သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ ၁၂ ဦးကို မဲေပးေရြးခ်ယ္ေန


ျပင္သစ္သမၼတ ေရြးေကာက္ပြဲ မဲဆြယ္ပုိစတာမ်ားအနီး ျဖတ္သြားသူတဦး။ (ဧၿပီ ၁၀၊ ၂၀၂၂)

(Zawgyi / Unicode)

ျပင္သစ္ႏုိင္ငံမွာ ဒီကေန႔က်င္းပတဲ့ သမၼတေရြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ရွိတဲ့ ျပည္သူ ၄၈ သန္းက ကိုယ္စားလွယ္ ၁၂ ဦးထဲက ေနာက္သမၼတသစ္ကို ေရြးခ်ယ္ၾကမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ၅ ႏွစ္တာ သက္တမ္းအတြက္ ဝင္အေရြးခံတဲ့ လက္ရွိသမၼတ Emmanuel Macron ကေတာ့ လက္ယာယိမ္း အတုိက္အခံ ကိုယ္စားလွယ္နဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနရပါတယ္။ ႏုိ္င္ငံတဝန္း မဲ႐ုံအမ်ားစုကို မနက္ ၈ နာရီကေန ညေန ၇ နာရီထိဖြင့္ၿပီး တခ်ဳိ႕ၿမိဳ႕ႀကီးေတြမွာေတာ့ တနာရီတိုးၿပီး ဖြင့္ထားေပးပါတယ္။

ဒီကေန႔အေရြးခံတဲ့ ကိုယ္စားလွယ္တေယာက္ကမွ ေထာက္ခံမဲ တဝက္ေက်ာ္ မရဘူး ဆိုရင္ေတာ့ မဲအမ်ားဆုံး ရထားတဲ့ ကိုယ္စားလွယ္ႏွစ္ဦးၾကား ဘယ္သူ႔ကိုေရြးမလဲဆိုတာ ဧၿပီ ၂၄ ရက္ေန႔မွာ ဒုတိယအေက်ာ့ မဲေပးၾကရဦးမွာ ျဖစ္ပါတယ္။

သမၼတ Macron ကလြဲရင္ လက္ယာစြန္းဝါဒီ Marine Le Pen နဲ႔ လက္ဝဲစြန္းဝါဒီ Jean-Luc Melenchon တို႔က လက္ရွိ လူထုေထာက္ခံမႈ အမ်ားဆုံး ရထားၾကတာပါ။

အလယ္အလတ္ သေဘာထားရွိတဲ့ သမၼတ Macron ကေတာ့ နွစ္ေပါင္း ၂၀ အတြင္း ဒုတိယသက္တမ္း အႏုိင္ရတ့ဲသမၼတ ျဖစ္လာမယ့္ အေနအထားေတြ လနဲ႔ခ်ီ ေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေငြေၾကးေဖာင္းပြတာ၊ ေလာင္စာဆီ ေစ်းတက္လာတာနဲ႔ အေျခခံစားကုန္ေတြ ျမင့္တက္လာတဲ့အတြက္ ေရြးေကာက္ပြဲ နီးလာတဲ့ အခါမွာေတာ့ လူထုေထာက္ခံမႈ က်ဆင္းလာပါတယ္။

ဒီအေျခအေနေတြေၾကာင့္ သမၼတ Macron ရဲ႕ ႏုိင္ငံေရးၿပိဳင္ဘက္ လက္ယာစြန္းဝါဒီ ပါတီေခါင္းေဆာင္ Marine Le Pen ဘက္ မဲဆႏၵရွင္ေတြ ေရာက္သြားႏုိင္ေျခ ရွိေနပါတယ္။

၂၀၁၇ ခုနွစ္ သမၼတေရြးေကာက္ပြဲတုန္းကေတာ့ Le Pan ကို မဲအျပတ္အသတ္နဲ႔ အနုိင္ရၿပီး ျပင္သစ္ႏုိ္င္ငံရဲ႕ အသက္အငယ္ဆုံး သမၼတအျဖစ္ Macron အေရြးခံခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------------

(Unicode)

ပြင်သစ်သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ် ၁၂ ဦးကို မဲပေးရွေးချယ်နေ

ပြင်သစ်နိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူ ၄၈ သန်းက ကိုယ်စားလှယ် ၁၂ ဦးထဲက နောက်သမ္မတသစ်ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

နောက်ထပ် ၅ နှစ်တာ သက်တမ်းအတွက် ဝင်အရွေးခံတဲ့ လက်ရှိသမ္မတ Emmanuel Macron ကတော့ လက်ယာယိမ်း အတိုက်အခံ ကိုယ်စားလှယ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။ နိုင်ငံတဝန်း မဲရုံအများစုကို မနက် ၈ နာရီကနေ ညနေ ၇ နာရီထိဖွင့်ပြီး တချို့မြို့ကြီးတွေမှာတော့ တနာရီတိုးပြီး ဖွင့်ထားပေးပါတယ်။

ဒီကနေ့အရွေးခံတဲ့ ကိုယ်စားလှယ်တယောက်ကမှ ထောက်ခံမဲ တဝက်ကျော် မရဘူး ဆိုရင်တော့ မဲအများဆုံး ရထားတဲ့ ကိုယ်စားလှယ်နှစ်ဦးကြား ဘယ်သူ့ကိုရွေးမလဲဆိုတာ ဧပြီ ၂၄ ရက်နေ့မှာ ဒုတိယအကျော့ မဲပေးကြရဦးမှာ ဖြစ်ပါတယ်။

သမ္မတ Macron ကလွဲရင် လက်ယာစွန်းဝါဒီ Marine Le Pen နဲ့ လက်ဝဲစွန်းဝါဒီ Jean-Luc Melenchon တို့က လက်ရှိ လူထုထောက်ခံမှု အများဆုံး ရထားကြတာပါ။

အလယ်အလတ် သဘောထားရှိတဲ့ သမ္မတ Macron ကတော့ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယသက်တမ်း အနိုင်ရတဲ့သမ္မတ ဖြစ်လာမယ့် အနေအထားတွေ လနဲ့ချီ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ငွေကြေးဖောင်းပွတာ၊ လောင်စာဆီ ဈေးတက်လာတာနဲ့ အခြေခံစားကုန်တွေ မြင့်တက်လာတဲ့အတွက် ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာတော့ လူထုထောက်ခံမှု ကျဆင်းလာပါတယ်။

ဒီအခြေအနေတွေကြောင့် သမ္မတ Macron ရဲ့ နိုင်ငံရေးပြိုင်ဘက် လက်ယာစွန်းဝါဒီ ပါတီခေါင်းဆောင် Marine Le Pen ဘက် မဲဆန္ဒရှင်တွေ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။

၂၀၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကတော့ Le Pan ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် Macron အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG