သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတ ေရြးေကာက္ပြဲရလဒ္ ဥေရာပလုံၿခဳံေရးေပၚ သက္ေရာက္မႈရွိလာႏိုင္


လက္ရွိ ျပင္သစ္သမၼတ Emmanuel Macron (ယာ) နဲ႔ လက္ယာစြန္း National Rally ပါတီ သမၼတကိုယ္စားလွယ္ေလာင္း Marine Le Pen.

(Zawgyi / Unicode)

ျပင္သစ္သမၼတေရြးေကာက္ပြဲ ေနာက္ဆုံးအေက်ာ့အျဖစ္ တနဂၤေႏြေန႔မွာ ျပင္သစ္မဲဆႏၵရွင္ေတြ မဲေပးၾကရမွာ ျဖစ္ပါတယ္။ လူထုစစ္တမ္းေတြအရ လက္ရွိသမၼတ Emmanuel Macron နဲ႔ လက္ယာစြန္း National Rally ပါတီက သမၼတကိုယ္စားလွယ္ေလာင္း Marine Le Pen တို႔အေပၚ ေထာက္ခံသူ အခ်ိဳးအစားက သိပ္ႀကီးမကြာလွပါဘူး။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တိုက္ခိုက္ေနခ်ိန္ လုပ္တဲ့ ဒီေရြးေကာက္ပြဲမွာ Le Pen အႏိုင္ရမယ္ဆိုရင္ ဥေရာပတိုက္ လုံၿခဳံေရးအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။

ဗုဒၶဟူးေန႔ကလုပ္ခဲ့တဲ့ စကားစစ္ထိုးပြဲအတြင္း သမၼတ Emmanuel Macron က Marine Le Pen ရဲ႕ လက္ယာစြန္းပါတီနဲ႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္တို႔ၾကား အခ်ိတ္အဆက္ ရွိခဲ့တာေတြကို အထူးေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

Marine Le Pen ရဲ႕ National Rally ပါတီဟာ ႐ုရွားအစိုးရနဲ႔ အဆက္အစပ္ရွိတဲ့ First Czech Russian ဘဏ္ကေန ေခ်းေငြေဒၚလာ ၉ ဒသမ ၇၅ သန္း အပါအဝင္ ႐ုရွားႏိုင္ငံကေန ေခ်းေငြအမ်ားအျပားကို ၂၀၁၄ ခုႏွစ္က ယူခဲ့ဖူးပါတယ္။ Le Pen ကေတာ့ ျပင္သစ္ဘဏ္ေတြက သူ႔ကို ေငြမေခ်းတဲ့အတြက္ ႐ုရွားႏိုင္ငံက ေခ်းယူခဲ့ရတာလို႔ ေခ်ပပါတယ္။

႐ုရွားနဲ႔ပတ္သက္ၿပီး Le Pen ရဲ႕ သေဘာထားဟာ အေနာက္ႏိုင္ငံေတြက ေခါင္းေဆာင္အေတာ္မ်ားမ်ားနဲ႔ သိသိသာသာ ကြဲျပားပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တဲ့အေပၚ Le Pen က ျပစ္တင္႐ႈတ္ခ်ေပမယ့္ သမၼတပူတင္ ကုိယ္တိုင္ကိုေတာ့ ေဝဖန္ေျပာဆိုတာ မရွိပါဘူး။

Le Pen အႏိုင္ရရင္ ႐ုရွားကို ပူးေပါင္းဆန႔္က်င္တဲ့ အေနာက္ႏိုင္ငံေတြရဲ႕ ညီၫြတ္မႈ ဆိုးဆိုးရြားရြား အားနည္းသြားလိမ့္မယ္လို႔ ေလ့လာသူတခ်ိဳ႕က ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ပြင်သစ်သမ္မတ ရွေးကောက်ပွဲရလဒ် ဥရောပလုံခြုံရေးပေါ် သက်ရောက်မှုရှိလာနိုင်

ပြင်သစ်သမ္မတရွေးကောက်ပွဲ နောက်ဆုံးအကျော့အဖြစ် တနင်္ဂနွေနေ့မှာ ပြင်သစ်မဲဆန္ဒရှင်တွေ မဲပေးကြရမှာ ဖြစ်ပါတယ်။ လူထုစစ်တမ်းတွေအရ လက်ရှိသမ္မတ Emmanuel Macron နဲ့ လက်ယာစွန်း National Rally ပါတီက သမ္မတကိုယ်စားလှယ်လောင်း Marine Le Pen တို့အပေါ် ထောက်ခံသူ အချိုးအစားက သိပ်ကြီးမကွာလှပါဘူး။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်နေချိန် လုပ်တဲ့ ဒီရွေးကောက်ပွဲမှာ Le Pen အနိုင်ရမယ်ဆိုရင် ဥရောပတိုက် လုံခြုံရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲအတွင်း သမ္မတ Emmanuel Macron က Marine Le Pen ရဲ့ လက်ယာစွန်းပါတီနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ကြား အချိတ်အဆက် ရှိခဲ့တာတွေကို အထူးထောက်ပြ ပြောဆိုခဲ့ပါတယ်။

Marine Le Pen ရဲ့ National Rally ပါတီဟာ ရုရှားအစိုးရနဲ့ အဆက်အစပ်ရှိတဲ့ First Czech Russian ဘဏ်ကနေ ချေးငွေဒေါ်လာ ၉ ဒသမ ၇၅ သန်း အပါအဝင် ရုရှားနိုင်ငံကနေ ချေးငွေအများအပြားကို ၂၀၁၄ ခုနှစ်က ယူခဲ့ဖူးပါတယ်။ Le Pen ကတော့ ပြင်သစ်ဘဏ်တွေက သူ့ကို ငွေမချေးတဲ့အတွက် ရုရှားနိုင်ငံက ချေးယူခဲ့ရတာလို့ ချေပပါတယ်။

ရုရှားနဲ့ပတ်သက်ပြီး Le Pen ရဲ့ သဘောထားဟာ အနောက်နိုင်ငံတွေက ခေါင်းဆောင်အတော်များများနဲ့ သိသိသာသာ ကွဲပြားပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အပေါ် Le Pen က ပြစ်တင်ရှုတ်ချပေမယ့် သမ္မတပူတင် ကိုယ်တိုင်ကိုတော့ ဝေဖန်ပြောဆိုတာ မရှိပါဘူး။

Le Pen အနိုင်ရရင် ရုရှားကို ပူးပေါင်းဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေရဲ့ ညီညွတ်မှု ဆိုးဆိုးရွားရွား အားနည်းသွားလိမ့်မယ်လို့ လေ့လာသူတချို့က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG