သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကနီ ဒေသခံတွေ ဘေးလွတ်ရာ ပုန်းရှောင်


ကနီမြို့အနီး မင်းကင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ (ယခင်မှတ်တမ်းဓါတ်ပုံ) CJ
ကနီမြို့အနီး မင်းကင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ (ယခင်မှတ်တမ်းဓါတ်ပုံ) CJ

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကနီ ဒေသခံတွေ ဘေးလွတ်ရာ ပုန်းရှောင်

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ကနီမြို့နယ် အိုင်တောင်ကျေးရွာဘက်မှာ စစ်ကောင်စီက သောကြာနေ့ ညဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်မီးလောင်မှုတချို့ရှိနေသလို အိုင်တောင်ကျေးရွာ အပါအဝင် ဝန်းကျင် ကျေးရွာ ၇ ရွာကလောက် က ဒေသခံတွေဟာ ညဘက်မှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီစစ်ရေယာဉ်ဟာ အိုင်တောင်ကျေးရွာဘက်မှာ ညအိပ်ရပ်နားရင်း လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိပဲ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

မြစ်တဖက်ကမ်းကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဖက်ကို ပစ်ခတ်နေတာ (ပစ်ခတ်သံများ) စစ်ကောင်စီဖက်က ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ထု့နေတာ။ ညနေကတည်းကတိုင်ထု့နေတာပဲ။

ပစ်ခတ်မှုဟာ စစ်ကောင်စီရဲ့ စစ်ရေယာဉ်ကဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်တွေဘက်က ပြန်လှန်ပစ်ခတ်တာတော့ မကြားရဘူးလို့ ပြောပါတယ်။

အခုလို ပစ်ခတ်နေတဲ့ အတွက် မီးလောင်ကျွမ်းမှုတွေ ဖြစ်နေပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

စကခရေယာဉ်အုပ်စုက ဒါ။ အိုင်တောင်ရွာရဲတဖက်ကမ်းမှာ သူတို့ညအိပ်ရပ်နားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ။ ပစ်ခတ်တဲ့လက်နက်ကြီးတွေကနေ ကျရောက်ပြီး လူနေအိမ်တွေမီးလောင်ကုန်တာ။ အိုင်တောင်ကျေးရွာအနီးကကျေးရွာတွေက ဘေးလွတ်ရာအကုန်ပြေးနေကြရတာ။ ကျေးရွာပေါင်း ၇ရွာလောက်က ပြေးနေကြရတာပါ။

ဒီပတ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူ ရှိမရှိတော့ ခုထိ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရေယာဉ်အုပ်စုဟာ မဲဒင်ရွာအနီး သောင်တင်နေချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွါးခဲ့ ပါတယ်။

ချင်းတွင်း မြစ်ကြောင်းတလျှောက် မကြာခင်လတွေ အတွင်း စစ်ရေယာဉ်တွေ သွားလာတဲ့ လမ်းကြောင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွါးလေ့ရှိပါတယ်။ ပစ်ခတ်မှုတွေဖြစ်အပြီးမှာတော့ စစ်ကောင်စီက မြို့ဝင်မြို့ထွက်စစ်ဆေးတာတွေနဲ့ မြို့တွင်းစစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေး ပိုပြီးတင်းကြပ်လာလေ့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်



{{Unicode}}










XS
SM
MD
LG