သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-မေလးရွား ေခါင္းေဆာင္ႏွစ္ဦး ေတြ႔ဆုံေဆြးေႏြးမႈ ျမန္မာ့အေရးပါဝင္


မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob. (ၾသဂုတ္ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းနဲ႔ မေလးရွား ဝန္ႀကီးခ်ဳပ္ႏွစ္ဦးတို႔ ေတြ႔ဆုံေဆြးေႏြးၾကရာမွာ ျမန္မာ့အက်ပ္အတည္း အေျခအေနေတြကိုလည္း ေျပာဆိုခဲ့ၾကပါတယ္။

ကိုဗစ္ျဖစ္အၿပီးကာလ ထိုင္းႏိုင္ငံကို ပထမဆုံး ႏိုင္ငံ့ေခါင္းေဆာင္အျဖစ္ ေရာက္လာတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha တို႔ဟာ ႏွစ္ႏိုင္ငံအေရးအျပင္ အာဆီယံအေရးျဖစ္တဲ့ ျမန္မာျပႆနာကို မေန႔က ေဆြးေႏြးခဲ့ၾကတာပါ။

ျမန္မာႏုိင္ငံ အက်ပ္အတည္းကို ေလ်ာ့ပါးသက္သာေစဖို႔ အာဆီယံ ဘုံသေဘာတူခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ေရးမွာ အာဆီယံႏိုင္ငံ အဖြဲ႔ဝင္ေတြအၾကား ညီၫြတ္မႈ လိုအပ္ေနတာကို ေတြ႔ဆုံပြဲအၿပီး ပူးတြဲေၾကညာခ်က္ထဲမွာ အဓိက ေထာက္ျပခဲ့ၾကပါတယ္။

ျမန္မာျပႆနာအေျဖဟာ အာဆီယံလက္ထဲမွာ မရွိဘဲ ျမန္မာႏိုင္ငံ လက္ထဲမွာပဲ ရွိတယ္၊ ျမန္မာေတြ ၿငိမ္းခ်မ္းေရးမလိုခ်င္ရင္ အာဆီယံဘက္က ဘာမွမတတ္ႏိုင္ဘူးလို႔လည္း မေလးရွားဝန္ႀကီးခ်ဳပ္က မေလးအေျခစိုက္ New Straight Times သတင္းစာကို ေျပာဆိုခဲ့ပါတယ္။

ထိုင္းနဲ႔ မေလးရွား ၂ ႏိုင္ငံကိစၥ ေဆြးေႏြးရာမွာေတာ့ စီးပြားေရးျပန္အားျဖည့္ဖို႔နဲ႔ မေလးရွားနဲ႔ ခ်ိတ္ဆက္ေနတဲ့ ထိုင္းႏိုင္ငံေတာင္ပိုင္း မြတ္စလင္သူပုန္ အက်ပ္အတည္း အေျဖအတြက္လည္း အေရးပါတဲ့ မေလးရွားအေနနဲ႔ ၾကားဝင္ေဆာင္ရြက္ေပးဖို႔ သေဘာတူခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ထိုင်း-မလေးရှား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှု မြန်မာ့အရေးပါဝင်

ထိုင်းနဲ့ မလေးရှား ဝန်ကြီးချုပ်နှစ်ဦးတို့ တွေ့ဆုံဆွေးနွေးကြရာမှာ မြန်မာ့အကျပ်အတည်း အခြေအနေတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

ကိုဗစ်ဖြစ်အပြီးကာလ ထိုင်းနိုင်ငံကို ပထမဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် ရောက်လာတဲ့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့ဟာ နှစ်နိုင်ငံအရေးအပြင် အာဆီယံအရေးဖြစ်တဲ့ မြန်မာပြဿနာကို မနေ့က ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံ အကျပ်အတည်းကို လျော့ပါးသက်သာစေဖို့ အာဆီယံ ဘုံသဘောတူချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာ အာဆီယံနိုင်ငံ အဖွဲ့ဝင်တွေအကြား ညီညွတ်မှု လိုအပ်နေတာကို တွေ့ဆုံပွဲအပြီး ပူးတွဲကြေညာချက်ထဲမှာ အဓိက ထောက်ပြခဲ့ကြပါတယ်။

မြန်မာပြဿနာအဖြေဟာ အာဆီယံလက်ထဲမှာ မရှိဘဲ မြန်မာနိုင်ငံ လက်ထဲမှာပဲ ရှိတယ်၊ မြန်မာတွေ ငြိမ်းချမ်းရေးမလိုချင်ရင် အာဆီယံဘက်က ဘာမှမတတ်နိုင်ဘူးလို့လည်း မလေးရှားဝန်ကြီးချုပ်က မလေးအခြေစိုက် New Straight Times သတင်းစာကို ပြောဆိုခဲ့ပါတယ်။

ထိုင်းနဲ့ မလေးရှား ၂ နိုင်ငံကိစ္စ ဆွေးနွေးရာမှာတော့ စီးပွားရေးပြန်အားဖြည့်ဖို့နဲ့ မလေးရှားနဲ့ ချိတ်ဆက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်သူပုန် အကျပ်အတည်း အဖြေအတွက်လည်း အရေးပါတဲ့ မလေးရှားအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG