သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတေရြးေကာက္ပြဲ လက္ရွိသမၼတ Macron လူထုစစ္တမ္းမွာ ဦးေဆာင္ေန


ေထာက္ခံသူေတြကို ႏႈတ္ဆက္ေနတဲ့ ျပင္သစ္သမၼတ Emmanuel Macron. (ဧၿပီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

လက္ရွိျပင္သစ္သမၼတ Emmanuel Macron နဲ႔ အဓိက လက္ယာစြန္း အတိုက္အခံေခါင္းေဆာင္ Marine Le Pen တို႔ ၂ ဦးရဲ႕ တေက်ာ့ျပန္ သမၼတ ေရြးေကာက္ပြဲအတြက္ ျပင္သစ္မဲဆႏၵရွင္ေတြ ဒီကေန႔ မဲေပးေနၾကပါတယ္။

ေရြးေကာက္ပြဲမတိုင္ခင္ ေကာက္ယူထားတဲ့ လူထုစစ္တမ္းေတြအရ လက္ရွိသမၼတ Macron က အႏိုင္ရႏိုင္ေျခ ရွိေပမယ့္လည္း သူ အဲဒီလိုအႏိုင္ရဖို႔အတြက္ သူ႔ကို ေထာက္ခံသူေတြက အိမ္မွာမေနဘဲ မဲ႐ုံေတြမွာ မဲလာေပးၾကဖို႔ လိုအပ္ပါတယ္။

တကယ္လို႔ သမၼတ Macron သာ အႏိုင္ရမယ္ဆိုရင္ ဥေရာပတိုက္ရဲ႕ အနာဂတ္ႏိုင္ငံေရးနဲ႔ ယူကရိန္းစစ္ပြဲအေပၚ ဥေရာပတိုက္ရဲ႕ ပါဝင္ပတ္သက္မႈအေပၚ သိသာတဲ့ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေပၚေစမယ့္အျပင္ ႏွစ္ေပါင္း ၂၀ အတြင္း ဒုတိယသက္တမ္းကို ေရြးေကာက္တင္ေျမာက္ခံရတဲ့ သမၼတ တဦး ျဖစ္လာမွာပါ။

ဥေရာပတိုက္ကို အေျခခံတဲ့ အလယ္အလတ္ဝါဒီ အသက္ ၄၄ ႏွစ္အရြယ္ သမၼတ Macron က ၿပိဳင္ဘက္ အသက္ ၅၃ ႏွစ္အရြယ္ အမ်ဳိးသားေရးဝါဒီ Le Pen အေပၚ လူထုစစ္တမ္းေတြမွာ အသာစီးရေနတဲ့ ပမာဏဟာ ၆ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းအထိ အမ်ဳိးမ်ဳိး ကြဲျပားေနပါတယ္။ ဒါ့အျပင္ မဲဆႏၵရွင္ေတြအေနနဲ႔ ဗလာမဲ ထည့္ၾကမယ္၊ ဒါမွမဟုတ္ လုံးဝ မဲသြားမေပးဘူးဆိုတဲ့ အေရအတြက္ မ်ားေနတယ္ဆိုတာကိုလည္း လူထုစစ္တမ္းေတြမွာ ေဖာ္ျပၾကပါတယ္။

ကိုယ္စားလွယ္ေလာင္း ၂ ေယာက္စလုံးက ပထမအၾကမ္ ေရြးေကာက္ပြဲမွာ ႐ႈံးနိမ့္သြားခဲ့တဲ့ လက္ဝဲယိမ္းပါတီကို ေထာက္ခံခဲ့သူ မဲဆႏၵရွင္ ၇ ဒသမ ၇ သန္းရဲ႕ မဲေတြကို ရႏိုင္ဖို႔ မဲဆြယ္ စည္း႐ုံးေနၾကတာပါ။

------------------------------

(Unicode)

ပြင်သစ်သမ္မတရွေးကောက်ပွဲ လက်ရှိသမ္မတ Macron လူထုစစ်တမ်းမှာ ဦးဆောင်နေ

လက်ရှိပြင်သစ်သမ္မတ Emmanuel Macron နဲ့ အဓိက လက်ယာစွန်း အတိုက်အခံခေါင်းဆောင် Marine Le Pen တို့ ၂ ဦးရဲ့ တကျော့ပြန် သမ္မတ ရွေးကောက်ပွဲအတွက် ပြင်သစ်မဲဆန္ဒရှင်တွေ ဒီကနေ့ မဲပေးနေကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ လက်ရှိသမ္မတ Macron က အနိုင်ရနိုင်ခြေ ရှိပေမယ့်လည်း သူ အဲဒီလိုအနိုင်ရဖို့အတွက် သူ့ကို ထောက်ခံသူတွေက အိမ်မှာမနေဘဲ မဲရုံတွေမှာ မဲလာပေးကြဖို့ လိုအပ်ပါတယ်။

တကယ်လို့ သမ္မတ Macron သာ အနိုင်ရမယ်ဆိုရင် ဥရောပတိုက်ရဲ့ အနာဂတ်နိုင်ငံရေးနဲ့ ယူကရိန်းစစ်ပွဲအပေါ် ဥရောပတိုက်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမယ့်အပြင် နှစ်ပေါင်း ၂၀ အတွင်း ဒုတိယသက်တမ်းကို ရွေးကောက်တင်မြောက်ခံရတဲ့ သမ္မတ တဦး ဖြစ်လာမှာပါ။

ဥရောပတိုက်ကို အခြေခံတဲ့ အလယ်အလတ်ဝါဒီ အသက် ၄၄ နှစ်အရွယ် သမ္မတ Macron က ပြိုင်ဘက် အသက် ၅၃ နှစ်အရွယ် အမျိုးသားရေးဝါဒီ Le Pen အပေါ် လူထုစစ်တမ်းတွေမှာ အသာစီးရနေတဲ့ ပမာဏဟာ ၆ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အမျိုးမျိုး ကွဲပြားနေပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်တွေအနေနဲ့ ဗလာမဲ ထည့်ကြမယ်၊ ဒါမှမဟုတ် လုံးဝ မဲသွားမပေးဘူးဆိုတဲ့ အရေအတွက် များနေတယ်ဆိုတာကိုလည်း လူထုစစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။

ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက ပထမအကြမ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ လက်ဝဲယိမ်းပါတီကို ထောက်ခံခဲ့သူ မဲဆန္ဒရှင် ၇ ဒသမ ၇ သန်းရဲ့ မဲတွေကို ရနိုင်ဖို့ မဲဆွယ် စည်းရုံးနေကြတာပါ။

XS
SM
MD
LG