သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းကင္းၿမိဳ႕နယ္ ေတာင္ျဖဴ႐ြာမွာ PDF အဖြဲ႕ဝင္ ၅၀ ေက်ာ္ အဖမ္းခံရ


ျမန္မာစစ္တပ္ လုံျခံဳေရးတပ္ဖြဲ႔ဝင္မ်ား။

ZAWGYI/UNICODE မင္းကင္းၿမိဳ႕နယ္၊ ေတာင္ျဖဴ႐ြာမွာ ဇူလိုင္လ ၂၈ ရက္၊ ဗုဒၶဟူးေန႔က မင္းကင္း PDF အဖြဲ႕ဝင္ ၅၀ ေက်ာ္ကို ေက်း႐ြာသားေတြက ဝိုင္းဖမ္းၿပီး စစ္တပ္လက္ထဲ လႊဲေပးလိုက္ပါတယ္။ အဲဒီ႐ြာမွာ ပ်ဴေစာထီးအဖြဲ႕ဝင္ေတြလို႔ဆိုသူေတြ စစ္ေရးေလ့က်င့္ေနတဲ့အေၾကာင္း မင္းကင္း PDF အဖြဲ႕က သတင္းရလို႔ဆိုၿပီး သြားေထာက္လွမ္းခ်ိန္မွာ ပစ္ခတ္မႈျဖစ္ၿပီးတဲ့ေနာက္ အခုလို အဖမ္းခံလိုက္ၾကရတာပါ။ ဒီလိုဖမ္းဆီးထားတယ္ဆိုတာကို စစ္ေကာင္စီကလည္း အတည္ျပဳ ထုတ္ျပန္ထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခြာညိဳက ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္ထဲက ေတာင္ျဖဴ႐ြာနဲ႔ ပန္းဆက္႐ြာမွာ ဗုဒၶဟူးေန႔ မနက္အေစာပိုင္းက တခ်ိန္တည္းလို ပစ္ခတ္မႈေတြျဖစ္ခဲ့တာပါ။ ပန္းဆက္မွာ တဘက္ လက္နက္ကိုင္ေတြထဲက ၁ ဦး ေသၿပီး ၃ ဦး ဒဏ္ရာရခဲ့တယ္လို႔ မင္းကင္း PDF အဖြဲ႕ေခါင္းေဆာင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

အဲဒီေနာက္ ပ်ဴေစာထီးအဖြဲ႕ေတြ ေတာင္ျဖဴ႐ြာမွာ စစ္ေရးေလ့ၾကည့္ေနတဲ့သတင္း ရတယ္ဆိုၿပီး မင္းကင္း PDF တပ္ဖြဲ႕ေတြ သြားေရာက္ေထာက္လွမ္းတာကေန ႐ြာတြင္းကလက္နက္ကိုင္ေတြနဲ႔ PDF ေတြၾကား ႏွစ္ဘက္ ပစ္ခတ္ခဲ့ၾကပါတယ္။ အဲဒီေနာက္ ႐ြာဘက္က ညႇိႏႈိင္းမယ္လို႔ေျပာအၿပီး PDF အဖြဲ႕ဝင္ေတြ အဖမ္းခံလိုက္ရတယ္လို႔ မင္းကင္း PDF အဖြဲ႕ေခါင္းေဆာင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

Act 1“ညႇိႏႈိင္းၾကမယ္ေပါ့ ေျပာတယ္၊ သူတို႔မွာလည္း လက္နက္မပါဘူးေပါ့၊ မင္းတို႔လည္း လက္နက္မယူခဲ့နဲ႔ ငါတို႔ညႇိႏႈိင္းၾကမယ္ဆိုၿပီးေတာ့ ေခ်ာ့ေခၚတာ၊ ေခၚေတာ့ ဒီဦးေဆာင္တဲ့ကေလးေလးက နည္းနည္းေလးငယ္ေတာ့ ယုံၿပီးေတာ့မွ လိုက္သြားတာေပါ့ဗ်ာ၊ က်ေနာ္တို႔လူလည္း ယုံၿပီးေတာ့ လက္နက္ေတြလည္း ထားခဲ့ၿပီး ႐ြာထဲဝင္သြားတဲ့ အခ်ိန္မွာ သူတို႔က ဝိုင္းဖမ္းလိုက္တာေပါ့၊ ဝိုင္းဖမ္းၿပီးေတာ့ မင္းကင္းမွာ ရွိတဲ့ စစ္တပ္ကိုေခၚတာ ဖမ္းထားတဲ့ လူေတြကို စစ္သားကို လႊဲလိုက္တယ္လို႔ ေျပာတယ္၊ မယုံလို႔ လိုက္မသြားတဲ့ ၁၂ ေယာက္က က်ေနာ္တို႔လြတ္ခဲ့တယ္။ အားလုံးကေတာ့ စိုးရိမ္တာေပ့ါဗ်ာ ပါသြားေတာ့ ဖမ္းဆီးခံလိုက္ရေတာ့ ဒီစစ္ေကာင္စီဘက္က Geneva Convention ကို မလိုက္နာဘဲနဲ႔ က်ေနာ္တို႔လူေတြကို ႏွိပ္စက္ညႇင္းပန္းတာမ်ိဳး

အစာေဖ်ာက္မွာမ်ိဳးေတြ က်ေနာ္တို႔ စိုးရိမ္ၾကတာ။”

ဖမ္းခံရတဲ့ထဲက ေခါင္းေဆာင္ပိုင္းေတြကို မုံ႐ြာအေျခစိုက္ စစ္တပ္ကေခၚသြားၿပီး က်န္တဲ့လူေတြကို ေတာင္ျဖဴ႐ြာမွာပဲ စစ္ေဆးေနတဲ့အေၾကာင္းနဲ႔ သူတို႔အသက္အႏၲရာယ္ကို စိုးရိမ္တဲ့အေၾကာင္း အဖမ္းခံထားသူတဦးရဲ႕ မိသားစုဝင္ကေျပာပါတယ္။

Act 2 “အဖမ္းခံထားရတဲ့ လူေတြကေတာ့ ေခါင္းႀကီးပိုင္း ေလးေယာက္ကေတာ့ ေခါင္းေဆာင္ပိုင္းေပါ့ေနာ္၊ ေခါင္းေဆာင္ပိုင္းေလးေယာက္ကေတာ့ မမခတပ္ရင္းကို ေခၚသြားတယ္လို႔ ေျပာတယ္၊ က်န္တဲ့ လူေတြကေတာ့ ေလာေလာဆယ္ ေတာင္ျဖဴမွာပဲရွိတယ္၊ ေလာေလာဆယ္ကေတာ့ (PDF) ေတြ လမ္းေတာင္မေလွ်ာက္ႏိုင္ဘူးလို႔ ေျပာတယ္ ႏွိပ္စက္ထားတာကေတာ့ ႐ိုက္ႏွက္ထားတာေပ့ါဗ်ာ၊ စိုးရိမ္ရတယ္ဗ်ာ အဲ့ဒါကေတာ့ သူတို႔က ၿပီးတာနဲ႔ တၿပိဳင္နက္သတ္တာဆိုေတာ့ေလး အဲ့ဒါက်ေတာ့ က်ေနာ္တို႔ အေနနဲ႔က ဒီအဖြဲ႕ေတြကို သတ္ပစ္မွာကို က်ေနာ္တို႔က စိုးရိမ္ပါတယ္။”

႐ြာသားေတြဘက္က ပရိယာယ္သုံးၿပီးေတာ့ PDF အဖြဲ႕ဝင္ေတြကို ဖမ္းဆီးခဲ့တာလို႔လည္း အဲဒီမိသားစုဝင္က ေျပာပါတယ္။

“စစဦးခ်င္းကေတာ့ တဦးနဲ႔တဦး တဖက္နဲ႔တဖက္ ပစ္ခတ္မႈေတြျဖစ္တာဗ်ာ၊ ပစ္ခတ္မႈျဖစ္တဲ့အခ်ိန္မွာ ဟိုဘက္က အရင္ဆုံးကေလးေတြထြက္လာတာေပ့ါဗ်ာ ကေလးေတြ အရင္ထြက္ခိုင္းၿပီး လက္သုံးေခ်ာင္းေတြ

ဘာေတြေထာင္လိုက္တာ သူတို႔ဘက္က လက္နက္ခဲယမ္းအင္အားမရွိဘူးလို႔ ၾကားတာကိုးဗ်၊ အဲ့လိုထြက္လာ အဲ့လိုမ်ိဳးျဖစ္တဲ့ အခ်ိန္မွာ ဒီ PDF အဖြဲ႕ေတြကက်ေတာ့(ဟိုဘက္က) အျပစ္မရွိတဲ့ ကေလးေတြျဖစ္ေနတဲ့အတြက္ သူတို႔က ရပ္လိုက္တာေပါ့ဗ်ာ ပစ္ခတ္မႈကို အဲ့လိုရပ္လိုက္တဲ့အခ်ိန္မွာ ေနာက္ထပ္မိန္းမေတြ ထပ္ထြက္လာတယ္၊ အဲ့မိန္းမေတြ မင္းတို႔နဲ႔ ပူးေပါင္းမယ္ေပါ့၊ ငါတို႔ကလည္း မင္းတို႔ကိုခုခံမယ္လူေတြလည္း မဟုတ္ဘူးေပါ့၊ ငါတို႔နဲ႔ေစ့စပ္ညႇိဳႏႈိင္းဖို႔ရာေပါ့ ႐ြာထဲကို လိုက္ခဲ့ပါလို႔ ေခၚတာကိုမွ သူတို႔က အလံျဖဴေထာင္တယ္ဗ်ာ လက္နက္ခ်တယ္ေပ့ါ၊ သူတို႔ကိုလည္း ရန္မလုပ္ဘူးေပါ့၊ အဲ့ေတာ့က်ေတာ့ ခင္ဗ်ားတို႔လည္း လက္နက္မပါဘဲ လိုက္ခဲ့ေပးပါလို႔ အဲ့လိုေခၚတာတဲ့ဗ်။”

ပန္းဆက္႐ြာျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စစ္ေကာင္စီက သတင္းမီဒီယာေတြကို ျပန္ၾကားထားတာမွာ ႐ြာကို အၾကမ္းဖက္ေသာင္းက်န္းသူ အင္အား ၃၀၀ ေလာက္က လက္နက္ငယ္ေတြနဲ႔လာပစ္လို႔ ႐ြာသားတဦး ေသဆုံးၿပီး ေနာက္ ၅ ဦးက စိုးရိမ္ရတဲ့ဒဏ္ရာေတြ ရခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ေတာင္ျဖဴ႐ြာျဖစ္စဥ္နဲ႔ ပတ္သက္လို႔ေတာ့ အၾကမ္းဖက္ေသာင္းက်န္းသူ ၁၀၀ ေလာက္ ႐ြာအနီးေရာက္လာတာေၾကာင့္ ေက်း႐ြာသားေတြက ဝိုင္းဖမ္းတာမွာ အေလာင္း ၃ ေလာင္း၊ တူမီးေသနတ္ အလက္ ၅၀ နဲ႔ အၾကမ္းဖက္ေသာင္းက်န္းသူ ၅၃ ဦးကို အရွင္ဖမ္းမိခဲ့တယ္လို႔ စစ္ေကာင္စီက ဓာတ္ပုံေတြနဲ႔တကြ ျပန္ၾကားခဲ့ပါတယ္။

CRPH ၊ NUG နဲ႔ PDF တို႔ကို အာဏာသိမ္းစစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႕အစည္းေတြအျဖစ္ သတ္မွတ္ထားသလို NUG ကလည္း စစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ ေၾကညာထားပါတယ္။

စစ္တပ္က အာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္ကိုင္းတိုင္းထဲက ကေလး၊ ကနီ၊ ယင္းမာပင္၊ မင္းကင္းစတဲ့ေနရာမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ေတြအၾကား မၾကာခဏတိုက္ပြဲေတြျဖစ္ပြားေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ကနီမွာ တိုက္ပြဲျဖစ္ခဲ့ပါေသးတယ္။

UNICODE

မင်းကင်းမြို့နယ်၊ တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က မင်းကင်း PDF အဖွဲ့ဝင် ၅၀ ကျော်ကို ကျေးရွာသားတွေက ဝိုင်းဖမ်းပြီး စစ်တပ်လက်ထဲ လွှဲပေးလိုက်ပါတယ်။ အဲဒီရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုသူတွေ စစ်ရေးလေ့ကျင့်နေတဲ့အကြောင်း မင်းကင်း PDF အဖွဲ့က သတင်းရလို့ဆိုပြီး သွားထောက်လှမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အခုလို အဖမ်းခံလိုက်ကြရတာပါ။ ဒီလိုဖမ်းဆီးထားတယ်ဆိုတာကို စစ်ကောင်စီကလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက တောင်ဖြူရွာနဲ့ ပန်းဆက်ရွာမှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက တချိန်တည်းလို ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။ ပန်းဆက်မှာ တဘက် လက်နက်ကိုင်တွေထဲက ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းကင်း PDF အဖွဲ့ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

အဲဒီနောက် ပျူစောထီးအဖွဲ့တွေ တောင်ဖြူရွာမှာ စစ်ရေးလေ့ကြည့်နေတဲ့သတင်း ရတယ်ဆိုပြီး မင်းကင်း PDF တပ်ဖွဲ့တွေ သွားရောက်ထောက်လှမ်းတာကနေ ရွာတွင်းကလက်နက်ကိုင်တွေနဲ့ PDF တွေကြား နှစ်ဘက် ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီနောက် ရွာဘက်က ညှိနှိုင်းမယ်လို့ပြောအပြီး PDF အဖွဲ့ဝင်တွေ အဖမ်းခံလိုက်ရတယ်လို့ မင်းကင်း PDF အဖွဲ့ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

Act 1“ညှိနှိုင်းကြမယ်ပေါ့ ပြောတယ်၊ သူတို့မှာလည်း လက်နက်မပါဘူးပေါ့၊ မင်းတို့လည်း လက်နက်မယူခဲ့နဲ့ ငါတို့ညှိနှိုင်းကြမယ်ဆိုပြီးတော့ ချော့ခေါ်တာ၊ ခေါ်တော့ ဒီဦးဆောင်တဲ့ကလေးလေးက နည်းနည်းလေးငယ်တော့ ယုံပြီးတော့မှ လိုက်သွားတာပေါ့ဗျာ၊ ကျနော်တို့လူလည်း ယုံပြီးတော့ လက်နက်တွေလည်း ထားခဲ့ပြီး ရွာထဲဝင်သွားတဲ့ အချိန်မှာ သူတို့က ဝိုင်းဖမ်းလိုက်တာပေါ့၊ ဝိုင်းဖမ်းပြီးတော့ မင်းကင်းမှာ ရှိတဲ့ စစ်တပ်ကိုခေါ်တာ ဖမ်းထားတဲ့ လူတွေကို စစ်သားကို လွှဲလိုက်တယ်လို့ ပြောတယ်၊ မယုံလို့ လိုက်မသွားတဲ့ ၁၂ ယောက်က ကျနော်တို့လွတ်ခဲ့တယ်။ အားလုံးကတော့ စိုးရိမ်တာပေ့ါဗျာ ပါသွားတော့ ဖမ်းဆီးခံလိုက်ရတော့ ဒီစစ်ကောင်စီဘက်က Geneva Convention ကို မလိုက်နာဘဲနဲ့ ကျနော်တို့လူတွေကို နှိပ်စက်ညှင်းပန်းတာမျိုး

အစာဖျောက်မှာမျိုးတွေ ကျနော်တို့ စိုးရိမ်ကြတာ။”

ဖမ်းခံရတဲ့ထဲက ခေါင်းဆောင်ပိုင်းတွေကို မုံရွာအခြေစိုက် စစ်တပ်ကခေါ်သွားပြီး ကျန်တဲ့လူတွေကို တောင်ဖြူရွာမှာပဲ စစ်ဆေးနေတဲ့အကြောင်းနဲ့ သူတို့အသက်အန္တရာယ်ကို စိုးရိမ်တဲ့အကြောင်း အဖမ်းခံထားသူတဦးရဲ့ မိသားစုဝင်ကပြောပါတယ်။

Act 2 “အဖမ်းခံထားရတဲ့ လူတွေကတော့ ခေါင်းကြီးပိုင်း လေးယောက်ကတော့ ခေါင်းဆောင်ပိုင်းပေါ့နော်၊ ခေါင်းဆောင်ပိုင်းလေးယောက်ကတော့ မမခတပ်ရင်းကို ခေါ်သွားတယ်လို့ ပြောတယ်၊ ကျန်တဲ့ လူတွေကတော့ လောလောဆယ် တောင်ဖြူမှာပဲရှိတယ်၊ လောလောဆယ်ကတော့ (PDF) တွေ လမ်းတောင်မလျှောက်နိုင်ဘူးလို့ ပြောတယ် နှိပ်စက်ထားတာကတော့ ရိုက်နှက်ထားတာပေ့ါဗျာ၊ စိုးရိမ်ရတယ်ဗျာ အဲ့ဒါကတော့ သူတို့က ပြီးတာနဲ့ တပြိုင်နက်သတ်တာဆိုတော့လေး အဲ့ဒါကျတော့ ကျနော်တို့ အနေနဲ့က ဒီအဖွဲ့တွေကို သတ်ပစ်မှာကို ကျနော်တို့က စိုးရိမ်ပါတယ်။”

ရွာသားတွေဘက်က ပရိယာယ်သုံးပြီးတော့ PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာလို့လည်း အဲဒီမိသားစုဝင်က ပြောပါတယ်။

“စစဦးချင်းကတော့ တဦးနဲ့တဦး တဖက်နဲ့တဖက် ပစ်ခတ်မှုတွေဖြစ်တာဗျာ၊ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ဟိုဘက်က အရင်ဆုံးကလေးတွေထွက်လာတာပေ့ါဗျာ ကလေးတွေ အရင်ထွက်ခိုင်းပြီး လက်သုံးချောင်းတွေ

ဘာတွေထောင်လိုက်တာ သူတို့ဘက်က လက်နက်ခဲယမ်းအင်အားမရှိဘူးလို့ ကြားတာကိုးဗျ၊ အဲ့လိုထွက်လာ အဲ့လိုမျိုးဖြစ်တဲ့ အချိန်မှာ ဒီ PDF အဖွဲ့တွေကကျတော့(ဟိုဘက်က) အပြစ်မရှိတဲ့ ကလေးတွေဖြစ်နေတဲ့အတွက် သူတို့က ရပ်လိုက်တာပေါ့ဗျာ ပစ်ခတ်မှုကို အဲ့လိုရပ်လိုက်တဲ့အချိန်မှာ နောက်ထပ်မိန်းမတွေ ထပ်ထွက်လာတယ်၊ အဲ့မိန်းမတွေ မင်းတို့နဲ့ ပူးပေါင်းမယ်ပေါ့၊ ငါတို့ကလည်း မင်းတို့ကိုခုခံမယ်လူတွေလည်း မဟုတ်ဘူးပေါ့၊ ငါတို့နဲ့စေ့စပ်ညှိုနှိုင်းဖို့ရာပေါ့ ရွာထဲကို လိုက်ခဲ့ပါလို့ ခေါ်တာကိုမှ သူတို့က အလံဖြူထောင်တယ်ဗျာ လက်နက်ချတယ်ပေ့ါ၊ သူတို့ကိုလည်း ရန်မလုပ်ဘူးပေါ့၊ အဲ့တော့ကျတော့ ခင်ဗျားတို့လည်း လက်နက်မပါဘဲ လိုက်ခဲ့ပေးပါလို့ အဲ့လိုခေါ်တာတဲ့ဗျ။”

ပန်းဆက်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းမီဒီယာတွေကို ပြန်ကြားထားတာမှာ ရွာကို အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀၀ လောက်က လက်နက်ငယ်တွေနဲ့လာပစ်လို့ ရွာသားတဦး သေဆုံးပြီး နောက် ၅ ဦးက စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တောင်ဖြူရွာဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ လောက် ရွာအနီးရောက်လာတာကြောင့် ကျေးရွာသားတွေက ဝိုင်းဖမ်းတာမှာ အလောင်း ၃ လောင်း၊ တူမီးသေနတ် အလက် ၅၀ နဲ့ အကြမ်းဖက်သောင်းကျန်းသူ ၅၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့တကွ ပြန်ကြားခဲ့ပါတယ်။

CRPH ၊ NUG နဲ့ PDF တို့ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားသလို NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာထားပါတယ်။

စစ်တပ်က အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ကလေး၊ ကနီ၊ ယင်းမာပင်၊ မင်းကင်းစတဲ့နေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကနီမှာ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG