သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ျပန္ သံုးသပ္ ျပင္ဆင္ဖို႔ ရွိပါရဲ႕လား


NCA သံုးႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားတက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (လယ္)၊ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ (ယာ)၊ KNU ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ မူတူးေစးေဖၚ (၀ဲ)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲျပီး တစ္တုိင္းျပည္လံုးဆုိင္ရာ အပစ္ရပ္ စာခ်ဳပ္ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ဟာ ျပီးခဲ့တဲ့ ႏို၀င္ဘာ ၂၅ ရက္နဲ႔ ၂၆ ရက္ေန႔မွာ အြန္လိုင္းကေန အစည္းအေ၀း လုပ္ပါတယ္။ အစည္းအေ၀းမွာ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ျပီး ေရွ႕အေကာင္အထည္ ေဖာ္မယ့္ လုပ္ငန္းေတြကို ေဆြးေႏြးတဲ့အျပင္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲမွာ အနုိင္ရတဲ့ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီကိုလည္း ၀မ္းေျမာက္ ဂုဏ္ယူေၾကာင္း သ၀ဏ္လႊာ ပို႔ပါတယ္။ သ၀ဏ္လႊာထဲမွာ သူတုိ႔ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ အေနနဲ႔လည္း ေရရွည္ တည္တံ့ခိုင္ျမဲတဲ့ ျငိမ္းခ်မ္းေရး ရရွိေရးနဲ႔ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ မၾကာခင္ အသစ္ ဖြဲ႕စည္းမယ့္ အစိုးရနဲ႔အတူ ႏိုင္ငံေရး ကတိက၀တ္ ခိုင္မာစြာနဲ႔ ၾကိဳးပမ္း တည္ေဆာက္သြားမယ့္ အေၾကာင္း ေဖာ္ျပထားပါတယ္။ ေျပာရရင္ ၂၀၁၆ အစိုးရ အာဏာရလာစဥ္ကတည္းက ျငိမ္းခ်မ္းေရး လုပ္ငန္းကို ဦးေဆာင္ အေကာင္အထည္ေဖာ္ခဲ့တဲ့ အင္န္အယ္လ္ဒီ အစိုးရအေနနဲ႔ လာမယ့္ အနာဂတ္ ကာလမွာလည္း ျငိမ္းခ်မ္းေရး လုပ္ငန္းေတြကို ဆက္ျပီး အေကာင္အထည္ ေဖာ္သြားရမယ့္ သေဘာပါ။ ဒါေပမယ့္လည္း ေရွ႕ပိုင္း ၄ ႏွစ္ခြဲေက်ာ္ကာလ အင္န္အယ္လ္ဒီ ဦးေဆာင္ အေကာင္အထည္ေဖာ္ခဲ့တဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ အမ်ားၾကီး ရွိေနတာ ေတြ႕ျမင္ၾကရတဲ့အျပင္ ေ၀ဖန္မွဳေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ရွိေနပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ သူတို႔အေကာင္အထည္ ေဖာ္ခဲ့တဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ျပန္ျပီးသံုးသပ္၊ ျပင္ဆင္ဖို႔ ရွိပါရဲ႕လား ဆိုတာက စိတ္၀င္စားဖို႔ ေကာင္းတဲ့ ကိစၥတစ္ခုပါ။

အရင္ စစ္အာဏာရွင္ ေခတ္အလြန္ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္ကစ တုိင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ ရပ္စဲေရး၊ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျဖစ္ေျမာက္ေရး လက္ေတြ႕က်တဲ့ ခ်ဥ္းကပ္မွဳေတြနဲ႔ စျပီး အေကာင္အထည္ ေဖာ္ခဲ့တာ ေတြ႕ရပါတယ္။ သမိုင္း၀င္တဲ့ အေပးအယူ အေလ်ာ့အတင္းေတြ လုပ္ႏိုင္ခဲ့လို႔ ႏွစ္ဖက္ သေဘာတူတဲ့ NCA စာခ်ဳပ္ၾကီး ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္း အေၾကာင္းမလွစြာနဲ႔ပဲ တကယ္ လက္မွတ္ထုိးတဲ့ အခ်ိန္က်မွ အစိုးရနဲ႔ တပ္မေတာ္ဘက္က ကိုးကန္႔၊ တအဲန္းပေလာင္နဲ႔ AA ရခိုင္ လက္နက္ကိုင္ အဖြဲ႕ေတြကို ပါ၀င္ခြင့္ မေပးတာေၾကာင့္ လက္နက္ကိုင္ (၈) ဖြဲ႕နဲ႔ပဲ လက္မွတ္ထိုးခဲ့ရတဲ့ အေျခအေန ေရာက္ခဲ့ပါတယ္။ ေနာက္ပိုင္း လုပ္ငန္းစဥ္ေတြကိုေတာ့ အင္န္အယ္လ္ဒီ အစိုးရက ဆက္ျပီး တာ၀န္ယူခဲ့ရတဲ့ သေဘာပါ။

အင္န္အယ္လ္ဒီ အစိုးရ စျပီး တာ၀န္ယူရစဥ္က တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ ပတ္သက္ျပီး အပိုင္း(၃) ပိုင္း ရွိေနတာ ေတြ႕ရပါတယ္။ တစ္ပိုင္းကေတာ့ NCA အပစ္ရပ္ စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ ေဆြးေႏြးညွိႏွိဳင္းျပီး တုိးတက္မွဳ ရေအာင္ လုပ္ဖို႔၊ ေနာက္တစ္ပိုင္းက တိုက္ေန ခုိက္ေနဆဲ ကခ်င္၊ ကိုးကန္႔၊ တအဲန္းပေလာင္၊ ရခုိ္င္ AA တပ္ဖြဲ႕ေတြနဲ႔ ပထမ အဆင့္ အပစ္အခတ္ ရပ္စဲေအာင္ လုပ္ဖို႔၊ ေနာက္ဆံုး အပိုင္းကေတာ့ တိုက္ခိုက္ေနတာလဲ မရွိ၊ သေဘာတူညီခ်က္ တစ္စံုတစ္ရာလည္း မရေသးတဲ့ ၀၊ မိုင္းလား၊ ကရင္နီ၊ SSPP/SSA ရွမ္းတပ္ဖြဲ႕ေတြ NCA စာခ်ဳပ္ထဲ ပါ၀င္လာဖို႔ ၾကိဳးစား ညွိႏွိဳင္းရတာ ျဖစ္ပါတယ္။

၄ ႏွစ္ခြဲတာကာလ နိဂံုးခ်ဳပ္ၾကည့္လိုက္တဲ့အခါ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ၾကီး လံုး၀ ပ်က္စီးမသြားဘူး၊ ရွိေနေသးတယ္၊ ေရွ႕ကို ဆက္ျပီး သြားေနေသးတယ္ ဆုိရံုကလြဲလို႔ အင္န္အယ္လ္ဒီ အစိုးရ အေနနဲ႔ အပိုင္း ၃ ပိုင္းလံုးမွာ ေျပာပေလာက္တဲ့ ေအာင္ျမင္မွဳ ရခဲ့တာ မေတြ႕မျမင္ၾကရပါဘူး။ အပစ္ရပ္ထားတဲ့ အဖြဲ႕ေတြနဲ႔လည္း နားလည္မွဳလြဲ၊ ကာလၾကာရွည္ ေဆြးေႏြးမွဳ ရပ္ဆုိင္း၊ တုိက္ေနခုိက္ေနတဲ့ အဖြဲ႕ေတြနဲ႔လည္း တုိက္ေန ခုိက္ေနဆဲ၊ NCA မထုိးတဲ့ အဖြဲ႕ေတြကလည္း နဂိုအတုိင္း သူ႔ဖာသာသူ ရပ္တည္ျမဲ၊ ေနျမဲအတုိင္းပဲ ေတြ႕ျမင္ရလို႔ ျဖစ္ပါတယ္။

ဒီလို ေအာင္ျမင္မွဳ မရတာမွာ တပ္မေတာ္ဘက္က ပိုျပီး သေဘာထား တင္းမာလာလို႔၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တစ္ခ်ိဳ႕နဲ႔လည္း ညွိႏွိဳင္းရ ခက္ခဲေနလို႔ ဆုိတဲ့ ျပသနာေတြအျပင္ အင္န္အယ္လ္ဒီ အစိုးရကိုယ္တုိင္က အားနည္းခ်က္ေတြ အမ်ားၾကီး ရွိေနတာ ေတြ႕ျမင္ႏုိင္ပါတယ္။

ပထမ ဦးဆံုး အားနည္းခ်က္ကေတာ့ ၂၀၁၅ ေရြးေကာက္ပြဲ မတုိင္ခင္ ကာလ အထိ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ျပီး စိတ္၀င္စားမွဳ အားနည္းတာကေန အေျခခံပါတယ္။ အဲဒီအခ်ိန္ သမၼတ ဦးသိန္းစိန္က ခန္႔အပ္တဲ့ အဖြဲ႕က ျငိမ္းခ်မ္းေရးကို ဦးေဆာင္ အေကာင္အထည္ ေဖာ္ေနခ်ိန္မွာ အတုိက္အခံ ျဖစ္ေနတဲ့ အင္န္အယ္လ္ဒီ ပါတီဘက္က ဘယ္သူ တစ္ဦးတစ္ေယာက္ကမွ စိတ္တ၀င္စား ပါ၀င္တာ၊ ပူးေပါင္းတာ၊ ေလ့လာတာ မရွိခဲ့ပါဘူး။ ဒီအတြက္လည္း အင္န္အယ္လ္ဒီ ပါတီဟာ အာဏာရလာခ်ိန္အထိ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ဘယ္သူေတြက ဘာေတြ ၾကိဳးစားထားျပီး ဘာေတြ အေကာင္အထည္ ေဖာ္ထားတယ္၊ တိုင္းရင္းသား အဖြဲ႕အစည္း အသီးသီးရဲ႕ မတူညီတဲ့ တုန္႔ျပန္မွဳေတြက ဘယ္လို၊ ဘာ အခက္အခဲ ၾကံဳခဲ့ရတယ္၊ ဘယ္ အဆင့္ေရာက္ေနျပီလဲ ဆုိတာ ေကာင္းေကာင္း မသိခဲ့ၾကပါဘူး။ ဒီထက္ပို အေရးၾကီးတာက အင္န္အယ္လ္ဒီဟာ အတုိက္အခံ ကာလမွာေရာ၊ အစိုးရျဖစ္ျပီးတဲ့ ဒီကေန႔ အခ်ိန္ထိ တိုင္းျပည္ကို ဖက္ဒရယ္ ဒီမုိကေရစီ ႏုိင္ငံအျဖစ္ တည္ေဆာက္မယ္ ဆိုတဲ့ အၾကမ္းဖ်ဥ္း ေျပာဆိုမွဳကလြဲျပီး ဘယ္လို ဖက္ဒရယ္မ်ိဳး တည္ေထာင္မယ္၊ အာဏာခြဲေ၀မွဳကို ဘယ္လို လုပ္ၾကမယ္၊ လက္နက္ကိုင္ တပ္ဖြဲ႕ေတြကို ဘယ္လို စီမံမယ္၊ သယံဇာတ ခြဲေ၀မွဳကို ဘယ္လို စဥ္းစားမယ္ စသျဖင့္ တိတိက်က် ခ်မွတ္ထားတဲ့ ကိုယ္ပိုင္ မူ၀ါဒ တစ္ရပ္လည္း ရွိမေနပါဘူး။

ေနာက္ထပ္ အေရးၾကီးတဲ့ အားနည္းခ်က္ၾကီး တစ္ခုကေတာ့ အစိုးရအဖြဲ႕ေခါင္းေဆာင္ ျဖစ္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျငိမ္းခ်မ္းေရးကို အေကာင္အထည္ ေဖာ္မယ့္ ညွိႏွိဳင္းေရးမွဴးၾကီး အျဖစ္ NLDပါတီရဲ႕ သစၥာရွိ လူေဟာင္း တစ္ေယာက္လည္းျဖစ္၊ သူ႔ရဲ႕ မိသားစု ဆရာ၀န္လည္း ျဖစ္တဲ့ ခြဲစိတ္ကု ဆရာ၀န္ၾကီး ေဒါက္တာ တင္မ်ိဳး၀င္းကို တာ၀န္ ေပးအပ္ လိုက္ျခင္းပါပဲ။ ျငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္မွဳမွာ ေဒၚေအာင္ဆန္းစုၾကည္ျပီးရင္ အေရးအၾကီးဆံုးျဖစ္တဲ့ ျငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠဌ တာ၀န္ယူထားတဲ့ ေဒါက္တာတင္မ်ိဳး၀င္းဟာ ျငိမ္းခ်မ္းေရး တည္ေဆာက္ေရး၊ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရး ကိစၥေတြမွာ အေတြ႕အၾကံဳ ရွိသူ၊ နီးစပ္သူ တစ္ေယာက္ မဟုတ္တဲ့အျပင္ အဲဒီ တာ၀န္ကို အခ်ိန္ျပည့္ တာ၀န္ယူႏုိင္ျခင္းလည္း မရွိတာ ေတြ႕ၾကရပါတယ္။ ၄ ႏွစ္ခြဲၾကာ နဂံုးခ်ဳပ္ၾကည့္တဲ့အခါ ေဒါက္တာတင္မ်ိဳး၀င္းဟာ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေနနဲ႔ မယ္မယ္ရရ ေအာင္ျမင္မွဳ ရေအာင္ စြမ္းေဆာင္ျပႏုိင္ျခင္း မရွိခဲ့သလို၊ အေရးၾကီးတဲ့ တပ္မေတာ္ နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ယံုၾကည္မွဳကိုလည္း ရယူမေပးႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မွဳ လုပ္ငန္းစဥ္ကို အေထာက္အကူျပဳေပးရတဲ့ NRPC လို အဖြဲ႕ကလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခ်ိဳးျခံေခၽြတာေရး လမ္းစဥ္ေအာက္မွာ နည္းပညာ ေထာက္ကူေပးမယ့္သူေတြကို စုစည္း ဖြဲ႕စည္းႏုိင္မွဳ မရွိတဲ့ အျပင္ လုပ္ငန္း အေကာင္အထည္ ေဖာ္မွဳေတြကိုလည္း ေကာင္းေကာင္း ကူညီစြမ္းေဆာင္ေပးႏိုင္တာ မေတြ႕ျမင္ၾကရပါဘူး။

ေရြးေကာက္ပြဲမွာ အႏုိင္ရျပီး လာမယ့္ ၅ ႏွစ္တာကာလ ျငိမ္းခ်မ္းေရးကို ဆက္ျပီး ဦးေဆာင္ၾကိဳးပမ္းရမယ့္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ကုန္လြန္ခဲ့တဲ့ အခ်ိန္ေတြကို ျပန္လွည့္ၾကည့္ျပီး ျငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္မွဳ လုပ္ငန္းေဆာင္တာေတြ၊ ဦးေဆာင္သူေတြရဲ႕ အခန္းက႑ေတြ၊ ေထာက္ကူမယ့္ အဖြဲ႕ျပသနာေတြကို ျပန္ျပီး ဆန္းစစ္သင့္ပါတယ္။ ဒါေတြကို ဆန္းစစ္၊ ျပဳျပင္ေျပာင္းလဲတာေတြ မလုပ္ပဲနဲ႔ေတာ့ လာမယ့္ အနာဂတ္ကာလ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ေအာင္ျမင္ တုိးတက္မွဳ ရလာလိမ့္မယ္ဆုိျပီး တစ္ထစ္ခ် ေမွ်ာ္လင့္လို႔ေတာ့ ရႏုိင္မယ္ မဟုတ္ေၾကာင္းပါ။

--------------------------------------

ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန် သုံးသပ် ပြင်ဆင်ဖို့ ရှိပါရဲ့လား

အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေး လုပ်ပါတယ်။ အစည်းအဝေးမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရှေ့အကောင်အထည် ဖော်မယ့် လုပ်ငန်းတွေကို ဆွေးနွေးတဲ့အပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကိုလည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပို့ပါတယ်။ သဝဏ်လွှာထဲမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် မကြာခင် အသစ် ဖွဲ့စည်းမယ့် အစိုးရနဲ့အတူ နိုင်ငံရေး ကတိကဝတ် ခိုင်မာစွာနဲ့ ကြိုးပမ်း တည်ဆောက်သွားမယ့် အကြောင်း ဖော်ပြထားပါတယ်။ ပြောရရင် ၂၀၁၆ အစိုးရ အာဏာရလာစဉ်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းကို ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ လာမယ့် အနာဂတ် ကာလမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားရမယ့် သဘောပါ။ ဒါပေမယ့်လည်း ရှေ့ပိုင်း ၄ နှစ်ခွဲကျော်ကာလ အင်န်အယ်လ်ဒီ ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ အများကြီး ရှိနေတာ တွေ့မြင်ကြရတဲ့အပြင် ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်ပြီးသုံးသပ်၊ ပြင်ဆင်ဖို့ ရှိပါရဲ့လား ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စတစ်ခုပါ။

အရင် စစ်အာဏာရှင် ခေတ်အလွန် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကစ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ စပြီး အကောင်အထည် ဖော်ခဲ့တာ တွေ့ရပါတယ်။ သမိုင်းဝင်တဲ့ အပေးအယူ အလျော့အတင်းတွေ လုပ်နိုင်ခဲ့လို့ နှစ်ဖက် သဘောတူတဲ့ NCA စာချုပ်ကြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ တကယ် လက်မှတ်ထိုးတဲ့ အချိန်ကျမှ အစိုးရနဲ့ တပ်မတော်ဘက်က ကိုးကန့်၊ တအဲန်းပလောင်နဲ့ AA ရခိုင် လက်နက်ကိုင် အဖွဲ့တွေကို ပါဝင်ခွင့် မပေးတာကြောင့် လက်နက်ကိုင် (၈) ဖွဲ့နဲ့ပဲ လက်မှတ်ထိုးခဲ့ရတဲ့ အခြေအနေ ရောက်ခဲ့ပါတယ်။ နောက်ပိုင်း လုပ်ငန်းစဉ်တွေကိုတော့ အင်န်အယ်လ်ဒီ အစိုးရက ဆက်ပြီး တာဝန်ယူခဲ့ရတဲ့ သဘောပါ။

အင်န်အယ်လ်ဒီ အစိုးရ စပြီး တာဝန်ယူရစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး အပိုင်း(၃) ပိုင်း ရှိနေတာ တွေ့ရပါတယ်။ တစ်ပိုင်းကတော့ NCA အပစ်ရပ် စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တိုးတက်မှု ရအောင် လုပ်ဖို့၊ နောက်တစ်ပိုင်းက တိုက်နေ ခိုက်နေဆဲ ကချင်၊ ကိုးကန့်၊ တအဲန်းပလောင်၊ ရခိုင် AA တပ်ဖွဲ့တွေနဲ့ ပထမ အဆင့် အပစ်အခတ် ရပ်စဲအောင် လုပ်ဖို့၊ နောက်ဆုံး အပိုင်းကတော့ တိုက်ခိုက်နေတာလဲ မရှိ၊ သဘောတူညီချက် တစ်စုံတစ်ရာလည်း မရသေးတဲ့ ဝ၊ မိုင်းလား၊ ကရင်နီ၊ SSPP/SSA ရှမ်းတပ်ဖွဲ့တွေ NCA စာချုပ်ထဲ ပါဝင်လာဖို့ ကြိုးစား ညှိနှိုင်းရတာ ဖြစ်ပါတယ်။

၄ နှစ်ခွဲတာကာလ နိဂုံးချုပ်ကြည့်လိုက်တဲ့အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး လုံး၀ ပျက်စီးမသွားဘူး၊ ရှိနေသေးတယ်၊ ရှေ့ကို ဆက်ပြီး သွားနေသေးတယ် ဆိုရုံကလွဲလို့ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ အပိုင်း ၃ ပိုင်းလုံးမှာ ပြောပလောက်တဲ့ အောင်မြင်မှု ရခဲ့တာ မတွေ့မမြင်ကြရပါဘူး။ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့လည်း နားလည်မှုလွဲ၊ ကာလကြာရှည် ဆွေးနွေးမှု ရပ်ဆိုင်း၊ တိုက်နေခိုက်နေတဲ့ အဖွဲ့တွေနဲ့လည်း တိုက်နေ ခိုက်နေဆဲ၊ NCA မထိုးတဲ့ အဖွဲ့တွေကလည်း နဂိုအတိုင်း သူ့ဖာသာသူ ရပ်တည်မြဲ၊ နေမြဲအတိုင်းပဲ တွေ့မြင်ရလို့ ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှု မရတာမှာ တပ်မတော်ဘက်က ပိုပြီး သဘောထား တင်းမာလာလို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နဲ့လည်း ညှိနှိုင်းရ ခက်ခဲနေလို့ ဆိုတဲ့ ပြသနာတွေအပြင် အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင်က အားနည်းချက်တွေ အများကြီး ရှိနေတာ တွေ့မြင်နိုင်ပါတယ်။

ပထမ ဦးဆုံး အားနည်းချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလ အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု အားနည်းတာကနေ အခြေခံပါတယ်။ အဲဒီအချိန် သမ္မတ ဦးသိန်းစိန်က ခန့်အပ်တဲ့ အဖွဲ့က ငြိမ်းချမ်းရေးကို ဦးဆောင် အကောင်အထည် ဖော်နေချိန်မှာ အတိုက်အခံ ဖြစ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီဘက်က ဘယ်သူ တစ်ဦးတစ်ယောက်ကမှ စိတ်တဝင်စား ပါဝင်တာ၊ ပူးပေါင်းတာ၊ လေ့လာတာ မရှိခဲ့ပါဘူး။ ဒီအတွက်လည်း အင်န်အယ်လ်ဒီ ပါတီဟာ အာဏာရလာချိန်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်သူတွေက ဘာတွေ ကြိုးစားထားပြီး ဘာတွေ အကောင်အထည် ဖော်ထားတယ်၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ မတူညီတဲ့ တုန့်ပြန်မှုတွေက ဘယ်လို၊ ဘာ အခက်အခဲ ကြုံခဲ့ရတယ်၊ ဘယ် အဆင့်ရောက်နေပြီလဲ ဆိုတာ ကောင်းကောင်း မသိခဲ့ကြပါဘူး။ ဒီထက်ပို အရေးကြီးတာက အင်န်အယ်လ်ဒီဟာ အတိုက်အခံ ကာလမှာရော၊ အစိုးရဖြစ်ပြီးတဲ့ ဒီကနေ့ အချိန်ထိ တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်မယ် ဆိုတဲ့ အကြမ်းဖျဉ်း ပြောဆိုမှုကလွဲပြီး ဘယ်လို ဖက်ဒရယ်မျိုး တည်ထောင်မယ်၊ အာဏာခွဲဝေမှုကို ဘယ်လို လုပ်ကြမယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဘယ်လို စီမံမယ်၊ သယံဇာတ ခွဲဝေမှုကို ဘယ်လို စဉ်းစားမယ် စသဖြင့် တိတိကျကျ ချမှတ်ထားတဲ့ ကိုယ်ပိုင် မူဝါဒ တစ်ရပ်လည်း ရှိမနေပါဘူး။

နောက်ထပ် အရေးကြီးတဲ့ အားနည်းချက်ကြီး တစ်ခုကတော့ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ့် ညှိနှိုင်းရေးမှူးကြီး အဖြစ် NLDပါတီရဲ့ သစ္စာရှိ လူဟောင်း တစ်ယောက်လည်းဖြစ်၊ သူ့ရဲ့ မိသားစု ဆရာဝန်လည်း ဖြစ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းကို တာဝန် ပေးအပ် လိုက်ခြင်းပါပဲ။ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ အတွေ့အကြုံ ရှိသူ၊ နီးစပ်သူ တစ်ယောက် မဟုတ်တဲ့အပြင် အဲဒီ တာဝန်ကို အချိန်ပြည့် တာဝန်ယူနိုင်ခြင်းလည်း မရှိတာ တွေ့ကြရပါတယ်။ ၄ နှစ်ခွဲကြာ နဂုံးချုပ်ကြည့်တဲ့အခါ ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနေနဲ့ မယ်မယ်ရရ အောင်မြင်မှု ရအောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့သလို၊ အရေးကြီးတဲ့ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုလည်း ရယူမပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို အထောက်အကူပြုပေးရတဲ့ NRPC လို အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချိုးခြံချွေတာရေး လမ်းစဉ်အောက်မှာ နည်းပညာ ထောက်ကူပေးမယ့်သူတွေကို စုစည်း ဖွဲ့စည်းနိုင်မှု မရှိတဲ့ အပြင် လုပ်ငန်း အကောင်အထည် ဖော်မှုတွေကိုလည်း ကောင်းကောင်း ကူညီစွမ်းဆောင်ပေးနိုင်တာ မတွေ့မြင်ကြရပါဘူး။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး လာမယ့် ၅ နှစ်တာကာလ ငြိမ်းချမ်းရေးကို ဆက်ပြီး ဦးဆောင်ကြိုးပမ်းရမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ပြန်လှည့်ကြည့်ပြီး ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု လုပ်ငန်းဆောင်တာတွေ၊ ဦးဆောင်သူတွေရဲ့ အခန်းကဏ္ဍတွေ၊ ထောက်ကူမယ့် အဖွဲ့ပြသနာတွေကို ပြန်ပြီး ဆန်းစစ်သင့်ပါတယ်။ ဒါတွေကို ဆန်းစစ်၊ ပြုပြင်ပြောင်းလဲတာတွေ မလုပ်ပဲနဲ့တော့ လာမယ့် အနာဂတ်ကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် တိုးတက်မှု ရလာလိမ့်မယ်ဆိုပြီး တစ်ထစ်ချ မျှော်လင့်လို့တော့ ရနိုင်မယ် မဟုတ်ကြောင်းပါ။

XS
SM
MD
LG