သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEM ထိပ်သီးအစည်းအဝေး မြန်မာကိုယ်စားလှယ်မပါဘဲကျင်းပ


အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကကြီးမှူးတဲ့ အာရှ-ဥရောပထိပ်သီးအစည်းအဝေးမှာ ဥရောပကောင်စီဥက္ကဋ္ဌနဲ့ အစည်းအဝေးတက်ရောက်သူများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁)
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကကြီးမှူးတဲ့ အာရှ-ဥရောပထိပ်သီးအစည်းအဝေးမှာ ဥရောပကောင်စီဥက္ကဋ္ဌနဲ့ အစည်းအဝေးတက်ရောက်သူများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

နှစ်ရက်ကြာကျင်းပတဲ့ အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးကို မြန်မာဘက်က ကိုယ်စားလှယ်မပါဘဲ ဒီကနေ့ စတင်ကျင်းပပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဦးစီးပြီး အွန်လိုင်းကကျင်းပတဲ့ ဒီထိပ်သီး ဆွေးနွေးပွဲမှာ သူတို့ဘက်ကကိုယ်စားလှယ် မတက်ရောက်နိုင်ကြောင်းကို မြန်မာစစ်ကောင်စီက ကမ္ဘောဒီးယားနိုင်ငံကို အသိပေးခဲ့တဲ့အကြောင်း အာဆီယံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုတော့ဘဲ နိုင်ငံရေးပိုင်းကမဟုတ် တဲ့ ကိုယ်စားလှယ်ကိုသာ ဒီလိုဆွေးနွေးပွဲတွေမှာ လက်ခံမယ်ဆိုပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကြား ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် မြန်မာဘက်ကလည်း အဲဒီလို ကိုယ်စားလှယ်တွေကိုတော့ စေလွှတ်မှာ မဟုတ်တဲ့အကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မကြာခင်ရက်ပိုင်းက တရုတ်နိုင်ငံ ဦးစီးကျင်းပတဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း အလားတူအခြေအနေကြောင့်ပဲ မြန်မာဘက်က မတက်ရောက်ခဲ့သလို ပြီးခဲ့တဲ့လ ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရခဲ့ပါဘူး။

အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် နိုင်ငံတကာဖိအားတွေ ပိုများလာနေတဲ့အချိန် လောလောလတ်လတ် ဒီလပိုင်းတွေအတွင်း အာဆီယံနဲ့ဆက်စပ်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေကို မြန်မာဘက်က မတက်ရောက် တာ ဒါ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

အခု ASEM အစည်းအဝေး မတက်ရောက်နိုင်တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသလို သတင်းဌာနအများအပြားက မေးမြန်းတဲ့အပေါ်မှာလည်း စစ်ကောင်စီ ပြန်ကြားရေးကတော့ ခုထိ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ကိုဗစ် တိုက်ဖျက်ရေးအပါအဝင် ကမ္ဘာတဝန်း ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဥရောပနဲ့ အာရှနိုင်ငံတွေကြား ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေ ဆွေးနွေးကြတဲ့ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတော့ အာရှနဲ့ ဥရောပ နိုင်ငံ ၅၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ကိုယ်စားလှယ်အများအပြား အွန်လိုင်းကနေ တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


=============

{{Unicode}}










=============

XS
SM
MD
LG