သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အာဆီယံ ထိပ်သီး မေ ၁၂-၁၃ ကျင်းပမည်


မနှစ်က ပြုလုပ်ခဲ့တဲ့ အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲကို အွန်လိုင်းက တက်ရောက်ခဲ့တဲ့ သမ္မတ Joe Biden. (အောက်တိုဘာ ၂၆၊ ၂၀၂၁)
မနှစ်က ပြုလုပ်ခဲ့တဲ့ အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲကို အွန်လိုင်းက တက်ရောက်ခဲ့တဲ့ သမ္မတ Joe Biden. (အောက်တိုဘာ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်-အာဆီယံ ထိပ်သီး အထူးအစည်းအဝေးတရပ်ကို လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေ ဝါရှင်တန်ဒီစီမှာ ကျင်းပမယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ Jen Psaki က ထုတ်ပြန်ပါတယ်။

အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ရော အမေရိကန်အစိုးရရဲ့ အာဆီယံဒေသတွင်း အရေးပါမှုကိုပါ အသိအမှတ်ပြုတဲ့အနေနဲ့ ဒီ အထူးထိပ်သီး အစည်းအဝေးကို ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ဘေး နာလံထူရေးအစီအစဉ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ကျားမ တန်းတူရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး ကိစ္စရပ်တွေအတွက် အမေရိကန်သမ္မတ Joe Biden ကတိပြုထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလတုန်းက အမေရိကန်-အာဆီယံ ထိပ်သီးအစည်အဝေးကို နောက်ဆုံးကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီ အကြီးအကဲကို တတ်ရောက်ခွင့် ပေးမပေးဆိုတာတော့ အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ မပါဝင်ပါဘူး။ ဒါပေမယ့်လည်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်လျောဖို့ ပျက်ကွက်တာကြောင့် မြန်မာစစ်ကောင်စီ အကြီးအကဲကို အဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းထားဖို့ အာဆီယံက မူလက ဆုံးဖြတ်ထားတာ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က မြန်မာစစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အပြင် အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ သူ့အနွယ်တွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

အမေရိကန်-အာဆီယံ အစည်းအဝေးကို မူလက ဒီထက်စောပြီး ကျင်းပဖို့ လျာထားခဲ့ပေမဲ့ အာဆီယံခေါင်းဆောင်တချို့ မလာရောက်နိုင်သေးတာကြောင့် ယာယီရွှေ့ဆိုင်းထားတာပါ။

အမေရိကန်ဘက်က အခုကြေညာချက်နဲ့ ပတ်သက်လို့ အာဆီယံဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

-------------------------------

(Unicode)










XS
SM
MD
LG