သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းအထူးသံ ျမန္မာ့အေရးေဆာင္ရြက္ႏိုင္မယ္႔ အလားအးလာ


ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္အစိုးရ အထူးကိုယ္စားလွယ္ Pornpimol Kanchanalak

ျမန္မာဆိုင္ရာ ထိုင္းအထူးကုိယ္စားလွယ္ ပထမဆံုး ခန္႔လိုက္တာက ထူးျခားၿပီး၊ အာဆီယံ ဘံုသေဘာတူခ်က္ေဖာ္ေဆာင္ဖို႔ အခက္ႀကံဳေနခ်ိန္ ၾကားက ကူေပးႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ထိုင္းအထူးသံ ျမန္မာ့အေရးေဆာင္ရြက္ႏိုင္မယ္႔ အလားအးလာ

{{Zawgyi/Unicode}}
ျမန္မာဆိုင္ရာ ထိုင္းအထူးကုိယ္စားလွယ္ ပထမဆံုး ခန္႔လိုက္တာက ထူးျခားၿပီး၊ အာဆီယံ ဘံုသေဘာတူခ်က္ေဖာ္ေဆာင္ဖို႔ အခက္ႀကံဳေနခ်ိန္ ၾကားက ကူေပးႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

တျခားအာဆီယံႏိုင္ငံေတြထက္ ျမန္မာႏိုင္ငံနဲ႔ ပိုနီးစပ္ ခ်ိတ္ဆက္မူေတြရွိေနတဲ့ ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာ့အေရး ထဲထဲဝင္ဝင္ ပါဝင္ၿပီးသား Ms Pornpimol Kanchanalak ကို တနလၤာေန႔က အခုလို ခန္႔လိုက္တာေၾကာင့္ ဆက္ဆံေရးပို ေခ်ာေမြ႔လာႏိုင္တယ္လို႔ သံုးသပ္သူေတြက ေထာက္ျပၾကပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံရဲ့ အခက္ခဲဆံုးအခ်ိန္ေတြမွာေတာင္ အားလံုးနဲ႔ လက္ခံေတြ႔ဆံုညိွႏိႈင္း ေျဖရွင္းတတ္တဲ့ သံတမန္ေရး ကၽြမ္းက်င္မူကလည္း ျမန္မာအၾကပ္အတည္းအတြက္ အေထာက္အကူျဖစ္ႏိုင္တယ္လို႔လည္း ဒီေစာင့္ၾကည့္ေလ့လာေနသူေတြက ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး က ျမန္မာႏိုင္ငံဆိုင္ရာ ထုိင္း အထူးကိုယ္စားလွယ္ ခန္႔အပ္တဲ့အတြက္ ထူးျခားတဲ့အေနအထားကို ေမးျမန္းရာမွာ အမ်ဳိးသား ညီညြတ္ေရးအစိုးရ NUG ဦးမိုးေဇာ္ဦး က

ဦးမိုးေဇာ္ဦး ။. ။ အထူးကိုယ္စားလွယ္ခန္႔တယ္ဆိုတာ အေနာက္ႏိုင္ငံေတြမွာေတာ့ ေတြ႔ဖူးႀကဳံဖူးတယ္ေပါ့။ ဒါေပမယ့္ အာဆီယံႏိုင္ငံ တႏိုင္ငံကေန အထူးကိုယ္စားလွယ္ခန္႔တယ္ဆိုတာ နည္းနည္းထူးဆန္းေနတာေပါ့။ အထူးသျဖင့္ ကေမၻာဒီးယားႏိုင္ငံ ရဲ႕ အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာျပည္သြားေရာက္ၿပီး ျပန္လာတဲ့အခါမွာ ဒီလိုမ်ဳိး အထူးကိုယ္စားလွယ္ခန္႔တာကို သတိထားမိတယ္။ ေနာက္တခါ အာဆီယံထိပ္သီးေဆြးေႏြးပြဲမတိုင္ခင္မွာ ခန္႔အပ္တာျဖစ္တယ္။ အဲဒီေတာ့ ထုိင္းႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးကို ပိုမိုၿပီးေတာ့ တိုးျမွင့္တဲ့အခါမွာလည္း အာဆီယံရဲ႕ႀကိဳးပန္းေဆာင္ရြက္ခ်က္နဲ႔ ပတ္သက္ၿပီး အားမလို အားမရျဖစ္တယ္။

ကိုဝင္းမင္း ။. ။ ဘာေၾကာင့္ အားမလို အားမရျဖစ္ရတာလဲလို႔ ေမးရာမွာ ထိုင္းႏိုင္ငံ ဆူလာေလာင္ကြန္း တကၠသုိလ္မွာ အေရွ႕ေတာင္ အာရွဆိုင္ရာဘြဲ႕ ယူခဲ့တဲ့ ဦးမိုးေဇာ္ဦး က ဆက္ၿပီး

ဦးမိုေဇာ္ဦး ။. ။ ထိုင္းႏိုင္ငံနဲ႔က နယ္စပ္ကလည္း ေတာ္ေတာ္က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္စပ္ေနတာျဖစ္တယ္။ တျခားနယ္စပ္ကုန္သြယ္ေရး၊ စီးပြားေရး ဆက္စပ္မႈေတြလည္း ရွိတယ္။ အခုဆိုရင္ နယ္စပ္မွာ စစ္ေရး ပဋိပကၡေတြလည္းရွိတယ္။ အာဆီယံႏိုင္ငံေတြထဲမွာ ထိုင္းႏိုင္ငံက ျမန္မာအေရးမွာ ပိုၿပီးေတာ့ ဆက္စပ္ပတ္သက္မႈေတြမ်ားတယ္။ အဲဒီအတြက္ ဒါထက္ ပိုမိုလုပ္ေဆာင္ဖို႔လိုအပ္ေနတယ္။

ကိုဝင္းမင္း ။. ။ အခုအထူးသံနဲ႔ ခင္မင္တဲ့သူ ေဒါက္တာ ဖုန္းဝင္း ကလည္း

ေဒါက္တာဖုန္းဝင္း ။. ။ ဒီလိုခန္႔လုိက္တာကေတာ့ ထူးလည္း ထူးျခားတယ္။ ေကာင္းလည္းေကာင္းပါတယ္။ အရင္ကေတာ့ ဝန္ႀကီးအဆင့္နဲ႔ ဟိုဖက္ဒီဖက္ ဆက္ဆံခ်င္ ဆက္ဆံ ႏွစ္ႏိုင္ငံ သံအမတ္ႀကီး အဆင့္ ဆက္ဆံၾကတယ္။ အခုၾကားထဲကေန အထူးကုိယ္စားလွယ္အေနနဲ႔ ဆက္ဆံမယ္ဆိုတဲ့အခါၾကေတာ့ ပိုၿပီးေတာ့ သြက္လက္လာမယ္ထင္တယ္ေလ။ ၿပီးေတာ့ ထိုင္းနဲ႔ ျမန္မာအေနနဲ႔ကလည္း အိမ္နီးခ်င္းေကာင္းေတြ၊ ၿပီးေတာ့ ထုိင္းနဲ႔ က်ေနာ္တို႔နဲ႔ အေျခေနတူတာေတြလည္း အမ်ားႀကီးရွိတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ကေတာ့ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန အေၾကာင္းေကာ၊ ျမန္မာႏိုင္ငံ အေၾကာင္းေကာ ေတာ္ေတာ္နားလည္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ထိုင္းဖက္ကေန အထူးကုိယ္စားလွယ္ခန္႔ ေကာင္းရာ ေကာင္းႀကိဳးဆက္ၿပီးေတာ့ လုပ္မယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံအတြက္ေကာ ျမန္မာျပည္သူေတြအတြက္ေကာ ေကာင္းပါတယ္။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ ေရွ႕ျဖစ္လာမယ္အေနအထားေတြကိုေမးရာမွာ ဦးမိုးေဇာ္ဦး က

ဦးမိုေဇာ္ဦး ။. ။ ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံတဲ့အခါမွာ သူေျပာထားတဲ့ထဲပါတာက တျခားပုဂၢိဳလ္ေတြ၊ အဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔တဲ့အခါမွာလည္း တာဝန္ေပးမယ္လို႔ေျပာထားပါတယ္။ တျခားႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ေဆာင္ရြက္ဖို႔ အစီအစဥ္ရွိတယ္ဆိုတာ သုံးသပ္လို႔ရတာေပါ့။ တဆက္တည္းမွာလည္း အေမရိကန္ နဲ႔ အာဆီယံထိပ္သီးေဆြးေႏြးပြဲမတိုင္ခင္ ခန္႔အပ္တာျဖစ္တာေၾကာင့္ အေမရိကန္နဲ႔လည္း တစုံတရာ ဆက္စပ္ေနမယ္လို႔လည္း ယူဆရပါတယ္။

ကိုဝင္းမင္း ။. ။ ေဒါက္တာ ဖုန္းဝင္း ကလည္း

ေဒါက္တာ ဖုန္းဝင္း ။. ။ ျမန္မာျပည္အေၾကာင္းေသေသခ်ာခ်ာသိတယ္လူတေယာက္လို႔ ေရြးတယ္ထင္တယ္။ ၿပီးေတာ့ ျမန္မာျပည္က ျပည္သူလူထုေတြနဲ႔ ေတာ္ေတာ္ေလး ထိေတြ႔ခဲ့ဘူးတယ္ဆိုေတာ့ ခန္႔အပ္လိုက္တာပါ။ ထိုင္းနိုင္ငံျခားေရးဝန္ႀကီးဌာန ကေတာ့ အထူးသျဖင့္ အေနာက္ႏိုင္ငံေတြရဲ႕ပုံစံ၊ အေမရိကန္ပုံစံ ပြင့္ပြင့္လင္းလင္း ဆက္ဆံတယ္။ လက္ခံတယ္။ ေကာင္းေကာင္းစကားေျပာတယ္။ ဒါေတြက သူတို႔ႏိုင္ငံရဲ႕သံတမန္ေရးရာ ကြ်မ္းက်င္မႈျဖစ္တယ္။ ဆိုေတာ့ အဲဒီအတိုင္းပဲ အထူးသံကိုယ္စားလွယ္က လုပ္ခဲ့တာရွိတာေပါ့။ ျပည္သူလူထုဖက္က ဒီမုိကေရစီအင္အားစုေတြဖက္က နားေထာင္ၿပီးေတာ့ သူတို႔က အေျခအေနတခုကို အေကာင္းဆုံးလုပ္ေပးႏိုင္မယ္ထင္ပါတယ္။ အာဆီယံကိစၥမေျပမလည္ျဖစ္ေနတာကို ၾကားဝင္ေျပာေပးမယ္လို႔ထင္ပါတယ္။

ကိုဝင္းမင္း ။. ။ ျမန္မာႏိုင္ငံက မတည္မၿငိမ္မႈေတြကို အမ်ားဆုံး ခံစားရတဲ့ ထိုင္းနိုင္ငံအေနနဲ႔ ျမန္မာစစ္အာဏာသိမ္းၿပီးအေျခအေနေတြ ပိုစုိးရိမ္လာတာကို အခုခန္႔အပ္မႈက ျပလိုက္တာလို႔ သုံးသပ္သူေတြက ဆိုေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

...............................................

ထိုင်းအထူးသံ မြန်မာ့အရေးဆောင်ရွက်နိုင်မယ့် အလားအးလာ

{{Zawgyi/Unicode}}
မြန်မာဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် ပထမဆုံး ခန့်လိုက်တာက ထူးခြားပြီး၊ အာဆီယံ ဘုံသဘောတူချက်ဖော်ဆောင်ဖို့ အခက်ကြုံနေချိန် ကြားက ကူပေးနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

တခြားအာဆီယံနိုင်ငံတွေထက် မြန်မာနိုင်ငံနဲ့ ပိုနီးစပ် ချိတ်ဆက်မူတွေရှိနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး ထဲထဲဝင်ဝင် ပါဝင်ပြီးသား Ms Pornpimol Kanchanalak ကို တနင်္လာနေ့က အခုလို ခန့်လိုက်တာကြောင့် ဆက်ဆံရေးပို ချောမွေ့လာနိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အခက်ခဲဆုံးအချိန်တွေမှာတောင် အားလုံးနဲ့ လက်ခံတွေ့ဆုံညှိနှိုင်း ဖြေရှင်းတတ်တဲ့ သံတမန်ရေး ကျွမ်းကျင်မူကလည်း မြန်မာအကြပ်အတည်းအတွက် အထောက်အကူဖြစ်နိုင်တယ်လို့လည်း ဒီစောင့်ကြည့်လေ့လာနေသူတွေက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး က မြန်မာနိုင်ငံဆိုင်ရာ ထိုင်း အထူးကိုယ်စားလှယ် ခန့်အပ်တဲ့အတွက် ထူးခြားတဲ့အနေအထားကို မေးမြန်းရာမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဦးမိုးဇော်ဦး က

ဦးမိုးဇော်ဦး ။. ။ အထူးကိုယ်စားလှယ်ခန့်တယ်ဆိုတာ အနောက်နိုင်ငံတွေမှာတော့ တွေ့ဖူးကြုံဖူးတယ်ပေါ့။ ဒါပေမယ့် အာဆီယံနိုင်ငံ တနိုင်ငံကနေ အထူးကိုယ်စားလှယ်ခန့်တယ်ဆိုတာ နည်းနည်းထူးဆန်းနေတာပေါ့။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်သွားရောက်ပြီး ပြန်လာတဲ့အခါမှာ ဒီလိုမျိုး အထူးကိုယ်စားလှယ်ခန့်တာကို သတိထားမိတယ်။ နောက်တခါ အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ ခန့်အပ်တာဖြစ်တယ်။ အဲဒီတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို ပိုမိုပြီးတော့ တိုးမြှင့်တဲ့အခါမှာလည်း အာဆီယံရဲ့ကြိုးပန်းဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်တယ်။

ကိုဝင်းမင်း ။. ။ ဘာကြောင့် အားမလို အားမရဖြစ်ရတာလဲလို့ မေးရာမှာ ထိုင်းနိုင်ငံ ဆူလာလောင်ကွန်း တက္ကသိုလ်မှာ အရှေ့တောင် အာရှဆိုင်ရာဘွဲ့ ယူခဲ့တဲ့ ဦးမိုးဇော်ဦး က ဆက်ပြီး

ဦးမိုဇော်ဦး ။. ။ ထိုင်းနိုင်ငံနဲ့က နယ်စပ်ကလည်း တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်နေတာဖြစ်တယ်။ တခြားနယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေး ဆက်စပ်မှုတွေလည်း ရှိတယ်။ အခုဆိုရင် နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေလည်းရှိတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက မြန်မာအရေးမှာ ပိုပြီးတော့ ဆက်စပ်ပတ်သက်မှုတွေများတယ်။ အဲဒီအတွက် ဒါထက် ပိုမိုလုပ်ဆောင်ဖို့လိုအပ်နေတယ်။

