သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ PDF တိုက်ပွဲ စစ်ကိုင်း မကွေး ဒေသခံတွေ ဒုက္ခရောက်


စစ်ကိုင်းတိုင်း က ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ
စစ်ကိုင်းတိုင်း က ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ကြား ဧပြီ ၆ ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။  မကွေးတိုင်းမှာလည်း မလုံခြုံတဲ့အခြေအနေကြောင့်သီးနှံတွေ ရိတ်သိမ်းဖို့ အခက်တွေ့နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။ 

စစ်ကောင်စီနဲ့ PDF တိုက်ပွဲ စစ်ကိုင်း မကွေး ဒေသခံတွေ ဒုက္ခရောက်

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား ဒီနေ့ ဧပြီ ၆ ရက်နေ့မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မတ်လထဲက စတင်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ ဒုက္ခရောက်နေကြပါတယ်။ မကွေးတိုင်း ဂန့်ဂေါဘက်မှာလည်း မလုံခြုံတဲ့အခြေအနေကြောင့် ဒေသခံတွေ သီးနှံတွေ ရိတ်သိမ်းဖို့ အခက်တွေ့နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းဘေးက တောင်တွင်းချောင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်တဲ့ အခြေအနေကို ဒေသခံတယောက်က ခုလိုပြောပြပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး အစားအသောက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က တပ်စွဲထားတော့ PDF တွေဘက်က လှမ်းပစ်တာ။ တိုက်တာဗျ။ မနက်လင်းလင်းတဲ့အချိန် ၇ နာရီလောက်။ ထုံးကြီးရယ် ဝင်ဝရယ် လက်ပံတောရယ် သစ်ခေါင်းတီးရယ် အဲ့မှာဖြစ်နေတာ။ အဲ့ဒီကလူတွေကတော့ တောထဲမှာပဲ ပြေးနေကြရတယ်ဗျ။ စားသောက်ဖို့ စားဖို့ရာအတွက်တော့ ပြဿနာရှိတယ်။ စားသောက်ဖို့ရာ သူတို့ကပြေးတဲ့အချိန် လူအလွတ်ပဲ ရုန်းပြေးရတာ ဖြစ်တဲ့အတွက် အစားအသောက်တွေကို တောင်ပေါ်တွေကို သယ်မသွားနိုင်တော့ အဲ့ဒါ စားဖို့ရာအတွက် အခက်အခဲဖြစ်နေတာ။”

မင်းကင်းမြို့နယ်ထဲက ရွာပေါင်း ၃၅ ရွာထက်မနည်းရှိတဲ့ တောင်တွင်းချောင်အရပ်ဘက်ကို စစ်ကောင်စီတပ်တွေ စဝင်လာခဲ့တဲ့ မတ်လထဲက ရွာပေါင်းထက်ဝက်ကျော်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။ မတ် ၁၇ ရက်ကတည်းက ကျော်ကျေးရွာအပါအဝင် တောင်တွင်းချောင်ဒေသထဲမှာပါတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ တပ်တွေ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

အဲ့ဒီဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာ ခုလိုစစ်ရေးအခြေအနေဖြစ်နေသလို မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲမှာလဲ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ပျူစောထီးရွာတွေက တခြားရွာတွေကို အနှောင့်အယှက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စန်းမြို့ကျေးရွာက ဒေသခံတွေကို သူတို့ကျေးရွာနဲ့ ၂ မိုင်ခွဲလောက်ဝေးတဲ့ မြောက်ခရမ်းကျေးရွာက ပျူစောထီးတွေက မကြာမကြာ လာရောက်ပစ်ခတ်နေလို့ သီးနှံတွေ ရိတ်သိမ်းဖို့ အခက်တွေ့နေတဲ့အကြောင်း ကျေးရွာသားတဦးက ပြောပါတယ်။

“မြောက်ခရမ်းဘက်ကနေ ထွက်ထွက်ပြီး ကျွန်တော်တို့ရွာတွေဘက်ကို သေနတ်တွေနဲ့ပစ်တယ်။ ၁ ရက်ခြား ၂ ရက်ခြား သေနတ်တွေနဲ့ လာလာပြီးပစ်တယ်။ ကျွန်တော်တို့ရွာဘက်တွေကိုပစ်တာ တောင်သူတွေပဲတွေ သိမ်းတဲ့ဆီကို ပစ်တာ။ သေနတ်သံကြားရင် ပဲသိမ်းတာတွေထားပြီး ပြေးကြရတာပေါ့။ ဘာလို့အဲ့လိုလုပ်တာလည်းဆိုရင် ကျွန်တော်တို့ဘက်က တောင်သူတွေ သိမ်းတာတွေ မလိုလို့လာပစ်တယ်လို့တော့ထင်တယ်။”

စန်းမြို့ကျေးရွာဟာ နေအိမ် ၁၀၀ ကျော်သာရှိတဲ့ ကျေးရွာလေး တရွာဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၁ ရက်နဲ့ အခုနှစ် ဇန်နဝါရီ ၁၈ ရက်တို့မှာ စစ်တပ်နဲ့ ပျုစောတီးတွေက လာရောက်မီးရှို့ဖျက်စီးခဲ့တဲ့အတွက် ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီရွာနဲ့ ပါတ်ဝန်းကျင်တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လာရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေဟာ နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် တောတောင်တွေထဲမှာ နေထိုင်နေရပြီး ပြီးခဲ့တဲ့ ရာသီက စိုက်ပျိုးခဲ့တဲ့ လက်ကျန် သီးနှံတွေကို အခြေအနေပေးရင် ရိတ်သိမ်းနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}










XS
SM
MD
LG