ဝွီးဂါတို႔အေပၚ တ႐ုတ္ရဲ႕လူမ်ိဳးတံုးသတ္ျဖတ္မႈ အဆို ျပင္သစ္ပါလီမန္ အတည္ျပဳ
{{Zawgyi/Unicode}}
တရုတ္ႏုိင္ငံ ရွင္က်န္းေဒသကလူနည္းစု ဝွီဂါမြတ္လင္ေတြ အေပၚ တရုတ္အစိုးရက genocide လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ crimes against humanityလူသားမ်ိဳးႏြယ္စုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ေၾကာင္း ေျပာဆိုရႈတ္ခ်ဖို႔ အဆိုကို ျပင္သစ္လႊတ္ေတာ္က ၾကာသပေတးေန႔မွာ မဲခြဲအတည္ျပဳလုိက္ပါတယ္။ ဒီအဆိုကို ေထာက္ခံမဲ ၁၆၉မဲ ကန္႔ကြက္မဲ ၁ မဲနဲ႔ လႊတ္ေတာ္ကအတည္ျပဳေပးလိုက္တာပါ။
လိုက္နာစရာ မလိုတဲ့ ဒီအဆိုျပဳခ်က္ထဲမွာ တရုတ္အစုိးရကိ ု ရႈတ္ခ်ဖို႔အျပင္ ျပင္သစ္ႏိုင္ငံက ဝွီဂါ ေရႊ႕ေျပာင္း အေျခခ်သူေတြကို တရုတ္အစိုးရရဲ ့ အေႏွာက္အယွက္ေပးမႈကေန အကာကြယ္ေပးဖုိ႔လည္း ျပင္သစ္အစိုးရကို တိုက္တြန္းထားတာပါ။
ျပင္သစ္ႏိုင္ငံက တရုတ္သံရံုးကေတာ့ ဒီအဆိုျပဳခ်က္ဟာ အဓိပၸါယ္ မရွိသလို ျပင္သစ္ - တရုတ္ ၂ ႏိုင္ငံၾကား ေကာင္းမြန္ေနတဲ့ဆက္ဆံေရးကိုပါထိခိုက္ေစႏုိင္တယ္လို႔ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
တရုတ္အစိုးရဟာ ဝွီဂါမြတ္စလင္ အမ်ားအျပား ေနထိုင္ရာ ရွင္က်န္းေဒသမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြနဲ႔ အဓမၼလုပ္အား ခို္င္းေစမႈေတြ က်ဴးလြန္ေနတယ္လို႔ စြပ္စြဲေနၾကေပမယ့္ ဒါကို တရုတ္အစိုးရက ျငင္းဆိုပါတယ္။
တရုတ္ႏုိင္ငံမွာ ၂၀၂၂ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲ က်င္းပဖို႔ ရွိေနခ်ိန္မွာပဲ အခုလို ျပင္သစ္ လႊတ္ေတာ္က အဆိုျပဳခ်က္ ထြက္လာတာပါ။ အေမရိကန္၊ ၿဗိတိန္နဲ႔ Australia တို႔ကလည္း ဒီအိုလံပစ္ပြဲကို သံတမန္ေရးအရ သပိတ္ေမွာက္မွာ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္တုံးကလည္း နယ္သာလန္လႊတ္ေတာ္က တရုတ္အစိုးရအေပၚ အလားတူ အဆိုျပဳခ်က္ ခ်ခဲ့သလို အီတလီနဲ႔ ဘယ္လ္ဂ်ီယံႏိုင္ငံေတြကလည္း ရွင္က်န္းေဒသအေရး နဲ႔ပတ္သက္ၿပီး တရုတ္ကို ရႈတ္ခ်ခဲ့ပါတယ္။
................................................
ဝှီးဂါတို့အပေါ် တရုတ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှု အဆို ပြင်သစ်ပါလီမန် အတည်ပြု
{{Zawgyi/Unicode}}
တရုတ်နိုင်ငံ ရှင်ကျန်းဒေသကလူနည်းစု ဝှီဂါမွတ်လင်တွေ အပေါ် တရုတ်အစိုးရက genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ crimes against humanityလူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြောဆိုရှုတ်ချဖို့ အဆိုကို ပြင်သစ်လွှတ်တော်က ကြာသပတေးနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။ဒီအဆိုကို ထောက်ခံမဲ ၁၆၉မဲ ကန့်ကွက်မဲ ၁ မဲနဲ့ လွှတ်တော်ကအတည်ပြုပေးလိုက်တာပါ။
လိုက်နာစရာ မလိုတဲ့ ဒီအဆိုပြုချက်ထဲမှာ တရုတ်အစိုးရကိ ု ရှုတ်ချဖို့အပြင် ပြင်သစ်နိုင်ငံက ဝှီဂါ ရွှေ့ပြောင်း အခြေချသူတွေကို တရုတ်အစိုးရရဲ့ အနှောက်အယှက်ပေးမှုကနေ အကာကွယ်ပေးဖို့လည်း ပြင်သစ်အစိုးရကို တိုက်တွန်းထားတာပါ။
ပြင်သစ်နိုင်ငံက တရုတ်သံရုံးကတော့ ဒီအဆိုပြုချက်ဟာ အဓိပ္ပါယ် မရှိသလို ပြင်သစ် - တရုတ် ၂ နိုင်ငံကြား ကောင်းမွန်နေတဲ့ဆက်ဆံရေးကိုပါထိခိုက်စေနိုင်တယ်လို့ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
တရုတ်အစိုးရဟာ ဝှီဂါမွတ်စလင် အများအပြား နေထိုင်ရာ ရှင်ကျန်းဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ အဓမ္မလုပ်အား ခိုင်းစေမှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲနေကြပေမယ့် ဒါကို တရုတ်အစိုးရက ငြင်းဆိုပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ ရှိနေချိန်မှာပဲ အခုလို ပြင်သစ် လွှတ်တော်က အဆိုပြုချက် ထွက်လာတာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ Australia တို့ကလည်း ဒီအိုလံပစ်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုံးကလည်း နယ်သာလန်လွှတ်တော်က တရုတ်အစိုးရအပေါ် အလားတူ အဆိုပြုချက် ချခဲ့သလို အီတလီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေကလည်း ရှင်ကျန်းဒေသအရေး နဲ့ပတ်သက်ပြီး တရုတ်ကို ရှုတ်ချခဲ့ပါတယ်။