သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း နတ္ေခ်ာင္းရြာမွာ လူေနအိမ္တခ်ဳိ႕ မီး႐ႈိ႕ဖ်က္ဆီးခံရ 


စစ္ကိုင္းတိုင္း က ေက်းရြာတရြာ မီးရိႈ႕ခံခဲ့ရစဥ္ (ဓါတ္ပုံ Citizen Journalist )


စစ္ကိုင္းတိုင္း နတ္ေခ်ာင္းရြာမွာ လူေနအိမ္တခ်ဳိ႕ မီး႐ႈိ႕ဖ်က္ဆီးခံရ

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ေတာင္ပိုင္းက နတ္ေခ်ာင္းရြာမွာ စစ္ေကာင္စီတပ္ေတြ တပ္စြဲၿပီး ျပန္လည္ ထြက္ခြါခ်ိန္ ရြာအနီးမွာရွိတဲ့ တဲေတြကို မီးရိႈ႕ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မင္းကင္းနယ္ဘက္က ေက်းရြာေတြမွာလည္း ေနအိမ္ေတြ ထပ္ၿပီး မီးရိႈ႕ခံရတ့ဲအတြက္ ကုလဲ အေနာက္႐ြာမွာ ေနအိမ္တလံုးမွာ မက်န္ေတာ့ဘူးလုိ႔ ႐ြာခံကေျပာပါတယ္။ ခုလို စစ္ကိုင္းဘက္ကအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီးး ကေလးၿမိဳ႕ေတာင္ပိုင္းက နတ္ေခ်ာင္းရြာမွာ ေဖေဖာ္၀ါရီ ၁၉ ရက္က စစ္ေကာင္စီတပ္ေတြ တပ္စြဲ နယ္ေျမ႐ွင္းလင္းခဲ့ၿပီး ေဖေဖာ္၀ါရီ ၂၂ ရက္ အဂၤါေန႔က ေက်းရြာထဲကေန ျပန္လည္ ထြက္ခြါခ်ိန္မွာ ေက်းရြာအနီးက တဲေတြကို မီး႐ႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေတာင္ယာမွာ အလုပ္လုပ္ၾကတ့ဲ ႐ြာသားေတြ နားေနဖုိ႔ ေဆာက္ထားတဲ့ တဲေတြကို မီး႐ႈိ႕ခဲ့တာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္ တဦးက ေျပာျပပါတယ္။

“နတ္ေခ်ာင္းနဲ႔ ငါးဖား(ငဖား)နဲ႔ၾကားမွာ ေတာေက်ာင္းဆိုတာရွိတယ္။ နတ္ေခ်ာင္းဘက္ကေန ကူးၿပီးေတာ့ ငါးဖား ဘက္ကိုသြားတဲ့လမ္းမွာ အဲ့ဘက္ကို သြားရင္းနဲ႔ရိႈ႕သြားတာ။ အစားအေသာက္ ဆန္တို႔ ယံယံတို႔ေတြလည္းပါတယ္။ စပါးေတြ အသံုးအေဆာင္ေတြပစၥည္းေတြ ကဲ့ထားတာဆိုေတာ့ အဲ့ဒါေတြပါသြားတယ္။ ရြာထဲမွာ တခုခုျဖစ္မွာဆိုးလို႔ အဲ့ဒါေတြကဲ့ထားတာ အဲ့ဒါေတြကို ရိႈ႕သြားတာ။”

စစ္ေကာင္စီတပ္ေတြဟာ နတ္ေခ်ာင္းရြာ ေတာင္ဘက္ ၄ မိုင္အကြာက ငါးဖားရြာဘက္ကို ထြက္သြားစဥ္ ငါးဖားရြာက အရပ္သား ၂ ဦး အသတ္ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

“စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီက အသက္ ၅ဝ အရြယ္ ဦးေအာင္ထြန္ းဆိုတဲ့သူကိုေပါ့ေနာ္။ ႏြားေက်ာင္းေနတာ ႏြားေက်ာင္းေနတဲ့သူကို သူတို႔ ဖမ္းဆီးၿပီး ႏွိပ္စက္တယ္။ ႏွိပ္စက္ၿပီးေတာ့ ပစ္သတ္ထားခဲ့တာ။ အဲ့ဒါၿပီးေတာ့ တေယာက္က်ေတာ့ အသက္ ၅ဝ ေက်ာ္ပဲ။ သူက ပန္းခ်ိဳးတာေပါ့ေနာ္။ စိတ္ကလည္း သိပ္ၿပီး မူမွန္တာမဟုတ္ဘူး။ ပန္းခ်ိဳးသြားတာကို ပစ္သတ္ထားခဲ့တာ။ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီနဲ႔ေတြ႕တဲ့အခါက်ေတာ့ စစ္ေကာင္စီက ဖမ္းဆီးၿပီး ပစ္သတ္ထားခဲ့တာ ၂ ဦးေပါ့။”

