သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္အနီးတဝိုက္ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာေရွာင္ၾကဖို႔ သတိေပး


ေလးေက့ေကာ္ၿမိဳ႕သစ္ဝန္းက်င္က တုိက္ပြဲေတြေၾကာင့္ ထုိင္းႏုိင္ငံဘက္ထြက္ေျပးလာၾကသူ ေဒသခံကရင္တုိင္းရင္းသားမ်ား။ (၁၂-၁၇-၂၀၂၁။ ဓာတ္ပံု-SAW)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲက ေလးေက့ေကာ္နဲ႔အနီးတဝိုက္မွာစစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူအပါအဝင္ ပူးေပါင္းတပ္ဖြဲေတြဟာတိုက္ပြဲေတြဆက္ျဖစ္ေနတဲ့အတြက္ ေလးေက့ေကာ္အပါအဝင္ ႐ြာ ၄ ႐ြာအေနနဲ႔ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနထိုင္ၾကဖို႔ ေက်း႐ြာတာဝန္ရွိသူေတြဘက္က အသိေပးခဲ့သလို တိုက္ပြဲေတြဆက္ျဖစ္ေနတဲ့အတြက္ ထိုင္းဘက္ကို ေရာက္လာတဲ့ စစ္ေဘး ေရွာင္ဒုကၡသည္ ၂,၀၀၀ ‌ေက်ာ္အထိရွိလာၿပီျဖစ္ပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲက ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာ ေလးေက့ေကာ္ၿမိဳသစ္ထဲကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး လႊတ္ေတာ္အမတ္၂ ဦးအပါအဝင္ တက္ႂကြလႈပ္ရွားသူ လူငယ္ေတြကို ဖမ္းဆီးရာကေန ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစၿပီး ႏွစ္ဘက္တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ႏွစ္ဘက္တိုက္ပြဲဆက္ျဖစ္ေနတဲ့အတြက္ ေလးေက့ေကာ္အပါအဝင္ ႐ြာ ၄ ႐ြာက ျပည္သူေတြ ေဘးလြတ္ရာကိုတိမ္းေရွာင္ၾကဖို႔ ေက်း႐ြာတာဝန္ရွိသူေတြဘက္က ဒီေန႔မွာသတိေပးခဲ့တယ္လို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ေဒသခံ႐ြာသားတဦးကေျပာပါတယ္။

“၁၂ နာရီေနာက္ပိုင္းကို သူတို႔ခ်ၾကေတာ့မယ္။ အဲဒါေၾကာင့္မို႔ အသည္းအသန္ေရႊ႕ခိုင္းထားတာ။ မဲ့ေထာသေလးရယ္၊ ထီးမဲဝါးခီးရယ္၊ ေလးေက့ေကာ္ရယ္ ပဟိကေလာ္- အဲဒီ ၄ ႐ြာလုံးကို အသည္းအသန္ေရႊ႕ရတာ။ လူက နည္းတာမဟုတ္ဘူး။”

ျမဝတီခ႐ိုင္ထဲက ေကအန္ယူတပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ေလးေက့ေကာ္ထဲမွာတိုက္ပြဲျဖစ္တဲ့အတြက္ လက္နက္ႀကီးထိမွန္ႏိုင္တဲ့ အနီးအနားကေက်း႐ြာေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ဒီကေန႔ထိ ထိုင္းဘက္ျခမ္းကိုေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရဆဲမို႔ လူဦးေရကေတာ့ ညေနပိုင္းထိ ၂,၀၀၀ ‌ေက်ာ္ရွိေနပါၿပီ။ စစ္ေဘးေရွာင္ေတြကို စားနပ္ရိကၡာအကူညီေပးေနတဲ့ ကရင္လူအခြင့္ အေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵ ဆူးကေတာ့အခုလိုေျပာပါတယ္။

“အတိအက်မရေသးေပးမယ့္၂ ေထာင္ဝန္းက်င္ေတာ့ေရာက္ေနၿပီ။ ဟိုဘက္ျခမ္းမွာ အေတာ္မ်ားမ်ားက်န္ေနေသးတယ္။ ျပည္သူေတြကလည္း တေယာက္တေနရာစီေျပးေနရေတာ့ ဘယ္ေနရာမွာဘယ္ေလာက္ဆိုတာ အတိအက်ေျပာလို႔မရေသးဘူး။ ေလးေက့ေကာ္တိုက္ပြဲေၾကာင့္ဆိုရင္ေတာ့ ေျပးရတဲ့ျပည္သူလူထုကေတာ့ ၅,၀၀၀ ေအာက္ေလာက္ေတာ့ရွိတယ္။ အခ်ိန္ကာလၾကာလာရင္ေတာ့ စားဝတ္ရိကၡာနဲ႔ ေနထိုင္မႈက အခက္အခဲပိုႀကီးလာႏိုင္ပါတယ္ခင္ဗ်။”

ေလးေက့ေကာ္မွာတိုက္ပြဲေတြျဖစ္ေနသလို ေကအန္ယူတပ္မဟာအသီးသီးမွာလည္း တိုက္ပြဲေတြျဖစ္ ေနတာပါ။ ဒီအတြက္ တပ္မဟာ ၅ ဘက္ဆိုရင္ တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနတဲ့အတြက္ ေဒသခံေတြဟာ အိုးအိမ္စြန္႔ခြါၿပီး ျပည္တြင္းဒုကၡသည္ေတြအျဖစ္ ေတာေတာင္ေတြထဲမွာေနထိုင္ေနရဆဲျဖစ္ပါတယ္။ ကရင္ျပည္နယ္အတြင္းက တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ အခုခ်ိန္ထိ ဒုကၡေတြေရာက္ေနဆဲပဲလို႔ ကရင္လူအခြင့္ေရးအဖြဲ႔က ေစာနႏၵဆူးကအခုလိုေျပာပါတယ္။

“တိုက္ပြဲေတြကေတာ့ပိုၿပီးျဖစ္လာေနတယ္။ ဒီမနက္တင္ လက္နက္ႀကီးပစ္ေနတာေတြ ရွိေနေသးတယ္။ ေပၚတာဆြဲတာလည္းၾကားေနရတယ္။ တပ္မဟာ ၁ မွာေတာ့ တိုက္ပြဲျဖစ္ေနတုန္းပဲ။ တပ္မဟာ ၁ က ဒီေန႔လည္းျဖစ္တယ္။ မေန႔ကလည္းတိုက္ပြဲျဖစ္တယ္။ တပ္မဟာ ၂ ကလည္း စစ္ေရးအေျခအေနေတြျပန္ေပၚလာတယ္။ တပ္မဟာ ၃ လည္းအေျခအေနမေကာင္းဘူး။ တပ္မဟာ ၅ နဲ႔ နီးေတာ့ တိုက္ပြဲျဖစ္တယ္။ တပ္မဟာ ၅ ဘက္ဆို လုံၿခဳံေရးမေကာင္းေသးဘူး။ ေဒသခံေတြအတြက္က လြတ္လပ္စြာ သြားလာလို႔မရေသးဘူး။ သူတို႔ေတြအသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြလည္း မလုပ္ေဆာင္ႏိုင္ေသးဘူးခင္ဗ်။”

NCA တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မူရပ္စဲေရးသေဘာတူစာခ်ဳပ္ထိုးၿပီးျဖစ္ေပမဲ့ ေကအန္ယူ တပ္မဟာ ၅ နဲ႔စစ္ေကာင္စီတပ္ေတြဟာ နယ္ေျမအျငင္းပြားမူေတြနဲ႔ တိုက္ပြဲေတြ မၾကာမၾကာျဖစ္ေနရာကေန စစ္တပ္က အာဏာသိမ္းလိုက္တဲ့ေဖေဖၚဝါရီလေနာက္ပိုင္းမွာ တိုက္ပြဲေတြပိုၿပီးျပင္းထန္လာပါတယ္ ။

ႏွစ္ဘက္တိုက္ပြဲေတြျဖစ္လာတဲ့အခ်ိန္ စစ္ေကာင္စီတပ္ေတြက ေကအန္ယူတပ္မဟာ ၅ ထိမ္းခ်ဳပ္ရာနယ္ေျမထဲကို ေလယာဥ္ေတြနဲ႔ဗုံးႀကဲတိုက္ခိုက္တာေၾကာင့္ ဒုကၡသည္ေသာင္းနဲ႔ခ်ီၿပီး အိုးအိမ္စြန္ခြါ ထြက္ေျပးေနၾကရတာ အခုခ်ိန္ထိေနရပ္မျပန္ႏိုင္ၾကသူေတြလည္းရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

လေးကေ့ကော်အနီးတဝိုက် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာရှောင်ကြဖို့ သတိပေး

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက လေးကေ့ကော်နဲ့အနီးတဝိုက်မှာစစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူအပါအဝင် ပူးပေါင်းတပ်ဖွဲတွေဟာတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် လေးကေ့ကော်အပါအဝင် ရွာ ၄ ရွာအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့ ကျေးရွာတာဝန်ရှိသူတွေဘက်က အသိပေးခဲ့သလို တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် ထိုင်းဘက်ကို ရောက်လာတဲ့ စစ်ဘေး ရှောင်ဒုက္ခသည် ၂,၀၀၀ ‌ကျော်အထိရှိလာပြီဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ လေးကေ့ကော်မြိုသစ်ထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး လွှတ်တော်အမတ်၂ ဦးအပါအဝင် တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ဖမ်းဆီးရာကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး နှစ်ဘက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲဆက်ဖြစ်နေတဲ့အတွက် လေးကေ့ကော်အပါအဝင် ရွာ ၄ ရွာက ပြည်သူတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ ကျေးရွာတာဝန်ရှိသူတွေဘက်က ဒီနေ့မှာသတိပေးခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံရွာသားတဦးကပြောပါတယ်။

“၁၂ နာရီနောက်ပိုင်းကို သူတို့ချကြတော့မယ်။ အဲဒါကြောင့်မို့ အသည်းအသန်ရွှေ့ခိုင်းထားတာ။ မဲ့ထောသလေးရယ်၊ ထီးမဲဝါးခီးရယ်၊ လေးကေ့ကော်ရယ် ပဟိကလော်- အဲဒီ ၄ ရွာလုံးကို အသည်းအသန်ရွှေ့ရတာ။ လူက နည်းတာမဟုတ်ဘူး။”

မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်ထဲမှာတိုက်ပွဲဖြစ်တဲ့အတွက် လက်နက်ကြီးထိမှန်နိုင်တဲ့ အနီးအနားကကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒီကနေ့ထိ ထိုင်းဘက်ခြမ်းကိုဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲမို့ လူဦးရေကတော့ ညနေပိုင်းထိ ၂,၀၀၀ ‌ကျော်ရှိနေပါပြီ။ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာအကူညီပေးနေတဲ့ ကရင်လူအခွင့် အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒ ဆူးကတော့အခုလိုပြောပါတယ်။

“အတိအကျမရသေးပေးမယ့်၂ ထောင်ဝန်းကျင်တော့ရောက်နေပြီ။ ဟိုဘက်ခြမ်းမှာ အတော်များများကျန်နေသေးတယ်။ ပြည်သူတွေကလည်း တယောက်တနေရာစီပြေးနေရတော့ ဘယ်နေရာမှာဘယ်လောက်ဆိုတာ အတိအကျပြောလို့မရသေးဘူး။ လေးကေ့ကော်တိုက်ပွဲကြောင့်ဆိုရင်တော့ ပြေးရတဲ့ပြည်သူလူထုကတော့ ၅,၀၀၀ အောက်လောက်တော့ရှိတယ်။ အချိန်ကာလကြာလာရင်တော့ စားဝတ်ရိက္ခာနဲ့ နေထိုင်မှုက အခက်အခဲပိုကြီးလာနိုင်ပါတယ်ခင်ဗျ။”

လေးကေ့ကော်မှာတိုက်ပွဲတွေဖြစ်နေသလို ကေအန်ယူတပ်မဟာအသီးသီးမှာလည်း တိုက်ပွဲတွေဖြစ် နေတာပါ။ ဒီအတွက် တပ်မဟာ ၅ ဘက်ဆိုရင် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွါပြီး ပြည်တွင်းဒုက္ခသည်တွေအဖြစ် တောတောင်တွေထဲမှာနေထိုင်နေရဆဲဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ အခုချိန်ထိ ဒုက္ခတွေရောက်နေဆဲပဲလို့ ကရင်လူအခွင့်ရေးအဖွဲ့က စောနန္ဒဆူးကအခုလိုပြောပါတယ်။

“တိုက်ပွဲတွေကတော့ပိုပြီးဖြစ်လာနေတယ်။ ဒီမနက်တင် လက်နက်ကြီးပစ်နေတာတွေ ရှိနေသေးတယ်။ ပေါ်တာဆွဲတာလည်းကြားနေရတယ်။ တပ်မဟာ ၁ မှာတော့ တိုက်ပွဲဖြစ်နေတုန်းပဲ။ တပ်မဟာ ၁ က ဒီနေ့လည်းဖြစ်တယ်။ မနေ့ကလည်းတိုက်ပွဲဖြစ်တယ်။ တပ်မဟာ ၂ ကလည်း စစ်ရေးအခြေအနေတွေပြန်ပေါ်လာတယ်။ တပ်မဟာ ၃ လည်းအခြေအနေမကောင်းဘူး။ တပ်မဟာ ၅ နဲ့ နီးတော့ တိုက်ပွဲဖြစ်တယ်။ တပ်မဟာ ၅ ဘက်ဆို လုံခြုံရေးမကောင်းသေးဘူး။ ဒေသခံတွေအတွက်က လွတ်လပ်စွာ သွားလာလို့မရသေးဘူး။ သူတို့တွေအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း မလုပ်ဆောင်နိုင်သေးဘူးခင်ဗျ။”

NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ်ထိုးပြီးဖြစ်ပေမဲ့ ကေအန်ယူ တပ်မဟာ ၅ နဲ့စစ်ကောင်စီတပ်တွေဟာ နယ်မြေအငြင်းပွားမူတွေနဲ့ တိုက်ပွဲတွေ မကြာမကြာဖြစ်နေရာကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ဖေဖေါ်ဝါရီလနောက်ပိုင်းမှာ တိုက်ပွဲတွေပိုပြီးပြင်းထန်လာပါတယ် ။

နှစ်ဘက်တိုက်ပွဲတွေဖြစ်လာတဲ့အချိန် စစ်ကောင်စီတပ်တွေက ကေအန်ယူတပ်မဟာ ၅ ထိမ်းချုပ်ရာနယ်မြေထဲကို လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒုက္ခသည်သောင်းနဲ့ချီပြီး အိုးအိမ်စွန်ခွါ ထွက်ပြေးနေကြရတာ အခုချိန်ထိနေရပ်မပြန်နိုင်ကြသူတွေလည်းရှိနေပါတယ်ရှင်။

#လေးကေကော် #လက်နက်ကြီး #ဒုက္ခသည် #ကေအဲန်ယူ #KNU #စောနန္ဒဆူး #MilitaryCoup #WhatIsHappeningInMyanmar

======================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG