သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် ခန့်အပ် 


မြန်မာနိုင်ငံဆိုင်ရာ ထိုင်အစိုးရ အထူးကိုယ်စားလှယ် Pornpimol Kanchanalak
မြန်မာနိုင်ငံဆိုင်ရာ ထိုင်အစိုးရ အထူးကိုယ်စားလှယ် Pornpimol Kanchanalak

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးတဦးဖြစ်တဲ့ Ms Pornpimol Kanchanalak ကို ခန့်အပ်လိုက်ပါတယ်။

မြန်မာဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် ခန့်အပ်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးတဦးဖြစ်တဲ့ Ms Pornpimol Kanchanalak ကို ခန့်အပ်လိုက်ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူအဖြစ် တာဝန်ပေးအပ်ခဲ့တာဖြစ်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက အင်္ဂါနေ့မှာပဲ ဖော်ပြခဲ့တာပါ

ထိုင်းနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အမျိုးသားလုံခြုံရေးမှာ မဟာဗျုဟာကျကျ အရေးပါတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အထူးကိုယ်စားလှယ်က အနီးကပ်စောင့်ကြည့် တာဝန်ယူမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့အညီ ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေထဲမှာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့လည်း ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ဖို့တွေ ပါဝင်သလို၊ နိုင်ငံတကာနဲ့ တွေ့ဆုံမှုတွေကိုလည်း တာဝန်ယူရမှာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ ထိုင်းအစိုးရက အထူးကိုယ်စားလှယ်တဦး ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတုန်းကလည်း ၂ နိုင်ငံ နယ်စပ်က အဓိက ဆက်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ ချစ်ကြည်ရေးတံတားရဲ့ မြန်မာဖက်ခြမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားရာက ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

...............................................


{{Unicode}}







XS
SM
MD
LG