သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ႕ခရီး အလားအလာေကာင္း


ဓါတ္ပံု-NRPC

(Zawgyi/Unicode)

ေရြးေကာက္ပြဲအၿပီး ပထမဆံုးအႀကိမ္အျဖစ္ ေနျပည္ေတာ္မွာ အစုိးရအဖြဲ႔အတြင္းျပဳလုပ္တဲ့ၿငိမ္းခ်မ္းေရးညိႈႏိႈင္းပြဲကုိဒီဇင္ဘာ ၃ ရက္ကစလုိ႔ (၂) ရက္ၾကာ က်င္းပေနတာမွာ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ျမန္ဆန္လာႏိုင္တယ္လို႔ ဒီအစည္းအေဝးတက္ေရာက္သူတစ္ဦးက ဆိုပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္အၾကံေပးအဖြဲ႔ဝင္ ဦးလွေမာင္ေရႊကို ကိုဝင္းမင္းကေမးရာမွာ၊ အခုညိွႏိႈင္းပြဲက၊PPSTေခၚNCAအပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးထားတဲ့အဖြဲ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ အစည္းအေဝးအၿပီးတစ္ပတ္ခန္႔အၾကာနဲ႔၊AAနဲ႔တပ္နားလည္မူစရလာအၿပီးျဖစ္တာမို႔ ထူးျခားတယ္လို႔ ဆိုပါတယ္။

ဦးလွေမာင္ေရႊ။ ။ က်ေနာ္တို႔ ၂၀၂၀ခုႏွစ္ ၾသဂုတ္လမွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ (၂၁) ရာစု ပင္လုံ (စတုတၳအႀကိမ္) ညီလာခံမွာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၃)ရခဲ့တယ္။ ၃ လေလာက္ၾကာတဲ့အခါမွာ က်ေနာ္တို႔ ပထမဆံုး ညိွႏိႈင္းအစည္းအေ၀းေတြ ျပန္လုပ္ႏိုင္တယ္ေပါ့ေနာ္။ ဒီအစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ေတြက Working Level (အလုပ္အဆင့္) ေခါင္းေဆာင္ေတြနဲ႔ ညိွတယ္။ အဲဒီမွာ NCA လက္မွတ္မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပတ္သက္တဲ့ ေဆြးေႏြး ညိွႏိႈင္းမႈေတြပါတယ္။ NCA လက္မွတ္ေရးထိုးၿပီးတဲ့လူေတြနဲ႔ Union Accord Part 3 (ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း ၃) ေတြကို အေကာင္အထည္ေဖာ္ေရးကိစၥေတြ ေဆြးေႏြးတယ္။ ဒါကေတာ့ ေရြးေကာက္ပြဲၿပီးတဲ႔ေနာက္ ပထမဦးဆံုးေဆြးေႏြးပြဲေလ။ ဒါကို ေတာ္ေတာ္ေလး ပြင့္ပြင့္လင္းလင္းနဲ႔ ေဆြးေႏြးႏိုင္တယ္၊ ညိွႏိႈင္းႏိုင္တာျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကေတာ့ ပိုေတာ့ ျမန္လာမယ့္ အေနအထားရွိပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ျမန္ဆန္ႏိုင္တဲ့အေနအထားက ဘယ္လိုမ်ိဳး ထူးျခားမႈ ရွိလာမယ္ထင္သလဲ။

ဦးလွေမာင္ေရႊ။ ။ ျမန္ဆန္လာမယ္လို႔ ဆိုလိုတာကေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၃)မွာ အေကာင္အထည္ေဖာ္ရမယ့္ လုပ္ငန္းစဥ္ေတြအမ်ားႀကီး၊ အေကာင္အထည္ေဖာ္ ေဆြးေႏြးတာ ျဖစ္တဲ့အတြက္ ျမန္ဆန္လာႏိုင္မွာျဖစ္တယ္။ ေနာက္တခုကေတာ့ လက္မွတ္မေရးထိုးရေသးတဲ့ အဖြဲ႔ေတြ သူတို႔နဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြကို ေဆြးေႏြးႏိုင္တဲ့အတြက္ ဒီရက္ပိုင္းမွာလည္း နဂိုကထက္ ပိုၿပီးေတာ့ ျမန္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီသေဘာတူညီခ်က္ အပိုင္း ၃ ကို အေကာင္အထည္ေဖာ္တယ္ဆိုတဲ့ေနရာမွာ ဘယ္လိုအခ်က္ေတြ ျမန္ဆန္လာမယ္လို႔ ေမွ်ာ္မွန္းထားသလဲ။

ဦးလွေမာင္ေရႊ။ ။ အဓိကအေရးႀကီးတဲ့ အစိုးရ၊ အစိုးရဆိုတာမွာ တပ္မေတာ္ဘက္က ဒါေတြကို ႀကိဳၿပီးေတာ့ ျပင္ဆင္ဖို႔လိုတယ္။ ၿပီးမွသာ က်ေနာ္တို႔ EAO (တိုင္းရင္းသာလက္နက္ကိုင္အဖြဲ႔ေတြ) ဘက္က ဆက္ၿပီးအေကာင္အထည္ေဖာ္ရမယ္။ အေရးႀကီးတာကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာEAOဘက္က PPSTလုပ္ထားတာျဖစ္တယ္။ သူတို႔ဘက္မွာလည္း ျပင္ဆင္မႈေတြရွိတယ္၊ ဒီဘက္မွာလည္း ျပည္ဆင္တာေတြ ရွိလာၿပီျဖစ္တဲ့အတြက္ ျပန္ေတြ႔ ေဆာင္ရြက္ဖို႔ အေျခအေနတခု ေရာက္လာၿပီလို႔ ဆိုလိုပါတယ္။

ကို၀င္းမင္း။ ။ ဘယ္ေတာ့ေလာက္ အေစာဆံုးေတြ႔ဖို႔ မွန္းထားသလဲ။

ဦးလွေမာင္ေရႊ။ ။ က်ေနာ္တို႔ လူခ်င္းေတြ႔ဖို႔ကေတာ့ COVIDေပၚမွာ မူတည္ပါတယ္။ က်န္တဲ့ အြန္လိုင္း ကေန ေဆြးေႏြးတာေတြကေတာ့ အခုအေနနဲ႔ ဒါေတြလုပ္ေနတာေတြရွိပါတယ္။

ကို၀င္းမင္း။ ။ ဒီဇင္ဘာလထဲေလာက္မွာေရာ။

ဦးလွေမာင္ေရႊ။ ။ ဒီအလြတ္သေဘာေဆြးေႏြးမႈေတြကေတာ့ အြန္လိုင္း ကေန လုပ္ႏိုင္တာေလးေတြေတာ့ မၾကာမီရက္ပိုင္းမွာေတြ လုပ္လာႏိုင္တယ္။ လူခ်င္းေတြ႔ၿပီး ေဆြးေႏြးဖို႔လည္းလိုပါတယ္။ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာေတာ့ အြန္လိုင္း ကေနေဆြးေႏြးတာက အကန္႔အသတ္ေတြရွိတယ္။ လူခ်င္းေတြ႔ၿပီး ေဆြးေႏြးမွ အဆင္ေျပတဲ့ အေတြ႔အၾကံဳေတြ အမ်ားႀကီးရွိခဲ့တယ္။ ၂ ခုလံုးေတာ့ လုပ္ရမယ္။ ခုနလို လူခ်င္းေတြ႔ၿပီး ေဆြးေႏြးတာကေတာ့ ရလဒ္ေတြ ပိုၿပီးေတာ့ ျမန္ျမန္ရတယ္ေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေနာက္တခုကNCA လက္မွတ္မထိုးရေသးတဲ့ အဖြဲ႔ေတြအေနနဲ႔ေရာ ဘယ္လိုမ်ိဳး ျမန္လာဖို႔ ေမွ်ာ္လင့္ထားသလဲ။

ဦးလွေမာင္ေရႊ။ ။ ဒီမွာလည္း ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔နဲ႔ ေဆြးေႏြးလက္စ ေတြလည္း ရွိတယ္။ အဲဒါေတြကိုလည္း ဆက္ၿပီးေတာ့ ေဆြးေႏြးမယ့္ အေနအထားေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ ထူးျခားတာတခုကေတာ့ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔အေနနဲ႔ေပါ့ေနာ္ အရင္အၾကမ္းဖက္အေနအထားကေန အခု ေရြးေကာက္ပြဲ ရခိုင္ျပည္နယ္မွာ ျပန္က်င္းပႏိုင္ေရးအတြက္ တပ္မေတာ္နဲ႔ တစံုတရာ အျပန္အလွန္ စၿပီးေတာ့ ညိွႏိႈင္းမႈေတြ ရွိလာတဲ့အတြက္၊ အခု NCA လက္မွတ္မထိုးရေသးတဲ့ အဖြဲ႔ေတြအားလံုး ေတြ႔ဆံုေရးအတြက္ အဟန္႔အတား အရင္ျဖစ္ေနခဲ့တဲ့ေပါ့ေနာ္၊ အဲဒီကိစၥက ျပန္ၿပီးေတာ့ ေျပလည္လာဖို႔အလားအလာ ဘယ္ေလာက္ရွိမယ္ထင္သလဲ။

ဦးလွေမာင္ေရႊ။ ။ က်ေနာ္အဲဒီအေပၚမွာေတာ့ သံုးသပ္ဖို႔ ခက္တယ္။ ဒါေပမယ့္ အရင္တုန္းကေတာ့ ဒီလိုအေတြ႔အအၾကံဳေတြမရွိဘူး။ လူအခ်င္းခ်င္းေတြ႔ၿပီးေဆြးေႏြးႏိုင္မယ္ဆုိရင္ေတာ့ ေဆြးေႏြးရင္းနဲ႔ ယံုၾကည္မႈေတြ ပိုရွိ လာၿပီးေတာ့ ေနာက္ဆံုး ဒီ NCAထိုးခါနီးမွာ မတရားအသင္းတို႔၊ အၾကမ္းဖက္အဖြဲ႔ေတြထဲကေနၿပီးေတာ့ ပယ္ဖ်က္တာေတြရွိတယ္။ နည္းလမ္းေတြကေတာ့ တမ်ိဳးမဟုတ္ တမ်ိဳးေတာ့ရွိတယ္။ ဒါေပမယ့္ အခုရခိုင္ျပည္ေျမာက္ပိုင္းမွာ ပဋိပကၡ မရွိတာ၊ပစ္ခတ္မူေတြမရွိတာ ရက္ေပါင္း ၂၀ ေက်ာ္ရွိၿပီ။ စစ္ေဘးေရွာင္ ၃ ေသာင္းေက်ာ္ ျပန္လာတယ္။ သက္ဆို္င္သူေတြလည္း စကားေတြဘာေတြေျပာ၊ ျပည္သူေတြထဲ အရည္အေသြးနဲ႔ဆိုေတာ့၊ ဝမ္းသာစရာေတြလည္း က်ေနာ္တို႔ ၾကားေနရပါတယ္။ ဒီကေနစၿပီး ယံုၾကည္မႈ တည္ေဆာက္ၿပီးေတာ့ လမ္းစေတြရွာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးလွေမာင္ေရႊ။

တိုက္႐ိုက္ လင့္ခ္

.............

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ခရီး အလားအလာကောင်း

(Unicode)

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာအစိုးရအဖွဲ့အတွင်းပြုလုပ်တဲ့ငြိမ်းချမ်းရေးညှိုနှိုင်းပွဲကိုဒီဇင်ဘာ ၃ ရက်ကစလို့ (၂) ရက်ကြာ ကျင်းပနေတာမှာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်ဆန်လာနိုင်တယ်လို့ ဒီအစည်းအဝေးတက်ရောက်သူတစ်ဦးက ဆိုပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကို ကိုဝင်းမင်းကမေးရာမှာ၊ အခုညှိနှိုင်းပွဲက၊PPSTခေါ်NCAအပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေးအပြီးတစ်ပတ်ခန့်အကြာနဲ့၊AAနဲ့တပ်နားလည်မူစရလာအပြီးဖြစ်တာမို့ ထူးခြားတယ်လို့ ဆိုပါတယ်။

ဦးလှမောင်ရွှေ။ ။ ကျနော်တို့ ၂၀၂၀ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ (စတုတ္ထအကြိမ်) ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရခဲ့တယ်။ ၃ လလောက်ကြာတဲ့အခါမှာ ကျနော်တို့ ပထမဆုံး ညှိနှိုင်းအစည်းအဝေးတွေ ပြန်လုပ်နိုင်တယ်ပေါ့နော်။ ဒီအစိုးရ၊ တပ်မတော်၊ လွှတ်တော်တွေက Working Level (အလုပ်အဆင့်) ခေါင်းဆောင်တွေနဲ့ ညှိတယ်။ အဲဒီမှာ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့လူတွေနဲ့ Union Accord Part 3 (ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃) တွေကို အကောင်အထည်ဖော်ရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒါကတော့ ရွေးကောက်ပွဲပြီးတဲ့နောက် ပထမဦးဆုံးဆွေးနွေးပွဲလေ။ ဒါကို တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးနိုင်တယ်၊ ညှိနှိုင်းနိုင်တာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ပိုတော့ မြန်လာမယ့် အနေအထားရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မြန်ဆန်နိုင်တဲ့အနေအထားက ဘယ်လိုမျိုး ထူးခြားမှု ရှိလာမယ်ထင်သလဲ။

ဦးလှမောင်ရွှေ။ ။ မြန်ဆန်လာမယ်လို့ ဆိုလိုတာကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေအများကြီး၊ အကောင်အထည်ဖော် ဆွေးနွေးတာ ဖြစ်တဲ့အတွက် မြန်ဆန်လာနိုင်မှာဖြစ်တယ်။ နောက်တခုကတော့ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေ သူတို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်တဲ့အတွက် ဒီရက်ပိုင်းမှာလည်း နဂိုကထက် ပိုပြီးတော့ မြန်လာမယ်လို့ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီသဘောတူညီချက် အပိုင်း ၃ ကို အကောင်အထည်ဖော်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုအချက်တွေ မြန်ဆန်လာမယ်လို့ မျှော်မှန်းထားသလဲ။

ဦးလှမောင်ရွှေ။ ။ အဓိကအရေးကြီးတဲ့ အစိုးရ၊ အစိုးရဆိုတာမှာ တပ်မတော်ဘက်က ဒါတွေကို ကြိုပြီးတော့ ပြင်ဆင်ဖို့လိုတယ်။ ပြီးမှသာ ကျနော်တို့ EAO (တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေ) ဘက်က ဆက်ပြီးအကောင်အထည်ဖော်ရမယ်။ အရေးကြီးတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာEAOဘက်က PPSTလုပ်ထားတာဖြစ်တယ်။ သူတို့ဘက်မှာလည်း ပြင်ဆင်မှုတွေရှိတယ်၊ ဒီဘက်မှာလည်း ပြည်ဆင်တာတွေ ရှိလာပြီဖြစ်တဲ့အတွက် ပြန်တွေ့ ဆောင်ရွက်ဖို့ အခြေအနေတခု ရောက်လာပြီလို့ ဆိုလိုပါတယ်။

ကိုဝင်းမင်း။ ။ ဘယ်တော့လောက် အစောဆုံးတွေ့ဖို့ မှန်းထားသလဲ။

ဦးလှမောင်ရွှေ။ ။ ကျနော်တို့ လူချင်းတွေ့ဖို့ကတော့ COVIDပေါ်မှာ မူတည်ပါတယ်။ ကျန်တဲ့ အွန်လိုင်း ကနေ ဆွေးနွေးတာတွေကတော့ အခုအနေနဲ့ ဒါတွေလုပ်နေတာတွေရှိပါတယ်။

ကိုဝင်းမင်း။ ။ ဒီဇင်ဘာလထဲလောက်မှာရော။

ဦးလှမောင်ရွှေ။ ။ ဒီအလွတ်သဘောဆွေးနွေးမှုတွေကတော့ အွန်လိုင်း ကနေ လုပ်နိုင်တာလေးတွေတော့ မကြာမီရက်ပိုင်းမှာတွေ လုပ်လာနိုင်တယ်။ လူချင်းတွေ့ပြီး ဆွေးနွေးဖို့လည်းလိုပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ အွန်လိုင်း ကနေဆွေးနွေးတာက အကန့်အသတ်တွေရှိတယ်။ လူချင်းတွေ့ပြီး ဆွေးနွေးမှ အဆင်ပြေတဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။ ၂ ခုလုံးတော့ လုပ်ရမယ်။ ခုနလို လူချင်းတွေ့ပြီး ဆွေးနွေးတာကတော့ ရလဒ်တွေ ပိုပြီးတော့ မြန်မြန်ရတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်တခုကNCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ရော ဘယ်လိုမျိုး မြန်လာဖို့ မျှော်လင့်ထားသလဲ။

ဦးလှမောင်ရွှေ။ ။ ဒီမှာလည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ဆွေးနွေးလက်စ တွေလည်း ရှိတယ်။ အဲဒါတွေကိုလည်း ဆက်ပြီးတော့ ဆွေးနွေးမယ့် အနေအထားပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ထူးခြားတာတခုကတော့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ပေါ့နော် အရင်အကြမ်းဖက်အနေအထားကနေ အခု ရွေးကောက်ပွဲ ရခိုင်ပြည်နယ်မှာ ပြန်ကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ တစုံတရာ အပြန်အလှန် စပြီးတော့ ညှိနှိုင်းမှုတွေ ရှိလာတဲ့အတွက်၊ အခု NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအားလုံး တွေ့ဆုံရေးအတွက် အဟန့်အတား အရင်ဖြစ်နေခဲ့တဲ့ပေါ့နော်၊ အဲဒီကိစ္စက ပြန်ပြီးတော့ ပြေလည်လာဖို့အလားအလာ ဘယ်လောက်ရှိမယ်ထင်သလဲ။

ဦးလှမောင်ရွှေ။ ။ ကျနော်အဲဒီအပေါ်မှာတော့ သုံးသပ်ဖို့ ခက်တယ်။ ဒါပေမယ့် အရင်တုန်းကတော့ ဒီလိုအတွေ့အအကြုံတွေမရှိဘူး။ လူအချင်းချင်းတွေ့ပြီးဆွေးနွေးနိုင်မယ်ဆိုရင်တော့ ဆွေးနွေးရင်းနဲ့ ယုံကြည်မှုတွေ ပိုရှိ လာပြီးတော့ နောက်ဆုံး ဒီ NCAထိုးခါနီးမှာ မတရားအသင်းတို့၊ အကြမ်းဖက်အဖွဲ့တွေထဲကနေပြီးတော့ ပယ်ဖျက်တာတွေရှိတယ်။ နည်းလမ်းတွေကတော့ တမျိုးမဟုတ် တမျိုးတော့ရှိတယ်။ ဒါပေမယ့် အခုရခိုင်ပြည်မြောက်ပိုင်းမှာ ပဋိပက္ခ မရှိတာ၊ပစ်ခတ်မူတွေမရှိတာ ရက်ပေါင်း ၂၀ ကျော်ရှိပြီ။ စစ်ဘေးရှောင် ၃ သောင်းကျော် ပြန်လာတယ်။ သက်ဆိုင်သူတွေလည်း စကားတွေဘာတွေပြော၊ ပြည်သူတွေထဲ အရည်အသွေးနဲ့ဆိုတော့၊ ဝမ်းသာစရာတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ ဒီကနေစပြီး ယုံကြည်မှု တည်ဆောက်ပြီးတော့ လမ်းစတွေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဦးလှမောင်ရွှေ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG