သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င္းနဲ႔ စစ္ကိုင္း တိုက္ပြဲမ်ား အရပ္သားေသဆုံးမႈရွိ


စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔မ်ား တုိက္ပြဲျဖစ္ေနတဲ့ၿမိဳ႕မ်ား။ ခ်င္းျပည္နယ္ မတူပီ (၁)၊ မင္းတပ္ၿမိဳ႕ (၂) နဲ႔ စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ (၃)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ မင္းတပ္-မတူပီဘက္နဲ႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕တို႔အၾကား တိုက္ခိုက္မႈေတြ ဆက္ရွိေနပါတယ္။ မင္းတပ္ဘက္ မွာ ရိကၡာပို႔ယာဥ္တန္း တိုက္ခိုက္ခံရသလို ကေလးၿမိဳ႕နယ္ထဲမွာလည္း ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရတယ္လို႔ စစ္ေကာင္စီဘက္က ေျပာပါတယ္။ ႏွစ္ဘက္တိုက္ခိုက္မႈအတြင္း လက္နက္ႀကီးက်ည္က်လို႔ ပုန္းခိုေနတဲ့ ဆယ္ေက်ာ္သက္ ၁ ေယာက္ေသဆုံးခဲ့ပါတယ္။ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းဘက္က တိုက္ပြဲအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြ စစ္အင္အားနဲ႔ ရိကၡာျဖည့္ေနတဲ့ ခ်င္းျပည္နယ္ထဲမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲ႔ြေတြ ဆက္လက္ တိုက္ပဲြေတြျဖစ္ေနပါတယ္။ မတူပီၿမိဳ႕ကေန မင္းတပ္ၿမိဳ႕ကိုသြားတဲ့ စစ္တပ္ယာဥ္ေတြကို မတူပီ-မင္းတပ္ ခ်င္းကာကြယ္ေရးအဖြဲ႔ေတြက လမ္းတေလွ်ာက္ ၿခံဳခိုတုိက္ခိုက္မႈေတြ ေဖေဖာ္ဝါရီ ၇ ရက္ေန႔အထိ လုပ္ခဲ့တယ္လို႔ မင္းတပ္ကာကြယ္ေရးတာဝန္ရွိသူတဦးျဖစ္တဲ့ ဆလိုင္းေယာမာန္ကေျပာပါတယ္။

“တိုက္ပြဲျဖစ္ေနတာ ေတာက္ေလွ်ာက္ပါပဲ။ မတူပီ CDF က အဲဒီယာဥ္တန္းကို တိုက္ခိုက္တယ္။ မင္းတပ္ CDF ကေတာ့ တပ္မေတာ္ကို မိုင္းခြဲတယ္။ မိုင္ (၆၀) ၊ (၁၄) မိုင္၊ (၁၃) မိုင္ ေတာက္ေလွ်ာက္ပဲ။ တိုက္ပြဲေတာ့ ဆက္တိုက္ႀကီး (၁၆) ရက္တာအတြင္းမွာဆို (၁၃) ႀကိမ္ေလာက္ တိုက္ပြဲျဖစ္တယ္။ ဒီတေခါက္က သူတို႔တေတြ မင္းတပ္ CDF ကတိုက္ခိုက္တာပဲ အေယာက္ ၂၀ နဲ႔ ၃၀ ၾကားထဲေပါ့။ ေသဆုံးမွဳရွိတယ္။”

တနလၤာေန႔က စစ္ယာဥ္တန္းကို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ မိုင္းခဲြတိုက္ခိုက္တာေၾကာင့္ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ျပန္လည္ပစ္ခတ္မႈအတြင္း ဆယ္ေက်ာ္သက္အ႐ြယ္ အရပ္သား တဦးေသဆံုးခဲ့တယ္လို႔ ေျပာပါတယ္။

“ မေန႔တေန႔ကေရာ မေန႔ကေရာ မိုင္းေတြေတာက္ေလွ်ာက္ေထာင္ထား၊ မိုင္းေတြေတာ္ေတာ္မိလို႔ သူတို႔က ေဘးပတ္လည္ကိုေပါ့ေနာ္- လက္နက္ႀကီးနဲ႔ ရမ္းသန္းပစ္တဲ့အခ်ိန္ လက္နက္ႀကီးတလုံးက အဲဒီကလူပုန္းေနတဲ့ လွ်ိဳထဲမွာက်ၿပီးမွ လူငယ္တေယာက္ လက္နက္ႀကီးထိၿပီးမွ ေသသြားတယ္။ ဆယ္ေက်ာ္သက္အရြယ္ပဲ။”
မိသားစုနဲ႔အတူ ပုန္းခိုေနတဲ့ လူငယ္ေသဆံုးသြားခဲ့တာပါ။ က်န္မိသားစုေတြကေတာ့ ထိခိုက္မႈ မ႐ွိဘူးလုိ႔ေျပာပါတယ္။ မင္းတပ္နဲ႔မတူပီလမ္းဘက္ တနလၤာေန႔က ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနနဲ႔ပက္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“မင္းတပ္ဘက္မွာ မေန႔ကေတာ့ ေန႔လယ္ ၂ နာရီေလာက္မွာ တပ္ကေနၿပီး ရိကၡာပို႔တဲ့ယာဥ္ကို မင္းတပ္နဲ႔မတူပီၾကားထဲမွာ လက္လုပ္မိုင္းနဲ႔ မိုင္းဆြဲတိုက္ခိုက္ခဲ့တာေတာ့ရွိတယ္။ ကားေတာ့ အနည္းငယ္ပ်က္ခဲ့တဲ့ဟာေတာ့ရွိတယ္။ က်န္တာေတာ့ သီးျခားမရွိပါဘူး။ ”

မင္းတပ္ၿမိဳ႕မွာ အေျခစိုက္တဲ့စစ္တပ္က မတူပီၿမိဳ႕နယ္ထဲမွာ႐ွိတဲ့ စစ္စခန္းေတြဆီ စစ္အင္အား၊ လက္နက္နဲ႔ ေထာက္ပုိ႔ပစၥည္းေတြကို ဇန္နဝါရီ ၂၄ ရက္ေန႔က သြားပို႔ခဲ့တာပါ။ ဒီေန႔ ေဖေဖာ္ဝါရီ ၈ ရက္မွာေတာ့ အဲဒီစစ္ယာဥ္တန္းေတြ မင္းတပ္ၿမိဳ႕ကုိ ျပန္လည္ေရာက္႐ွိလာပါတယ္။ ခုလို စစ္ယာဥ္တန္းေတြ အသြား အျပန္ခရီးမွာ ၿခံဳခိုတိုက္ခိုက္ခံရမႈေတြျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်င္းျပည္နယ္နဲ႔ကပ္ေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ဘက္မွာလည္း ေဒသခံ PDF ကာကြယ္ေရးအဖြဲ႔နဲ႕ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲဆက္႐ွိေနပါတယ္။ မေန႔ ေဖေဖာ္ဝါရီ ၇ ရက္ေန႔က ကေလးၿမိဳ႕ ေတာင္ဘက္မွာ ၃ ႀကိမ္ထက္မနည္း တုိက္ပြားေတြျဖစ္ခဲ့တယ္လို႔
ရန္ႀကီးေအာင္ေဒသခံတဦးက ေျပာပါတယ္။

“မေန႔က မနက္ပိုင္းေတာ့ (၉) နာရီ (၁၀) နာရီေလာက္ က်ေနာ္တို႔ ရန္ႀကီးေအာင္အနား မိုင္းဆြဲတယ္ဗ်။ စခက လမ္းေၾကာင္းတေၾကာင္း ကားနဲ႔လာတယ္ဗ်။ မိုင္းခြဲတာ (၉) ဦးခန္႔ (၉) ဦးေသတယ္။ ကားတစီးေတာ့ပ်က္သြားတယ္ တပ္က။ PDF ဘက္က တေယာက္ေတာ့ ဆုံးသြားတယ္။ မေန႔က ေန႔လယ္ (၂) နာရီေလာက္မွာ နတ္ေျမာင္းရြာနဲ႔ စည္သာအနားမွာတႀကိမ္ျဖစ္တယ္။ ၿပီးေတာ့ညေနပိုင္းမွာ ၾကာအင္းအနားမွာ တႀကိမ္။”

ေဖေဖာ္ဝါရီ ၇ ရက္ေန႔ ကေလးၿမိဳ႕ေတာင္ပိုင္းေဒသတိုက္ပြဲေတြမွာ စစ္ေကာင္စီယာဥ္တန္းကို ေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔ေတြက ၄ ႀကိမ္ မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ စစ္ကာင္စီဘက္က ၁၇ ဦးက်ဆုံးၿပီးေတာ့ ခ်င္းအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ CDNF တပ္ဖြဲ႔ဝင္တဦး က်ဆုံးတယ္လို႔ PDF (Kalay) ကထုတ္ျပန္ထားပါတယ္။
ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေျမာင္းရြာအနားက ေခ်ာင္းခြရြာဘက္မွာ မေန႔က တိုက္ပြဲျဖစ္ ပြါးခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ကေလးဘက္မွာေတာ့ မေန႔က ေန႔လယ္ပိုင္းမွာျဖစ္တာေတာ့ရွိတယ္။ ေခ်ာင္းခြေက်းရြာအနီးမွာပဲ။ အဲဒီ လုံျခံဳေရးတပ္ဖြဲ႔ေတြကို ကားလမ္းေဘးကေနၿပီးေတာ့ မိုင္းခြဲတိုက္ခိုက္တာရွိတယ္။ PDF အၾကမ္းဖက္ ၂၀ ေလာက္က ေခ်ာင္းပစ္တာရွိတယ္။ ၿပီးရင္ အဲဒီအေရွ႕ဘက္ကို သူတို႔ ဆုတ္ခြါတယ္။ အဲဒီမွာ ထိခိုက္ ဒဏ္ရာရရွိမွဳေတာ့မရွိပါဘူး။”

ခုလို ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ တိုက္ပြဲေတြမၾကာခန ျဖစ္ပြါးေနတာမို႔ အဲဒီေဒသက ရြာသားေထာင္ခ်ီဟာ ကေလးၿမိဳ႕ထဲမွာ စစ္ေဘးခိုလွဳံေနရတယ္လို႔ ရန္ႀကီးေအာင္ေဒသခံတဦးက ဆက္ေျပာပါတယ္။

“စစ္ေရွာင္ေတြေတာ္ေတာ္မ်ားမ်ား ကေလးၿမိဳ႕ကိုေခၚထားတယ္။ ကေလးၿမိဳ႕က ေတာင္ဦးဘုန္းႀကီးေက်ာင္းမွာေလ။ စစ္ေရွာင္စခန္းေလးလုပ္ထားတယ္။ ဦးေရ ၁,၅၀၀- ၂,၀၀၀ ေလာက္ေတာ့ရွိတယ္။ ၿမိဳ႕ထဲကလူေတြ ပရဟိတေတြ အလွဴခံေပးတယ္။ လွဴခဲ့ၾကတယ္။ အဲဒါေတြနဲ႔ သူတို႔ ေကြ်းတယ္ဗ်။”

လက္ရွိ ကေလးၿမိဳ႕အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔ေတြျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ ပကဖ၊ PDF ကေလးနဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႔ CNDF စတဲ့ပူးေပါင္းအဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ေနတာ လနဲ႔ခ်ီ ႐ွိေနပါၿပီ။ တိုက္ပဲြေတြေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပး ပုန္းခိုေနၾကရတဲ့ ေဒသခံေတြလည္း ေထာင္နဲ႔ခ်ီ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ချင်းနဲ့ စစ်ကိုင်း တိုက်ပွဲများ အရပ်သားသေဆုံးမှုရှိ

ချင်းပြည်နယ် မင်းတပ်-မတူပီဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။ မင်းတပ်ဘက် မှာ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရသလို ကလေးမြို့နယ်ထဲမှာလည်း ချောင်းမြောင်းတိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကျလို့ ပုန်းခိုနေတဲ့ ဆယ်ကျော်သက် ၁ ယောက်သေဆုံးခဲ့ပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေ စစ်အင်အားနဲ့ ရိက္ခာဖြည့်နေတဲ့ ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖဲ့ွတွေ ဆက်လက် တိုက်ပွဲတွေဖြစ်နေပါတယ်။ မတူပီမြို့ကနေ မင်းတပ်မြို့ကိုသွားတဲ့ စစ်တပ်ယာဉ်တွေကို မတူပီ-မင်းတပ် ချင်းကာကွယ်ရေးအဖွဲ့တွေက လမ်းတလျှောက် ခြုံခိုတိုက်ခိုက်မှုတွေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ လုပ်ခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးတာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်ကပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ တောက်လျှောက်ပါပဲ။ မတူပီ CDF က အဲဒီယာဉ်တန်းကို တိုက်ခိုက်တယ်။ မင်းတပ် CDF ကတော့ တပ်မတော်ကို မိုင်းခွဲတယ်။ မိုင် (၆၀) ၊ (၁၄) မိုင်၊ (၁၃) မိုင် တောက်လျှောက်ပဲ။ တိုက်ပွဲတော့ ဆက်တိုက်ကြီး (၁၆) ရက်တာအတွင်းမှာဆို (၁၃) ကြိမ်လောက် တိုက်ပွဲဖြစ်တယ်။ ဒီတခေါက်က သူတို့တတွေ မင်းတပ် CDF ကတိုက်ခိုက်တာပဲ အယောက် ၂၀ နဲ့ ၃၀ ကြားထဲပေါ့။ သေဆုံးမှုရှိတယ်။”

တနင်္လာနေ့က စစ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း ဆယ်ကျော်သက်အရွယ် အရပ်သား တဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ မနေ့တနေ့ကရော မနေ့ကရော မိုင်းတွေတောက်လျှောက်ထောင်ထား၊ မိုင်းတွေတော်တော်မိလို့ သူတို့က ဘေးပတ်လည်ကိုပေါ့နော်- လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တဲ့အချိန် လက်နက်ကြီးတလုံးက အဲဒီကလူပုန်းနေတဲ့ လျှိုထဲမှာကျပြီးမှ လူငယ်တယောက် လက်နက်ကြီးထိပြီးမှ သေသွားတယ်။ ဆယ်ကျော်သက်အရွယ်ပဲ။”
မိသားစုနဲ့အတူ ပုန်းခိုနေတဲ့ လူငယ်သေဆုံးသွားခဲ့တာပါ။ ကျန်မိသားစုတွေကတော့ ထိခိုက်မှု မရှိဘူးလို့ပြောပါတယ်။ မင်းတပ်နဲ့မတူပီလမ်းဘက် တနင်္လာနေ့က ပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မင်းတပ်ဘက်မှာ မနေ့ကတော့ နေ့လယ် ၂ နာရီလောက်မှာ တပ်ကနေပြီး ရိက္ခာပို့တဲ့ယာဉ်ကို မင်းတပ်နဲ့မတူပီကြားထဲမှာ လက်လုပ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာတော့ရှိတယ်။ ကားတော့ အနည်းငယ်ပျက်ခဲ့တဲ့ဟာတော့ရှိတယ်။ ကျန်တာတော့ သီးခြားမရှိပါဘူး။ ”

မင်းတပ်မြို့မှာ အခြေစိုက်တဲ့စစ်တပ်က မတူပီမြို့နယ်ထဲမှာရှိတဲ့ စစ်စခန်းတွေဆီ စစ်အင်အား၊ လက်နက်နဲ့ ထောက်ပို့ပစ္စည်းတွေကို ဇန်နဝါရီ ၂၄ ရက်နေ့က သွားပို့ခဲ့တာပါ။ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ အဲဒီစစ်ယာဉ်တန်းတွေ မင်းတပ်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ခုလို စစ်ယာဉ်တန်းတွေ အသွား အပြန်ခရီးမှာ ခြုံခိုတိုက်ခိုက်ခံရမှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ကပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာလည်း ဒေသခံ PDF ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ရှိနေပါတယ်။ မနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကလေးမြို့ တောင်ဘက်မှာ ၃ ကြိမ်ထက်မနည်း တိုက်ပွားတွေဖြစ်ခဲ့တယ်လို့
ရန်ကြီးအောင်ဒေသခံတဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်းတော့ (၉) နာရီ (၁၀) နာရီလောက် ကျနော်တို့ ရန်ကြီးအောင်အနား မိုင်းဆွဲတယ်ဗျ။ စခက လမ်းကြောင်းတကြောင်း ကားနဲ့လာတယ်ဗျ။ မိုင်းခွဲတာ (၉) ဦးခန့် (၉) ဦးသေတယ်။ ကားတစီးတော့ပျက်သွားတယ် တပ်က။ PDF ဘက်က တယောက်တော့ ဆုံးသွားတယ်။ မနေ့က နေ့လယ် (၂) နာရီလောက်မှာ နတ်မြောင်းရွာနဲ့ စည်သာအနားမှာတကြိမ်ဖြစ်တယ်။ ပြီးတော့ညနေပိုင်းမှာ ကြာအင်းအနားမှာ တကြိမ်။”

ဖေဖော်ဝါရီ ၇ ရက်နေ့ ကလေးမြို့တောင်ပိုင်းဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကာင်စီဘက်က ၁၇ ဦးကျဆုံးပြီးတော့ ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့ CDNF တပ်ဖွဲ့ဝင်တဦး ကျဆုံးတယ်လို့ PDF (Kalay) ကထုတ်ပြန်ထားပါတယ်။
ကလေးမြို့တောင်ပိုင်း နတ်မြောင်းရွာအနားက ချောင်းခွရွာဘက်မှာ မနေ့က တိုက်ပွဲဖြစ် ပွါးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကလေးဘက်မှာတော့ မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာတော့ရှိတယ်။ ချောင်းခွကျေးရွာအနီးမှာပဲ။ အဲဒီ လုံခြုံရေးတပ်ဖွဲ့တွေကို ကားလမ်းဘေးကနေပြီးတော့ မိုင်းခွဲတိုက်ခိုက်တာရှိတယ်။ PDF အကြမ်းဖက် ၂၀ လောက်က ချောင်းပစ်တာရှိတယ်။ ပြီးရင် အဲဒီအရှေ့ဘက်ကို သူတို့ ဆုတ်ခွါတယ်။ အဲဒီမှာ ထိခိုက် ဒဏ်ရာရရှိမှုတော့မရှိပါဘူး။”

ခုလို ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ တိုက်ပွဲတွေမကြာခန ဖြစ်ပွါးနေတာမို့ အဲဒီဒေသက ရွာသားထောင်ချီဟာ ကလေးမြို့ထဲမှာ စစ်ဘေးခိုလှုံနေရတယ်လို့ ရန်ကြီးအောင်ဒေသခံတဦးက ဆက်ပြောပါတယ်။

“စစ်ရှောင်တွေတော်တော်များများ ကလေးမြို့ကိုခေါ်ထားတယ်။ ကလေးမြို့က တောင်ဦးဘုန်းကြီးကျောင်းမှာလေ။ စစ်ရှောင်စခန်းလေးလုပ်ထားတယ်။ ဦးရေ ၁,၅၀၀- ၂,၀၀၀ လောက်တော့ရှိတယ်။ မြို့ထဲကလူတွေ ပရဟိတတွေ အလှူခံပေးတယ်။ လှူခဲ့ကြတယ်။ အဲဒါတွေနဲ့ သူတို့ ကျွေးတယ်ဗျ။”

လက်ရှိ ကလေးမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ PDF ကလေးနဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF စတဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီ ရှိနေပါပြီ။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး ပုန်းခိုနေကြရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီရှိနေပါတယ်/

==========

XS
SM
MD
LG