သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ ေလေၾကာင္းတိုက္ခိုက္ 


စစ္ေကာင္စီတပ္ ေလေၾကာင္းကတုိက္ခုိက္ခံရတဲ့ ထီးခ်ဳိင့္ၿမိဳ႕ရွိရာ ကသာခ႐ိုင္ (ဓာတ္ပံု-MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္းက မရသိမ္ေက်း႐ြာကို စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္တာေၾကာင့္ အေဆာက္အဦးတခ်ိဳ႕ မီးေလာင္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ေနရာတခ်ိဳ႕မွာ စစ္တပ္က နယ္ေျမရွင္းလင္းရွာေဖြတာေတြကို ဆက္လုပ္ေနတဲ့ အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္ထဲက မရသိမ္ေက်း႐ြာတဝိုက္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြရွိႏိုင္တဲ့ေနရာကို စစ္ေကာင္စီက ဒီေန႔ ဇန္နဝါရီလ ၁၃ ရက္အေစာပိုင္းက တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ မရသိမ္ေက်း႐ြာကေတာ့ ကခ်င္ျပည္နယ္နဲ႔ ကပ္ေနတဲ့ ကသာခ႐ိုင္ထဲက ထီးခ်ိဳင့္ၿမိဳ႕နဲ႔ ၅ မိုင္ေလာက္အကြာမွာရွိပါတယ္။ ႐ြာအေပၚ ဗုံးႀကဲတိုက္ခိုက္မႈ ေၾကာင့္ ႐ြာထဲက စာသင္ေက်ာင္းအပါအဝင္ အေဆာက္အဦးတခ်ိဳ႕ ထိခိုက္ ပ်က္စီးခဲ့တယ္လို႔ ထီးခ်ိဳင့္ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေလယာဥ္နဲ႔က ဒီကေန႔မနက္မွာ လာႀကဲသြားတာ ဒီကေန႔မနက္ ၁၀ နာရီမွေလ။ မရသိမ္ ႐ြာနဲ႔ အနီးတဝိုက္မွာေပါ့။ အဲ့စခန္းကို ဝင္ဖို႔အတြက္ လြန္ခဲ့တဲ့ရက္ေတြကတည္းက ႀကိဳတင္ျပင္ဆင္ေနၿပီးေတာ့မွ အဲ့နားက အနီးတဝိုက္႐ြာေတြကို သူတို႔ေရာက္ခဲ့ တယ္ေပါ့။ ေရာက္ၿပီးေတာ့မွ ဝင္မလို႔လုပ္တဲ့အခ်ိန္မွာ တိုက္ပြဲေတြ အနည္းက်ဥ္းေပါ့ေလ ထိေတြ႕တာေတြရွိခဲ့တဲ့အခါက်ေတာ့ အဲ့ဒါကို ရွင္းလင္းတဲ့အေနနဲ႔ ဒီကေန႔ မနက္မွာ ဂ်က္ဖိုက္တာ ၂ စီးနဲ႔ ႀကဲသြားတာေပါ့။ ႀကဲသြားတာက ႐ြာကိုေတာ့ ထိသြားတာေပါ့။ ႐ြာက စာသင္ေက်ာင္းကိုထိတယ္။ ႐ြာထဲက ၃ အိမ္ေလာက္ထိတယ္။ ေလာေလာဆယ္ ရတဲ့စာရင္းေပါ့ဗ်ာ။ က်ေနာ္တို႔လည္း ႐ြာထဲထိ မကပ္ႏိုင္ေသးေတာ့ ဘယ္ေလာက္ထိ ထိသြားလဲဆိုတာ အျမင္အရ ၃ အိမ္ ထိသြားတယ္ေပါ့။ ေလယာဥ္ႀကဲသြားတဲ့အခ်ိန္မွာ ထိခိုက္ဒဏ္ရာရတာ မရွိေသးဘူး။ ကာကြယ္ေရးသမားေတြဘက္ကေပါ့။ ျပည္သူေတြက အနည္းငယ္ထိတယ္လို႔ၾကားေပမယ့္ ေလာေလာဆယ္ အတည္ျပဳလို႔မရေသးဘူး။”

စစ္ေကာင္စီတပ္ေတြဟာ လြန္ခဲ့တဲ့ သုံးရက္ေလာက္ကတည္းက အင္းေတာ္ၿမိဳ႕ဘက္ကေန ခ်ီတက္လာတာျဖစ္ၿပီး ထီးခ်ိဳင့္ၿမိဳ႕ကို ဗုဒၶဟူးေန႔က ေရာက္ရွိ စခန္းခ်ၿပီးတဲ့ေနာက္ အနီးအနားေနရာေတြကို နယ္ေျမရွင္းလင္းေနတာလည္းျဖစ္ပါတယ္။ ေဒသခံေတြကေတာ့ စစ္ေကာင္စီတပ္ေတြ ေရာက္လာတဲ့အတြက္ ႀကိဳတင္ၿပီး ေက်း႐ြာေတြကို စြန႔္ခြါ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကပါတယ္။

ကသာၿမိဳ႕နယ္ထဲက မိုးတားႀကီးေက်း႐ြာကိုလည္း မေန႔က စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့ပါတယ္။

တိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ရွိေနႏိုင္တဲ့ေနရာေတြအေပၚ စစ္တပ္က နယ္ေျမ ရွင္းလင္း တိုက္ခိုက္တာေတြ အခုရက္ပိုင္းလုပ္ေနတာပါ။ အေနာက္ေျမာင္တိုင္း စစ္ဌာနခ်ဳပ္ရွိတဲ့ မုံ႐ြာအနီး ယင္းမာပင္ခ႐ိုင္ ပုလဲၿမိဳ႕နယ္ထဲက ဦးေႏွာက္႐ြာမွာလည္း ဇန္နဝါရီ ၁၀ ရက္က ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ အစည္းေဝးလုပ္ေနခ်ိန္ စစ္ေကာင္စီက ေလေၾကာင္းကေနပါတိုက္ခိုက္ၿပီး နယ္ေျမရွင္းလင္းခဲ့လို႔ ေဒသခံေတြ ထြက္ေျပးခဲ့ၾကရပါတယ္။ ႐ြာထဲကို စစ္သားေတြဝင္လာလို႔ ႐ြာသားေတြ ထြက္ေျပးခဲ့ရတယ္လို႔ ပုလဲၿမိဳ႕ခံတဦးက ေျပာပါတယ္။

“အေျခအေနကဆိုးတယ္။ ႐ြာထဲမွာ သူတို႔ေမႊထားတာ။ ႐ြာကအိမ္ေတြထဲက စားစရာေတြေပ့ါဗ်ာ- ဆန္ေတြဘာေတြဆိုရင္ လမ္းေတြေပၚ အကုန္ျဖန႔္က်ဲပစ္တာ။ ႐ြာသားေတြက ကစဥ့္ကလ်ားနဲ႔ ေျပးတာ။ တခ်ိဳ႕ဆိုရင္ အကန္ခံရေတာ့ လက္ထဲပါတဲ့ ေငြထုတ္ေလးေတြ အကန္ခံရေတာ့ ျပဳတ္က်တာေတြဆိုရင္ သူတို႔က အကုန္ေကာက္ယူတာေတြ၊ အေဝးေတြေပါ့ ႐ြာအနီးက မိတ္ေဆြေတြဘာေတြ ႐ြာေတြမွာ ေ႐ႊ႕ေနရတာေတြရွိတယ္။ တခ်ိဳ႕တဝက္ ေယာက္က်ားေလးေတြကေတာ့ ဝင္ၾကတယ္ေပါ့။ မိန္းမေတြကေတာ့ ႐ြာမွာမရွိဘူး။ ေဘး႐ြာေတြမွာပဲေနရတယ္။”

အဲဒီေဒသဘက္မွာ စစ္တပ္က အင္အားေတြျဖည့္ေနၿပီး ထိုးစစ္ဆင္ဖို႔ ျပင္ေနပုံရတယ္လို႔ ပုလဲ PDF တာဝန္ရွိသူတဦးက လည္း ေျပာပါတယ္။

“စစ္ေကာင္စီဘက္က အလုံးအရင္းနဲ႔ အင္အားျဖန႔္ၿပီးေတာ့ အျခားနယ္ေျမေဒသ ေက်း႐ြာေတြအထိ ထိုးစစ္ဆင္ဖို႔ သူတို႔ ျပင္ဆင္ၿပီးလႈပ္ရွားေနတာရွိတယ္။ လက္ရွိသူတို႔က ေစာေစာပိုင္းက ဗိုလ္နဂါးကို အမိအရ ဖမ္းဆီးဖို႔ ႀကံစည္တဲ့ပုံမွာ ဗိုလ္နဂါး ဖမ္းဆီးမႈကေန လြတ္ေျမာက္သြားတဲ့အခါမွာ လက္ရွိ ပုလဲနယ္ကို ထိုးစစ္ဆင္ဖို႔ လုပ္ေဆာင္ေနတာခင္ဗ်။ PDF ေတြက ေစာင့္ၾကည့္ၿပီးေတာ့ လိုက္လံၿပီး အေနအထားအလိုက္ ေ႐ြ႕လ်ားမႈပဲရွိေသးတယ္။ ဘယ္လိုမွ ရင္ဆိုင္လို႔မျဖစ္ေသးတဲ့အခါမွာ ထိပ္တိုက္ရင္ဆိုင္လို႔မျဖစ္ေသးဘူး။ ဒီ့ထက္ တိုးခ်ဲ႕ၿပီး လုပ္ေဆာင္လာမယ္ဆိုရင္ သက္ဆိုင္ရာ က်ေနာ္တို႔ရဲ႕ နည္းဗ်ဴဟာ၊ က်ေနာ္တို႔ရဲ႕ပုံစံမ်ိဳးနဲ႔ အဖက္ဖက္ကေန ျပန္လည္ ခုခံသြားဖို႔ရွိပါတယ္။”

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့ ေနရာေတြထဲက ကာကြယ္ေရးအဖြဲ႕ေတြအားေကာင္းတဲ့ တခ်ိဳ႕ေနရာေတြအေပၚ ေလေၾကာင္းတိုက္ခိုက္တာေတြကိုလည္း အားျဖည့္လုပ္ေနပါတယ္။ စစ္ေရးအရ လိုအပ္ရင္ ေလေၾကာင္းကေန တိုက္ခိုက္မွာ ျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

[[Unicode]]

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းက မရသိမ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အဆောက်အဦးတချို့ မီးလောင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက နေရာတချို့မှာ စစ်တပ်က နယ်မြေရှင်းလင်းရှာဖွေတာတွေကို ဆက်လုပ်နေတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲက မရသိမ်ကျေးရွာတဝိုက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရှိနိုင်တဲ့နေရာကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်အစောပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မရသိမ်ကျေးရွာကတော့ ကချင်ပြည်နယ်နဲ့ ကပ်နေတဲ့ ကသာခရိုင်ထဲက ထီးချိုင့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိပါတယ်။ ရွာအပေါ် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ရွာထဲက စာသင်ကျောင်းအပါအဝင် အဆောက်အဦးတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ထီးချိုင့်ဒေသခံတဦးက အခုလိုပြောပါတယ်။

“လေယာဉ်နဲ့က ဒီကနေ့မနက်မှာ လာကြဲသွားတာ ဒီကနေ့မနက် ၁၀ နာရီမှလေ။ မရသိမ် ရွာနဲ့ အနီးတဝိုက်မှာပေါ့။ အဲ့စခန်းကို ဝင်ဖို့အတွက် လွန်ခဲ့တဲ့ရက်တွေကတည်းက ကြိုတင်ပြင်ဆင်နေပြီးတော့မှ အဲ့နားက အနီးတဝိုက်ရွာတွေကို သူတို့ရောက်ခဲ့ တယ်ပေါ့။ ရောက်ပြီးတော့မှ ဝင်မလို့လုပ်တဲ့အချိန်မှာ တိုက်ပွဲတွေ အနည်းကျဉ်းပေါ့လေ ထိတွေ့တာတွေရှိခဲ့တဲ့အခါကျတော့ အဲ့ဒါကို ရှင်းလင်းတဲ့အနေနဲ့ ဒီကနေ့ မနက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကြဲသွားတာပေါ့။ ကြဲသွားတာက ရွာကိုတော့ ထိသွားတာပေါ့။ ရွာက စာသင်ကျောင်းကိုထိတယ်။ ရွာထဲက ၃ အိမ်လောက်ထိတယ်။ လောလောဆယ် ရတဲ့စာရင်းပေါ့ဗျာ။ ကျနော်တို့လည်း ရွာထဲထိ မကပ်နိုင်သေးတော့ ဘယ်လောက်ထိ ထိသွားလဲဆိုတာ အမြင်အရ ၃ အိမ် ထိသွားတယ်ပေါ့။ လေယာဉ်ကြဲသွားတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရတာ မရှိသေးဘူး။ ကာကွယ်ရေးသမားတွေဘက်ကပေါ့။ ပြည်သူတွေက အနည်းငယ်ထိတယ်လို့ကြားပေမယ့် လောလောဆယ် အတည်ပြုလို့မရသေးဘူး။”

စစ်ကောင်စီတပ်တွေဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက အင်းတော်မြို့ဘက်ကနေ ချီတက်လာတာဖြစ်ပြီး ထီးချိုင့်မြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိ စခန်းချပြီးတဲ့နောက် အနီးအနားနေရာတွေကို နယ်မြေရှင်းလင်းနေတာလည်းဖြစ်ပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေ ရောက်လာတဲ့အတွက် ကြိုတင်ပြီး ကျေးရွာတွေကို စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ကသာမြို့နယ်ထဲက မိုးတားကြီးကျေးရွာကိုလည်း မနေ့က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနေနိုင်တဲ့နေရာတွေအပေါ် စစ်တပ်က နယ်မြေ ရှင်းလင်း တိုက်ခိုက်တာတွေ အခုရက်ပိုင်းလုပ်နေတာပါ။ အနောက်မြောင်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မုံရွာအနီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာမှာလည်း ဇန်နဝါရီ ၁၀ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေပါတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းခဲ့လို့ ဒေသခံတွေ ထွက်ပြေးခဲ့ကြရပါတယ်။ ရွာထဲကို စစ်သားတွေဝင်လာလို့ ရွာသားတွေ ထွက်ပြေးခဲ့ရတယ်လို့ ပုလဲမြို့ခံတဦးက ပြောပါတယ်။

“အခြေအနေကဆိုးတယ်။ ရွာထဲမှာ သူတို့မွှေထားတာ။ ရွာကအိမ်တွေထဲက စားစရာတွေပေ့ါဗျာ- ဆန်တွေဘာတွေဆိုရင် လမ်းတွေပေါ် အကုန်ဖြန့်ကျဲပစ်တာ။ ရွာသားတွေက ကစဉ့်ကလျားနဲ့ ပြေးတာ။ တချို့ဆိုရင် အကန်ခံရတော့ လက်ထဲပါတဲ့ ငွေထုတ်လေးတွေ အကန်ခံရတော့ ပြုတ်ကျတာတွေဆိုရင် သူတို့က အကုန်ကောက်ယူတာတွေ၊ အဝေးတွေပေါ့ ရွာအနီးက မိတ်ဆွေတွေဘာတွေ ရွာတွေမှာ ရွှေ့နေရတာတွေရှိတယ်။ တချို့တဝက် ယောက်ကျားလေးတွေကတော့ ဝင်ကြတယ်ပေါ့။ မိန်းမတွေကတော့ ရွာမှာမရှိဘူး။ ဘေးရွာတွေမှာပဲနေရတယ်။”

အဲဒီဒေသဘက်မှာ စစ်တပ်က အင်အားတွေဖြည့်နေပြီး ထိုးစစ်ဆင်ဖို့ ပြင်နေပုံရတယ်လို့ ပုလဲ PDF တာဝန်ရှိသူတဦးက လည်း ပြောပါတယ်။

“စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ အင်အားဖြန့်ပြီးတော့ အခြားနယ်မြေဒေသ ကျေးရွာတွေအထိ ထိုးစစ်ဆင်ဖို့ သူတို့ ပြင်ဆင်ပြီးလှုပ်ရှားနေတာရှိတယ်။ လက်ရှိသူတို့က စောစောပိုင်းက ဗိုလ်နဂါးကို အမိအရ ဖမ်းဆီးဖို့ ကြံစည်တဲ့ပုံမှာ ဗိုလ်နဂါး ဖမ်းဆီးမှုကနေ လွတ်မြောက်သွားတဲ့အခါမှာ လက်ရှိ ပုလဲနယ်ကို ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတာခင်ဗျ။ PDF တွေက စောင့်ကြည့်ပြီးတော့ လိုက်လံပြီး အနေအထားအလိုက် ရွေ့လျားမှုပဲရှိသေးတယ်။ ဘယ်လိုမှ ရင်ဆိုင်လို့မဖြစ်သေးတဲ့အခါမှာ ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်သေးဘူး။ ဒီ့ထက် တိုးချဲ့ပြီး လုပ်ဆောင်လာမယ်ဆိုရင် သက်ဆိုင်ရာ ကျနော်တို့ရဲ့ နည်းဗျူဟာ၊ ကျနော်တို့ရဲ့ပုံစံမျိုးနဲ့ အဖက်ဖက်ကနေ ပြန်လည် ခုခံသွားဖို့ရှိပါတယ်။”

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ နေရာတွေထဲက ကာကွယ်ရေးအဖွဲ့တွေအားကောင်းတဲ့ တချို့နေရာတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေကိုလည်း အားဖြည့်လုပ်နေပါတယ်။ စစ်ရေးအရ လိုအပ်ရင် လေကြောင်းကနေ တိုက်ခိုက်မှာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ထီးချိုင့် #စစ်ပြေးဒုက္ခသည် #ပုလဲ #ဗိုလ်နဂါး #ဗွီအိုအေမြန်မာပိုင်း

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG