သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလက္ဝေဒသမွာ ျပည္သူ႔စစ္ဖြဲ႔ဖို႔ ႀကိဳးပမ္းမႈကို CDF ကန႔္ကြက္သတိေပး


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕။ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ေက်းရြာေတြက ရြာသားေတြကို ျပည္သူ႔စစ္သင္တန္း တက္ေရာက္ဖို႔ စစ္ေကာင္စီတပ္ကေန စာရင္းေကာက္ယူေနတဲ့အေပၚ ပလက္ဝ ခ်င္းကာကြယ္ေရး CDF အဖြဲ႔က ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေနၿပီး ဆက္လက္လုပ္ေဆာင္ရင္ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ ေဒသခံေတြကေတာ့ လက္နက္ကိုင္အဖြဲ႔ၾကား က်ပ္တည္းတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္း ေျပာျပပါမယ္။

ပလက္ဝၿမိဳ႕နယ္မွာ ျပည္သူ႔စစ္သင္တန္း တက္ေရာက္ဖို႔ စာရင္းေကာက္ေနတဲ့အေပၚ ကန႔္ကြက္ေၾကာင္း ပလက္ဝ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ တာဝန္ရွိတဦးက အခုလိုေျပာပါတယ္။

“ျပည္သူ႔စစ္ဆိုတာက သူတို႔ စကစကေန ေခၚယူတဲ့ ျပည္သူ႔စစ္သင္တန္းေပါ့ေလ။ ဒီ ပလက္ဝၿမိဳ႕နယ္က အရမ္းက်ယ္တဲ့အေျခက်ေတာ့ ကာလာရွည္ က်ေနာ္တို႔ အင္တာနက္လိုင္း ျဖတ္ေတာက္တာလည္း ခံရတယ္။ သတင္းအေမွာင္ခ်ခံထားရတဲ့ ေက်းရြာေတြမွာ ျပည္သူ႔စစ္ဆိုတဲ့ နာမည္ကုိ အလြဲသုံးစားလုပ္ၿပီးမွ စကစရဲ႕အင္အား ဒီထက္ပိုမ်ားလာဖို႔နဲ႔ သူတို႔ဘက္ကို ပါလာႏိုင္ေအာင္ က်ေနာ္တုိ႔ ကာကြယ္ေရးတပ္ေတြဘက္မွာ အားမေပးေအာင္ဆိုတဲ့ နည္းမ်ိဳးစုံ ဝါဒမႈိင္းတိုက္ၿပီးမွ စည္း႐ုံးေနတဲ့အေပၚ က်ေနာ္တို႔အေနနဲ႔ လုံးဝ လက္မခံႏုိင္တဲ့ အေၾကာင္းရွိလို႔ က်ေနာ္တုိ႔ ၿမိဳ႕နယ္ကာကြယ္ေရးအဖြဲ႔ အေနနဲ႔ကေတာ့ ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ရမွာေပါ့။”

ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ ၂၆ ရက္ေန႔က ပလက္ဝၿမိဳ႕အေျခစိုက္ ၂၈၉ တပ္ရင္းထဲမွာ ေဒသတြင္း စစ္ဆင္ေရးေတြလုပ္ဖို႔ ဝင္ေရာက္တပ္စြဲထားတဲ့ အမွတ္ ၁၁ တပ္မမွဴးကိုယ္တိုင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကို ေခၚယူေတြ႔ဆုံၿပီး ပလက္ဝၿမိဳ႕နယ္ အနီးတဝိုက္ ေက်းရြာ ၉ ရြာမွာ ျပည္သူ႔စစ္ဖြဲ႔စည္းဖို႔အတြက္ လူဦးေရ အနည္းအမ်ားအေပၚ မူတည္ၿပီး တရြာကုိ ၁၅ ဦးမွ ၃၀ ဦးစီ ဒီဇင္ဘာလ ၃ ရက္ေန႔ ေနာက္ဆုံးထား စာရင္းေပးဖို႔ ေျပာဆိုခဲ့ပါတယ္။

ဒီဇင္ဘာလ ၃ ရက္ေန႔ ေနာက္ဆုံး စာရင္းေပးသြင္းဖို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားတဲ့အေပၚ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေၾကာင္း ပလက္ဝ ခ်င္းကာကြယ္ေရး CDF အဖြဲ႔က ဒီဇင္ဘာ ၆ ရက္ ေန႔စြဲနဲ႔ သတိေပးစာ ထုတ္ျပန္လိုက္ပါတယ္။

ကန႔္ကြက္မႈေတြၾကားက ျပည္သူ႔စစ္ဖြဲ႔စည္းဖို႔ ႀကိဳးစားမယ္ဆိုရင္ သက္ဆိုင္တဲ့သူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္လို႔ ပလက္ဝ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ဆက္လက္လုပ္မယ္ဆိုရင္ေတာ့ စစ္ေကာင္စီရဲ႕ လက္ပါးေစေတြေပါ့ေလ။ ဆိုတဲ့ေနရာမွာ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြျဖစ္တဲ့ သူတို႔ေက်းရြာမွာ ခန႔္ထားတဲ့ ကိုယ္စားလွယ္ေတြ၊ ၿပီးေတာ့ တဖက္မွာ အစိုးရယႏၲရားေတြ လည္ပတ္ေစတဲ့ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ၿပီးေတာ့ အုပ္စုစာေရးေတြေပါ့ေလ။ ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္။”

ပလက္ဝၿမိဳ႕နယ္ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ တဦးကေတာ့ လက္နက္ကိုင္အဖြဲ႔ၾကားမွာ က်ပ္တည္းတဲ့ အေျခအေန ေရာက္ေနတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တုိ႔ဘက္မွာ အသြားအလာလည္း ခက္ခဲေနတာကတေၾကာင္း၊ ဟိုအဖြဲ႔ကိုလည္း ေၾကာက္ေနရတယ္၊ ဒီအဖြဲ႔ကိုလည္း ေၾကာက္ေနရတယ္။ ေဘးက်ပ္နံက်ပ္ကာလဆိုေတာ့ က်ေနာ္တုိ႔က အကုန္လုံးနဲ႔ အဆင္ေျပေအာင္ေတာ့ ေႏြးေႏြးေထြးေထြး ျဖစ္ေအာင္ေတာ့ ေနေနရတဲ့ အေနအထားပဲ ျဖစ္ေနတယ္။ ဟိုအဖြဲ႔က ေတာင္းဆိုခ်က္ကိုလည္း ကိုယ္က လိုက္ေလ်ာေပးရတယ္၊ ဒီအဖြဲ႔က ေတာင္းဆိုခ်က္ကိုလည္း လိုက္ေလ်ာေပးရတဲ့ အေနအထားကိုပဲ ေနေနရတဲ့ အေနအထား ျဖစ္ေနတယ္။”

စစ္ေကာင္စီတပ္ေတြကို ခုခံေတာ္လွန္ေနတဲ့ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF အဖြဲ႔ေတြဟာ ပလက္ဝၿမိဳ႕နယ္တြင္း ေက်းရြာေတြအၾကားမွာ စိမ့္ဝင္ေနတဲ့ အေျခအေနမွာ ရွိေနေပမယ့္ ​ေဒသတြင္း ပစ္ခတ္တိုက္ခိုက္မႈေတာ့ ျဖစ္ပြားတာ မရွိေသးပါဘူး။

ဒါေပမယ့္ ၿမိဳ႕တြင္း ဌာနဆိုင္ရာ႐ုံးေတြအေပၚ CDF အဖြဲ႔ေတြ ၿခိမ္းေျခာက္မႈေတြ ရွိေနလာတဲ့ အေျခအေနေၾကာင့္ ျမန္မာစစ္တပ္ကေန ျပည္သူ႔စစ္ဖြဲ႔စည္းဖို႔ ႀကိဳးပမ္းလာခဲ့တာပါ။

လက္ရွိ ပလက္ဝၿမိဳ႕နယ္မွာ ကုန္းလမ္း ေရလမ္း ခရီးကိုလည္း ကန႔္သတ္ထားတဲ့ အေျခအေနေၾကာင့္ ေဒသခံေတြ သြားလာေရးမွာ အခက္အခဲ ျဖစ္ေနၾကပါတယ္။ ပလက္ဝၿမိဳ႕နယ္တြင္း ယခင္က ရခိုင္လက္နက္ကိုင္ (AA) နဲ႔ ျမန္မာစစ္တပ္တို႔အၾကား စစ္ေရးပဋိပကၡေၾကာင့္ ပလက္ဝနဲ႔ ဆမီးၿမိဳ႕ေပၚမွာ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ စစ္ေဘးတိမ္းေရွာင္ခဲ့ရၿပီး အမ်ားစုက အခုထိ အိမ္မျပန္ႏိုင္ၾကေသးပါဘူး။

ျမန္မာစစ္တပ္က အာဏာသိမ္းယူတာကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ပစ္ခတ္ႏွိမ္နင္းခံရၿပီးတဲ့ေနာက္ ခ်င္းျပည္နယ္ ၿမိဳ႕နယ္အမ်ားျပားမွာ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF ဖြဲ႔စည္းၿပီး စစ္ေကာင္စီတပ္ကို ခုခံေတာ္လွန္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပလက်ဝဒေသမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးပမ်းမှုကို CDF ကန့်ကွက်သတိပေး

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေက ရွာသားတွေကို ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ စစ်ကောင်စီတပ်ကနေ စာရင်းကောက်ယူနေတဲ့အပေါ် ပလက်ဝ ချင်းကာကွယ်ရေး CDF အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ဆက်လက်လုပ်ဆောင်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ လက်နက်ကိုင်အဖွဲ့ကြား ကျပ်တည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြပါမယ်။

ပလက်ဝမြို့နယ်မှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ စာရင်းကောက်နေတဲ့အပေါ် ကန့်ကွက်ကြောင်း ပလက်ဝ ချင်းကာကွယ်ရေး CDF အဖွဲ့ တာဝန်ရှိတဦးက အခုလိုပြောပါတယ်။

“ပြည်သူ့စစ်ဆိုတာက သူတို့ စကစကနေ ခေါ်ယူတဲ့ ပြည်သူ့စစ်သင်တန်းပေါ့လေ။ ဒီ ပလက်ဝမြို့နယ်က အရမ်းကျယ်တဲ့အခြေကျတော့ ကာလာရှည် ကျနော်တို့ အင်တာနက်လိုင်း ဖြတ်တောက်တာလည်း ခံရတယ်။ သတင်းအမှောင်ချခံထားရတဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်ဆိုတဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီးမှ စကစရဲ့အင်အား ဒီထက်ပိုများလာဖို့နဲ့ သူတို့ဘက်ကို ပါလာနိုင်အောင် ကျနော်တို့ ကာကွယ်ရေးတပ်တွေဘက်မှာ အားမပေးအောင်ဆိုတဲ့ နည်းမျိုးစုံ ဝါဒမှိုင်းတိုက်ပြီးမှ စည်းရုံးနေတဲ့အပေါ် ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်တဲ့ အကြောင်းရှိလို့ ကျနော်တို့ မြို့နယ်ကာကွယ်ရေးအဖွဲ့ အနေနဲ့ကတော့ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာပေါ့။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းထဲမှာ ဒေသတွင်း စစ်ဆင်ရေးတွေလုပ်ဖို့ ဝင်ရောက်တပ်စွဲထားတဲ့ အမှတ် ၁၁ တပ်မမှူးကိုယ်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး ပလက်ဝမြို့နယ် အနီးတဝိုက် ကျေးရွာ ၉ ရွာမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့အတွက် လူဦးရေ အနည်းအများအပေါ် မူတည်ပြီး တရွာကို ၁၅ ဦးမှ ၃၀ ဦးစီ ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား စာရင်းပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံး စာရင်းပေးသွင်းဖို့ စစ်ကောင်စီဘက်က ပြောဆိုထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပလက်ဝ ချင်းကာကွယ်ရေး CDF အဖွဲ့က ဒီဇင်ဘာ ၆ ရက် နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

