သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကနီၿမိဳ႕နယ္တြင္း ေက်းရြာႏွစ္ရြာ တိုက္ခိုက္ခံရၿပီး ေနအိမ္တခ်ိဳ႕ မီးေလာင္


တုိက္ပြဲေတြေၾကာင့္ ေတာတြင္း ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ကနီ စစ္ေဘးေရွာင္ျပည္သူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပုံ)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ကမ္း နတ္ႀကီးေက်းရြာမွာ ဇန္နဝါရီ ၂၃ ရက္ မနက္ ၉ နာရီေလာက္က စစ္ေကာင္စီတပ္က ဝင္ေရာက္ပစ္ခတ္လို႔ ေနအိမ္တခ်ိဳ႕ မီးေလာင္ဆုံး႐ႈံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေန႔ကေတာ့ အဲဒီအနီးအနား ခ်င္းတြင္းျမစ္ထဲမွာ စစ္ေကာင္စီေရယာဥ္တခ်ိဳ႕ တိုက္ခိုက္ခံရၿပီး ေဒသခံ ကာကြယ္ေရးအဖြဲ႔နဲ႔ စစ္ေကာင္စီအၾကား အျပန္အလွန္ တုိက္ခိုက္မႈေတြ ရွိခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေရးသားေပးပိုတဲ့သတင္းကို နန္းေလာဝ္ ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ကနီၿမိဳ႕ဝန္းက်င္မွာ ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြ ျဖစ္ပြားေနရာမွာ ဒီကေန႔ မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္က ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ကမ္း နတ္ႀကီးေက်းရြာကို ဝင္ေရာက္ပစ္ခတ္လို႔ ေနအိမ္တခ်ိဳ႕ မီးေလာင္ဆုံး႐ႈံးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေက်းရြာအတြင္းက ခုခံတာမ်ိဳး တိုက္ပြဲျဖစ္တာမ်ိဳး မရွိဘဲ စစ္ေကာင္စီတပ္က ေက်းရြာကို တဖက္သတ္ ပစ္ခတ္ဝင္ေရာက္လာတာလို႔ ေက်းရြာသားတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ပစ္ခတ္ဝင္လာၿပီးေတာ့ အိမ္ေတြကို တရြာလုံးပုံစံသင့္ေအာင္ မီး႐ႈိ႕သြားတယ္ဗ်။ ကြက္တိကြက္က်ား ဟိုနားတအိမ္ ဒီနားတအိမ္ အဲ့လိုေလးေတြ မီး႐ႈိ႕သြားတယ္ဗ်။ ေလာင္တာက အိမ္ ၂၀ ေလာက္ေတာ့ ရွိပါတယ္။ ၂၀ ေက်ာ္ရင္လည္း ေက်ာ္သြားႏိုင္တယ္။ တိုက္ပြဲမဟုတ္ဘူးဗ်။ သူတို႔က ဒီလိုပဲ အဲ့လို ဟိုဟာလုပ္ဆိုရင္ ရွိရင္ ရမ္းသမ္းပစ္တာေပါ့၊ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔၊ က်ေနာ္ ျမစ္ကမ္းေဘး ရြာေလးဆိုေတာ့ေလ က်ေနာ္တို႔လည္း ေျပးလႊားေနရတဲ့ ဘဝေလး အျမန္ဆုံး လြတ္ေျမာက္ခ်င္တာေပါ့။”

မေန႔တုန္းကေတာ့ ခ်င္းတြင္းျမစ္အတိုင္း ဆန္တက္လာတဲ့ စစ္ေကာင္စီေရယာဥ္ေတြ အဲဒီေက်းရြာအနီးမွာ တိုက္ခိုက္ခံရပါတယ္။ အဲလို တိုက္ခိုက္ခံရတဲ့ေနာက္ နတ္ႀကီးရြာတဖက္ကမ္းျဖစ္တဲ့ မုေဌာေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ကနီျပည္သူ႔ကာကြယ္ေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“မုေဌာရဲ႕ေအာက္ဘက္မွာ ေဘာလုံးကြင္းနားမွာ က်ေနာ္တို႔ဘက္က ပစ္ေတာ့ သူတို႔ဘက္က ေရယာဥ္တစီးကို ထိသြားတယ္။ ထိသြားေတာ့ အဲ့မွာ မီးအနည္းငယ္ဆြဲေလာင္ၿပီးေတာ့ အဲ့မုေဌာကို ဝင္ကပ္လိုက္တဲ့ သေဘာပါ။ မုေဌာေအာက္ဘက္မွာ က်ေနာ္တို႔ တိုက္ခိုက္တာဆိုေတာ့ မုေဌာဘက္မွာက်ေတာ့ ေဒသခံ ကာကြယ္ေရးတပ္ေတြ မရွိေတာ့ဘူး။ ရြာဘက္ဆိုေတာ့ေလ ရြာနီးရာမွာ က်ေနာ္တို႔ တိုက္ပြဲမေဖာ္ပါဘူး။ ရြာရဲ႕ေအာက္ဘက္မွာ အဲ့မွာ မုေဌာက်ေတာ့ ဒီတိုင္း ပစ္ခတ္ဝင္ၿပီးေတာ့ ေနအိမ္ေတြ မီး႐ႈိ႕တာပါ။”

နတ္ႀကီးေက်းရြာနဲ႔ မုေဌာေက်းရြာ အျဖစ္အပ်က္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက​ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ဒါေပမယ့္ ေဒသခံ PDF ေတြ ေက်းရြာတခ်ိဳ႕မွာ တပ္စြဲၿပီး ခ်င္းတြင္းျမစ္တေၾကာက စစ္ေရယာဥ္ေတြကို ပစ္ခတ္တာေတြ ရွိေနတယ္၊ ဒီအတြက္လည္း PDF ေတြကို လိုက္လံရွင္းလင္းတာမ်ိဳး ရွိတယ္လို႔ စစ္ေကာင္စီက ယခင္က ထုတ္ျပန္ခဲ့ဖူးပါတယ္။

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ အပါအဝင္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား အျပန္အလွန္ တုိက္ပြဲေတြေၾကာင့္ အနီးအနား ေက်းရြာေတြက ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။

မေန႔တုန္းကေတာ့ မုေဌာရြာမွာ ေနအိမ္တခ်ိဳ႕ မီးေလာင္ခဲ့သလို ေက်းရြာသားတဦး ေသဆုံးတယ္လို႔ မ်က္ျမင္ေက်းရြာသားက ေျပာပါတယ္။ စစ္ေကာင္စီတပ္က ရြာထဲ ဝင္ေရာက္ပစ္ခတ္လို႔ ေက်းရြာသားေတြ ေဘးလြတ္ရာ ေျပးခဲ့ရတယ္လို႔ ေဒသခံက ေျပာပါတယ္။

“အင္အားလည္း အမ်ားႀကီးပဲ၊ အိမ္ေတြကို မီး႐ႈိ႕တာ။ (စစ္တပ္)ကုန္းေပၚကို တက္လာၿပီဆိုက်ေတာ့ ရြာထဲ က်န္တဲ့လူက ထြက္ေျပးၾကတာေပါ့ေနာ္။ သူတို႔က ဝင္ၿပီဆို အကုန္လုံးကို ပစ္ခတ္ဝင္တာေလ။ တအားပစ္ခတ္ဝင္တာ၊ ပစ္ခတ္ခဲ့လို႔ တခ်ိဳ႕ဆိုလို႔ရွိရင္ သူတို႔ပစ္ဝင္လာၿပီဆိုမွ တအားေျပးခဲ့ရတာ ရွိတယ္ေလ။ မီးေတြေလာင္တာေတြေရာ၊ အဲ့လိုမ်ိဳး အကုန္လုံး သူတို႔တက္လာၿပီးေတာ့ တအားပစ္လာမွ တခ်ိဳ႕က ထြက္ေျပးခဲ့တာရွိတယ္။ အခု ပိတ္ေနတဲ့လူလည္း ရွိတယ္။ ပစ္သံၾကား ထြက္ေျပးခဲ့ရတာဆိုေတာ့ တခ်ိဳ႕ဆိုလည္း ေစာင္လည္းမပါခဲ့ဘူး။ စားနပ္ရိကၡာမေျပာနဲ႔ ေစာင္ေတြဘာေတြလည္း မပါခဲ့ဘူး။ ကေလးေတြဆိုလည္း အက်ႌ အေႏြးထည္ကအစ မပါခဲ့ဘူးေပါ့ေနာ္။ အဲ့လိုေတြ ေျပးခဲ့ရတာ။”

လက္ရွိအေျခအေနမွာေတာ့ ဒီကေန႔ျဖစ္တဲ့ နတ္ႀကီးေက်းရြာ အပါအဝင္ မုေဌာေက်းရြာနဲ႔ အနီးေက်းရြာသားေတြ အမ်ားအျပားဟာ ေဘးလြတ္ရာ ထြက္ေျပးေနၾကရၿပီး သူတို႔အတြက္ စားေရရိကၡာ အခက္အခဲေတြ ရွိေနတယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကနီမြို့နယ်တွင်း ကျေးရွာနှစ်ရွာ တိုက်ခိုက်ခံရပြီး နေအိမ်တချို့ မီးလောင်

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း နတ်ကြီးကျေးရွာမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်လို့ နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကတော့ အဲဒီအနီးအနား ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရေယာဉ်တချို့ တိုက်ခိုက်ခံရပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကရေးသားပေးပိုတဲ့သတင်းကို နန်းလောဝ် ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကနီမြို့ဝန်းကျင်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း နတ်ကြီးကျေးရွာကို ဝင်ရောက်ပစ်ခတ်လို့ နေအိမ်တချို့ မီးလောင်ဆုံးရှုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအတွင်းက ခုခံတာမျိုး တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာကို တဖက်သတ် ပစ်ခတ်ဝင်ရောက်လာတာလို့ ကျေးရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပစ်ခတ်ဝင်လာပြီးတော့ အိမ်တွေကို တရွာလုံးပုံစံသင့်အောင် မီးရှို့သွားတယ်ဗျ။ ကွက်တိကွက်ကျား ဟိုနားတအိမ် ဒီနားတအိမ် အဲ့လိုလေးတွေ မီးရှို့သွားတယ်ဗျ။ လောင်တာက အိမ် ၂၀ လောက်တော့ ရှိပါတယ်။ ၂၀ ကျော်ရင်လည်း ကျော်သွားနိုင်တယ်။ တိုက်ပွဲမဟုတ်ဘူးဗျ။ သူတို့က ဒီလိုပဲ အဲ့လို ဟိုဟာလုပ်ဆိုရင် ရှိရင် ရမ်းသမ်းပစ်တာပေါ့၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့၊ ကျနော် မြစ်ကမ်းဘေး ရွာလေးဆိုတော့လေ ကျနော်တို့လည်း ပြေးလွှားနေရတဲ့ ဘဝလေး အမြန်ဆုံး လွတ်မြောက်ချင်တာပေါ့။”

မနေ့တုန်းကတော့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တွေ အဲဒီကျေးရွာအနီးမှာ တိုက်ခိုက်ခံရပါတယ်။ အဲလို တိုက်ခိုက်ခံရတဲ့နောက် နတ်ကြီးရွာတဖက်ကမ်းဖြစ်တဲ့ မုဌောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“မုဌောရဲ့အောက်ဘက်မှာ ဘောလုံးကွင်းနားမှာ ကျနော်တို့ဘက်က ပစ်တော့ သူတို့ဘက်က ရေယာဉ်တစီးကို ထိသွားတယ်။ ထိသွားတော့ အဲ့မှာ မီးအနည်းငယ်ဆွဲလောင်ပြီးတော့ အဲ့မုဌောကို ဝင်ကပ်လိုက်တဲ့ သဘောပါ။ မုဌောအောက်ဘက်မှာ ကျနော်တို့ တိုက်ခိုက်တာဆိုတော့ မုဌောဘက်မှာကျတော့ ဒေသခံ ကာကွယ်ရေးတပ်တွေ မရှိတော့ဘူး။ ရွာဘက်ဆိုတော့လေ ရွာနီးရာမှာ ကျနော်တို့ တိုက်ပွဲမဖော်ပါဘူး။ ရွာရဲ့အောက်ဘက်မှာ အဲ့မှာ မုဌောကျတော့ ဒီတိုင်း ပစ်ခတ်ဝင်ပြီးတော့ နေအိမ်တွေ မီးရှို့တာပါ။”

နတ်ကြီးကျေးရွာနဲ့ မုဌောကျေးရွာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံ PDF တွေ ကျေးရွာတချို့မှာ တပ်စွဲပြီး ချင်းတွင်းမြစ်တကြောက စစ်ရေယာဉ်တွေကို ပစ်ခတ်တာတွေ ရှိနေတယ်၊ ဒီအတွက်လည်း PDF တွေကို လိုက်လံရှင်းလင်းတာမျိုး ရှိတယ်လို့ စစ်ကောင်စီက ယခင်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် အပါအဝင် မြို့နယ်အတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန် တိုက်ပွဲတွေကြောင့် အနီးအနား ကျေးရွာတွေက ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

မနေ့တုန်းကတော့ မုဌောရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့သလို ကျေးရွာသားတဦး သေဆုံးတယ်လို့ မျက်မြင်ကျေးရွာသားက ပြောပါတယ်။ စစ်ကောင်စီတပ်က ရွာထဲ ဝင်ရောက်ပစ်ခတ်လို့ ကျေးရွာသားတွေ ဘေးလွတ်ရာ ပြေးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

“အင်အားလည်း အများကြီးပဲ၊ အိမ်တွေကို မီးရှို့တာ။ (စစ်တပ်)ကုန်းပေါ်ကို တက်လာပြီဆိုကျတော့ ရွာထဲ ကျန်တဲ့လူက ထွက်ပြေးကြတာပေါ့နော်။ သူတို့က ဝင်ပြီဆို အကုန်လုံးကို ပစ်ခတ်ဝင်တာလေ။ တအားပစ်ခတ်ဝင်တာ၊ ပစ်ခတ်ခဲ့လို့ တချို့ဆိုလို့ရှိရင် သူတို့ပစ်ဝင်လာပြီဆိုမှ တအားပြေးခဲ့ရတာ ရှိတယ်လေ။ မီးတွေလောင်တာတွေရော၊ အဲ့လိုမျိုး အကုန်လုံး သူတို့တက်လာပြီးတော့ တအားပစ်လာမှ တချို့က ထွက်ပြေးခဲ့တာရှိတယ်။ အခု ပိတ်နေတဲ့လူလည်း ရှိတယ်။ ပစ်သံကြား ထွက်ပြေးခဲ့ရတာဆိုတော့ တချို့ဆိုလည်း စောင်လည်းမပါခဲ့ဘူး။ စားနပ်ရိက္ခာမပြောနဲ့ စောင်တွေဘာတွေလည်း မပါခဲ့ဘူး။ ကလေးတွေဆိုလည်း အင်္ကျီ အနွေးထည်ကအစ မပါခဲ့ဘူးပေါ့နော်။ အဲ့လိုတွေ ပြေးခဲ့ရတာ။”

လက်ရှိအခြေအနေမှာတော့ ဒီကနေ့ဖြစ်တဲ့ နတ်ကြီးကျေးရွာ အပါအဝင် မုဌောကျေးရွာနဲ့ အနီးကျေးရွာသားတွေ အများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး သူတို့အတွက် စားရေရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

XS
SM
MD
LG