စစ္ေကာင္စီဘက္ကေတာ့ ေဖေဖာ္၀ါရီ ၁၉ ရက္က တိုက္ပြဲကိုလည္း သတင္းထုတ္ျပန္ခ်င္းမရွိသလို ဒီကေန႔ နယ္ေျမရွင္းလင္း မီးရိႈ႕တဲ့အေျခအေနကိုလည္း သတင္းထုတ္ျပန္ခ်င္းမရွိေသးပါဘူး။ စစ္ကိုင္းတိုင္းထဲက မင္းကင္းၿမိဳ႕နယ္အပိုင္ထဲက ကူလဲ အေနာက္ရြာကိုလည္း တိုက္ပြဲျဖစ္ပြားတာမရွိဘဲ ေဖေဖာ္၀ါရီ ၂၁ ရက္ မနက္ပိုင္းက စစ္ေကာင္စီက နယ္ေျမရွင္းလင္းရင္း မီးရိႈ႕ခဲ့လို႔ ေနအိမ္ ၁ဝဝ နီးပါး မီးေလာင္ကြ်မ္းခဲ့ပါတယ္။ ေဖေဖာ္၀ါရီ ၂၂ ရက္ အဂၤါေန႔ မွာလည္း မီးမေလာင္ဘဲ က်န္ရွိတဲ့ ေနအိမ္ေတြကို ေနာက္တႀကိမ္ မီးထပ္ရိႈ႕ခဲ့ၿပီး ေက်းရြာသားေတြဟာ ေတာေတာင္ေတြထဲ ခိုလံႈေနၾကရပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေနာက္ထပ္ ေနာက္တႀကိမ္ ဒီေန႔ က်န္တဲ့အိမ္ေတြကို ထပ္ရိႈ႕ပစ္လိုက္လို႔ တရြာလံုး လံုး၀ အားလံုးဆံုးသြားၿပီဗ်။ ေတာေတြေတာင္ေတြထဲမွာ မိုးကာေလးနဲ႔ သစ္ပင္ရိပ္ ဝါးပင္အရိပ္ေအာက္မွာပဲ ေနၾက ထိုင္ၾကရတာ။ ေျမျပင္အခင္းေတြလည္းမရွိ အကာေတြလည္း မပါဘူးခင္ဗ်။”

ကူလဲရြာကို အလယ္မွာ ေခ်ာင္းျခားထားၿပီး ကူလဲအေရွ႕ရြာနဲ႔ အေနာက္ရြာဆိုၿပီး ၂ ပိုင္းခြဲထားပါတယ္။ အခုမီးရိႈ႕ခံရတာဟာ ကူလဲ အေနာက္ရြာျဖစ္ၿပီးေတာ့ ကူလဲ အေရွ႕ရြာဟာ စစ္ေကာင္စီကို ေထာက္ခံသူ အမ်ားစု ေနထိုင္တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္

စစ်ကိုင်းတိုင်း နတ်ချောင်းရွာမှာ လူနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်းက နတ်ချောင်းရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ပြန်လည် ထွက်ခွါချိန် ရွာအနီးမှာရှိတဲ့ တဲတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မင်းကင်းနယ်ဘက်က ကျေးရွာတွေမှာလည်း နေအိမ်တွေ ထပ်ပြီး မီးရှို့ခံရတဲ့အတွက် ကုလဲ အနောက်ရွာမှာ နေအိမ်တလုံးမှာ မကျန်တော့ဘူးလို့ ရွာခံကပြောပါတယ်။ ခုလို စစ်ကိုင်းဘက်ကအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီးး ကလေးမြို့တောင်ပိုင်းက နတ်ချောင်းရွာမှာ ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီတပ်တွေ တပ်စွဲ နယ်မြေရှင်းလင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် အင်္ဂါနေ့က ကျေးရွာထဲကနေ ပြန်လည် ထွက်ခွါချိန်မှာ ကျေးရွာအနီးက တဲတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ယာမှာ အလုပ်လုပ်ကြတဲ့ ရွာသားတွေ နားနေဖို့ ဆောက်ထားတဲ့ တဲတွေကို မီးရှို့ခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောပြပါတယ်။

“နတ်ချောင်းနဲ့ ငါးဖား(ငဖား)နဲ့ကြားမှာ တောကျောင်းဆိုတာရှိတယ်။ နတ်ချောင်းဘက်ကနေ ကူးပြီးတော့ ငါးဖား ဘက်ကိုသွားတဲ့လမ်းမှာ အဲ့ဘက်ကို သွားရင်းနဲ့ရှို့သွားတာ။ အစားအသောက် ဆန်တို့ ယံယံတို့တွေလည်းပါတယ်။ စပါးတွေ အသုံးအဆောင်တွေပစ္စည်းတွေ ကဲ့ထားတာဆိုတော့ အဲ့ဒါတွေပါသွားတယ်။ ရွာထဲမှာ တခုခုဖြစ်မှာဆိုးလို့ အဲ့ဒါတွေကဲ့ထားတာ အဲ့ဒါတွေကို ရှို့သွားတာ။”

စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းရွာ တောင်ဘက် ၄ မိုင်အကွာက ငါးဖားရွာဘက်ကို ထွက်သွားစဉ် ငါးဖားရွာက အရပ်သား ၂ ဦး အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက အသက် ၅၀ အရွယ် ဦးအောင်ထွန် းဆိုတဲ့သူကိုပေါ့နော်။ နွားကျောင်းနေတာ နွားကျောင်းနေတဲ့သူကို သူတို့ ဖမ်းဆီးပြီး နှိပ်စက်တယ်။ နှိပ်စက်ပြီးတော့ ပစ်သတ်ထားခဲ့တာ။ အဲ့ဒါပြီးတော့ တယောက်ကျတော့ အသက် ၅၀ ကျော်ပဲ။ သူက ပန်းချိုးတာပေါ့နော်။ စိတ်ကလည်း သိပ်ပြီး မူမှန်တာမဟုတ်ဘူး။ ပန်းချိုးသွားတာကို ပစ်သတ်ထားခဲ့တာ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့တွေ့တဲ့အခါကျတော့ စစ်ကောင်စီက ဖမ်းဆီးပြီး ပစ်သတ်ထားခဲ့တာ ၂ ဦးပေါ့။”

စစ်ကောင်စီဘက်ကတော့ ဖေဖော်ဝါရီ ၁၉ ရက်က တိုက်ပွဲကိုလည်း သတင်းထုတ်ပြန်ချင်းမရှိသလို ဒီကနေ့ နယ်မြေရှင်းလင်း မီးရှို့တဲ့အခြေအနေကိုလည်း သတင်းထုတ်ပြန်ချင်းမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ်အပိုင်ထဲက ကူလဲ အနောက်ရွာကိုလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီက နယ်မြေရှင်းလင်းရင်း မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် အင်္ဂါနေ့ မှာလည်း မီးမလောင်ဘဲ ကျန်ရှိတဲ့ နေအိမ်တွေကို နောက်တကြိမ် မီးထပ်ရှို့ခဲ့ပြီး ကျေးရွာသားတွေဟာ တောတောင်တွေထဲ ခိုလှုံနေကြရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“နောက်ထပ် နောက်တကြိမ် ဒီနေ့ ကျန်တဲ့အိမ်တွေကို ထပ်ရှို့ပစ်လိုက်လို့ တရွာလုံး လုံး၀ အားလုံးဆုံးသွားပြီဗျ။ တောတွေတောင်တွေထဲမှာ မိုးကာလေးနဲ့ သစ်ပင်ရိပ် ဝါးပင်အရိပ်အောက်မှာပဲ နေကြ ထိုင်ကြရတာ။ မြေပြင်အခင်းတွေလည်းမရှိ အကာတွေလည်း မပါဘူးခင်ဗျ။”

ကူလဲရွာကို အလယ်မှာ ချောင်းခြားထားပြီး ကူလဲအရှေ့ရွာနဲ့ အနောက်ရွာဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ အခုမီးရှို့ခံရတာဟာ ကူလဲ အနောက်ရွာဖြစ်ပြီးတော့ ကူလဲ အရှေ့ရွာဟာ စစ်ကောင်စီကို ထောက်ခံသူ အများစု နေထိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG