သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင်ကောင်စစ်ဝန်ရုံး စစ်ရေးအရအသုံးချဟု စွပ်စွဲချက် ကန်ငြင်းဆန်


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အသစ်ဆောက်လုပ်မယ့် အမေရိကန် ကောင်စစ်ဝန်ရုံး (ဓာတ်ပုံ- ချင်းမိုင် အမေရိကန်ကောင်စစ်ဝန်ရုံး)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အသစ်ဆောက်လုပ်မယ့် အမေရိကန် ကောင်စစ်ဝန်ရုံး (ဓာတ်ပုံ- ချင်းမိုင် အမေရိကန်ကောင်စစ်ဝန်ရုံး)

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကိုအသုံးချပြီး မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ် လက်နက်ထောက်ပံ့တာအပါအဝင် လျှို့ဝှက် စစ်ဆင်ရေးလုပ်ဖို့ စီစဉ်နေတယ် လို့ ထိုင်းအခြေစိုက်အဖွဲ့အစည်းတချို့ရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အမေရိကန်က ငြင်းဆိုလိုက်ပါတယ်။

“People of Thailand” ထိုင်းပြည်သူများအဖွဲ့-လို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ အဲဒီလို စွပ်စွဲပြောဆိုမှုဟာ မမှန်ကန်ကြောင်း ဘန်ကောက်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရအမျိုးသမီး Nicole Fox ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ရေးပါတယ်။

ချင်းမိုင်မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံးအသစ် ဆောက်နေတာဟာ မက္ကဆီကိုကနေ မော်ရိုကိုအထိ နိုင်ငံအသီးသီးမှာရှိနေတဲ့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အဆင့်မြင့်တင်ခြင်း အစီအစဉ် အရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းမိုင်မြို့က အဆောက်အဦးသစ်ဟာ ထိုင်းနဲ့အမေရိကန်ကြားက နက်ရှိုင်း ကျယ်ပြန်တဲ့ ဆက်ဆံရေးကို ပြသဖြင်းဖြစ်ကြောင်း သံရုံးပြောခွင့်ရ Nicole Fox က ပြောပါတယ်။

ထိုင်းပြည်သူများအဖွဲ့ရဲ့ကိုယ်စားလှယ် Nitithorn Lumlua ဆိုသူက သမ္မတ Joe Biden ထံ လိပ်မူပြီးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ အဲဒီလို စွပ်စွဲ ပြောကြားလိုက်တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေရဲ့မြို့တော် ချင်းမိုင်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ကောင်စစ်ဝန်ရုံးကို CIA လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုနေမှုကို ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုထားတယ်လို့ Bangkok Post က ရေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးကိစ္စတွေမှာ ထိုင်းနိုင်ငံက ဘက်မလိုက်ဘဲ ရပ်တည်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကတဆင့် မြန်မာနိုင်ငံထဲ စစ်လက်နက်တင်ပို့မှု အမေရိကန်က ပိတ်ပင်ကန့်သတ်ထားတာကို ပြန်လည် ရုပ်သိမ်းပေးဖို့ကိုလည်း အဲဒီ အိတ်ဖွင့်ပေးစားထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]








===========

XS
SM
MD
LG