ကိုဝင်းမင်း ။. ။ အခုအထူးသံနဲ့ ခင်မင်တဲ့သူ ဒေါက်တာ ဖုန်းဝင်း ကလည်း

ဒေါက်တာဖုန်းဝင်း ။. ။ ဒီလိုခန့်လိုက်တာကတော့ ထူးလည်း ထူးခြားတယ်။ ကောင်းလည်းကောင်းပါတယ်။ အရင်ကတော့ ဝန်ကြီးအဆင့်နဲ့ ဟိုဖက်ဒီဖက် ဆက်ဆံချင် ဆက်ဆံ နှစ်နိုင်ငံ သံအမတ်ကြီး အဆင့် ဆက်ဆံကြတယ်။ အခုကြားထဲကနေ အထူးကိုယ်စားလှယ်အနေနဲ့ ဆက်ဆံမယ်ဆိုတဲ့အခါကြတော့ ပိုပြီးတော့ သွက်လက်လာမယ်ထင်တယ်လေ။ ပြီးတော့ ထိုင်းနဲ့ မြန်မာအနေနဲ့ကလည်း အိမ်နီးချင်းကောင်းတွေ၊ ပြီးတော့ ထိုင်းနဲ့ ကျနော်တို့နဲ့ အခြေနေတူတာတွေလည်း အများကြီးရှိတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်းကော၊ မြန်မာနိုင်ငံ အကြောင်းကော တော်တော်နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ထိုင်းဖက်ကနေ အထူးကိုယ်စားလှယ်ခန့် ကောင်းရာ ကောင်းကြိုးဆက်ပြီးတော့ လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက်ကော မြန်မာပြည်သူတွေအတွက်ကော ကောင်းပါတယ်။

ကိုဝင်းမင်း ။. ။ အဲဒီတော့ ရှေ့ဖြစ်လာမယ်အနေအထားတွေကိုမေးရာမှာ ဦးမိုးဇော်ဦး က

ဦးမိုဇော်ဦး ။. ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ သူပြောထားတဲ့ထဲပါတာက တခြားပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့တဲ့အခါမှာလည်း တာဝန်ပေးမယ်လို့ပြောထားပါတယ်။ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ သုံးသပ်လို့ရတာပေါ့။ တဆက်တည်းမှာလည်း အမေရိကန် နဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ခန့်အပ်တာဖြစ်တာကြောင့် အမေရိကန်နဲ့လည်း တစုံတရာ ဆက်စပ်နေမယ်လို့လည်း ယူဆရပါတယ်။

ကိုဝင်းမင်း ။. ။ ဒေါက်တာ ဖုန်းဝင်း ကလည်း

ဒေါက်တာ ဖုန်းဝင်း ။. ။ မြန်မာပြည်အကြောင်းသေသေချာချာသိတယ်လူတယောက်လို့ ရွေးတယ်ထင်တယ်။ ပြီးတော့ မြန်မာပြည်က ပြည်သူလူထုတွေနဲ့ တော်တော်လေး ထိတွေ့ခဲ့ဘူးတယ်ဆိုတော့ ခန့်အပ်လိုက်တာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ပုံစံ၊ အမေရိကန်ပုံစံ ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။ လက်ခံတယ်။ ကောင်းကောင်းစကားပြောတယ်။ ဒါတွေက သူတို့နိုင်ငံရဲ့သံတမန်ရေးရာ ကျွမ်းကျင်မှုဖြစ်တယ်။ ဆိုတော့ အဲဒီအတိုင်းပဲ အထူးသံကိုယ်စားလှယ်က လုပ်ခဲ့တာရှိတာပေါ့။ ပြည်သူလူထုဖက်က ဒီမိုကရေစီအင်အားစုတွေဖက်က နားထောင်ပြီးတော့ သူတို့က အခြေအနေတခုကို အကောင်းဆုံးလုပ်ပေးနိုင်မယ်ထင်ပါတယ်။ အာဆီယံကိစ္စမပြေမလည်ဖြစ်နေတာကို ကြားဝင်ပြောပေးမယ်လို့ထင်ပါတယ်။

ကိုဝင်းမင်း ။. ။ မြန်မာနိုင်ငံက မတည်မငြိမ်မှုတွေကို အများဆုံး ခံစားရတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်အာဏာသိမ်းပြီးအခြေအနေတွေ ပိုစိုးရိမ်လာတာကို အခုခန့်အပ်မှုက ပြလိုက်တာလို့ သုံးသပ်သူတွေက ဆိုနေပါတယ်ခင်ဗျာ။

XS
SM
MD
LG