Zawgyi/Unicode
ျမန္မာ႔အေရးအတြက္ အာဆီယံ မူ ၅ ခ်က္ကို ျပင္သစ္ေထာက္ခံေၾကာင္း ထပ္မံအတည္ျပဳ
ျမန္မာႏုိင္ငံက ပဋိပကၡေတြ ကူညီေျဖရွင္းေပးဖုိ႔ ASEAN ကခ်မွတ္ထားတဲ့ အခ်က္ ၅ ခ်က္ ကုိ ျမန္မာ အာဏာသိမ္း စစ္ေကာင္စီက ပူးေပါင္းေဆာင္ရြက္ျခင္း မရွိတဲ့အတြက္ အေျခ အေနေတြ တုိးတက္လာျခင္း မရွိဘူးလုိ႔ ျပင္သစ္ အစုိးရက ျပစ္တင္ေ၀ဖန္လုိက္ပါတယ္။
ဧၿပီလ ၂၄ ရက္ေန႔က အင္ဒုိနီးရွားမွာ အာဆီယံ ေခါင္းေဆာင္ေတြန႔ဲ ျမန္မာ့အေရး ေဆြး ေႏြးခဲ့အၿပီးမွာ ျပင္သစ္အစုိးရက အခုလုိ ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာ ျပည္သူေတြရဲ့ ဆႏၵနဲ႔အညီ အာဆီယံ အဖဲြ႔၀င္ႏုိင္ငံေတြရဲ့ ျမန္မာႏုိင္ငံ ပဋိပက ၡေျဖရွင္းေရးနဲ႔ ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ နည္းလမ္းေတြကုိ ေထာက္ခံသြားမွာျဖစ္ေၾကာင္း ျပင္သစ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ လုံၿခံဳေရး တပ္ဖဲြ႔ေတြက က်ဴးလြန္ ေနတဲ့ အၾကမ္းဖက္ တိုက္ခုိက္မႈေတြကုိ ခ်က္ခ်င္း ရပ္ဆုိင္းၿပီး အမ်ိဳးသားညီညြတ္ေရး အစုိးရ NUG ၊ CRPH အပါ၊ ဒီမုိကေရစီလုိလားတဲ့ အဖဲြ႔ေတြ အားလုံးပါ၀င္တဲ့ ေတြ႔ဆုံ ေဆြးေႏြးေရး တရပ္ လုပ္ေဆာင္ဖုိ႔ဟာ ျမန္မာႏုိင္ငံက ပဋိပကၡေတြ အဆုံးသတ္ႏုိင္ဖုိ႔ အတြက္အေရးႀကီးတဲ့ ကိစၥျဖစ္ေၾကာင္းကုိလည္း ေျပာဆုိထားပါတယ္။
ဖိႏွိပ္ရက္စက္မႈေတြၾကားက ေနာက္မတြန္႔ဘဲ သတၱိရွိစြာ ဒီမုိကေရစီ ေရးအတြက္တုိက္ပဲြ၀င္ေနတဲ့ ျမန္မာျပည္သူေတြကုိ ေထာက္ခံပါေၾကာင္းကုိလည္း ျပင္သစ္အစိုးရက ထပ္မံ အတည္ျပဳေျပာဆုိပါတယ္။
##
မြန်မာ့အရေးအတွက် အာဆီယံ မူ ၅ ချက်ကို ပြင်သစ်ထောက်ခံကြောင်း ထပ်မံအတည်ပြု
မြန်မာနိုင်ငံက ပဋိပက္ခတွေ ကူညီဖြေရှင်းပေးဖို့ ASEAN ကချမှတ်ထားတဲ့ အချက် ၅ ချက် ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခြေ အနေတွေ တိုးတက်လာခြင်း မရှိဘူးလို့ ပြင်သစ် အစိုးရက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး ဆွေး နွေးခဲ့အပြီးမှာ ပြင်သစ်အစိုးရက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ ပဋိပက ္ခဖြေရှင်းရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ နည်းလမ်းတွေကို ထောက်ခံသွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ကျူးလွန် နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ CRPH အပါ၊ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး တရပ် လုပ်ဆောင်ဖို့ဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အတွက်အရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်းကိုလည်း ပြောဆိုထားပါတယ်။
ဖိနှိပ်ရက်စက်မှုတွေကြားက နောက်မတွန့်ဘဲ သတ္တိရှိစွာ ဒီမိုကရေစီ ရေးအတွက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံပါကြောင်းကိုလည်း ပြင်သစ်အစိုးရက ထပ်မံ အတည်ပြုပြောဆိုပါတယ်။