သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပဲြဆက္ေနတဲ႔ စစ္ကိုင္း မေကြး ေဒသခံတို႕ ဒုကၡ ေတြ႔


Min Kin Arson (ယခင္မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေခ်ာင္ေဒသ ေက်ာ္႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္လို႔ ေဒသခံအမ်ားအျပား ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။


တိုက္ပဲြဆက္ေနတဲ႔ စစ္ကိုင္း မေကြး ေဒသခံတို႕ ဒုကၡ ေတြ႔

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေခ်ာင္ေဒသ ေက်ာ္႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္လို႔ ေဒသခံအမ်ားအျပား ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ မေကြးတိုင္းမွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနလို႔ ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေခ်ာင္ ေဒသလို႔ ေခၚၾကတဲ့ မုံ႐ြာ - ယာႀကီး - ကေလး၀ ကားလမ္းေဘးက ေက်ာ္႐ြာမွာ မတ္လ ၂၃ ရက္ မနက္ ၁ နာရီေလာက္က ႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

တိုက္ပြဲေၾကာင့္ ေက်း႐ြာ ၁၀႐ြာထက္မနည္း ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ဒီေန႔ ေတာင္တြင္းေခ်ာင္ေက်ာ္႐ြာမွာ တိုက္ပြဲျဖစ္တယ္ဗ်။ ၾကာတာကေတာ့ ည ၁ နာရီထိုးေလာက္ကေန အလင္းထိပဲ။ သူတို႔စစ္ေကာင္စီက လူေတြက ႐ြာထဲက ပိတ္မိေနတဲ့သူေတြကို အျပင္ကို ထြက္ခြင့္မေပးတာဗ်။ မေပးလို႔ PDF က တိုက္ေတာ့တာ။ ေက်ာ္႐ြာျဖစ္ေနေတာ့ အနားနီး ၁၂ ႐ြာေလာက္ ေတာ့ေျပးေနရတယ္။ ေဘးပတ္ဝန္းက်င္ ေက်း႐ြာေတြကေတာ့ ေတာထဲေတာင္ထဲမွာပဲ အစားဆင္းရဲ အေနဆင္းရဲနဲ႔ အဲ့လိုပဲ ေနေနၾကရတာ။”

စစ္ေကာင္စီဟာ ၿပီးခဲ့တဲ့ မတ္လ ၁၇ ရက္ကတည္းက ေဒသတြင္း နယ္ေျမရွင္းလင္းတာေတြလုပ္ၿပီး ေက်ာ္႐ြာမွာ တပ္စြဲထားခ်ိန္မွာ၊ ခုလို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားတာပါ။ တိုက္ပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းတစုံတရာထုတ္ျပန္တာမရွိေသးသလို ၂ ဖက္အက်အဆုံးကိုလည္း အတည္မျပဳႏိုင္ေသးပါဘူး။ ဒါက စစ္ကိုင္းထဲက အေျခအေနပါ။

မေကြးတိုင္းမွာဆိုရင္လည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ ဆက္ရွိေနပါတယ္။ ဂန႔္ေဂါ ကေလးလမ္းပိုင္းက ႏွမ္းခါး႐ြာကိုမတ္လ ၂၂ ရက္က စစ္ေကာင္စီတပ္ေတြ ေရာက္လာၿပီး စစ္ေဘးဒုကၡသည္ေတြ ကူညီဖို႔ သိုေလွာင္ထားတဲ့ အစားအေသာက္ေတြကို ယူေဆာင္သြားၿပီး အဝတ္အထည္ အသုံးအေဆာင္ေတြကို ဖ်က္ဆီးသြားပါတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မတ္လ ၂၃ ရက္မွာေတာ့ ႏွမ္းခါး႐ြာနဲ႔ ၃ မိုင္ေက်ာ္ေဝးတဲ့ စည္သာ႐ြာက ေနအိမ္အခ်ိဳ႕လည္း မီးရႈိ႕ခံရတယ္လို႔ ႏွမ္းခါးေဒသခံတဦးက ေျပာပါတယ္။

“ျမစ္သာျမစ္ အေရွ႕ဘက္ကေန တေၾကာင္း အေနာက္ဖက္က တေၾကာင္း ဂန႔္ေဂါၿမိဳ႕နယ္ကို ထိုးမွာထင္တယ္။ အခုကြၽန္ေတာ္တို႔႐ြာေတာင္ဘက္ သာစည္႐ြာဘက္မွာ မီးရႈိ႕ေနတယ္။ ႐ြာကလူေတြက ေျပးေနရတယ္။ ပ်ဴေစာထီးေတြက ဆန္ေတြျပတ္ေနလို႔ထင္တယ္။ တင္းေရ ၁ ေထာင္ေလာက္ ပါသြားတယ္။ ဆန္စက္႐ုံေတြက ဆန္ေတြအကုန္သယ္ယူသြားတယ္။ အဝတ္အထည္ေတြ သိမ္းထားတာေတြ အကုန္ဖ်က္ဆီးသြားတယ္။ ေနာက္ၿပီး ရိကၡာေတြက အစဖ်က္ဆီးသြားတယ္။ စစ္ေဘးေရွာင္ေတြအတြက္လႉဒါန္းထားတာေတြ အေရးေပၚျဖစ္ရင္ လႉဒါန္းဖို႔ အဲ့ဒါေတြေကာ အကုန္ဖ်က္ဆီးသြားတယ္။”

ႏွမ္းခါး႐ြာဟာ ဂန႔္ေဂါ ကေလးလမ္းမႀကီးေဘးမွာ ရွိတဲ့ ေက်း႐ြာတ႐ြာျဖစ္ၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြအၾကား တိုက္ပြဲေတြရွိခဲ့လို႔၊ ေက်း႐ြာေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတာေတြရွိခဲ့ပါတယ္။ စစ္ေကာင္စီဖက္က ေလေၾကာင္းသုံး ပစ္ခတ္ရတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့တဲ့ေနရာေတြလည္းျဖစ္ပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

တိုက်ပွဲဆက်နေတဲ့ စစ်ကိုင်း မကွေး ဒေသခံတို့ ဒုက္ခ တွေ့

{{Unicode}}

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်လို့ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မကွေးတိုင်းမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေလို့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင် ဒေသလို့ ခေါ်ကြတဲ့ မုံရွာ - ယာကြီး - ကလေး၀ ကားလမ်းဘေးက ကျော်ရွာမှာ မတ်လ ၂၃ ရက် မနက် ၁ နာရီလောက်က ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ တောင်တွင်းချောင်ကျော်ရွာမှာ တိုက်ပွဲဖြစ်တယ်ဗျ။ ကြာတာကတော့ ည ၁ နာရီထိုးလောက်ကနေ အလင်းထိပဲ။ သူတို့စစ်ကောင်စီက လူတွေက ရွာထဲက ပိတ်မိနေတဲ့သူတွေကို အပြင်ကို ထွက်ခွင့်မပေးတာဗျ။ မပေးလို့ PDF က တိုက်တော့တာ။ ကျော်ရွာဖြစ်နေတော့ အနားနီး ၁၂ ရွာလောက် တော့ပြေးနေရတယ်။ ဘေးပတ်ဝန်းကျင် ကျေးရွာတွေကတော့ တောထဲတောင်ထဲမှာပဲ အစားဆင်းရဲ အနေဆင်းရဲနဲ့ အဲ့လိုပဲ နေနေကြရတာ။”

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကတည်းက ဒေသတွင်း နယ်မြေရှင်းလင်းတာတွေလုပ်ပြီး ကျော်ရွာမှာ တပ်စွဲထားချိန်မှာ၊ ခုလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာပါ။ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်တာမရှိသေးသလို ၂ ဖက်အကျအဆုံးကိုလည်း အတည်မပြုနိုင်သေးပါဘူး။ ဒါက စစ်ကိုင်းထဲက အခြေအနေပါ။

မကွေးတိုင်းမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ ဆက်ရှိနေပါတယ်။ ဂန့်ဂေါ ကလေးလမ်းပိုင်းက နှမ်းခါးရွာကိုမတ်လ ၂၂ ရက်က စစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်ဘေးဒုက္ခသည်တွေ ကူညီဖို့ သိုလှောင်ထားတဲ့ အစားအသောက်တွေကို ယူဆောင်သွားပြီး အဝတ်အထည် အသုံးအဆောင်တွေကို ဖျက်ဆီးသွားပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၂၃ ရက်မှာတော့ နှမ်းခါးရွာနဲ့ ၃ မိုင်ကျော်ဝေးတဲ့ စည်သာရွာက နေအိမ်အချို့လည်း မီးရှို့ခံရတယ်လို့ နှမ်းခါးဒေသခံတဦးက ပြောပါတယ်။

“မြစ်သာမြစ် အရှေ့ဘက်ကနေ တကြောင်း အနောက်ဖက်က တကြောင်း ဂန့်ဂေါမြို့နယ်ကို ထိုးမှာထင်တယ်။ အခုကျွန်တော်တို့ရွာတောင်ဘက် သာစည်ရွာဘက်မှာ မီးရှို့နေတယ်။ ရွာကလူတွေက ပြေးနေရတယ်။ ပျူစောထီးတွေက ဆန်တွေပြတ်နေလို့ထင်တယ်။ တင်းရေ ၁ ထောင်လောက် ပါသွားတယ်။ ဆန်စက်ရုံတွေက ဆန်တွေအကုန်သယ်ယူသွားတယ်။ အဝတ်အထည်တွေ သိမ်းထားတာတွေ အကုန်ဖျက်ဆီးသွားတယ်။ နောက်ပြီး ရိက္ခာတွေက အစဖျက်ဆီးသွားတယ်။ စစ်ဘေးရှောင်တွေအတွက်လှူဒါန်းထားတာတွေ အရေးပေါ်ဖြစ်ရင် လှူဒါန်းဖို့ အဲ့ဒါတွေကော အကုန်ဖျက်ဆီးသွားတယ်။”

နှမ်းခါးရွာဟာ ဂန့်ဂေါ ကလေးလမ်းမကြီးဘေးမှာ ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေရှိခဲ့လို့၊ ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဖက်က လေကြောင်းသုံး ပစ်ခတ်ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။

XS
SM
MD
LG