သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္း ပလက္ဝေက်း႐ြာတခ်ိဳ႕မွာ ျပည္သူ႔စစ္ဖြဲ႕ဖို႔ စာရင္းေကာက္ယူေန


ပလက္ဝ palatwa

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္က ေက်း႐ြာေတြမွာ နယ္ေျခလုံၿခဳံေရးအတြက္ စစ္ေကာင္စီတပ္ ကေန ျပည္သူ႔စစ္ဖြဲ႔စည္းဖို႔ စာရင္းေကာက္ခံေနပါတယ္။ ေက်း႐ြာသားအမ်ားစုက ျပည္သူ႔စစ္သင္တန္းကို မတက္ခ်င္တာေၾကာင့္ မဲႏႈိက္ရတဲ့စံနစ္နဲ႔ လူေ႐ြးခ်ယ္ရတယ္လို႔ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ပလက္ဝၿမိဳ႕အေျခစိုက္ ၂၈၉ တပ္ရင္းထဲမွာ ေဒသတြင္းစစ္ဆင္ေရးေတြလုပ္ဖို႔ တပ္မ ၁၁ တပ္ေတြ ဝင္ေရာက္တပ္စြဲထားပါတယ္။ အဲဒီက အမွတ္ ၁၁ တပ္မမႉးက ပလက္ဝၿမိဳ႕အနီးတဝိုက္ေက်း႐ြာ ၉ ႐ြာမွာ ျပည္သူ႔စစ္ဖြဲ႔ဖို႔ လူဦးေရစာရင္းေကာက္ခိုင္းထားၿပီး ဒီကေန႔ေနာက္ဆုံးထားေပးပို႔ရမယ္လို႔ ေအာက္မီးလက္ဝ ေက်း႐ြာသားတဦးကေျပာပါတယ္။

“ျပည္သူ႔စစ္ဖြဲ႔ဖို႔ တပ္မကေန ေတာင္းဆိုထားတာရွိတယ္။ (၂၈၉) တပ္ရင္းမွာေနတဲ့တပ္မမႉး။ တပ္မ (၁၁) အဖြဲ႔ေပါ့။ သူတို႔က အခု ေက်း႐ြာ (၉) ႐ြာေလာက္ကို အစည္းေဝးေခၚထားတယ္။ ဒီျပည္သူ႔စစ္က႑က ဟိုး အရင္တုန္းက ေခတ္အဆက္ဆက္ကေနၿပီးေတာ့ ဖြဲ႔စည္းတာေတြရွိၿပီးသားျဖစ္တယ္။ အဲဒါေတြကို ျပန္ၿပီးမွ ဖြဲ႔စည္းေပးဖို႔ေျပာထားတယ္သူတို႔က။ တ႐ြာကိုအိမ္ေျခမ်ားရင္မ်ားသလိုေပါ့။ အခုက်ေနာ္တို႔ မီးလက္ဝေအာက္႐ြာဆိုရင္ေတာ့ အမာခံကအေယာက္ (၁၀)၊ အရန္က အေယာက္ (၂၀)။ စုစုေပါင္း (၃၀) ေလာက္ေပါ့။ က်န္တဲ့႐ြာေတြလည္း ဒီအတိုင္းပါပဲ။ ဒီ (၉) ႐ြာစလုံးလိုလို ဒီေန႔က စာရင္းအေရာက္ပို႔ေပးရမယ္ဆိုၿပီးမွ သူတို႔ကေျပာထားတယ္ေလ။’’

ေအာက္မီးလက္ဝ၊ ေလာင္းဂဒိုး၊ စိမ္းစင္း၊ ငေပြ၊ အန္ခို၊ စီဖေလာင္း၊ တမန္းသား၊ အစရွိတဲ့႐ြာ (၉) ႐ြာမွာ လူဦးေရ အခ်ိဳးအစားအလိုက္ ႐ြာတ႐ြာမွာ ျပည္သူ႔စစ္ အမာခံ (၁၀ဦး) အရန္အတြက္ ၂၀ စုစုေပါင္း ၃၀ ေကာက္ခိုင္း ထားတယ္လို႔ဆိုပါတယ္။

႐ြာသားအမ်ားစုက ျပည္သူ႔စစ္သင္တန္းကို မတက္ခ်င္တာေၾကာင့္ မဲႏႈိက္ရတဲ့စံနစ္နဲ႔ လူေ႐ြးခ်ယ္ရတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္တဦးကေျပာပါတယ္။

“႐ြာအလိုက္ လူဦးေရကန႔္သတ္ခ်က္နဲ႔ မတက္မေနရဆိုတဲ့ သေဘာအေနနဲ႔ေတာ့ေခၚထားတယ္ေပါ့။ တက္မယ့္လူက သူကမဲႏႈိက္မွာေပါ့။ ႐ြာတ႐ြာမွာလူ (၁၀၀) ရွိရင္ အဲဒီ (၁၀၀) ထဲက လူအေယာက္ (၂၀) မဲႏႈိက္မယ္။အဲဒီ မဲႏႈိက္တဲ့သူပဲ တက္ရမယ္။ ’’

