သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေက်းရြာနဲ႔ ဘာသာေရးအဆာက္အဦေတြ မီးေလာင္ပ်က္စီးရမႈ တာဝန္ယူသူမရွိ


မီး႐ႈိ႕ဖ်က္ဆီးခံရတဲ့ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕။ (ေအာက္တုိဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီးေနာက္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ မီး႐ႈိ႕ခံရၿပီး ပ်က္စီးသြားတဲ့ လူေနအိမ္နဲ႔ ဘာသာေရး အေဆာက္အဦေပါင္း ၁၀,၀၀၀ ဝန္းက်င္ ရွိသြားပါၿပီ။ ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြ ျပဳစုထားတဲ့ စာရင္း အခ်က္အလက္ေတြမွာေတာ့ ဒါဟာ စစ္ေကာင္စီတပ္ေတြရဲ႕လက္ခ်က္ ျဖစ္တယ္လို႔ ေျပာထားေပမဲ့ စစ္ေကာင္စီေျပာခြင့္ရကေတာ့ ဒါကိုျငင္းပါတယ္။ အျပန္အလွန္ စြပ္စြဲေျပာဆိုမႈေတြၾကားက မီး႐ႈိ႕ပ်က္စီးသြားလို႔ အိုးအိမ္မဲ့ ျဖစ္ခဲ့ရသူေတြရဲ႕ အေျခအေနေတြ၊ ေဒသတြင္း အေနအထားေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္နဲ႔ လက္ေအာက္ခံ အဖြဲ႔အစည္းေတြက မီး႐ႈိ႕လို႔ ေနရာေပါင္း ၂၅၄ ေနရာက လူေနအိမ္ေျခေပါင္း ၉,၁၈၇ လုံး ပ်က္စီးခဲ့တယ္လို႔ Data for Myanmar က ထုတ္ေဖာ္ေရးသားထားပါတယ္။ ဒါဟာ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ အခု ဧၿပီလ ၁၃ ရက္ေန႔အထိ သူတို႔စုေဆာင္းထားတဲ့ အခ်က္အလက္လို႔ ေျပာပါတယ္။ လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ အဖြဲ႔ေတြက ထုတ္ျပန္တဲ့ စာရင္းေတြကို အေျခခံထားတဲ့ ဒီအေရအတြက္ထက္ လက္ေတြ႔ ေျမျပင္မွာ စစ္ေကာင္စီတပ္ေတြက မီး႐ႈိ႕လို႔ ပ်က္စီးသြားရတဲ့ စာရင္းက ပိုမ်ားႏိုင္တယ္လို႔လည္း ေျပာထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႔ေတြၾကား လက္နက္ကိုင္ ပဋိပကၡေတြ အမ်ားဆုံးျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းထဲမွာေတာ့ အခုထိ ေနရပ္မျပန္ႏိုင္ဘဲ ရြာလုံးကၽြတ္ ထြက္ေျပးေနရတာေတြ ရွိေနပါတယ္။ စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္က နယ္ေျမရွင္းလင္းေရးလုပ္ရင္း တခ်ိဳ႕ေနရာေတြမွာ ရြာလုံးကၽြတ္နီးပါး မီး႐ႈိ႕ခံလိုက္ရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ယာယီတဲထိုးၿပီးေနဖို႔ ေနရပ္ျပန္လာသူတခ်ိဳ႕ ရွိေပမဲ့ အမ်ားစုက အခုထိ ျပန္မလာႏိုင္ေသးဘူးလို႔ သူကေျပာပါတယ္။

"နဂိုက ေနၿမဲအတိုင္း လူေတြက အကုန္လုံး ျပန္လာမေနရဲေတာ့ဘူးေပါ့ေလ။ သူတို႔ လြတ္ရာကၽြတ္ရာေလးေတြမွာ ေနတယ္။ အိမ္ျပန္လာခဲ့ရင္လည္း တေယာက္၊ ႏွစ္ေယာက္ လာၾကည့္ၿပီးေတာ့ ဘာမွကို သူတို႔မွာ ယူစရာလည္း မရွိေတာ့ဘူး။ ပ်က္စီးသြားကုန္ၾကေတာ့ ေတာ္ေတာ္ကို အေၾကာက္တရားေတြ ဝင္ၿပီးေတာ့ အကုန္လုံးနီးပါးက ျပန္မေရာက္ၾကဘူး။ တခ်ိဳ႕တေလေလာက္ပဲ ျပန္လာၾကတာ။ အခု အေျခအေနကေတာ့ ျပန္လည္ထူေထာင္ေရးေတြကေတာ့ လုပ္ၾကပါတယ္။ လုပ္တယ္ဆိုတာက ေကာင္းေကာင္းမြန္မြန္ႀကီးေတာ့ မဟုတ္ဘူးေပါ့ေလ။ ယာယီ မိုးကာေလးေတြ၊ ထန္းရြက္တဲေလးေတြနဲ႔ ျပန္ၿပီးေတာ့ ေဆာက္ၿပီး ေနၾကရတာေပါ့။ ျပည္သူေတြဆိုတာက ဘာမွမဆိုင္တဲ့ အျပစ္မဲ့တဲ့လူေတြကို ဒီေလာက္အထိ လုပ္ရတာကေတာ့ ဒါ လုံးဝလူမဆန္တဲ့လုပ္ရပ္ပဲ။"

စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီနဲ႔ PDF ေတြ အျပန္အလွန္ ပစ္ခတ္ေနတာေတြက ေန႔တိုင္းနီးပါးရွိၿပီး ဒီတိုက္ပြဲေတြေၾကာင့္ ဒုကၡေရာက္ရတဲ့သူေတြ တျဖည္းျဖည္း မ်ားလာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပ်က္စီးသြားတဲ့အထဲမွာ လူေနအိမ္ေျခေတြအျပင္ ဘာသာေရး အေဆာက္အဦေတြလည္း ၁၀၀ နီးပါးေလာက္ ရွိပါတယ္။

အရပ္ဘက္အဖြဲ႔တခ်ိဳ႕ရဲ႕ ခန႔္မွန္းခ်က္အရဆိုရင္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ ပ်က္စီးသြားတဲ့ ဘာသာေရး အေဆာက္အဦေပါင္း ၁၀၀ ေက်ာ္အထိ ရွိေနတာပါ။ ကုလအဖြဲ႔အစည္းေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ အခ်က္အလက္ကို ကိုးကားထားတဲ့ အာရွကက္သလစ္အသင္းေတာ္မ်ား သတင္းလႊာ UCA ရဲ႕ ထုတ္ျပန္ခ်က္မွာ ခရစ္ယာန္ဘာသာဝင္ အမ်ားစုေနထိုင္တဲ့ ခ်င္းျပည္နယ္ တခုတည္းမွာတင္ ဘာသာေရးအေဆာက္အဦ ၆၂ ခုေလာက္ မီး႐ႈိ႕ဖ်က္ဆီးခံရတယ္လို႔ ေဖာ္ျပထားပါတယ္။ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕မွာတာ့ စစ္ေကာင္စီတပ္နဲ႔ PDF ေတြၾကားက တိုက္ပြဲအတြင္း အေဆာက္အဦေတြ ရာနဲ႔ခ်ီၿပီး မီးေလာင္ပ်က္စီးခဲ့ပါတယ္။ အဲဒီထဲမွာ ခရစ္ယာန္ဘုရားေက်ာင္းေတြလည္း ပါဝင္ပါတယ္။ ေဒသခံအမ်ားစုကေတာ့ ဒါဟာ စစ္ေကာင္စီတပ္ေတြ လုပ္ခဲ့တာလို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္နဲ႔ ခ်င္းလူမ်ိဳးေတြအေပၚ စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြကို ႏိုင္ငံတကာက အေရးယူ အျပစ္ေပး ႐ႈတ္ခ်သင့္သလို ျပည္သူေတြ ျပန္လည္ထူေထာင္ႏိုင္ဖို႔ အတြက္လည္း အကူအညီ ေပးသင့္ေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္က ေျပာပါတယ္။

"က်ေနာ္တို႔ ခ်င္းျပည္နယ္မွာ လူဦးေရက ျမန္မာႏိုင္ငံတခုလုံးရဲ႕ လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္။ အဲဒီ ၁ ရာခိုင္ႏႈန္းေလာက္ျဖစ္တဲ့ လူဦးေရကို ပစ္မွတ္ထားၿပီးေတာ့ သူတို႔လုပ္တဲ့အခ်ိန္မွာ အေဆာက္အဦေတြ မီး႐ႈိ႕ဖ်က္ဆီးတာဆိုရင္ ၁၇ ရာခိုင္ႏႈန္းေလာက္က ခ်င္းျပည္နယ္မွာ ျဖစ္ပ်က္တဲ့ဟာေတြပဲ ျဖစ္တယ္။ ဒီလိုမ်ိဳး က်ေနာ္တို႔ ခ်င္းလူမ်ိဳးေတြကို၊ ခ်င္းေဒသေတြကို ပစ္မွတ္ထားၿပီးေတာ့ စစ္တပ္က ဒီလိုမ်ိဳးလုပ္တာဟာ ေတာ္ေတာ္ေလး က်ေနာ္တို႔ ခံစားရတာေပါ့ေနာ္။ စစ္တပ္အာဏာသိမ္းၿပီး တႏွစ္အတြင္းမွာ ခ်င္းျပည္နယ္ကေန အိမ္ေတြကို စြန႔္ခြာၿပီးေတာ့ ထြက္ေျပးသြားရတဲ့ လူေတြလည္း ရွိသလို ခ်င္းျပည္နယ္အတြင္းမွာ ဒုကၡေရာက္ေနတဲ့ IDP ေတြလည္း မ်ားတယ္။ ဒါမ်ိဳးကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဒါကိုၾကည့္လိုက္လို႔ရွိရင္ သူတို႔ ဘယ္ေလာက္ထိ ခ်င္းလူမ်ိဳးကို လူမ်ိဳးေရးအရ နာလန္မထူႏိုင္ေအာင္ ခ်ိဳးေဖာက္ခံေနရသလဲဆိုတာ ေတာ္ေတာ္ေလး ျမင္သာမႈရွိတယ္။"

လူဦးေရ ၄၇၈,၀၀၀ ေက်ာ္ရွိတဲ့ ခ်င္းျပည္နယ္မွာ လူဦးေရရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္က ခရစ္ယာန္ဘာသာဝင္ေတြ ျဖစ္ပါတယ္။ လူဦးေရ ၃၅၀,၀၀၀ ေက်ာ္ပဲရွိတဲ့ ကယားျပည္နယ္ (ကရင္နီ) မွာေတာ့ ႐ိုမန္ကက္သလစ္ ဘာသာဝင္ေပါင္း ၉၀,၀၀၀ ေက်ာ္ ရွိပါတယ္။ စစ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္ၾကာလာခ်ိန္အထိ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းမွာရွိတဲ့ ဘာသာေရး အေဆာက္အဦေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ေဈးေတြ အပါအဝင္ လူေနအိမ္ေျခေပါင္း ၈,၂၆၂ လုံး မီး႐ႈိ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (OCHA) က ထုတ္ျပန္ထားပါတယ္။ ကရင္လူ႔အခြင့္အေရးအဖြဲ႔ KHRG ေျပာခြင့္ရ ေစာနႏၵဆူးက တႏိုင္ငံလုံးမွာ အေဆာက္အဦေပါင္း ေသာင္းနဲ႔ခ်ီ မီး႐ႈိ႕ဖ်က္ဆီးခံေနရတာဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

"စစ္အာဏာသိမ္းၿပီးကတည္းက တႏိုင္ငံလုံး အတိုင္းအတာအရ ဒီလိုမ်ိဳး ဆိုးရြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို က်ေနာ္တို႔က ေန႔စဥ္နီးပါး ျမင္ေတြ႔ေနရတာေပါ့ေလ။ တျခားတိုင္းရင္းသားေဒသ နယ္ေျမေတြက ခ်င္းျပည္နယ္တို႔၊ ကရင္နီတို႔၊ ကရင္တို႔ ... ေနာက္ တျခားေဒသေတြမွာလည္းပဲ သူတို႔က ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္လာတာကို က်ေနာ္တို႔ေတြ႔ရတယ္။ ဆိုေတာ့ ဒီလိုလုပ္ေဆာင္ျခင္းက ပထမဆုံးအေနနဲ႔ ဒါ ႀကီးေလးတဲ့ စစ္ရာဇဝတ္မႈကို က်ဴးလြန္ရာ ေရာက္တယ္ေပါ့ေနာ္။ ၂ အခ်က္ကေတာ့ ဒါ ႏိုင္ငံတကာ လူသားခ်င္း စာနာေထာက္ထားမႈ ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္တယ္။ ၃ အခ်က္အရဆိုရင္ေတာ့ ဒါ လြတ္လပ္စြာ ယုံၾကည္ကိုးကြယ္ခြင့္ အခြင့္အေရးကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ေပါ့။"

အရပ္ဘက္အဖြဲ႔ေတြရဲ႕ စာရင္းအရ ကယားျပည္နယ္ (ကရင္နီ) က ဒုတိယအမ်ားဆုံး မီး႐ႈိ႕ဖ်က္ဆီးခံရတဲ့အထဲမွာ ပါဝင္ပါတယ္။ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ကယားျပည္နယ္ တေၾကာမွာ စစ္တပ္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့လို႔ လူေနအိမ္ေတြ မီးေလာင္ပ်က္စီးတာေတြလည္း ရွိခဲ့ပါတယ္။ လြိဳင္ေကာ္နဲ႔ အနီးတဝိုက္က ေက်းရြာတခ်ိဳ႕ဆိုရင္ ရွမ္းျပည္နယ္ဘက္ကို ရြာလုံးကၽြတ္ ထြက္ေျပး ခိုလႈံေနရပါတယ္။

ကယားျပည္နယ္၊ နန္းမယ္ခုံၿမိဳ႕ကေန အိုးအိမ္စြန႔္ခြာ ထြက္ေျပးလာသူတဦးကေတာ့ လက္နက္ႀကီးက်ၿပီး သူ႔ရဲ႕ေနအိမ္ မီးထဲပါသြားတယ္လို႔ အသိေတြက ေျပာေပမဲ့ သူကိုယ္တိုင္ သြားၾကည့္ဖို႔ကလည္း အခုခ်ိန္ထိ နယ္ေျမမလုံၿခဳံေသးလို႔ ခက္ခဲေနတယ္လို႔ ေျပာပါတယ္။

"ရြာမွာေနတုန္းက ေလယာဥ္က ဆက္တိုက္ႀကဲတဲ့ အေျခအေနမ်ိဳးေပါ့ေနာ္။ ေနလို႔လည္း မျဖစ္တဲ့အခါက်ေတာ့ က်ေနာ့္အိမ္က မိန္းလမ္းေဘးဆိုတဲ့ အခါက်ေတာ့ လမ္းေတာက္ေလွ်ာက္ကို ႀကဲတဲ့အခါက်ေတာ့ မိမယ္လို႔ေတာ့ ထင္တာပဲ။ ေနာက္တခုက အခု အဆက္အသြယ္ တဆင့္ၿပီးတဆင့္ေပါ့ေနာ္၊ မိတယ္လို႔ေတာ့ သူကေျပာတာပဲ။ ဒါေပမဲ့ ဘယ္လိုျဖစ္တယ္ဆိုတဲ့ အတိုင္းအတာကို အတည္ျပဳဖို႔က နည္းနည္းခက္တယ္။ အိမ္တလုံးျဖစ္ဖို႔ဆိုတာက က်ေနာ္တို႔ တသက္တာအေနနဲ႔ စုေဆာင္းၿပီးေတာ့မွ ျဖစ္လာတဲ့အိမ္ေလ။ အဲဒါေၾကာင့္မို႔လို႔ ရွင္းရွင္းေျပာရရင္ ျပန္ထူေထာင္ဖို႔ဆိုတာေတာ့ မလြယ္တဲ့အတြက္ ဘယ္လိုမွ ေျပာမျပႏိုင္ေလာက္ေအာင္ပါပဲ။"

တိုက္ပြဲအတြင္း ေနအိမ္နဲ႔ ဘာသာေရး အေဆာက္အဦေတြ မီးေလာင္ပ်က္စီးတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီနဲ႔ PDF အၾကား အျပန္အလွန္ စြပ္စြဲ ေျပာဆိုတာေတြ ရွိေနပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အာဏာမသိမ္းခင္နဲ႔ သိမ္းၿပီးေနာက္ပိုင္းမွာ စစ္တပ္ဘက္က အခုလို က်ဴးလြန္တာေတြ မရွိခဲ့ဘူးလို႔ တုံ႔ျပန္ထားပါတယ္။

"တကယ့္လက္ေတြ႔ ျဖစ္ေနတာပဲ က်ေနာ္ေျပာခ်င္တယ္ဗ်။ ဥပမာ စစ္ကိုင္းတိုင္းေဒသႀကီးမွာဆိုရင္ ျပည္သူပါဝင္တဲ့ ျပည္သူ႔ကာကြယ္ေရးစနစ္ကို က်ေနာ္တို႔ လုပ္မယ္လို႔ ေျပာခဲ့တယ္။ အဲလိုလုပ္ေဆာင္တဲ့အခါမွာ တခ်ိဳ႕ေနရာေတြမွာ ေက်းရြာေန ျပည္သူလူထုရဲ႕ ေတာင္းဆိုခ်က္အရ ျပည္သူ႔စစ္ေတြ ဖြဲ႔စည္းေပးလိုက္ရတယ္။ PDF မ်ား အေနနဲ႔ကေတာ့ အဲဒီ ျပည္သူ႔စစ္ဖြဲ႔စည္းတဲ့ ရြာေတြကို ဝိုင္းတိုက္တာမ်ိဳးရွိတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ မီး႐ႈိ႕ဖ်က္ဆီးတာေတြရွိတယ္။ သူတို႔ မီး႐ႈိ႕ဖ်က္ဆီးၿပီး ထြက္ေျပးတယ္။ ေနာက္ပိုင္းမွာေတာ့ သူက တခ်ိဳ႕ေသာ မီဒီယာေတြကို သတင္းမွားေပးၿပီးေတာ့ တပ္မေတာ္ကပဲ မီး႐ႈိ႕သေယာင္ ေျပာတယ္။ က်ေနာ္ေျပာခ်င္တာကေတာ့ ျပည္သူလူထု ဒုကၡေရာက္တယ္ျဖစ္ျဖစ္၊ အိုးမဲ့အိမ္မဲ့ျဖစ္တယ္ျဖစ္ျဖစ္၊ တိုက္ပြဲစြန႔္ခြာ ထြက္ေျပးတယ္ျဖစ္ျဖစ္ ကူညီေစာင့္ေရွာက္ရတာက က်ေနာ္တို႔အစိုးရပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔အစိုးရ အေနနဲ႔ေကာ၊ တပ္မေတာ္အေနနဲ႔ေကာ ကိုယ့္အစိုးရကို ဒုကၡျဖစ္မယ့္လုပ္ရပ္မ်ိဳး က်ေနာ္တို႔ ဘယ္ေတာ့မွ လုပ္မွာလည္းမဟုတ္ဘူး။ လုပ္႐ိုးလုပ္စဥ္လည္း မရွိဘူး။ လုပ္ေလ့လုပ္ထလည္း မရွိဘူး။ ဒီစြပ္စြဲခ်က္ေတြသည္ လုပ္ႀကံဖန္တီးေနတဲ့ စြပ္စြဲခ်က္ေတြလို႔ပဲ က်ေနာ္ေျပာလိုပါတယ္။"

စစ္ေရးပဋိ့ပကၡေၾကာင့္ ပ်က္စီးသြားတဲ့ ဘာသာေရး အေဆာက္အဦေတြကို အရင္ကတည္းက ကူညီေဆာက္လုပ္ေပးတာေတြ ရွိခဲ့ၿပီး အခုလို ပဋိပကၡ ျဖစ္ပြားခ်ိန္မွာေတာ့ လုံၿခဳံေရး အေျခအေနေၾကာင့္ ခၽြင္းခ်က္ေတြ ရွိႏိုင္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"တခ်ိဳ႕ေနရာေတြမွာေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ သင္တန္းေတြေပးေနတာ ရွိတယ္။ ဘုရားေက်ာင္းေတြမွာ လက္နက္ခဲယမ္း သိုဝွက္ထားတာရွိတယ္။ ဒါေတြကေတာ့ က်ေနာ္တို႔ သတင္းရရင္ မျဖစ္မေနကို ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ငဲ့ညႇာ ကာကြယ္ၿပီးေတာ့ က်ေနာ္တို႔ ဝင္ေရာက္ၿပီး လုံၿခဳံေရးအရ ေဆာင္ရြက္ရတာေတြ ရွိပါတယ္။ အဲလို လုံၿခဳံေရးအရ ေဆာင္ရြက္တဲ့အခါမွာလည္း က်ေနာ္တို႔အေနနဲ႔ကေတာ့ Rules of Engagement ထိေတြ႔တိုက္ခိုက္မႈ စည္းမ်ဥ္းေတြအတိုင္း တိက်စြာ လိုက္နာ ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာလိုပါတယ္။"

စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္ (ကရင္နီ)၊ ရွမ္းျပည္ေတာင္ပိုင္း၊ တနသၤာရီတိုင္း၊ မႏၲေလး၊ ပဲခူး၊ ကရင္ျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ထဲက ေနရာ ၂၅၀ ေက်ာ္မွာ စစ္ေကာင္စီက မီး႐ႈိ႕ဖ်က္ဆီးခဲ့လို႔ လူေနအိမ္ေပါင္း ၉,၁၀၀ ေက်ာ္ ပ်က္စီးခဲ့တယ္လို႔ အရပ္ဘက္အဖြဲ႔ေတြရဲ႕ စာရင္းထဲမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ နယ္ေျမရွင္းလင္းေရးအတြင္း က်ဴးလြန္သူမေပၚတဲ့ မီး႐ႈိ႕သတ္ျဖတ္ခံရတာေတြကလည္း ရွိေနပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒါဟာ PDF အဖြဲ႔ေတြရဲ႕လက္ခ်က္ ျဖစ္တယ္လို႔ ေျပာထားသလို ေဒသခံ ကာကြယ္ေရး PDF ေတြဘက္ကလည္း စစ္ေကာင္စီတပ္ေတြရဲ႕လက္ခ်က္ ျဖစ္တယ္ဆိုတဲ့ အျပန္အလွန္ စြပ္စြဲမႈေတြက ရွိေနတာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝန္းမွာ ေဒသတြင္း ပဋိပကၡေတြေၾကာင့္ လူဦးေရ ၅၆၆,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတယ္လို႔ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (OCHA) က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကျေးရွာနဲ့ ဘာသာရေးအဆာက်အဦတွေ မီးလောင်ပျက်စီးရမှု တာဝန်ယူသူမရှိ

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ခံရပြီး ပျက်စီးသွားတဲ့ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အဦပေါင်း ၁၀,၀၀၀ ဝန်းကျင် ရှိသွားပါပြီ။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပြုစုထားတဲ့ စာရင်း အချက်အလက်တွေမှာတော့ ဒါဟာ စစ်ကောင်စီတပ်တွေရဲ့လက်ချက် ဖြစ်တယ်လို့ ပြောထားပေမဲ့ စစ်ကောင်စီပြောခွင့်ရကတော့ ဒါကိုငြင်းပါတယ်။ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေကြားက မီးရှို့ပျက်စီးသွားလို့ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူတွေရဲ့ အခြေအနေတွေ၊ ဒေသတွင်း အနေအထားတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ နေရာပေါင်း ၂၅၄ နေရာက လူနေအိမ်ခြေပေါင်း ၉,၁၈၇ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar က ထုတ်ဖော်ရေးသားထားပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခု ဧပြီလ ၁၃ ရက်နေ့အထိ သူတို့စုဆောင်းထားတဲ့ အချက်အလက်လို့ ပြောပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားတဲ့ ဒီအရေအတွက်ထက် လက်တွေ့ မြေပြင်မှာ စစ်ကောင်စီတပ်တွေက မီးရှို့လို့ ပျက်စီးသွားရတဲ့ စာရင်းက ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ အခုထိ နေရပ်မပြန်နိုင်ဘဲ ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ရင်း တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ယာယီတဲထိုးပြီးနေဖို့ နေရပ်ပြန်လာသူတချို့ ရှိပေမဲ့ အများစုက အခုထိ ပြန်မလာနိုင်သေးဘူးလို့ သူကပြောပါတယ်။

"နဂိုက နေမြဲအတိုင်း လူတွေက အကုန်လုံး ပြန်လာမနေရဲတော့ဘူးပေါ့လေ။ သူတို့ လွတ်ရာကျွတ်ရာလေးတွေမှာ နေတယ်။ အိမ်ပြန်လာခဲ့ရင်လည်း တယောက်၊ နှစ်ယောက် လာကြည့်ပြီးတော့ ဘာမှကို သူတို့မှာ ယူစရာလည်း မရှိတော့ဘူး။ ပျက်စီးသွားကုန်ကြတော့ တော်တော်ကို အကြောက်တရားတွေ ဝင်ပြီးတော့ အကုန်လုံးနီးပါးက ပြန်မရောက်ကြဘူး။ တချို့တလေလောက်ပဲ ပြန်လာကြတာ။ အခု အခြေအနေကတော့ ပြန်လည်ထူထောင်ရေးတွေကတော့ လုပ်ကြပါတယ်။ လုပ်တယ်ဆိုတာက ကောင်းကောင်းမွန်မွန်ကြီးတော့ မဟုတ်ဘူးပေါ့လေ။ ယာယီ မိုးကာလေးတွေ၊ ထန်းရွက်တဲလေးတွေနဲ့ ပြန်ပြီးတော့ ဆောက်ပြီး နေကြရတာပေါ့။ ပြည်သူတွေဆိုတာက ဘာမှမဆိုင်တဲ့ အပြစ်မဲ့တဲ့လူတွေကို ဒီလောက်အထိ လုပ်ရတာကတော့ ဒါ လုံးဝလူမဆန်တဲ့လုပ်ရပ်ပဲ။"

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ PDF တွေ အပြန်အလှန် ပစ်ခတ်နေတာတွေက နေ့တိုင်းနီးပါးရှိပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခရောက်ရတဲ့သူတွေ တဖြည်းဖြည်း များလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်စီးသွားတဲ့အထဲမှာ လူနေအိမ်ခြေတွေအပြင် ဘာသာရေး အဆောက်အဦတွေလည်း ၁၀၀ နီးပါးလောက် ရှိပါတယ်။

အရပ်ဘက်အဖွဲ့တချို့ရဲ့ ခန့်မှန်းချက်အရဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အဦပေါင်း ၁၀၀ ကျော်အထိ ရှိနေတာပါ။ ကုလအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်ကို ကိုးကားထားတဲ့ အာရှကက်သလစ်အသင်းတော်များ သတင်းလွှာ UCA ရဲ့ ထုတ်ပြန်ချက်မှာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချင်းပြည်နယ် တခုတည်းမှာတင် ဘာသာရေးအဆောက်အဦ ၆၂ ခုလောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာတာ့ စစ်ကောင်စီတပ်နဲ့ PDF တွေကြားက တိုက်ပွဲအတွင်း အဆောက်အဦတွေ ရာနဲ့ချီပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီထဲမှာ ခရစ်ယာန်ဘုရားကျောင်းတွေလည်း ပါဝင်ပါတယ်။ ဒေသခံအများစုကတော့ ဒါဟာ စစ်ကောင်စီတပ်တွေ လုပ်ခဲ့တာလို့ ပြောပါတယ်။

ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက အရေးယူ အပြစ်ပေး ရှုတ်ချသင့်သလို ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ဖို့ အတွက်လည်း အကူအညီ ပေးသင့်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။

"ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေက မြန်မာနိုင်ငံတခုလုံးရဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီ ၁ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လူဦးရေကို ပစ်မှတ်ထားပြီးတော့ သူတို့လုပ်တဲ့အချိန်မှာ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာဆိုရင် ၁၇ ရာခိုင်နှုန်းလောက်က ချင်းပြည်နယ်မှာ ဖြစ်ပျက်တဲ့ဟာတွေပဲ ဖြစ်တယ်။ ဒီလိုမျိုး ကျနော်တို့ ချင်းလူမျိုးတွေကို၊ ချင်းဒေသတွေကို ပစ်မှတ်ထားပြီးတော့ စစ်တပ်က ဒီလိုမျိုးလုပ်တာဟာ တော်တော်လေး ကျနော်တို့ ခံစားရတာပေါ့နော်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာ ချင်းပြည်နယ်ကနေ အိမ်တွေကို စွန့်ခွာပြီးတော့ ထွက်ပြေးသွားရတဲ့ လူတွေလည်း ရှိသလို ချင်းပြည်နယ်အတွင်းမှာ ဒုက္ခရောက်နေတဲ့ IDP တွေလည်း များတယ်။ ဒါမျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါကိုကြည့်လိုက်လို့ရှိရင် သူတို့ ဘယ်လောက်ထိ ချင်းလူမျိုးကို လူမျိုးရေးအရ နာလန်မထူနိုင်အောင် ချိုးဖောက်ခံနေရသလဲဆိုတာ တော်တော်လေး မြင်သာမှုရှိတယ်။"

လူဦးရေ ၄၇၈,၀၀၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ လူဦးရေ ၃၅၀,၀၀၀ ကျော်ပဲရှိတဲ့ ကယားပြည်နယ် (ကရင်နီ) မှာတော့ ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၉၀,၀၀၀ ကျော် ရှိပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာလာချိန်အထိ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဈေးတွေ အပါအဝင် လူနေအိမ်ခြေပေါင်း ၈,၂၆၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက တနိုင်ငံလုံးမှာ အဆောက်အဦပေါင်း သောင်းနဲ့ချီ မီးရှို့ဖျက်ဆီးခံနေရတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး အတိုင်းအတာအရ ဒီလိုမျိုး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့က နေ့စဉ်နီးပါး မြင်တွေ့နေရတာပေါ့လေ။ တခြားတိုင်းရင်းသားဒေသ နယ်မြေတွေက ချင်းပြည်နယ်တို့၊ ကရင်နီတို့၊ ကရင်တို့ ... နောက် တခြားဒေသတွေမှာလည်းပဲ သူတို့က ဆက်လက်ပြီးတော့ လုပ်ဆောင်လာတာကို ကျနော်တို့တွေ့ရတယ်။ ဆိုတော့ ဒီလိုလုပ်ဆောင်ခြင်းက ပထမဆုံးအနေနဲ့ ဒါ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်တယ်ပေါ့နော်။ ၂ အချက်ကတော့ ဒါ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာရောက်တယ်။ ၃ အချက်အရဆိုရင်တော့ ဒါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်ပေါ့။"

အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ကယားပြည်နယ် (ကရင်နီ) က ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် တကြောမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူနေအိမ်တွေ မီးလောင်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ လွိုင်ကော်နဲ့ အနီးတဝိုက်က ကျေးရွာတချို့ဆိုရင် ရှမ်းပြည်နယ်ဘက်ကို ရွာလုံးကျွတ် ထွက်ပြေး ခိုလှုံနေရပါတယ်။

ကယားပြည်နယ်၊ နန်းမယ်ခုံမြို့ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတဦးကတော့ လက်နက်ကြီးကျပြီး သူ့ရဲ့နေအိမ် မီးထဲပါသွားတယ်လို့ အသိတွေက ပြောပေမဲ့ သူကိုယ်တိုင် သွားကြည့်ဖို့ကလည်း အခုချိန်ထိ နယ်မြေမလုံခြုံသေးလို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

"ရွာမှာနေတုန်းက လေယာဉ်က ဆက်တိုက်ကြဲတဲ့ အခြေအနေမျိုးပေါ့နော်။ နေလို့လည်း မဖြစ်တဲ့အခါကျတော့ ကျနော့်အိမ်က မိန်းလမ်းဘေးဆိုတဲ့ အခါကျတော့ လမ်းတောက်လျှောက်ကို ကြဲတဲ့အခါကျတော့ မိမယ်လို့တော့ ထင်တာပဲ။ နောက်တခုက အခု အဆက်အသွယ် တဆင့်ပြီးတဆင့်ပေါ့နော်၊ မိတယ်လို့တော့ သူကပြောတာပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အတိုင်းအတာကို အတည်ပြုဖို့က နည်းနည်းခက်တယ်။ အိမ်တလုံးဖြစ်ဖို့ဆိုတာက ကျနော်တို့ တသက်တာအနေနဲ့ စုဆောင်းပြီးတော့မှ ဖြစ်လာတဲ့အိမ်လေ။ အဲဒါကြောင့်မို့လို့ ရှင်းရှင်းပြောရရင် ပြန်ထူထောင်ဖို့ဆိုတာတော့ မလွယ်တဲ့အတွက် ဘယ်လိုမှ ပြောမပြနိုင်လောက်အောင်ပါပဲ။"

တိုက်ပွဲအတွင်း နေအိမ်နဲ့ ဘာသာရေး အဆောက်အဦတွေ မီးလောင်ပျက်စီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ PDF အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုတာတွေ ရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ဘက်က အခုလို ကျူးလွန်တာတွေ မရှိခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

"တကယ့်လက်တွေ့ ဖြစ်နေတာပဲ ကျနော်ပြောချင်တယ်ဗျ။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ပြည်သူပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ကို ကျနော်တို့ လုပ်မယ်လို့ ပြောခဲ့တယ်။ အဲလိုလုပ်ဆောင်တဲ့အခါမှာ တချို့နေရာတွေမှာ ကျေးရွာနေ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ ပြည်သူ့စစ်တွေ ဖွဲ့စည်းပေးလိုက်ရတယ်။ PDF များ အနေနဲ့ကတော့ အဲဒီ ပြည်သူ့စစ်ဖွဲ့စည်းတဲ့ ရွာတွေကို ဝိုင်းတိုက်တာမျိုးရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မီးရှို့ဖျက်ဆီးတာတွေရှိတယ်။ သူတို့ မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးတယ်။ နောက်ပိုင်းမှာတော့ သူက တချို့သော မီဒီယာတွေကို သတင်းမှားပေးပြီးတော့ တပ်မတော်ကပဲ မီးရှို့သယောင် ပြောတယ်။ ကျနော်ပြောချင်တာကတော့ ပြည်သူလူထု ဒုက္ခရောက်တယ်ဖြစ်ဖြစ်၊ အိုးမဲ့အိမ်မဲ့ဖြစ်တယ်ဖြစ်ဖြစ်၊ တိုက်ပွဲစွန့်ခွာ ထွက်ပြေးတယ်ဖြစ်ဖြစ် ကူညီစောင့်ရှောက်ရတာက ကျနော်တို့အစိုးရပဲ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရ အနေနဲ့ကော၊ တပ်မတော်အနေနဲ့ကော ကိုယ့်အစိုးရကို ဒုက္ခဖြစ်မယ့်လုပ်ရပ်မျိုး ကျနော်တို့ ဘယ်တော့မှ လုပ်မှာလည်းမဟုတ်ဘူး။ လုပ်ရိုးလုပ်စဉ်လည်း မရှိဘူး။ လုပ်လေ့လုပ်ထလည်း မရှိဘူး။ ဒီစွပ်စွဲချက်တွေသည် လုပ်ကြံဖန်တီးနေတဲ့ စွပ်စွဲချက်တွေလို့ပဲ ကျနော်ပြောလိုပါတယ်။"

စစ်ရေးပဋိ့ပက္ခကြောင့် ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အဦတွေကို အရင်ကတည်းက ကူညီဆောက်လုပ်ပေးတာတွေ ရှိခဲ့ပြီး အခုလို ပဋိပက္ခ ဖြစ်ပွားချိန်မှာတော့ လုံခြုံရေး အခြေအနေကြောင့် ချွင်းချက်တွေ ရှိနိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"တချို့နေရာတွေမှာတော့ ဘုန်းကြီးကျောင်းတွေမှာ သင်တန်းတွေပေးနေတာ ရှိတယ်။ ဘုရားကျောင်းတွေမှာ လက်နက်ခဲယမ်း သိုဝှက်ထားတာရှိတယ်။ ဒါတွေကတော့ ကျနော်တို့ သတင်းရရင် မဖြစ်မနေကို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာ ကာကွယ်ပြီးတော့ ကျနော်တို့ ဝင်ရောက်ပြီး လုံခြုံရေးအရ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ အဲလို လုံခြုံရေးအရ ဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့အနေနဲ့ကတော့ Rules of Engagement ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။"

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ် (ကရင်နီ)၊ ရှမ်းပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက နေရာ ၂၅၀ ကျော်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်ပေါင်း ၉,၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နယ်မြေရှင်းလင်းရေးအတွင်း ကျူးလွန်သူမပေါ်တဲ့ မီးရှို့သတ်ဖြတ်ခံရတာတွေကလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါဟာ PDF အဖွဲ့တွေရဲ့လက်ချက် ဖြစ်တယ်လို့ ပြောထားသလို ဒေသခံ ကာကွယ်ရေး PDF တွေဘက်ကလည်း စစ်ကောင်စီတပ်တွေရဲ့လက်ချက် ဖြစ်တယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲမှုတွေက ရှိနေတာပါ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ဒေသတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ ၅၆၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG