သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တီးတိန္ၿမိဳ႕နယ္တြင္း ZRA နဲ႔ CNF တို႔ တိုက္ပြဲျဖစ္ပြါး


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

တီးတိန္ၿမိဳ႕နယ္တြင္း ZRA နဲ႔ CNF တို႔ တိုက္ပြဲျဖစ္ပြါး

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ အိႏၵိယနယ္စပ္က Gawsing ေဂၚစင္းရြာဘက္မွာ ဇိုမီးေတာ္လွန္ေရးအဖြဲ႕ZRAနဲ႕ ခ်င္းအမ်ိဳး သားတပ္ဦးCNF CNAအဖြဲ႕တိုအၾကား ေသာၾကာေန႕မနက္အေစာပိုင္းမွာ တိုက္ပြဲျဖစ္ပြါးခဲ့ၿပီး ရြာသားေတြထိခိုက္မွဳရွိသလို ေဘးလြတ္ရာ တိမ္းေရွာင္ေနရၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တီးတိန္ၿမိဳ႕နယ္အတြင္း ZRAအဖြဲ႕ကေန နယ္ေျမစိုးမိုးမွဳလုပ္လာသလို ခ်င္းေတာ္လွန္ေရးတပ္ေပါင္းစု တည္ရွိမွဳကို ေႏွာက္ယွက္တဲ့အတြက္ေၾကာင့္ တိုက္ပြဲျဖစ္တာလို႕ ခ်င္းအေရးေလ့လာသူ ေတြက ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပေပးမွာပါ။

အိႏၵိယနိုင္ငံ၊ မဏိပူရ္ျပည္နယ္စပ္မွာအေျခစိုက္တဲ့ Zomi Revolutionary Army (ZRA)အဖြဲ႕နဲ႕ ခ်င္းအမ်ိဳးသားတပ္ဦးCNF တပ္ဖြဲ႕တိုအၾကား ေသာၾကာေန႕မနက္ တီးတိန္နယ္စပ္မွာတိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႕ တီးတိန္ေဒသခံတဦး ကေျပာပါတယ္။

“ အိႏၵိယနယ္စပ္ေပါ့ဗ်ာ။ Gawsing ေဂၚစင္းေလး။ မလွန္းမေဝးလို႕ၾကားတယ္။ မနက္ပိုင္း(၃)နာရီကစၿပီး(၁၀)နာရီေလာက္ကေန ပစ္ခတ္သံၾကားရတယ္တဲ့။’’

ဒီပစ္ခတ္တိုက္ခိုက္မွကေန ႏွစ္ဖက္ထိခိုက္မွဳကိုေတာ့ အတည္မျပဳနိုင္ေသးပါဘူး။ တိုက္ပြဲျဖစ္ပြါးတဲ့တီးတိန္ၿမိဳ႕နယ္ေဂၚစင္း Gawsing ရြာသားေတြ ထိခိုက္မွဳရွိေနတယ္လို႕ ေဂၚစင္းးရြာသားတဦးကေျပာပါတယ္။

“ ဒီေန႕မနက္(၃)နာရီေလာက္မွာျဖစ္တယ္တဲ့။ ေဂၚစင္းရြာမွာ CNFနဲ႕ ZRA။ ရြာသား(၂)ဦးလဲဒဏ္ရာရတယ္လို႕ ေျပာတယ္။ ရြာသား(၂)ဦးထိတယ္တဲ့။ အဲဒါ တီးတိန္ၿမိဳ႕ပို႕မလားလို႕ေျပာတယ္။ အခုေဂၚစင္းရြာမွာတေယာက္မွမရွိေတာ့ဘူး။ အကုန္လုံးထြက္ေျပးကုန္ၿပီလို႕ေျပာတယ္။ ’’

Gawsing ေက်းရြာဟာ တီးတိန္ၿမိဳ႕ကေန မိုင္ ၃၀ ေလာက္ေ၀းၿပီး အိႏိၵယ - ျမန္မာနယ္စပ္ဘက္မွာတည္ရွိတဲ့ေက်းရြာ ျဖစ္ပါတယ္။ Zomi Revolutionary Army အဖြဲ႕နဲ႕ ခ်င္းအမ်ိဳးသားတပ္ဦးCNFအဖြဲ႕ဟာ အရင္ကစစ္ေရးပဋိပကၡျဖစ္တာမရွိေပမဲ့ အခုပထမဆုံးအၾကိမ္တိုက္ပြဲျဖစ္ပြါးလာတာပါ။ ႏွစ္ဖက္တိုက္ပြဲျဖစ္ရတဲ့အေၾကာင္းကိုေတာ့ ခ်င္းနိုင္ငံေရးေလ့လာသူ ကိုေထာင္က အခုလိုသုံးသပ္ပါတယ္။

“CNFနဲ႕ZRAကေတာ့ ဒီလိုမ်ိဳးပဋိပကၡျဖစ္ခဲ့တာမရွိခဲ့ဘူးေပါ့ေနာ္။ CNFက တီးတိန္ဘက္က စစ္ေကာင္စီတပ္ကိုသြားပစ္တဲ့အခါ ZRAကေန စစ္ေကာင္စီဘက္က ဒီလိုမ်ိဳးပစ္ကူ CNFလာတဲ့ ဘက္ကိုေဆာ္ထဲ့လိုက္တာ ဆိုတဲ့ပုံစံမ်ိဳးလဲၾကားရတာေပါ့ေနာ္။ အခု တီးတိန္ နယ္ထဲမွာက ZRAက အခုက ေျခကုတ္ယူလာၿပီးေတာ့ လွဳပ္ရွားလာတာ အဲဒီ တီးတိန္နယ္မွာရွိတဲ့ စစ္အာဏာရွင္စံနစ္ကို ခုခံေတာ္လွန္ေနတဲ့ ေဒသခံျပည္သူ႕ကာကြယ္ေရးတပ္ေတြကို ZRAေတြက သူတို႕တပ္စခန္းေတြကိုဖ်က္စီးတာ သိမ္းပိုက္တာေတြ အရင္တုန္းက(၃)(၄)ၾကိမ္ေလာက္ သူတို႕လုပ္ၿပီးၿပီေပါ့ေနာ္။ အဲဒီလိုလုပ္ခဲ့တဲ့အတြက္ေၾကာင့္မို႕လို႕ဘဲ ခ်င္းေတာ္လွန္ေရးတပ္ေပါင္းစုလို႕ေခၚတဲ့ Chinland Joint Defense ကေန ထုတ္ျပန္ ေၾကညာခ်က္ထုတ္ၿပီးေတာ့ ျပင္းျပင္းထန္ထန္သူတို႕ကန္႕ကြက္တယ္။ သူတို႕ZRAကိုျပန္ၿပီးေတာ့ တိုက္ထုတ္မယ္ဆိုၿပီးေတာ့ အဲဒီေလာက္အထိ ထုတ္ျပန္ခ်က္ေတြထုတ္ခဲ့တာေတြရွိတာေပါ့ ေနာ္။ အေျခအေနေတြကအဲဒီေနာက္ပိုင္းမွာတင္းမာလာတာ။’

ၿပီးခဲ့တဲ့ဒီဇင္ဘာ(၅)ရက္ေန႕က PDF-Zoland ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Pu Cin Sian Sum ကို ZRAအဖြဲ႕ကေန စစ္ေဆး ေခၚယူရာမွာ ေသဆုံးမွဳျဖစ္ခဲ့ၿပီးေနာက္ပိုင္း ႏွစ္ဖက္အဖြဲ႕အၾကားမေၾကလည္မွဳေတြရွိလာခဲ့ပါတယ္။

PDF-Zoland ေခါင္းေဆာင္တစ္ဦး လုပ္ႀကံခံရမႈအေပၚ အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ခ်င္းျပည္နယ္ပူးတြဲ ကာကြယ္ေရး ေကာ္မီတီ CJDC ကေန ဒီဇင္ဘာ(၁၁)ရက္ေန႕မွာထုတ္ျပန္ထားပါတယ္။

တိုက္ပြဲျဖစ္ပြါးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ZRA အဖြဲ႕နဲ႕ ခ်င္းအမ်ဳိးသားတပ္မေတာ္ CNF ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ဆက္သြယ္လို႕ မရခဲ့ပါဘူး။ ဇိုမီးေတာ္လွန္ေရးတပ္မေတာ္ ZRAကို (၁၉၉၇) ခုႏွစ္မွာ ဖြဲ႕စည္းခဲ့တဲ့ ဇိုမီးေတာ္‌လွန္‌ေရးတပ္ဖြဲ႕ျဖစ္ၿပီး အိႏၵိယနိုင္ငံ၊ မဏိပူရ ျပည္နယ္မွာအေျချပဳေနပါတယ္။

အရင္ တရက္ကလည္း ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕ဘက္မွာလည္း အမည္မသိလက္နက္ကိုင္အဖြဲ႕ကေန စိုးနီကေနာင္ေက်းရြာသားေတြကို ဖမ္းဆီးၿပီးသတ္ျဖတ္ခဲ့တယ္လို႕ ဆမီးေဒသခံတဦးကေျပာပါတယ္။

“ မေန႕ည(၆)နာရီဝန္းက်င္မွာ စိုးနီကေနာင္ကလူ(၆)ေယာက္ကို ဘယ္အဖြဲ႕ကဆိုေတာေတာ့အတည္ျပဳလို႕မရဘူး။ အရပ္သား ျပည္သူ(၆)ေယာက္ကိုသတ္ပစ္ခဲ့တယ္။ ညေန(၆)နာရီဝန္းက်င္ေလာက္မွာ သူတို႕က ေသနတ္နဲ႕ဝင္ၿပီးမွ အဲဒီလူ(၇)ေယာက္ကို ေခၚသြားတယ္။ (၆)ေယာက္ကိုေတာ့အဲဒီမွာသတ္တယ္။ တေယာက္ကေတာ့သတိျပန္ရလာလို႕ သူကဆမီးေဆးရံုမွာဘဲ အခု သူကသတိျပန္ရလာတယ္။ ’’

ရြာသားေတြကိုသတ္ထားတဲ့အဖြဲ႕ဆိုတာ ဘယ္အဖြဲ႕လို႕မသိရေသးပါဘူး။ ၿပီးခဲ့တဲ့အဂၤါေန႕မွာ ဆမီးၿမိဳ႕ တိကုန္းေက်းရြာ ဘက္မွာ ေဒသခံCDFအဖြဲ႕ဝင္ေတြ ေရာက္လာမဲ့သတင္းေၾကာင့္စစ္ေကာင္စီတပ္ဘက္ကေန ေသနတ္ပစ္ေဖာက္မွဳ ေတြ လုပ္ေဆာင္ေနတယ္လို႕ ေဒသခံတဦးကေျပာပါတယ္။

အလားတူ မင္းတပ္ၿမိဳ႕နယ္မွာ CDF-Mindat ၊ ေယာ PDF ပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ဟာ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ တိ္ုက္ပြဲထပ္မံျဖစ္ပြားၿပီး ႏွစ္ဖက္စစ္ေရးအေျခအေနတင္းမာေနတယ္လို႔ CDF-Mindat က သတင္းထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

တီးတိန်မြို့နယ်တွင်း ZRA နဲ့ CNF တို့ တိုက်ပွဲဖြစ်ပွါး
{{Unicode}}
ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယနယ်စပ်က Gawsing ဂေါ်စင်းရွာဘက်မှာ ဇိုမီးတော်လှန်ရေးအဖွဲ့ZRAနဲ့ ချင်းအမျိုး သားတပ်ဦးCNF CNAအဖွဲ့တိုအကြား သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသားတွေထိခိုက်မှုရှိသလို ဘေးလွတ်ရာ တိမ်းရှောင်နေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်မြို့နယ်အတွင်း ZRAအဖွဲ့ကနေ နယ်မြေစိုးမိုးမှုလုပ်လာသလို ချင်းတော်လှန်ရေးတပ်ပေါင်းစု တည်ရှိမှုကို နှောက်ယှက်တဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာလို့ ချင်းအရေးလေ့လာသူ တွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်စပ်မှာအခြေစိုက်တဲ့ Zomi Revolutionary Army (ZRA)အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦးCNF တပ်ဖွဲ့တိုအကြား သောကြာနေ့မနက် တီးတိန်နယ်စပ်မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ တီးတိန်ဒေသခံတဦး ကပြောပါတယ်။

“ အိန္ဒိယနယ်စပ်ပေါ့ဗျာ။ Gawsing ဂေါ်စင်းလေး။ မလှန်းမဝေးလို့ကြားတယ်။ မနက်ပိုင်း(၃)နာရီကစပြီး(၁၀)နာရီလောက်ကနေ ပစ်ခတ်သံကြားရတယ်တဲ့။ ’’

ဒီပစ်ခတ်တိုက်ခိုက်မှကနေ နှစ်ဖက်ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်ပွါးတဲ့တီးတိန်မြို့နယ်ဂေါ်စင်း Gawsing ရွာသားတွေ ထိခိုက်မှုရှိနေတယ်လို့ ဂေါ်စင်းးရွာသားတဦးကပြောပါတယ်။

“ ဒီနေ့မနက်(၃)နာရီလောက်မှာဖြစ်တယ်တဲ့။ ဂေါ်စင်းရွာမှာ CNFနဲ့ ZRA။ ရွာသား(၂)ဦးလဲဒဏ်ရာရတယ်လို့ ပြောတယ်။ ရွာသား(၂)ဦးထိတယ်တဲ့။ အဲဒါ တီးတိန်မြို့ပို့မလားလို့ပြောတယ်။ အခုဂေါ်စင်းရွာမှာတယောက်မှမရှိတော့ဘူး။ အကုန်လုံးထွက်ပြေးကုန်ပြီလို့ပြောတယ်။ ’’

Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ - မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။ Zomi Revolutionary Army အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦးCNFအဖွဲ့ဟာ အရင်ကစစ်ရေးပဋိပက္ခဖြစ်တာမရှိပေမဲ့ အခုပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွါးလာတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ချင်းနိုင်ငံရေးလေ့လာသူ ကိုထောင်က အခုလိုသုံးသပ်ပါတယ်။

“ CNFနဲ့ZRAကတော့ ဒီလိုမျိုးပဋိပက္ခဖြစ်ခဲ့တာမရှိခဲ့ဘူးပေါ့နော်။ CNFက တီးတိန်ဘက်က စစ်ကောင်စီတပ်ကိုသွားပစ်တဲ့အခါ ZRAကနေ စစ်ကောင်စီဘက်က ဒီလိုမျိုးပစ်ကူ CNFလာတဲ့ ဘက်ကိုဆော်ထဲ့လိုက်တာ ဆိုတဲ့ပုံစံမျိုးလဲကြားရတာပေါ့နော်။ အခု တီးတိန် နယ်ထဲမှာက ZRAက အခုက ခြေကုတ်ယူလာပြီးတော့ လှုပ်ရှားလာတာ အဲဒီ တီးတိန်နယ်မှာရှိတဲ့ စစ်အာဏာရှင်စံနစ်ကို ခုခံတော်လှန်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ZRAတွေက သူတို့တပ်စခန်းတွေကိုဖျက်စီးတာ သိမ်းပိုက်တာတွေ အရင်တုန်းက(၃)(၄)ကြိမ်လောက် သူတို့လုပ်ပြီးပြီပေါ့နော်။ အဲဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဘဲ ချင်းတော်လှန်ရေးတပ်ပေါင်းစုလို့ခေါ်တဲ့ Chinland Joint Defense ကနေ ထုတ်ပြန် ကြေညာချက်ထုတ်ပြီးတော့ ပြင်းပြင်းထန်ထန်သူတို့ကန့်ကွက်တယ်။ သူတို့ZRAကိုပြန်ပြီးတော့ တိုက်ထုတ်မယ်ဆိုပြီးတော့ အဲဒီလောက်အထိ ထုတ်ပြန်ချက်တွေထုတ်ခဲ့တာတွေရှိတာပေါ့ နော်။ အခြေအနေတွေကအဲဒီနောက်ပိုင်းမှာတင်းမာလာတာ။’

ပြီးခဲ့တဲ့ဒီဇင်ဘာ(၅)ရက်နေ့က PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Pu Cin Sian Sum ကို ZRAအဖွဲ့ကနေ စစ်ဆေး ခေါ်ယူရာမှာ သေဆုံးမှုဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်အဖွဲ့အကြားမကြေလည်မှုတွေရှိလာခဲ့ပါတယ်။

PDF-Zoland ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်နယ်ပူးတွဲ ကာကွယ်ရေး ကော်မီတီ CJDC ကနေ ဒီဇင်ဘာ(၁၁)ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ZRA အဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် CNF ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဇိုမီးတော်လှန်ရေးတပ်မတော် ZRAကို (၁၉၉၇) ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဇိုမီးတော်‌လှန်‌ရေးတပ်ဖွဲ့ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်မှာအခြေပြုနေပါတယ်။

အရင် တရက်ကလည်း ပလက်ဝမြို့နယ် ဆမီးမြို့ဘက်မှာလည်း အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ စိုးနီကနောင်ကျေးရွာသားတွေကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ ဆမီးဒေသခံတဦးကပြောပါတယ်။

“ မနေ့ည(၆)နာရီဝန်းကျင်မှာ စိုးနီကနောင်ကလူ(၆)ယောက်ကို ဘယ်အဖွဲ့ကဆိုတောတော့အတည်ပြုလို့မရဘူး။ အရပ်သား ပြည်သူ(၆)ယောက်ကိုသတ်ပစ်ခဲ့တယ်။ ညနေ(၆)နာရီဝန်းကျင်လောက်မှာ သူတို့က သေနတ်နဲ့ဝင်ပြီးမှ အဲဒီလူ(၇)ယောက်ကို ခေါ်သွားတယ်။ (၆)ယောက်ကိုတော့အဲဒီမှာသတ်တယ်။ တယောက်ကတော့သတိပြန်ရလာလို့ သူကဆမီးဆေးရုံမှာဘဲ အခု သူကသတိပြန်ရလာတယ်။ ’’

ရွာသားတွေကိုသတ်ထားတဲ့အဖွဲ့ဆိုတာ ဘယ်အဖွဲ့လို့မသိရသေးပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဆမီးမြို့ တိကုန်းကျေးရွာ ဘက်မှာ ဒေသခံCDFအဖွဲ့ဝင်တွေ ရောက်လာမဲ့သတင်းကြောင့်စစ်ကောင်စီတပ်ဘက်ကနေ သေနတ်ပစ်ဖောက်မှု တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အလားတူ မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တိုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG