သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကနီနယ္တေလွ်ာက္ စစ္ေရယာဥ္ေတြေပၚကေန လက္နက္ႀကီးနဲ႔ပစ္ခတ္


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ထဲမွာ ခ်င္းတြင္းျမစ္တေလွ်ာက္သြားလာ ကင္းလွည့္ေနတဲ့ စစ္ေရယာဥ္ေတြေပၚကေန ကမ္းေပၚက ႐ြာေတြရွိရာဘက္ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတာေၾကာင့္ ေက်း႐ြာ ၇ ခုထက္မနည္းက ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကပါတယ္။ အိုင္ေတာင္ေက်း႐ြာေပၚ ေသာၾကာေန႔ညက လက္နက္ ႀကီးက်ည္က်လို႔ ေဒသခံေတြ ၃ ဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ကနီနယ္ဘက္ကအေျခအေနေတြကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ကနီၿမိဳ႕နယ္ထဲက ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းမွာရွိတဲ့ အိုင္ေတာင္ေက်း ႐ြာဘက္ကို ခ်င္းတြင္းျမစ္ထဲ သြားလာေနတဲ့ စစ္ေကာင္စီတပ္ရဲ႕ စစ္ေရယာဥ္ေပၚကေန လက္နက္ႀကီးေတြနဲ႔ ေသာၾကာေန႔က ပစ္ခတ္လို႔ ေဒသခံ ၃ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ညလုံးေပါက္ လက္နက္ေတြနဲ႔ ပစ္ခတ္လို႔ ေနအိမ္ ၁ လုံး မီးေလာင္ခဲ့တဲ့အျပင္ အိမ္ ၇ လုံးထက္မနည္းလည္း ထိခိုက္ပ်က္စီးခဲ့ပါတယ္။

“လက္နက္ႀကီးက်ည္က်ေရာက္ၿပီးေတာ့မွ ထိခိုက္ဒဏ္ရာရသြားတဲ့ ျပည္သူက ၃ ဦးပါ။ တေယာက္ကက်ေတာ့ လက္ဖ်ံေပ့ါေနာ္ ထိခိုက္သြားတယ္၊ တေယာက္က လက္ေခ်ာင္းကို လက္နက္ႀကီးမွန္သြားတယ္၊ ေနာက္တေယာက္ကေတာ့ ထိခိုက္ သြားတယ္။ ၃ ေယာက္ရွိတယ္။ ေနာက္ ႏြားအျဖဴတေကာင္လည္း လက္နက္ႀကီးမွန္ၿပီးေတာ့မွ ဒီႏြားရဲ႕ဘယ္ဘက္ျခမ္း အေတာ္ေလး ထိခိုက္မႈျဖစ္သြားတယ္။ ဒါအခုမနက္ကို ေသဆုံးသြားတယ္လို႔လည္း အေၾကာင္းၾကားလာတယ္။”

ေသာၾကာေန႔အေစာပိုင္းက ခ်င္းတြင္းျမစ္ထဲ သြားလာေနတဲ့ စစ္တပ္ေရယာဥ္ကို ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ပစ္ခတ္တဲ့အတြက္ တိုက္ပြဲငယ္ျဖစ္ပြားခဲ့ပါတယ္။ အဲဒီတိုက္ပြဲျဖစ္ၿပီးေနာက္ ညဘက္မွာ စစ္တပ္ဘက္က ခ်င္းတြင္းျမစ္ကမ္းေပၚက ႐ြာဘက္ကို လက္နက္ႀကီးေတြနဲ႔ တရစပ္ပစ္ခတ္တယ္လို႔ ေဒသခံက ေျပာျပပါတယ္။

“ဘယ္လိုေၾကာင့္ထုတာလဲဆိုေတာ့ သူတို႔က ဟိုဘက္ကလည္း ထုတဲ့အဖြဲ႕ရွိတဲ့အခါက်ေတာ့ က်ေနာ္တို႔႐ြာနဲ႔ တည့္တည့္မွာ အိပ္ၿပီး ညက်ေတာ့ သူက ေတာက္ေလွ်ာက္ပစ္ေတာ့တာေလ၊ က်ေနာ္တို႔ ဒီဘက္က ျပန္ထုမယ့္ပုံစံမ်ိဳး ထင္ၿပီး သူတို႔ မရပ္မနားပစ္ေတာ့တာပဲ။ ညေနပိုင္းေလာက္မွာ တိုက္ပြဲ အဲ့နားျဖစ္လိုက္ေသးတာေလ။ အဲ့ဒီ အနီးအနားေပါ့ အိုင္ေတာင္႐ြာရဲ႕ အနီးအနားေလးေတြျဖစ္တာ။”

ဒီဇင္ဘာ ၁၈ ရက္ စေနေန႔မနက္ပိုင္းကလည္း အိုင္ေတာင္႐ြာေတာင္ဘက္ ၃ မိုင္ အကြာေလာက္မွာ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့တဲ့အတြက္ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဘက္က ၁ ဦးေသဆုံးခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႕ဘက္က ေျပာပါတယ္။ ကနီနယ္ဘက္မွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ လႈပ္ရွားတာေၾကာင့္ စစ္တပ္က ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ရွိႏိုင္မယ္ထင္တဲ့ေနရာေတြကို ပစ္ခတ္ေနတာျဖစ္ပါတယ္။ ခုလို ခ်င္းတြင္းျမစ္ထဲကေန စစ္တပ္က ပစ္ခတ္ေနတဲ့အတြက္ အိုင္ေတာင္ေက်း႐ြာအပါအဝင္ ေက်း႐ြာ ၇ ႐ြာေလာက္က ေဒသခံေတြ ေဘးကင္းရာဘက္ ထြက္ေျပးခဲ့ၾကပါတယ္။ ခ်င္းတြင္းျမစ္ထဲ သြားလာေနတ့ စစ္ေကာင္စီ ေရယာဥ္ေတြ အခုလို ေက်း႐ြာေတြရွိရာဘက္ကို လက္နက္ႀကီးနဲ႔ ပစ္ခတ္လို႔ ေဒသခံေတြ ထြက္ေျပးေနရတာ ၈ ႀကိမ္ထက္မနည္း ရွိသြားၿပီးလို႔ အဲ့ဒီေဒသခံက ဆက္ေျပာပါတယ္။

“သူတို႔စုန္တိုင္း ဆန္တိုင္း က်ေနာ္တို႔ေတာက္ေလွ်ာက္ပဲ ေျပးေနရတယ္၊ ၇ ႀကိမ္ ၈ ႀကိမ္ေလာက္ ရွိေနၿပီ။ သူတို႔ဆန္တိုင္း စုန္တိုင္း က်ေနာ္တို႔က အဲ့လိုေတြ ေျပးေနရတာ၊ အခု တကယ္ထိသြားတဲ့ အိမ္ေတြက်ေတာ့ ျပန္လည္ထူေထာင္ဖို႔က် အေတာ္ ခဲယဥ္းတယ္။ အလုပ္အကိုင္ကအစ အကုန္လုံးခဲယဥ္းေနေတာ့ေလ၊ အခုမီးေလာင္ တဲ့အိမ္တို႔ ျပန္လည္ျပဳျပင္ေရးက်ေတာ့ အေတာ္ေလးကို အခက္အခဲျဖစ္ေနတယ္။”

အခုလို ေဘးလြတ္ရာ ထြက္ေျပးရတဲ့ ေဒသခံေတြ ေနရပ္မျပန္ခင္မေပါက္ကြဲေသး တဲ့ လက္နက္ႀကီးက်ည္ေတြ၊ ထိခိုက္ပ်က္စီးခဲ့တဲ့ ေနအိမ္ေတြကို ရွင္းလင္းေရးကိုလည္း ေဒသခံေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြလုပ္ေပးေနၾကပါတယ္။ အႏၲရာယ္ကင္းၿပီလို႔ ယူဆရတဲ့ ေက်း႐ြာတခ်ိဳ႕ျပန္ႏိုင္ေပမယ့္ ကနီနဲ႔ ယင္းမာပင္ နယ္စပ္ဘက္မွာ စစ္ေကာင္စီကဘက္ စစ္ေၾကာင္း ၃ ေၾကာင္း တက္လာတဲ့အတြက္ ထိုးစစ္ဆင္လာမွာ စိုးရိမ္ၿပီး ေဒသခံေတြ ဒီေန႔အထိ တိမ္းေရွာင္ ထြက္ေပးေနၾကပါတယ္။

“အႏၲရာယ္ကင္းတဲ့ ေက်း႐ြာေတြကို က်ေနာ္တို႔ျပန္လည္ၿပီးေတာ့မွ ဝင္ခြင့္ျပဳထားပါၿပီ။ သို႔ေပမယ့္ အခုလက္ရွိ ကနီနယ္စပ္မွာလည္း ဒီစစ္ေၾကာင္းက နယ္ေျမ သုံးေၾကာင္း သုံးေနရာကေနၿပီးေတာ့မွ ဒီဘက္ကို ထိုးစစ္ဆင္လာတဲ့ အခုလက္ရွိအေနအထားမွာ ရွိေနတဲ့အတြက္လည္း အဲ့ဒီထိုးစစ္ဆင္တဲ့ လမ္းေၾကာင္း ဦးတည္ခ်က္ မွာရွိတဲ့ ေက်း႐ြာေတြေပါ့ေနာ္ ယင္းမာပင္နဲ႔ကနီနယ္စပ္က ေက်း႐ြာေတြက ေဒသခံျပည္သူလူထုက ဝင္ေရာက္လာတဲ့အတြက္ က်ေနာ္တို႔ သူတို႔ေနရာခ်ထားႏိုင္မႈကိစၥေတြ... ဒါေတြကိုေတာ့ က်ေနာ္တို႔ ျဖန႔္က်က္ၿပီးေတာ့ ျပန္လည္ၿပီးေတာ့ စီစဥ္ေနပါတယ္။”

ေဘးလြတ္ရာ လာေနၾကသူေတြကို ကူညီေပးေနသူ ေျပာျပတာပါ။ ခုလို ထြက္ေျပးေနၾကတဲ့ ဒုကၡသည္ေထာင္ခ်ီရွိေနတဲ့အတြက္ ေနေရး စားေရး အဆင္မေျပမႈေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကနီနယ်တလျှောက် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ချင်းတွင်းမြစ်တလျှောက်သွားလာ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ ကမ်းပေါ်က ရွာတွေရှိရာဘက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် ကျေးရွာ ၇ ခုထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အိုင်တောင်ကျေးရွာပေါ် သောကြာနေ့ညက လက်နက် ကြီးကျည်ကျလို့ ဒေသခံတွေ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ကနီနယ်ဘက်ကအခြေအနေတွေကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ကနီမြို့နယ်ထဲက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ အိုင်တောင်ကျေး ရွာဘက်ကို ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ သောကြာနေ့က ပစ်ခတ်လို့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ညလုံးပေါက် လက်နက်တွေနဲ့ ပစ်ခတ်လို့ နေအိမ် ၁ လုံး မီးလောင်ခဲ့တဲ့အပြင် အိမ် ၇ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

“လက်နက်ကြီးကျည်ကျရောက်ပြီးတော့မှ ထိခိုက်ဒဏ်ရာရသွားတဲ့ ပြည်သူက ၃ ဦးပါ။ တယောက်ကကျတော့ လက်ဖျံပေ့ါနော် ထိခိုက်သွားတယ်၊ တယောက်က လက်ချောင်းကို လက်နက်ကြီးမှန်သွားတယ်၊ နောက်တယောက်ကတော့ ထိခိုက် သွားတယ်။ ၃ ယောက်ရှိတယ်။ နောက် နွားအဖြူတကောင်လည်း လက်နက်ကြီးမှန်ပြီးတော့မှ ဒီနွားရဲ့ဘယ်ဘက်ခြမ်း အတော်လေး ထိခိုက်မှုဖြစ်သွားတယ်။ ဒါအခုမနက်ကို သေဆုံးသွားတယ်လို့လည်း အကြောင်းကြားလာတယ်။”

သောကြာနေ့အစောပိုင်းက ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်တပ်ရေယာဉ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တဲ့အတွက် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပြီးနောက် ညဘက်မှာ စစ်တပ်ဘက်က ချင်းတွင်းမြစ်ကမ်းပေါ်က ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်တယ်လို့ ဒေသခံက ပြောပြပါတယ်။

“ဘယ်လိုကြောင့်ထုတာလဲဆိုတော့ သူတို့က ဟိုဘက်ကလည်း ထုတဲ့အဖွဲ့ရှိတဲ့အခါကျတော့ ကျနော်တို့ရွာနဲ့ တည့်တည့်မှာ အိပ်ပြီး ညကျတော့ သူက တောက်လျှောက်ပစ်တော့တာလေ၊ ကျနော်တို့ ဒီဘက်က ပြန်ထုမယ့်ပုံစံမျိုး ထင်ပြီး သူတို့ မရပ်မနားပစ်တော့တာပဲ။ ညနေပိုင်းလောက်မှာ တိုက်ပွဲ အဲ့နားဖြစ်လိုက်သေးတာလေ။ အဲ့ဒီ အနီးအနားပေါ့ အိုင်တောင်ရွာရဲ့ အနီးအနားလေးတွေဖြစ်တာ။”

ဒီဇင်ဘာ ၁၈ ရက် စနေနေ့မနက်ပိုင်းကလည်း အိုင်တောင်ရွာတောင်ဘက် ၃ မိုင် အကွာလောက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ ကနီနယ်ဘက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတာကြောင့် စစ်တပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။ ခုလို ချင်းတွင်းမြစ်ထဲကနေ စစ်တပ်က ပစ်ခတ်နေတဲ့အတွက် အိုင်တောင်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေ ဘေးကင်းရာဘက် ထွက်ပြေးခဲ့ကြပါတယ်။ ချင်းတွင်းမြစ်ထဲ သွားလာနေတ့ စစ်ကောင်စီ ရေယာဉ်တွေ အခုလို ကျေးရွာတွေရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရတာ ၈ ကြိမ်ထက်မနည်း ရှိသွားပြီးလို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

“သူတို့စုန်တိုင်း ဆန်တိုင်း ကျနော်တို့တောက်လျှောက်ပဲ ပြေးနေရတယ်၊ ၇ ကြိမ် ၈ ကြိမ်လောက် ရှိနေပြီ။ သူတို့ဆန်တိုင်း စုန်တိုင်း ကျနော်တို့က အဲ့လိုတွေ ပြေးနေရတာ၊ အခု တကယ်ထိသွားတဲ့ အိမ်တွေကျတော့ ပြန်လည်ထူထောင်ဖို့ကျ အတော် ခဲယဉ်းတယ်။ အလုပ်အကိုင်ကအစ အကုန်လုံးခဲယဉ်းနေတော့လေ၊ အခုမီးလောင် တဲ့အိမ်တို့ ပြန်လည်ပြုပြင်ရေးကျတော့ အတော်လေးကို အခက်အခဲဖြစ်နေတယ်။”

အခုလို ဘေးလွတ်ရာ ထွက်ပြေးရတဲ့ ဒေသခံတွေ နေရပ်မပြန်ခင်မပေါက်ကွဲသေး တဲ့ လက်နက်ကြီးကျည်တွေ၊ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ရှင်းလင်းရေးကိုလည်း ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလုပ်ပေးနေကြပါတယ်။ အန္တရာယ်ကင်းပြီလို့ ယူဆရတဲ့ ကျေးရွာတချို့ပြန်နိုင်ပေမယ့် ကနီနဲ့ ယင်းမာပင် နယ်စပ်ဘက်မှာ စစ်ကောင်စီကဘက် စစ်ကြောင်း ၃ ကြောင်း တက်လာတဲ့အတွက် ထိုးစစ်ဆင်လာမှာ စိုးရိမ်ပြီး ဒေသခံတွေ ဒီနေ့အထိ တိမ်းရှောင် ထွက်ပေးနေကြပါတယ်။

“အန္တရာယ်ကင်းတဲ့ ကျေးရွာတွေကို ကျနော်တို့ပြန်လည်ပြီးတော့မှ ဝင်ခွင့်ပြုထားပါပြီ။ သို့ပေမယ့် အခုလက်ရှိ ကနီနယ်စပ်မှာလည်း ဒီစစ်ကြောင်းက နယ်မြေ သုံးကြောင်း သုံးနေရာကနေပြီးတော့မှ ဒီဘက်ကို ထိုးစစ်ဆင်လာတဲ့ အခုလက်ရှိအနေအထားမှာ ရှိနေတဲ့အတွက်လည်း အဲ့ဒီထိုးစစ်ဆင်တဲ့ လမ်းကြောင်း ဦးတည်ချက် မှာရှိတဲ့ ကျေးရွာတွေပေါ့နော် ယင်းမာပင်နဲ့ကနီနယ်စပ်က ကျေးရွာတွေက ဒေသခံပြည်သူလူထုက ဝင်ရောက်လာတဲ့အတွက် ကျနော်တို့ သူတို့နေရာချထားနိုင်မှုကိစ္စတွေ... ဒါတွေကိုတော့ ကျနော်တို့ ဖြန့်ကျက်ပြီးတော့ ပြန်လည်ပြီးတော့ စီစဉ်နေပါတယ်။”

ဘေးလွတ်ရာ လာနေကြသူတွေကို ကူညီပေးနေသူ ပြောပြတာပါ။ ခုလို ထွက်ပြေးနေကြတဲ့ ဒုက္ခသည်ထောင်ချီရှိနေတဲ့အတွက် နေရေး စားရေး အဆင်မပြေမှုတွေရှိနေပါတယ်။

#MyanmarMilitary #MyanmarViolence #KaniFighting #VOABurmese

#စစ်ကိုင်း၊ကနီ #ယင်းမာပင် #လက်နက်ကြီး #ချင်းတွင်းအနောက်ဘက် #စစ်ကောင်စီ #ဗွီအိုအေ

================

XS
SM
MD
LG