သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံစည်းဝေးပွဲမှာ မလေးရှား အဆိုပြုမည်


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah. (ဇန်နဝါရီ ၁၆၊ ၂၀၁၉)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah. (ဇန်နဝါရီ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

အာဏာမသိမ်းမီက လူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေက ဖွဲ့စည်းလိုက်ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာက ဆိုပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အတွက် ခုလို အဆိုပြုချက်ကို တင်သွင်းရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံက အဆိုပါ သဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာပါ။

“အခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ ကျနော်တို့က အာဆီယံကို အဆိုပြုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့နည်းနဲ့ ဆက်ဆံလုပ်ကိုင်ဖို့ စဉ်းစားနိုင်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ထဲမှာ ရှိနေသေးတဲ့ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီ ဘယ်လိုပေးနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆက်ဆံလုပ်ကိုင်နိုင်ပါတယ်။”

မေလ ၅ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရှိပြီး NUG နဲ့ ဆက်ဆံလုပ်ကိုင်ရေးဟာ မလေးရှားက တင်သွင်းမယ့် အဆိုပြုချက် ၃ ခုထဲက တခုဖြစ်ပါတယ်။ ဒုတိယအဆိုပြုချက်ကတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီကို ၂ ဆတိုးပေးဖို့ ဖြစ်ပြီး တတိယ အဆိုပြုချက်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အနေအထားနဲ့ လုပ်ငန်းတွေ ပိုမိုခိုင်မာအောင် နည်းလမ်းများ ရှာဖွေရေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီကတဆင့် လူသားချင်း စာနာထောက်ထား‌ရေး အကူအညီကို ပေးရင် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဆီ မရောက်မှာကို အာဆီယံရဲ့ လက်တွဲဘက် အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ ဒီလို အကူအညီတွေကို ကုလသမဂ္ဂရဲ့ လမ်းညွှန်မှုအောက်ကနေ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပေးကြဖို့ မလေးရှားက ပြောပါတယ်။

အာဆီယံနိုင်ငံတိုင်းဟာ သူတို့နိုင်ငံက NGO တွေ မြန်မာပြည်မှာ ကူညီနိုင်အောင် ရှိသင့်တယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)









XS
SM
MD
LG