သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတ ေရြးေကာက္ပဲြ Emmanuel Macron ဆက္လက္ေအာင္ပဲြခံ


ေထာက္ခံသူေတြကို ႏႈတ္ဆက္ေနတဲ့ ျပင္သစ္သမၼတ Emmanuel Macron. (ဧၿပီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

တနဂၤေႏြေန႔မွာ က်င္းပတဲ့ ၂၀၂၀ ျပင္သစ္သမၼတ ေရြးေကာက္ပြဲမွာ လက္ရွိသမၼတ Emmanuel Macron က ေရတြက္ၿပီးမဲ ၅၈ ရာခိုင္ႏႈန္းေက်ာ္ရေနၿပီး သူ႔ၿပိဳင္ဘက္ Marine Le Pen က ၄၁ ရာခိုင္ႏႈန္းေက်ာ္ ရေနတဲ့အတြက္ အခုေရြးေကာက္ပြဲမွာ အႏိုင္ရေနရပါတယ္။ မဲရလဒ္ အတည္ျပဳၿပီးရင္ေတာ့ သူဟာ ႏွစ္ေပါင္း ၂၀ အတြင္း ျပင္သစ္မွာ ဒုတိယသက္တမ္း ဆက္ၿပီးအေရြးခံရတဲ့ သမၼတ ျဖစ္လာေတာ့မွာပါ။

ဒီမဲရလဒ္ေတြဟာ အတည္မျဖစ္ေသးသလို ေရြးေကာက္ပြဲမွာ သူအေရးနိမ့္ေၾကာင္း Le Pen က ဝန္ခံခဲ့ေပမဲ့ ေရွ႕လထဲမွာ ဥပေဒျပဳလႊတ္ေတာ္ ေရြးေကာက္ပြဲ ျပဳလုပ္မွာ ျဖစ္တဲ့အတြက္ ပြဲက မၿပီးေသးဘူးလို႔ သူ႔ေထာက္ခံသူေတြကို ေျပာၾကားခဲ့တာပါ။

၂၀၁၇ ေရြးေကာက္ပြဲကတည္းက Le Pen ကို ႏိုင္ခဲ့တဲ့ သမၼတ Macron ကလည္း သူ႔ၿပိဳင္ဘက္အေပၚ ေလွာင္ေျပာင္တာေတြ မလုပ္ဖို႔ သူ႔ကို ေထာက္ခံသူေတြကို တိုက္တြန္းေနပါတယ္။

လက္ယာစြန္းၿပိဳင္ဘက္ကို အႏိုင္ရခဲ့တဲ့ သမၼတ Macron ကို တနဂၤေႏြေန႔မွာပဲ ဥေရာပ ေခါင္းေဆာင္ေတြက ဂုဏ္ျပဳႀကိဳဆိုခဲ့ၾကပါတယ္။

အီးယူအတြက္ အေရးပါတဲ့ ျပင္သစ္ႏိုင္ငံမွာ ႏိုင္ငံေရးအရ ႐ုတ္တရက္ အေျပာင္းအလဲေတြ ျဖစ္မလာဘူးဆိုတာ ေသခ်ာသြားတဲ့အတြက္ စိတ္ေအးသြားၾကတာျဖစ္ၿပီး သမၼတ Macron ရဲ႕ ေအာင္ျမင္မႈကို ႀကိဳဆိုေၾကာင္း အီးယူ ဥေရာပသမဂၢ အႀကီးအကဲ Ursula von der Leyen က တြစ္တာကေန ေျပာပါတယ္။ သမၼတအျဖစ္ ျပန္အေရြးခံရတဲ့ Emmanuel Macron ကို ဂုဏ္ျပဳေၾကာင္းနဲ႔ အီးယူနဲ႔ ျပင္သစ္ ဆက္လက္ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဥေရာပေကာင္စီ အႀကီးအကဲ Charles Michel ကေတာ့ ဥေရာပမွာ ေလမိုးထန္ေနခ်ိန္ ျပင္သစ္က ဥေရာပနဲ႔ တသားတည္း ဆက္ရွိေနတာကို လိုလားေၾကာင္း ေျပာပါတယ္။

အီးယူကေန ႏုတ္ထြက္ခဲ့တဲ့ ၿဗိတိန္ကလည္း ျပင္သစ္သမၼတနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာၾကားလိုက္ၿပီး ျပင္သစ္ဟာ ၿဗိတိန္ရဲ႕ အနီးကပ္ဆံုးနဲ႔ အေရးအပါဆံုး မဟာမိတ္ျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပြင်သစ်သမ္မတ ရွေးကောက်ပွဲ Emmanuel Macron ဆက်လက်အောင်ပွဲခံ

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ၂၀၂၀ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Emmanuel Macron က ရေတွက်ပြီးမဲ ၅၈ ရာခိုင်နှုန်းကျော်ရနေပြီး သူ့ပြိုင်ဘက် Marine Le Pen က ၄၁ ရာခိုင်နှုန်းကျော် ရနေတဲ့အတွက် အခုရွေးကောက်ပွဲမှာ အနိုင်ရနေရပါတယ်။ မဲရလဒ် အတည်ပြုပြီးရင်တော့ သူဟာ နှစ်ပေါင်း ၂၀ အတွင်း ပြင်သစ်မှာ ဒုတိယသက်တမ်း ဆက်ပြီးအရွေးခံရတဲ့ သမ္မတ ဖြစ်လာတော့မှာပါ။

ဒီမဲရလဒ်တွေဟာ အတည်မဖြစ်သေးသလို ရွေးကောက်ပွဲမှာ သူအရေးနိမ့်ကြောင်း Le Pen က ဝန်ခံခဲ့ပေမဲ့ ရှေ့လထဲမှာ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် ပွဲက မပြီးသေးဘူးလို့ သူ့ထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။

၂၀၁၇ ရွေးကောက်ပွဲကတည်းက Le Pen ကို နိုင်ခဲ့တဲ့ သမ္မတ Macron ကလည်း သူ့ပြိုင်ဘက်အပေါ် လှောင်ပြောင်တာတွေ မလုပ်ဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းနေပါတယ်။

လက်ယာစွန်းပြိုင်ဘက်ကို အနိုင်ရခဲ့တဲ့ သမ္မတ Macron ကို တနင်္ဂနွေနေ့မှာပဲ ဥရောပ ခေါင်းဆောင်တွေက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

အီးယူအတွက် အရေးပါတဲ့ ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးအရ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်မလာဘူးဆိုတာ သေချာသွားတဲ့အတွက် စိတ်အေးသွားကြတာဖြစ်ပြီး သမ္မတ Macron ရဲ့ အောင်မြင်မှုကို ကြိုဆိုကြောင်း အီးယူ ဥရောပသမဂ္ဂ အကြီးအကဲ Ursula von der Leyen က တွစ်တာကနေ ပြောပါတယ်။ သမ္မတအဖြစ် ပြန်အရွေးခံရတဲ့ Emmanuel Macron ကို ဂုဏ်ပြုကြောင်းနဲ့ အီးယူနဲ့ ပြင်သစ် ဆက်လက်ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဥရောပကောင်စီ အကြီးအကဲ Charles Michel ကတော့ ဥရောပမှာ လေမိုးထန်နေချိန် ပြင်သစ်က ဥရောပနဲ့ တသားတည်း ဆက်ရှိနေတာကို လိုလားကြောင်း ပြောပါတယ်။

အီးယူကနေ နုတ်ထွက်ခဲ့တဲ့ ဗြိတိန်ကလည်း ပြင်သစ်သမ္မတနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် Boris Johnson က ပြောကြားလိုက်ပြီး ပြင်သစ်ဟာ ဗြိတိန်ရဲ့ အနီးကပ်ဆုံးနဲ့ အရေးအပါဆုံး မဟာမိတ်ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG