သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡ ပိုျပင္းထန္လာႏိုင္ေျခ အေမရိကန္အပါ ၇ ႏိုင္ငံ စိုးရိမ္ေန


ေနျပည္ေတာ္က ဆန္႔က်င္ကန္႔ကြက္ပြဲကို ေသနတ္ကိုင္ေဆာင္အသင့္အေနအထားနဲ႔ ေစာင့္ဆုိင္းေနစဥ္။ (ေဖေဖၚဝါရီ ၂၆၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ရက္စက္တဲ့ သတ္ျဖတ္မႈေတြ ထပ္ျဖစ္လာႏိုင္ေျခအေပၚ စိုးရိမ္တယ္လို႔ အေမရိကန္အပါအဝင္ ႏိုင္ငံ ၇ ႏိုင္ငံက ေျပာၾကပါတယ္။

ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝး၊ ေတာင္ကိုရီးယား၊ ၿဗိတိန္နဲ႔ အေမရိကန္တို႔ရဲ႕ ဒီကေန႔ ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ အဲဒီလိုေဖာ္ျပထားတာပါ။

စစ္ေကာင္စီထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြအေနနဲ႔ ႏိုင္ငံတဝန္း အၾကမ္းဖက္လုပ္ရပ္ေတြကို ခ်က္ျခင္းအဆုံးသတ္ဖို႔ ဒီ ၇ ႏိုင္ငံက တိုက္တြန္းထားသလို ျပည္ပႏိုင္ငံေတြအေနနဲ႔ ျမန္မာစစ္ဘက္အတြက္ စစ္ဆင္ေရးဆိုင္ရာ အေထာက္အပံ့ေတြ အားလုံးကို ဆိုင္းငံ့ထားသင့္တယ္လို႔ ေျပာၾကပါတယ္။

ခ်င္းျပည္နယ္နဲ႔ တျခားေဒသတခ်ိဳ႕မွာ လက္နက္ပိုင္ပဋိပကၡေတြ၊ ဖမ္းဆီးတာေတြ၊ စစ္ေၾကာေရးမွာ ေသဆုံးတာေတြ ပိုတိုးလာေနခ်ိန္မွာပဲ အာရွ၊ ပစိဖိတ္၊ ဥေရာပနဲ႔ အေမရိကေဒသ ႏိုင္ငံ ၇ ႏိုင္ငံရဲ႕ အခုလို တိုက္တြန္းေတာင္းဆိုခ်က္ ထြက္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

{{Unicode}}

မြန်မာပဋိပက္ခ ပိုပြင်းထန်လာနိုင်ခြေ အမေရိကန်အပါ ၇ နိုင်ငံ စိုးရိမ်နေ

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ပြောကြပါတယ်။

သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်းအဆုံးသတ်ဖို့ ဒီ ၇ နိုင်ငံက တိုက်တွန်းထားသလို ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာစစ်ဘက်အတွက် စစ်ဆင်ရေးဆိုင်ရာ အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောကြပါတယ်။

ချင်းပြည်နယ်နဲ့ တခြားဒေသတချို့မှာ လက်နက်ပိုင်ပဋိပက္ခတွေ၊ ဖမ်းဆီးတာတွေ၊ စစ်ကြောရေးမှာ သေဆုံးတာတွေ ပိုတိုးလာနေချိန်မှာပဲ အာရှ၊ ပစိဖိတ်၊ ဥရောပနဲ့ အမေရိကဒေသ နိုင်ငံ ၇ နိုင်ငံရဲ့ အခုလို တိုက်တွန်းတောင်းဆိုချက် ထွက်လာတာဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG