သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးဖြေရှင်းရေးအပေါ် စစ်ကောင်စီသဘောထား အကဲခတ်တချို့ မေးခွန်းထုတ်


အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIO, MNTJP, PSLF, ULA ကိုယ်စားလှယ်များ (ဓါတ်ပုံ- NRPC)
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIO, MNTJP, PSLF, ULA ကိုယ်စားလှယ်များ (ဓါတ်ပုံ- NRPC)

Zawgyi

ဆွေးနွေးဖြေရှင်းရေးအပေါ် စစ်ကောင်စီသဘောထား အကဲခတ်တချို့ မေးခွန်းထုတ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဆွေးနွေးဖြေရှင်းဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ် နေပေမဲ့ မြန်မာစစ်ကောင်စီ ပြောခွင့်ရကတော့ အဖျက်အမှောင့် လုပ်တဲ့သူတွေ၊ အကြမ်းဖက်လုပ်ရပ် ကျုးလွန်သူတွေအဖြစ် သတ်မှတ်ထားသူတွေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အပြင်းအထန် ဆက်လက် နှိမ်နင်းနေချိန်မှာ စစ်ကောင်စီပြောခွင့်ရရဲ့ အကြောင်းပြချက်အပေါ် နိုင်ငံရေး သုံးသပ်သူ တချို့က မေးခွန်းထုတ်နေကြတာပါ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တဦးနဲ့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

###

တိုက်ရိုက် လင့်ခ်


Unicode




XS
SM
MD
LG