သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဆြးေႏြးေရးဖိတ္ေခၚခ်က္အေပၚ တံု႔ျပန္မႈမ်ားနဲ႔ NUG-PDF ေတြကို မဖိတ္ရတဲ့ စစ္ေကာင္စီ အေၾကာင္းျပခ်က္


ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္။

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီေခါင္းေဆာင္က ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထိထိေရာက္ေရာက္ျဖစ္ေအာင္ သူကိုယ္တိုင္နဲ႔ လာေဆြးေႏြးဖို႔ ဖိတ္ေခၚတဲ့အေပၚ တိုင္းရင္းသား ေခါင္းေဆာင္ေတြဘက္က မရွင္းလင္းဘူး ျဖစ္ေနပါတယ္။ အမ်ားစု တိုင္းရင္းသားေခါင္းေဆာင္ေတြက အခုလို ကမ္းလွမ္းမွာကို ႀကိဳမသိထားဘဲ အခ်င္းခ်င္း အရင္ညိႇႏိႈင္းဖို႔ အခ်ိန္ယူရဦးမွာမို႔ လက္ရွိအခ်ိန္မွာ ထူးျခားတဲ့ ေတြ႔ဆံုမႈျဖစ္ဖို႔ အားနည္းေနဦးမယ္လို႔ သံုးသပ္ပါတယ္။ ဒါေပမဲ့ တခ်ိန္မွာ ေအာင္ျမင္တဲ့ ေဆြးေႏြးပြဲ ျဖစ္ခ်င္ရင္ေတာ့ လိုအပ္မွာေတြကိုလည္း သူတို႔က အႀကံျပဳထားပါတယ္။ ဒီအေၾကာင္း ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ အခုလို ကမ္းလွမ္းမႈအေပၚ KNU ကရင္အမ်ဳိးသားအစည္းအ႐ုံး အေထြေထြအတြင္းေရးမွဴး ပဒိုတာဒုိမူးက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ကေတာ့ အစည္းအေဝးေတာ့ မထုိင္ရေသးဘူး။ ဒါေပမဲ့ မူကေတာ့ ရွိထားတယ္ေလ။ က်ေနာ္တုိ႔က ၿငိမ္းခ်မ္းေရးကို အၿမဲတမ္းလုိလားတယ္။ ဒါေပမဲ့ အႏွစ္ ၇၀ ေက်ာ္ၾကာ အျမစ္တြယ္ေနတဲ့ ျပႆနာေျဖရွင္းနည္းကို ဦးတည္တဲ့ အခ်က္ေတြ ရွိျခင္း မရွိျခင္း အေျခခံကို က်ေနာ္တို႔ ရွာေနတုန္းပဲေပါ့။ လူကုိယ္တုိင္ ေတြ႔တာလား၊ ဒါမွမဟုတ္လည္း အဖြဲ႔နဲ႔ေတြ႔လား ဆုိတာ ဒါ မူဝါဒအေပၚမွာပဲ မူတည္တယ္။ ဆုိေတာ့ တပ္မူ ၆ ခ်က္နဲ႔ ဆက္လုပ္ေသးလား၊ မလုပ္ေသးလား ဆုိတာေလးေတာ့ ရွင္းရွင္းလင္းလင္း ေျပာလုိက္ရင္ေကာင္းမယ္။ သူ႔ယူဆခ်က္၊ သူ႔ခံယူခ်က္မ်ား ေျပာင္းသြားသလားေပါ့။ အဲဒါေလးလည္း သိခ်င္တာ။ ေနာက္တခုကေတာ့ စစ္တပ္ေရာ၊ PDF ေရာ၊ EAO ေရာ၊ NUG ေရာ၊ CRPH ေရာ အသစ္ေတြ အေဟာင္းေတြ အကုန္လုံးက ဘယ္အဖြဲ႔ပဲျဖစ္ျဖစ္ စစ္တပ္မွမဟုတ္ဘူး၊ ၿငိမ္းခ်မ္းေရးလို႔ ေႂကြးေၾကာ္လိုက္မယ္ ဆုိရင္ေတာ့ အရွိတရားကို အေျခခံၿပီး ေျဖရွင္းတဲ့လမ္းေၾကာင္းကို ဖန္တီးဖုိ႔ ပထမဦးဆုံး Propose လုပ္သင့္ပါတယ္။”

ဒီအေပၚ AA ရကၡိဳင္တပ္ေတာ္ ေျပာခြင့္ရ ခုိင္သုခကလည္း အခုလို တုံ႔ျပန္ပါတယ္။

“က်ေနာ္တို႔ ULA ဗဟိုေကာ္မတီထဲမွာလည္း ေဆြးေႏြးရဦးမယ္ဗ်။ က်ေနာ္တို႔ရဲ႕ ညီေနာင္မဟာမိတ္ အဖြဲ႔အစည္းေတြ ၾကားထဲမွာလည္း ေဆြးေႏြးရဦးမယ္။ ၿပီးမွပဲ ေျပာလို႔ရမယ္။”

ဒါ့အျပင္ UWSA ဝတပ္ဖြဲ႔ လား႐ႈိး႐ုံး တာဝန္ခံ ဦးညီရမ္းက အခုလိုေျပာပါတယ္။

“ဌာနခ်ဳပ္ဘက္က မွတ္ခ်က္တစုံတရာေတာ့ ေပးမလာေသးဘူး၊ အခုခ်ိန္ထိ။”

တခ်ိန္တည္းမွာ ကယားျပည္နယ္က ေဒသခံ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႔ေတြနဲ႔ ေပါင္းလုပ္ေနရတဲ့ KNPP ကရင္နီအမ်ဳိးသား တုိးတက္ေရးပါတီ အတြင္းေရးမွဴး ၁ ခူးဒန္ရီယယ္ကလည္း အခုလိုဆုိပါတယ္။

“ဒါက အေျပာတမ်ဳိး အလုပ္တမ်ဳိး ျဖစ္ေနတယ္ေပါ့ေလ။ ဘာျဖစ္လုိ႔လဲဆုိရင္ သူဖိတ္ၾကားတဲ့အေပၚမွာက က်ေနာ္တုိ႔ရဲ႕ တုိင္းရင္းသား ေတာ္လွန္ေရး အဖြဲ႔အစည္းေတြကို ၿဖိဳခြဲဖို႔၊ ေနာက္မွ တုိင္းရင္းသားနဲ႔ PDF ေတာ္လွန္ေရး အဖြဲ႔အစည္းေတြကို ၿဖဳိခြဲဖို႔ တည့္တည့္ပဲလုိ႔ က်ေနာ္တုိ႔ျမင္တယ္။ ဒီအခ်ိန္မွာ သူတုိ႔ စစ္ေကာင္စီတပ္ဘက္က ေတာ္ေတာ္ေလး ဖ႐ုိဖရဲျဖစ္ေနၿပီး အထိလည္း နာေနၿပီ။ ဒီအခ်ိန္မွာ ေဆြးေႏြးလိုက္ရရင္ေတာ့ သူ႔အတြက္ သက္သာမယ္လုိ႔ စဥ္းစားေကာင္း စဥ္းစားလိမ့္မယ္။ ဒီၾကားထဲမွာလည္း က်ေနာ္တုိ႔ ဗဟိုေကာ္မတီ အားလုံးက ေဆြးေႏြးမႈကေတာ့ မလုပ္ရေသးဘူး။ ဘယ္လိုပဲေဆြးေႏြး ေဆြးေႏြးပါ၊ ေတြ႔မယ္လုိ႔ေတာ့ ဆုံးျဖတ္ခ်က္က ထြက္လာမွာမဟုတ္ဘူး။”

ဒါ့အျပင္ PPST အပစ္ရပ္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၁၀ ဖြဲ႔ရဲ႕ ၿငိမ္းခ်မ္းေရး ဦးေဆာင္အဖြဲ႔က အႀကံေပး ဦးခြန္စုိင္းက အခုလိုေျပာပါတယ္။

“SAC ရဲ႕ သက္တမ္းက ေနာက္ထပ္ ၉ လပဲ က်န္ေတာ့တယ္ဆိုေတာ့ ေရြးေကာက္ပြဲ က်င္းပဖုိ႔ရန္ ျပင္ဆင္ႏုိင္ဖုိ႔ဆုိတာ အခ်ိန္က သိပ္မမ်ားေတာ့ဘူး။ အဲလုိမ်ဳိး ျပင္ဆင္ဖုိ႔ဆုိရင္ ငါလုိခ်င္တာလည္း ရသလုိ ဆိုလို႔ရွိရင္ သူမ်ားလုိခ်င္တာလည္း ေပးႏုိင္ေအာင္ တပ္ခ်ဳပ္ႀကီးက ႀကိဳးစားဖုိ႔လိုပါတယ္။ သူက ဘာေပးမယ္ဆုိတာ မေျပာဘဲနဲ႔ ေဆြးေႏြးခ်င္တယ္ ဆုိလို႔ရွိရင္ အနည္းဆုံး ပထမတႀကိမ္ကေတာ့ နည္းလိမ့္မယ္။ တကယ္လို႔ ေတြ႔ၿ႔ပီးတဲ့အခ်ိန္မွာ ခင္ဗ်ားတို႔ကို ဒါေပးမယ္ ဆုိရင္ေတာ့ တမ်ဳိးျဖစ္မွာေပါ့။ ေလာေလာဆယ္ကေတာ့ သူက ရွိေပမယ့္ မေပးဘူး။ ဒီ NUG တုိ႔ ဘာတို႔ကေတာ့ ဘာမွမရွိဘဲနဲ႔ ေပးမယ္ဆုိတဲ့ အခါၾကေတာ့ ၾကားထဲမွာရွိေနတဲ့ EAO ေတြက ဘယ္လိုဆုံးျဖတ္မလဲ။ ေမလအတြင္းမွာ ခ်က္ခ်င္းျဖစ္ဖုိ႔ဆုိတာ အားနည္းဦးမယ္ေပါ့ဗ်ာ။ အမ်ားႀကီး ထပ္ႀကိဳးစားရဦးမယ္။”

စစ္ေကာင္စီက EAO ေတြကိုသာ ကမ္းလွမ္းၿပီး NUG နဲ႔ PDF ေတြကို ဘာ့ေၾကာင့္ မကမ္းလွမ္းရပါသလဲလို႔ ေမးရာမွာေတာ့ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျဖပါတယ္။

“ဒီေဝဖန္မႈအေပၚမွာ က်ေနာ္ေျပာခ်င္တာကေတာ့ EAO အဖြဲ႔ေတြနဲ႔ PDF, NUG အမည္ခံ အၾကမ္းဖက္အဖြဲ႔ေတြနဲ႔က ျဖစ္တည္မႈေရာ သမုိင္းေၾကာင္းေရာ မတူပါဘူးဗ်ာ။ တုိင္းရင္းသားေတြရဲ႕ အခြင့္အေရး တုိင္းရင္းသား နယ္ေျမေတြရဲ႕ အခြင့္အေရးကို သူတုိ႔ ေတာင္းဆုိေနၾကတာ ျဖစ္တယ္။ ဒီ PDF, NUG ဆိုတဲ့ အဖြဲ႔ေတြသည္ ျဖစ္ေပၚလာတဲ့ အေၾကာင္းက ႏုိဝင္ဘာလ ေရြးေကာက္ပြဲ မဲမသမာမႈေတြကို ေတြ႔ဆုံေဆြးေႏြး ညိႇႏႈိင္းေရး လမ္းေၾကာင္းအရ သြားဖို႔ ေျဖရွင္းေပးဖို႔ က်ေနာ္တုိ႔ ေတာင္းဆုိခဲ့တယ္။ အစုိးရကေန ေျဖရွင္းေပးဖုိ႔ ေတာင္းဆုိခဲ့တယ္။ ေနာက္ပုိင္းမွာ လႊတ္ေတာ္ေခၚယူၿပီး ေျဖရွင္းေပးဖုိ႔ ေတာင္းဆုိခဲ့တယ္။ ၿပီးရင္ အႀကီးအကဲအဆင့္ေတြ ေျဖရွင္းေပးဖုိ႔ က်ေနာ္တို႔ ေတာင္းဆုိခဲ့တယ္။ သက္ေသ အေထာက္အထား ခုိင္ခုိင္လုံလုံနဲ႔ ျပခဲ့တာပဲ။ ဒါေတြကို ေျဖရွင္းမေပးဘဲ လႊတ္ေတာ္ကို အတင္းေခၚယူဖုိ႔ ႀကိဳးစားခဲ့တဲ့အတြက္ ႏုိင္ငံေရးအရ အေရးေပၚအေျခအေန ေၾကညာၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ က်ေနာ္တုိ႔ ႏိုင္ငံေတာ္တာဝန္ ရယူခဲ့ရတယ္။ အဲဒီ ႏုိင္ငံေတာ္တာဝန္ ရယူၿပီးတဲ့ အခါမွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဆုိတဲ့သူေတြ ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာ ရွိတာပဲ။ သူတုိ႔ဆီကုိ သြားရွင္းျပတယ္။ ရွင္းျပၿပီးမွ ဒါေတြကို သူတုိ႔နယ္ေျမ ေဒသအသီးသီးကုိ ျပန္လႊတ္တယ္။ တရားဥပေဒနဲ႔အညီ ေျဖရွင္းခဲ့ပါလို႔ ေျပာတယ္။ သို႔ေသာ္ ေရာက္တဲ့အခါမွာ ျပည္သူလူထုကို ထင္ေယာင္ထင္မွား စည္း႐ုံးတယ္။ စည္း႐ုံးၿပီးမွ အၾကမ္းဖက္လုပ္ရပ္ေတြကို လုပ္ခဲ့တာျဖစ္တယ္။

“ကြာျခားခ်က္၊ EAO ေတြနဲ႔ က်ေနာ္တုိ႔ အစုိးရအဆက္ဆက္ တပ္မေတာ္နဲ႔ ပဋိပကၡအသြင္ ရပ္တည္လာခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ သူတုိ႔ရဲ႕ ေတာင္းဆုိခ်က္ကေတာ့ တုိင္းရင္းသားေတြရဲ႕ အခြင့္အေရးကို အဓိကထားၿပီး ေတာင္းဆုိခဲ့တာျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးလည္း တပ္မေတာ္ေရာ ႏုိင္ငံေတာ္အစိုးရေရာ အေနနဲ႔ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ အေျခခံတဲ့ ျပည္ေထာင္စုစနစ္ကို ခုိင္ခုိင္မာမာ အာမခံၿပီးသား ျဖစ္တယ္။ ဒါေတြကို က်ေနာ္တို႔က ေၾကေၾကလည္လည္ ေဆြးေႏြးဖို႔ပဲ လိုတယ္။ ခုနေျပာတဲ့ PDF, NUG အဖြဲ႔ေတြအနေနဲ႔ အဲဒီလို EAO ေတြနဲ႔မတူတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္တာ ေတြ႔ရတယ္။ ဟိုအဖြဲ႔ေတြ အေနနဲ႔က သူတို႔ရဲ႕ နယ္ေျမမွာရွိတဲ့ စာသင္ေက်ာင္းေတြ၊ သူတို႔ရဲ႕ နယ္ေျမမွာရွိတဲ့ က်န္းမာေရးဌာနေတြ၊ သာသနာေရး အေဆာက္အဦေတြ၊ ဘုန္းႀကီးေတြ သတ္တာျဖတ္တာ မရွိဘူး။ အခု PDF, NUG အၾကမ္းဖက္ အဖြဲ႔ေတြသည္ ငါနဲ႔မတူ ငါ့ရန္သူဆိုတဲ့ မူဝါဒကို ကုိင္စြဲၿပီး ေက်ာင္းေတြ ေဖာက္ခြဲဖ်က္ဆီးတယ္။ ေက်ာင္းတေြမွာ သူတုိ႔တပ္ေတြစြဲၿပီး စစ္ဘက္ဆုိင္ရာ အသုံးျပဳမႈေတြ ရွိတယ္။ ဆရာ ဆရာမေတြကုိ သတ္တယ္။ ဆရာ ဆရာမေတြကို ဓားျပတိုက္တယ္။ ျဖစ္စဥ္ေတြ အမ်ားႀကီးရွိပါတယ္။ ၿပီးရင္ က်န္းမာေရးဝန္ထမ္းေတြကို မေနႏုိင္ေအာင္ လုပ္တယ္။ က်န္းမာေရးဝန္ထမ္းေတြကို ဖမ္းဆီး သတ္ျဖတ္တာေတြ လုပ္တယ္။ က်န္းမာေရးဆုိင္ရာ ေဆးခန္းေတြ အေဆာက္အဦေတြ ေဖာက္ခြဲ ဖ်က္ဆီးတာတေြ လုပ္တယ္။ ဆရာေတာ္ေတြ သံဃာေတာ္ေတြကို သတ္ျဖတ္တာေတြ လုပ္တယ္။ ဘုန္းႀကီးေက်ာင္းေတြကို မီး႐ႈိ႕တာေတြ လုပ္တယ္။ အထင္အရွားပါပဲ။ EAO ေတြေတာင္ မလုပ္တဲ့ အၾကမ္းဖက္မႈေတြကို လုပ္ေဆာင္ေနတဲ့အဖြဲ႔ေတြ ျဖစ္တယ္။ ဒါေၾကာင့္လည္း က်နော္တို႔အေနနဲ႔ ဒါ ေတြ႔ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကို ႏုိဝင္ဘာလ ေရြးေကာက္ပြဲၿပီးတုန္းကအတုိင္း သြားခဲ့တယ္။ ဒါေတြကို ဆန္႔က်င္ၿပီးလုပ္တယ္။ သူတုိ႔ရဲ႕ မဲမသမာမႈကုိ ဖုံးကြယ္ႏုိင္ဖို႔အတြက္ ျပည္သူလူထုကို အသုံးခ်ၿပီး ေဆာင္ရြက္ေနတာျဖစ္တယ္။ ဒီအဖြဲ႔ေတြနဲ႔ က်ေနာ္တုိ႔က ေဆြးေႏြးစရာ အေၾကာင္းမရွိဘူးလုိ႔ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ ခုနေျပာတဲ့ EAO ေတြနဲ႔ NUG, PDF လို အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ကို ခြဲျခားေအာင္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္သည္ အဓိပၸာယ္မရွိတဲ့ စြပ္စြဲခ်က္ ျဖစ္ပါတယ္။ အစကတည္းက ရပ္တည္ခ်က္ေရာ သမုိင္းေရာ မတူတဲ့အဖြဲ႔ေတြျဖစ္တယ္လို႔ ေျပာလုိပါတယ္။ အဲဒီေတာ့ တခ်ိဳ႕ေနရာေတြမွာ တခ်ဳိ႕ EAO အဖြဲ႔ေတြက PDF, NUG အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာ ရွိပါတယ္။ ဒီ EAO အဖြဲ႔ေတြကိုလည္း က်ေနာ္ေျပာခ်င္တာက မဲမသမာမႈနဲ႔ အေရးယူခံရမွာကို ေရွာင္ရွားၿပီးေတာ့ မသမာတဲ့လုပ္ရပ္ေတြ၊ အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေနတဲ့ EAO ေတြနဲ႔ ဆက္ေပါင္းရင္ PDF ေတြနဲ႔ ဆက္ေပါင္းရင္ေတာ့ EAO ေတြရဲ႕ နယ္ေျမေတြပဲ နစ္နာတာပဲ အဖတ္တင္မယ္လို႔ က်ေနာ့္အေနနဲ႔ ေျပာလုိပါတယ္။”

တကယ္ေတာ့ ျမန္မာစစ္အာဏာသိမ္းၿပီး ႏုိင္ငံေနရာ အေတာ္မ်ားမ်ားမွာ တုိက္ခုိက္မႈေတြ ပိုပိုျဖစ္လာခ်ိန္မွာ အခုစစ္ေကာင္စီေခါင္းေဆာင္ ကမ္းလွမ္းခ်က္နဲ႔ ပတ္သက္ၿပီး အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံကလည္း ဘယ္လိုက႑က ပါမလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္လို႔ သုံးသပ္သူေတြက ဆုိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဆွေးနွေးရေးဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုများနဲ့ NUG-PDF တွေကို မဖိတ်ရတဲ့ စစ်ကောင်စီ အကြောင်းပြချက်

မြန်မာစစ်ကောင်စီခေါင်းဆောင်က ထာဝရငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက်ဖြစ်အောင် သူကိုယ်တိုင်နဲ့ လာဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က မရှင်းလင်းဘူး ဖြစ်နေပါတယ်။ အများစု တိုင်းရင်းသားခေါင်းဆောင်တွေက အခုလို ကမ်းလှမ်းမှာကို ကြိုမသိထားဘဲ အချင်းချင်း အရင်ညှိနှိုင်းဖို့ အချိန်ယူရဦးမှာမို့ လက်ရှိအချိန်မှာ ထူးခြားတဲ့ တွေ့ဆုံမှုဖြစ်ဖို့ အားနည်းနေဦးမယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ တချိန်မှာ အောင်မြင်တဲ့ ဆွေးနွေးပွဲ ဖြစ်ချင်ရင်တော့ လိုအပ်မှာတွေကိုလည်း သူတို့က အကြံပြုထားပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုလို ကမ်းလှမ်းမှုအပေါ် KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမူးက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ အစည်းအဝေးတော့ မထိုင်ရသေးဘူး။ ဒါပေမဲ့ မူကတော့ ရှိထားတယ်လေ။ ကျနော်တို့က ငြိမ်းချမ်းရေးကို အမြဲတမ်းလိုလားတယ်။ ဒါပေမဲ့ အနှစ် ၇၀ ကျော်ကြာ အမြစ်တွယ်နေတဲ့ ပြဿနာဖြေရှင်းနည်းကို ဦးတည်တဲ့ အချက်တွေ ရှိခြင်း မရှိခြင်း အခြေခံကို ကျနော်တို့ ရှာနေတုန်းပဲပေါ့။ လူကိုယ်တိုင် တွေ့တာလား၊ ဒါမှမဟုတ်လည်း အဖွဲ့နဲ့တွေ့လား ဆိုတာ ဒါ မူဝါဒအပေါ်မှာပဲ မူတည်တယ်။ ဆိုတော့ တပ်မူ ၆ ချက်နဲ့ ဆက်လုပ်သေးလား၊ မလုပ်သေးလား ဆိုတာလေးတော့ ရှင်းရှင်းလင်းလင်း ပြောလိုက်ရင်ကောင်းမယ်။ သူ့ယူဆချက်၊ သူ့ခံယူချက်များ ပြောင်းသွားသလားပေါ့။ အဲဒါလေးလည်း သိချင်တာ။ နောက်တခုကတော့ စစ်တပ်ရော၊ PDF ရော၊ EAO ရော၊ NUG ရော၊ CRPH ရော အသစ်တွေ အဟောင်းတွေ အကုန်လုံးက ဘယ်အဖွဲ့ပဲဖြစ်ဖြစ် စစ်တပ်မှမဟုတ်ဘူး၊ ငြိမ်းချမ်းရေးလို့ ကြွေးကြော်လိုက်မယ် ဆိုရင်တော့ အရှိတရားကို အခြေခံပြီး ဖြေရှင်းတဲ့လမ်းကြောင်းကို ဖန်တီးဖို့ ပထမဦးဆုံး Propose လုပ်သင့်ပါတယ်။”

ဒီအပေါ် AA ရက္ခိုင်တပ်တော် ပြောခွင့်ရ ခိုင်သုခကလည်း အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့ ULA ဗဟိုကော်မတီထဲမှာလည်း ဆွေးနွေးရဦးမယ်ဗျ။ ကျနော်တို့ရဲ့ ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ ကြားထဲမှာလည်း ဆွေးနွေးရဦးမယ်။ ပြီးမှပဲ ပြောလို့ရမယ်။”

ဒါ့အပြင် UWSA ဝတပ်ဖွဲ့ လားရှိုးရုံး တာဝန်ခံ ဦးညီရမ်းက အခုလိုပြောပါတယ်။

“ဌာနချုပ်ဘက်က မှတ်ချက်တစုံတရာတော့ ပေးမလာသေးဘူး၊ အခုချိန်ထိ။”

တချိန်တည်းမှာ ကယားပြည်နယ်က ဒေသခံ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပေါင်းလုပ်နေရတဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ ခူးဒန်ရီယယ်ကလည်း အခုလိုဆိုပါတယ်။

“ဒါက အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် သူဖိတ်ကြားတဲ့အပေါ်မှာက ကျနော်တို့ရဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို ဖြိုခွဲဖို့၊ နောက်မှ တိုင်းရင်းသားနဲ့ PDF တော်လှန်ရေး အဖွဲ့အစည်းတွေကို ဖြိုခွဲဖို့ တည့်တည့်ပဲလို့ ကျနော်တို့မြင်တယ်။ ဒီအချိန်မှာ သူတို့ စစ်ကောင်စီတပ်ဘက်က တော်တော်လေး ဖရိုဖရဲဖြစ်နေပြီး အထိလည်း နာနေပြီ။ ဒီအချိန်မှာ ဆွေးနွေးလိုက်ရရင်တော့ သူ့အတွက် သက်သာမယ်လို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။ ဒီကြားထဲမှာလည်း ကျနော်တို့ ဗဟိုကော်မတီ အားလုံးက ဆွေးနွေးမှုကတော့ မလုပ်ရသေးဘူး။ ဘယ်လိုပဲဆွေးနွေး ဆွေးနွေးပါ၊ တွေ့မယ်လို့တော့ ဆုံးဖြတ်ချက်က ထွက်လာမှာမဟုတ်ဘူး။”

ဒါ့အပြင် PPST အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့က အကြံပေး ဦးခွန်စိုင်းက အခုလိုပြောပါတယ်။

“SAC ရဲ့ သက်တမ်းက နောက်ထပ် ၉ လပဲ ကျန်တော့တယ်ဆိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့ရန် ပြင်ဆင်နိုင်ဖို့ဆိုတာ အချိန်က သိပ်မများတော့ဘူး။ အဲလိုမျိုး ပြင်ဆင်ဖို့ဆိုရင် ငါလိုချင်တာလည်း ရသလို ဆိုလို့ရှိရင် သူများလိုချင်တာလည်း ပေးနိုင်အောင် တပ်ချုပ်ကြီးက ကြိုးစားဖို့လိုပါတယ်။ သူက ဘာပေးမယ်ဆိုတာ မပြောဘဲနဲ့ ဆွေးနွေးချင်တယ် ဆိုလို့ရှိရင် အနည်းဆုံး ပထမတကြိမ်ကတော့ နည်းလိမ့်မယ်။ တကယ်လို့ တွေ့ြ့ပီးတဲ့အချိန်မှာ ခင်ဗျားတို့ကို ဒါပေးမယ် ဆိုရင်တော့ တမျိုးဖြစ်မှာပေါ့။ လောလောဆယ်ကတော့ သူက ရှိပေမယ့် မပေးဘူး။ ဒီ NUG တို့ ဘာတို့ကတော့ ဘာမှမရှိဘဲနဲ့ ပေးမယ်ဆိုတဲ့ အခါကြတော့ ကြားထဲမှာရှိနေတဲ့ EAO တွေက ဘယ်လိုဆုံးဖြတ်မလဲ။ မေလအတွင်းမှာ ချက်ချင်းဖြစ်ဖို့ဆိုတာ အားနည်းဦးမယ်ပေါ့ဗျာ။ အများကြီး ထပ်ကြိုးစားရဦးမယ်။”

စစ်ကောင်စီက EAO တွေကိုသာ ကမ်းလှမ်းပြီး NUG နဲ့ PDF တွေကို ဘာ့ကြောင့် မကမ်းလှမ်းရပါသလဲလို့ မေးရာမှာတော့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေပါတယ်။

“ဒီဝေဖန်မှုအပေါ်မှာ ကျနော်ပြောချင်တာကတော့ EAO အဖွဲ့တွေနဲ့ PDF, NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့က ဖြစ်တည်မှုရော သမိုင်းကြောင်းရော မတူပါဘူးဗျာ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တိုင်းရင်းသား နယ်မြေတွေရဲ့ အခွင့်အရေးကို သူတို့ တောင်းဆိုနေကြတာ ဖြစ်တယ်။ ဒီ PDF, NUG ဆိုတဲ့ အဖွဲ့တွေသည် ဖြစ်ပေါ်လာတဲ့ အကြောင်းက နိုဝင်ဘာလ ရွေးကောက်ပွဲ မဲမသမာမှုတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လမ်းကြောင်းအရ သွားဖို့ ဖြေရှင်းပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့တယ်။ အစိုးရကနေ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်ပိုင်းမှာ လွှတ်တော်ခေါ်ယူပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ပြီးရင် အကြီးအကဲအဆင့်တွေ ဖြေရှင်းပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့တယ်။ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြခဲ့တာပဲ။ ဒါတွေကို ဖြေရှင်းမပေးဘဲ လွှတ်တော်ကို အတင်းခေါ်ယူဖို့ ကြိုးစားခဲ့တဲ့အတွက် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျနော်တို့ နိုင်ငံတော်တာဝန် ရယူခဲ့ရတယ်။ အဲဒီ နိုင်ငံတော်တာဝန် ရယူပြီးတဲ့ အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုတဲ့သူတွေ နေပြည်တော် စည်ပင်ရိပ်သာမှာ ရှိတာပဲ။ သူတို့ဆီကို သွားရှင်းပြတယ်။ ရှင်းပြပြီးမှ ဒါတွေကို သူတို့နယ်မြေ ဒေသအသီးသီးကို ပြန်လွှတ်တယ်။ တရားဥပဒေနဲ့အညီ ဖြေရှင်းခဲ့ပါလို့ ပြောတယ်။ သို့သော် ရောက်တဲ့အခါမှာ ပြည်သူလူထုကို ထင်ယောင်ထင်မှား စည်းရုံးတယ်။ စည်းရုံးပြီးမှ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ခဲ့တာဖြစ်တယ်။

“ကွာခြားချက်၊ EAO တွေနဲ့ ကျနော်တို့ အစိုးရအဆက်ဆက် တပ်မတော်နဲ့ ပဋိပက္ခအသွင် ရပ်တည်လာခဲ့တာ ကြာပြီဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အဓိကထားပြီး တောင်းဆိုခဲ့တာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးလည်း တပ်မတော်ရော နိုင်ငံတော်အစိုးရရော အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ အာမခံပြီးသား ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ကြေကြေလည်လည် ဆွေးနွေးဖို့ပဲ လိုတယ်။ ခုနပြောတဲ့ PDF, NUG အဖွဲ့တွေအနနေဲ့ အဲဒီလို EAO တွေနဲ့မတူတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တာ တွေ့ရတယ်။ ဟိုအဖွဲ့တွေ အနေနဲ့က သူတို့ရဲ့ နယ်မြေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ သူတို့ရဲ့ နယ်မြေမှာရှိတဲ့ ကျန်းမာရေးဌာနတွေ၊ သာသနာရေး အဆောက်အဦတွေ၊ ဘုန်းကြီးတွေ သတ်တာဖြတ်တာ မရှိဘူး။ အခု PDF, NUG အကြမ်းဖက် အဖွဲ့တွေသည် ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ မူဝါဒကို ကိုင်စွဲပြီး ကျောင်းတွေ ဖောက်ခွဲဖျက်ဆီးတယ်။ ကျောင်းတွေမှာ သူတို့တပ်တွေစွဲပြီး စစ်ဘက်ဆိုင်ရာ အသုံးပြုမှုတွေ ရှိတယ်။ ဆရာ ဆရာမတွေကို သတ်တယ်။ ဆရာ ဆရာမတွေကို ဓားပြတိုက်တယ်။ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ ပြီးရင် ကျန်းမာရေးဝန်ထမ်းတွေကို မနေနိုင်အောင် လုပ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်တယ်။ ကျန်းမာရေးဆိုင်ရာ ဆေးခန်းတွေ အဆောက်အဦတွေ ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်တယ်။ ဆရာတော်တွေ သံဃာတော်တွေကို သတ်ဖြတ်တာတွေ လုပ်တယ်။ ဘုန်းကြီးကျောင်းတွေကို မီးရှို့တာတွေ လုပ်တယ်။ အထင်အရှားပါပဲ။ EAO တွေတောင် မလုပ်တဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ဒါ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတုန်းကအတိုင်း သွားခဲ့တယ်။ ဒါတွေကို ဆန့်ကျင်ပြီးလုပ်တယ်။ သူတို့ရဲ့ မဲမသမာမှုကို ဖုံးကွယ်နိုင်ဖို့အတွက် ပြည်သူလူထုကို အသုံးချပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ဒီအဖွဲ့တွေနဲ့ ကျနော်တို့က ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ခုနပြောတဲ့ EAO တွေနဲ့ NUG, PDF လို အကြမ်းဖက်အဖွဲ့တွေနဲ့ကို ခွဲခြားအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်သည် အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ အစကတည်းက ရပ်တည်ချက်ရော သမိုင်းရော မတူတဲ့အဖွဲ့တွေဖြစ်တယ်လို့ ပြောလိုပါတယ်။ အဲဒီတော့ တချို့နေရာတွေမှာ တချို့ EAO အဖွဲ့တွေက PDF, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒီ EAO အဖွဲ့တွေကိုလည်း ကျနော်ပြောချင်တာက မဲမသမာမှုနဲ့ အရေးယူခံရမှာကို ရှောင်ရှားပြီးတော့ မသမာတဲ့လုပ်ရပ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ EAO တွေနဲ့ ဆက်ပေါင်းရင် PDF တွေနဲ့ ဆက်ပေါင်းရင်တော့ EAO တွေရဲ့ နယ်မြေတွေပဲ နစ်နာတာပဲ အဖတ်တင်မယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။”

တကယ်တော့ မြန်မာစစ်အာဏာသိမ်းပြီး နိုင်ငံနေရာ အတော်များများမှာ တိုက်ခိုက်မှုတွေ ပိုပိုဖြစ်လာချိန်မှာ အခုစစ်ကောင်စီခေါင်းဆောင် ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံကလည်း ဘယ်လိုကဏ္ဍက ပါမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

XS
SM
MD
LG