သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး အာဆီယံေဒသ ခရီးစဥ္ ျမန္မာဖိအားေပးေရး ေဆြးေႏြးမည္


အေမရိကန္ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink. (ဇြန္ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာ အေမရိကန္ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink ရဲ႕ အေရွ႕ေတာင္အာရွ ေလးႏိုင္ငံခရီးစဥ္အတြင္း ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြ ရပ္ဖို႔၊ လူသားစာနာမႈ အကူအညီ အကန႔္အသတ္မရွိ ေပးခြင့္ျပဳဖို႔နဲ႔ ျမန္မာ့ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္တည္ေဆာက္ဖို႔ ျမန္မာစစ္အစိုးရကို ဖိအားေပးေရး နည္းလမ္းေတြကို ေဆြးေႏြးဖို႔လည္း ပါဝင္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ ေသာၾကာေန႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

လက္ေထာက္ဝန္ႀကီး Kritenbrink ဟာ အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကာပူနဲ႔ ထိုင္းႏိုင္ငံေတြကို ႏုိဝင္ဘာလ ၂၇ ရက္ ဒီကေန႔ကေန ဒီဇင္ဘာလ ၄ ရက္ေန႔အထိ သြားေရာက္မွာ ျဖစ္ပါတယ္။ ဒီခရီးစဥ္ထဲမွာ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားႏိုင္ငံကို သြားဖို႔ေတာ့ မပါပါဘူး။ ကေမၻာဒီးယားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပိုၿပီးနီးစပ္တဲ့ ဆက္ဆံေရး ရွိထားတဲ့ႏိုင္ငံပါ။

ခရီးစဥ္အတြင္း သက္ဆိုင္ရာႏိုင္ငံေတြက အႀကီးတန္း တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆုံၿပီး ေဒသတြင္း ဒီမိုကေရစီေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရင္ဆိုင္ေနရတဲ့ အေျခအေနေတြ၊ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးမွာ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးတို႔ကို ေဆြးေႏြးဖို႔ရွိတာနဲ႔အတူ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထည့္သြင္းေဆြးေႏြးဖို႔ စီစဥ္ထားတာပါ။

ၿပီးခဲ့တဲ့လက က်င္းပတဲ့ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွာ သမၼတ Joe Biden ပါဝင္တက္ေရာက္ခဲ့ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ထိေတြ႔ဆက္ဆံတာကို အရွိန္ျမႇင့္ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့ၿပီးတဲ့ေနာက္ အခု လက္ေထာက္ဝန္ႀကီး Kritenbrink ရဲ႕ခရီးစဥ္ ျဖစ္လာတာပါ။

အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံ ၆ ႏိုင္ငံက ျမန္မာႏိုင္ငံမွာ စစ္တပ္က အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတာနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ က်ဴးလြန္ေနတာေတြ ရပ္ပစ္ဖို႔ ေတာင္းဆိုခဲ့တဲ့ တေန႔တည္းမွာပဲ ကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္ ျဖစ္လာတာပါ။ ဒီထုတ္ျပန္ခ်က္ဟာ ျမန္မာ့ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္တဲ့၊ ဘက္လိုက္တဲ့၊ ႏိုင္ငံေရးရည္ရြယ္ခ်က္ရွိတဲ့ ထုတ္ျပန္ခ်က္ ျဖစ္တယ္ဆိုၿပီး ျပင္းထန္စြာ ကန႔္ကြက္တယ္ဆိုၿပီး ျမန္မာစစ္ေကာင္စီကလည္း တုံ႔ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဒေသ ခရီးစဉ် မြန်မာဖိအားပေးရေး ဆွေးနွေးမည်

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ရဲ့ အရှေ့တောင်အာရှ လေးနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်ဖို့၊ လူသားစာနာမှု အကူအညီ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို ဖိအားပေးရေး နည်းလမ်းတွေကို ဆွေးနွေးဖို့လည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Kritenbrink ဟာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကို နိုဝင်ဘာလ ၂၇ ရက် ဒီကနေ့ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ထဲမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့တော့ မပါပါဘူး။ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးစပ်တဲ့ ဆက်ဆံရေး ရှိထားတဲ့နိုင်ငံပါ။

ခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံတွေက အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒေသတွင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးဖို့ရှိတာနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့လက ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သမ္မတ Joe Biden ပါဝင်တက်ရောက်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတာကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပြီးတဲ့နောက် အခု လက်ထောက်ဝန်ကြီး Kritenbrink ရဲ့ခရီးစဉ် ဖြစ်လာတာပါ။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ ၆ နိုင်ငံက မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေတာတွေ ရပ်ပစ်ဖို့ တောင်းဆိုခဲ့တဲ့ တနေ့တည်းမှာပဲ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ဖြစ်လာတာပါ။ ဒီထုတ်ပြန်ချက်ဟာ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တဲ့၊ ဘက်လိုက်တဲ့၊ နိုင်ငံရေးရည်ရွယ်ချက်ရှိတဲ့ ထုတ်ပြန်ချက် ဖြစ်တယ်ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုပြီး မြန်မာစစ်ကောင်စီကလည်း တုံ့ပြန်လိုက်ပါတယ်။

XS
SM
MD
LG