ကန့်ကွက်မှုတွေကြားက ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးစားမယ်ဆိုရင် သက်ဆိုင်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပလက်ဝ ချင်းကာကွယ်ရေး CDF အဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဆက်လက်လုပ်မယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ လက်ပါးစေတွေပေါ့လေ။ ဆိုတဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်တဲ့ သူတို့ကျေးရွာမှာ ခန့်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ပြီးတော့ တဖက်မှာ အစိုးရယန္တရားတွေ လည်ပတ်စေတဲ့ အုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ပြီးတော့ အုပ်စုစာရေးတွေပေါ့လေ။ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။”

ပလက်ဝမြို့နယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကတော့ လက်နက်ကိုင်အဖွဲ့ကြားမှာ ကျပ်တည်းတဲ့ အခြေအနေ ရောက်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်မှာ အသွားအလာလည်း ခက်ခဲနေတာကတကြောင်း၊ ဟိုအဖွဲ့ကိုလည်း ကြောက်နေရတယ်၊ ဒီအဖွဲ့ကိုလည်း ကြောက်နေရတယ်။ ဘေးကျပ်နံကျပ်ကာလဆိုတော့ ကျနော်တို့က အကုန်လုံးနဲ့ အဆင်ပြေအောင်တော့ နွေးနွေးထွေးထွေး ဖြစ်အောင်တော့ နေနေရတဲ့ အနေအထားပဲ ဖြစ်နေတယ်။ ဟိုအဖွဲ့က တောင်းဆိုချက်ကိုလည်း ကိုယ်က လိုက်လျောပေးရတယ်၊ ဒီအဖွဲ့က တောင်းဆိုချက်ကိုလည်း လိုက်လျောပေးရတဲ့ အနေအထားကိုပဲ နေနေရတဲ့ အနေအထား ဖြစ်နေတယ်။”

စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်နေတဲ့ ချင်းကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေဟာ ပလက်ဝမြို့နယ်တွင်း ကျေးရွာတွေအကြားမှာ စိမ့်ဝင်နေတဲ့ အခြေအနေမှာ ရှိနေပေမယ့် ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှုတော့ ဖြစ်ပွားတာ မရှိသေးပါဘူး။

ဒါပေမယ့် မြို့တွင်း ဌာနဆိုင်ရာရုံးတွေအပေါ် CDF အဖွဲ့တွေ ခြိမ်းခြောက်မှုတွေ ရှိနေလာတဲ့ အခြေအနေကြောင့် မြန်မာစစ်တပ်ကနေ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးပမ်းလာခဲ့တာပါ။

လက်ရှိ ပလက်ဝမြို့နယ်မှာ ကုန်းလမ်း ရေလမ်း ခရီးကိုလည်း ကန့်သတ်ထားတဲ့ အခြေအနေကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်အခဲ ဖြစ်နေကြပါတယ်။ ပလက်ဝမြို့နယ်တွင်း ယခင်က ရခိုင်လက်နက်ကိုင် (AA) နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ပလက်ဝနဲ့ ဆမီးမြို့ပေါ်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အများစုက အခုထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

မြန်မာစစ်တပ်က အာဏာသိမ်းယူတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပစ်ခတ်နှိမ်နင်းခံရပြီးတဲ့နောက် ချင်းပြည်နယ် မြို့နယ်အများပြားမှာ ချင်းကာကွယ်ရေးအဖွဲ့ CDF ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်ခဲ့ကြပါတယ်။

XS
SM
MD
LG