သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မင္းကင္းေဒသ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္


ကနီၿမိဳ႕နယ္ PDF တပ္ဖြဲ႔ဝင္မ်ား (ဓါတ္ပုံ Citizen Journalist)

မင္းကင္းေဒသ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္

{{Zawgyi/Unicode}}

ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ လႈပ္႐ွားတဲ့ စစ္ကိုင္းတိုင္း မင္းကင္းနယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ ျဖန္႔ခ်ေနပါတယ္။ မင္းကင္းၿမိဳ႕နယ္ သံေပါက္ နဲ ႔ေလာင္းျပည့္ရြာနားမွာ ေဖေဖာ္ဝါရီ ၇ ရက္က စစ္တပ္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ ႐ွင္းလင္းၿပီး တပ္ေတြကို ျဖန္႔ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ အနားက ေဒသခံေတြ စိုးရိမ္ၿပီး ထြက္ေျပး တိမ္းေ႐ွာင္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ မင္းကင္းနယ္ဘက္က အေျခအေနကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတုိင္းထဲက ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ အားေကာင္းတဲ့ မင္းကင္းၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြ ျဖန္႔ခ်ေနတာမွာ ေဖေဖာ္၀ါရီ ၇ ရက္ တနလၤာေန႔က ခ်င္းတြင္းျမစ္ အေရွ႕ဘက္ကမ္းက သံေပါက္ရြာ နဲ႔ ေလာင္းျပည့္ေက်းရြာနားမွာ စစ္သားေတြကို ရဟတ္ယာဥ္ေတြနဲ႔ လာခ်သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရဟတ္ယာဥ္ေတြ မဆင္းခင္ ပါတ္ဝန္းက်င္ကို ပစ္ခတ္လို႔ ႐ြာသားေတြ ထြက္ေျပးၾကရတယ္လို႔ ေဒသခံ တေယာက္က ခုလိုေျပာပါတယ္။

“ဟုတ္ပါတယ္ ။ သံေပါက္၊ ေလာင္းျပည္၊ သံျပင္ နဲ႔ ပလူတ၀ေက်းရြာေတြ အဲ့ၾကားေတြကို ပစ္တာ။ PDF စခန္းေတြ ရွိတယ္ ထင္တဲ့ေနရာေတြကို ပစ္တာခင္ဗ်။ ဒီေကာင္ေတြ ေတာ္ေတာ္ေလးကို ပစ္တယ္။ ၿပီးေတာ့ လူေတြ ေလယာဥ္နဲ႔ ခ်တယ္ေပါ့ဗ်ာ။ စစ္သားေတြခ်တယ္ ေလယာဥ္ေတြနဲ႔ လိုက္ပစ္တယ္။ အားလံုး ေလယာဥ္ ၄ စီးေပါ့။ ရြာသားေတြကလည္း အကုန္ထြက္ေျပးေနရတယ္ေပါ့။ ရြာသားေတြ ဒုကၡသည္ေတြ အကုန္ေျပးေနရတာ။ မေန႔တုန္းက အထိခိုက္ေတာ့မရွိပါဘူး။”

ေလာေလာဆယ္ အဲဒီေဒသဘက္မွာ တိုက္ပြဲေတြ ႐ွိမေနဘဲ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ နယ္ေျမ႐ွင္းလင္းခဲတာလို႔ မင္းကင္း ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“ျဖစ္တာက ေလာင္းျပည့္ နဲ႔ သံေပါက္ၾကားမွာ ရဟတ္ယာဥ္နဲ႔ပစ္တာ။ ကြ်န္ေတာ္တို႔က ဘယ္လိုလုပ္ ျပန္ပစ္မွာလဲ။ တိုက္ပြဲျဖစ္တာမဟုတ္ဘူး။ ပစ္ခံရတာလို႔ပဲေျပာရမွာ။ လက္နက္ကလည္း ေတာ္ေတာ္ေကာင္းတယ္။ ကြ်န္ေတာ္တို႔လည္း အသံပဲၾကားတာ ေျပးရတာေပါ့ ဘယ္လိုမွ ျပန္ပစ္လို႔မရဘူး။”

ရဟတ္ယာဥ္ေတြခ်ထားခဲ့တဲ့ စစ္သားေတြ အခုအဲဒီေဒသမွာ တပ္စြဲထားတယ္လို႔လည္း ေျပာပါတယ္။ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မင္းကင္းၿမိဳ႕နယ္ ဘက္မွာ တိုက္ပြဲေတြ မ႐ွိဘူးလို႔ ခုလိုေျပာပါတယ္။

“မင္းကင္း သံေပါက္နဲ႔ေလာင္းျပည့္ရြာဘက္ မင္းကင္းမွာေတာ့ ျဖစ္တာေတာ့ မရွိပါဘူး။”

စစ္ကိုင္းတိုင္းထဲက ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္ေတြအားေကာင္းတဲ့ ကနီၿမိဳ႕နယ္ နဲ ႔မင္းကင္းၿမိဳ႕နယ္ထဲမွာ ဇန္န၀ါရီ ၃၀ ရက္ကစလို႔ စစ္ေကာင္စီက ကုန္းေၾကာင္းေကာ ေရေၾကာင္းကပါ ထိုးစစ္ဆင္ နယ္ေျမရွင္းလင္းတာေတြ ထပ္ၿပီး လုပ္ေနပါတယ္။ အဲဒီဇန္န၀ါရီ ၃၀ ရက္ကပဲ စစ္တပ္က နယ္ေျမရွင္းလင္းရင္း ဘင္ရြာကို မီးရိႈ႕သြားတဲ့အတြက္ ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ကြ်မ္းခဲ့ပါတယ္။

ေဖေဖာ္၀ါရီ ၄ ရက္ ေသာၾကာေန႔ ကလည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ကနီၿမိဳ႕နယ္ ၀င္းမနား ေက်းရြာအုပ္စု ရဲစခန္းကို ၀င္ေရာက္တိုက္ခိုက္ခဲ့လို႔ အျပန္အလွန္ တိုက္ပြဲေတြျဖစ္ၿပီး ၂ ဖက္ အက်အဆံုးမ်ားတဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္

မင်းကင်းဒေသ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေတိမ်းရှောင်

{{Zawgyi/Unicode}}

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ စစ်ကိုင်းတိုင်း မင်းကင်းနယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဖြန့်ချနေပါတယ်။ မင်းကင်းမြို့နယ် သံပေါက် နဲ့လောင်းပြည့်ရွာနားမှာ ဖေဖော်ဝါရီ ၇ ရက်က စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် ရှင်းလင်းပြီး တပ်တွေကို ဖြန့်ချခဲ့ပါတယ်။ ဒါကြောင့် အနားက ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မင်းကင်းနယ်ဘက်က အခြေအနေကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ မင်းကင်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေ ဖြန့်ချနေတာမှာ ဖေဖော်ဝါရီ ၇ ရက် တနင်္လာနေ့က ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းက သံပေါက်ရွာ နဲ့ လောင်းပြည့်ကျေးရွာနားမှာ စစ်သားတွေကို ရဟတ်ယာဉ်တွေနဲ့ လာချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဟတ်ယာဉ်တွေ မဆင်းခင် ပါတ်ဝန်းကျင်ကို ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးကြရတယ်လို့ ဒေသခံ တယောက်က ခုလိုပြောပါတယ်။

“ဟုတ်ပါတယ် ။ သံပေါက်၊ လောင်းပြည်၊ သံပြင် နဲ့ ပလူတဝကျေးရွာတွေ အဲ့ကြားတွေကို ပစ်တာ။ PDF စခန်းတွေ ရှိတယ် ထင်တဲ့နေရာတွေကို ပစ်တာခင်ဗျ။ ဒီကောင်တွေ တော်တော်လေးကို ပစ်တယ်။ ပြီးတော့ လူတွေ လေယာဉ်နဲ့ ချတယ်ပေါ့ဗျာ။ စစ်သားတွေချတယ် လေယာဉ်တွေနဲ့ လိုက်ပစ်တယ်။ အားလုံး လေယာဉ် ၄ စီးပေါ့။ ရွာသားတွေကလည်း အကုန်ထွက်ပြေးနေရတယ်ပေါ့။ ရွာသားတွေ ဒုက္ခသည်တွေ အကုန်ပြေးနေရတာ။ မနေ့တုန်းက အထိခိုက်တော့မရှိပါဘူး။”

လောလောဆယ် အဲဒီဒေသဘက်မှာ တိုက်ပွဲတွေ ရှိမနေဘဲ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် နယ်မြေရှင်းလင်းခဲတာလို့ မင်းကင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဖြစ်တာက လောင်းပြည့် နဲ့ သံပေါက်ကြားမှာ ရဟတ်ယာဉ်နဲ့ပစ်တာ။ ကျွန်တော်တို့က ဘယ်လိုလုပ် ပြန်ပစ်မှာလဲ။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ပစ်ခံရတာလို့ပဲပြောရမှာ။ လက်နက်ကလည်း တော်တော်ကောင်းတယ်။ ကျွန်တော်တို့လည်း အသံပဲကြားတာ ပြေးရတာပေါ့ ဘယ်လိုမှ ပြန်ပစ်လို့မရဘူး။”

ရဟတ်ယာဉ်တွေချထားခဲ့တဲ့ စစ်သားတွေ အခုအဲဒီဒေသမှာ တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မင်းကင်းမြို့နယ် ဘက်မှာ တိုက်ပွဲတွေ မရှိဘူးလို့ ခုလိုပြောပါတယ်။

“မင်းကင်း သံပေါက်နဲ့လောင်းပြည့်ရွာဘက် မင်းကင်းမှာတော့ ဖြစ်တာတော့ မရှိပါဘူး။”

စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအားကောင်းတဲ့ ကနီမြို့နယ် နဲ့မင်းကင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၃၀ ရက်ကစလို့ စစ်ကောင်စီက ကုန်းကြောင်းကော ရေကြောင်းကပါ ထိုးစစ်ဆင် နယ်မြေရှင်းလင်းတာတွေ ထပ်ပြီး လုပ်နေပါတယ်။ အဲဒီဇန်နဝါရီ ၃၀ ရက်ကပဲ စစ်တပ်က နယ်မြေရှင်းလင်းရင်း ဘင်ရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက် သောကြာနေ့ ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကနီမြို့နယ် ဝင်းမနား ကျေးရွာအုပ်စု ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲတွေဖြစ်ပြီး ၂ ဖက် အကျအဆုံးများတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

XS
SM
MD
LG