႏြးပြဲ ေခၚရတာျဖစ္ေၾကာင္း၊ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာ့အေရး အထူးကိုယ္စားလွယ္အျဖစ္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာမွာ ခန္႔အပ္ထားတဲ့ ေဒါက္တာ Noeleen Heyzer ကို စစ္ေကာင္စီဘက္က အခုအခ်ိန္ထိ အသိအမွတ္ မျပဳေသးတာကိုလည္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေထာက္ျပပါတယ္။

ဒီကိစၥဟာဆိုရင္ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္မႈမွာ အဟန္႔အတား ျဖစ္လာမယ့္ အေရးကို စိုးရိမ္ေၾကာင္း စေနေန႔ ေမလ ၇ ရက္ေန႔ ေတြ႔ဆံုေမးျမန္းခန္းတခုမွာ မေလးရွားဝန္ႀကီးက ေျပာဆိုခဲ့ပါတယ္။

အာဆီယံဥကၠ႒ ကေမၻာဒီးယားဘက္က အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ (NUCC) တို႔နဲ႔ အလြတ္သေဘာ ဆက္ဆံဖို႔ သူ႔အေနနဲ႔ ထပ္ၿပီး တိုက္တြန္းမယ့္အေၾကာင္းလည္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

အာဆီယံဘက္က NUG နဲ႔ အလြတ္သေဘာ ဆက္ဆံေရး မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ အဆိုျပဳခ်က္ကိုေတာ့ စစ္ေကာင္စီရဲ႕ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနက ကန္႔ကြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီသီတင်းပတ်ထဲ ဆွေးနွေးမည်

မြန်မာ့အရေး ဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဗုဒ္ဓဟူးနေ့ မေလ ၁၁ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ့်အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်း ဝါရှင်တန်ဒီစီမှာ ကျင်းပမယ့် အာဆီယံ-အမေရိကန် အထူးထိပ်သီးဆွေးနွေးပွဲ မတိုင်မီမှာ မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးရဲ့ အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်မယ့်အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောပါတယ်။

စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ထိရောက်မှုမရှိ ဖြစ်နေတဲ့အတွက် အခုလို အလွတ်သဘော ဆွေးနွေးပွဲ ခေါ်ရတာဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ခန့်အပ်ထားတဲ့ ဒေါက်တာ Noeleen Heyzer ကို စစ်ကောင်စီဘက်က အခုအချိန်ထိ အသိအမှတ် မပြုသေးတာကိုလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပါတယ်။

ဒီကိစ္စဟာဆိုရင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုမှာ အဟန့်အတား ဖြစ်လာမယ့် အရေးကို စိုးရိမ်ကြောင်း စနေနေ့ မေလ ၇ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ မလေးရှားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဘက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ အလွတ်သဘော ဆက်ဆံဖို့ သူ့အနေနဲ့ ထပ်ပြီး တိုက်တွန်းမယ့်အကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံဘက်က NUG နဲ့ အလွတ်သဘော ဆက်ဆံရေး မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုချက်ကိုတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ထားပါတယ်။

XS
SM
MD
LG