အသက္ ၁၈ ႏွစ္မွ ၅၀ ႏွစ္အၾကား ႐ြာသားေတြရဲ႕စာရင္းကို ဒီကေန႔ေပးပို႔ရၿပီး ျပည္သူ႔စစ္အေျခခံစစ္သင္တန္းကိုေတာ့ နယ္ေျမခံတပ္ကေနလာေရာက္ပို႔ခ်မွာျဖစ္တယ္လို႔ ေျပာပါတယ္။

လက္ရွိစစ္ေကာင္စီတပ္အတြင္းမွာ အင္အားမလုံေလာက္လို႔ ႐ြာလုံၿခဳံေရးအတြက္ ျပည္သူ႔စစ္အဖြဲ႔ ဖြဲ႔တာလို႔ အဆိုပါ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ကပဲ ဆက္ေျပာပါတယ္။

“သူတို႔ကေတာ့နယ္ေျမလုံၿခဳံေရးအတြက္အဲဒီလိုပဲ ေျပာမွာေပါ့။ အခု ဒီ က်ေနာ္တို႔ဒလက္ေခ်ာင္းမွာဆို စိမ္းလဲ့ေက်း႐ြာမွာဆို အရပ္သားကိုပဲ ကင္းေစာင့္ခိုင္းတာေလ။ ႐ြာသားကိုယ္တိုင္ေစာင့္ရတာ။ သူတို႔မွာ အင္အားမလုံေလာက္တဲ့အတြက္ လူထုနဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ဆိုတဲ့ သေဘာျဖစ္ႏိုင္တာေပါ့။’’

ပလက္ဝၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲမျဖစ္တာတႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္ အစိုးရကိုခုခံေတာ္လွန္ေနတဲ့ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF အဖြဲ႔ေတြ ေက်း႐ြာေတြအၾကားမွာ စိမ့္ဝင္ေနတဲ့အေျခအေနမွာရွိေနပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF အဖြဲ႔ေတြအၾကား တိုက္ပြဲမရွိေသးေပမဲ့ ၿမိဳ႕တြင္း ဌာနဆိုင္ရာ႐ုံးေတြအေပၚ CDF အဖြဲ႔ေတြက ၿခိမ္းေျခာက္မႈေတြရွိေနတယ္လို႔ေျပာပါတယ္။

“လြန္ခဲ့တဲ့အပတ္ တနဂၤေႏြေန႔ကေတာ့ၿမိဳ႕ေပၚမွာေတာင္ စာကပ္တယ္။ အမ်ားအားျဖင့္ ဒီဌာနဆိုင္ရာ (၉) ခုေလာက္ကို သူတို႔က သတိေပးေနတာျဖစ္တယ္။ ျမန္မာ့စီးပြါးေရးဘဏ္မန္ေနဂ်ာ အဲဒီလိုမ်ိဳး သတိထားဖို႔ေပါ့။ ထမင္းဝေအာင္စားထား အဲဒီလိုမ်ိဳး။ အဓိကကေတာ့ ၿခိမ္းေျခာက္တယ္လို႔ေျပာလို႔ရတာေပါ့။’’

ျမန္မာစစ္တပ္က အာဏာသိမ္းယူတာကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ပစ္ခတ္ႏွိမ္နင္းခံရၿပီးတဲ့ေနာက္ ခ်င္းျပည္နယ္ၿမိဳ႕နယ္အမ်ားျပားမွာ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF ဖြဲ႔စည္းၿပီး စစ္ေကာင္စီတပ္ကို ခုခံေတာ္လွန္ခဲ့ၾကတာပါ။

ပလက္ဝၿမိဳ႕နယ္အတြင္းမွာလည္း ခ်င္းကာကြယ္ေရးအဖြဲ႔ေတြ ဖြဲ႔စည္းလာၿပီး စတင္လႈပ္ရွားလာတဲ့အေျခအေနေၾကာင့္ ျမန္မာစစ္တပ္ကေန ျပည္သူ႔စစ္ဖြဲ႔စည္းဖို႔ႀကိဳးပမ္းလာခဲ့တာပါ။

ပလက္ဝၿမိဳ႕နယ္တြင္း ယခင္က ရခိုင္လက္နက္ကိုင္(AA )နဲ႔ ျမန္မာစစ္တပ္တို႔အၾကား စစ္ေရးပဋိပကၡေၾကာင့္ ပလက္ဝနဲ႔ ဆမီးၿမိဳ႕ေပၚမွာ ေထာင္ႏွင့္ခ်ီတဲ့ ျပည္သူေတြစစ္ေဘးတိမ္းေရွာင္ခဲ့ရၿပီး အမ်ားစုက ခုအထိ အိမ္မျပန္ႏိုင္ၾကေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==========

{{Unicode}}

ချင်း ပလက်ဝကျေးရွာတချို့မှာ ပြည်သူ့စစ်ဖွဲ့ဖို့ စာရင်းကောက်ယူနေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ နယ်ခြေလုံခြုံရေးအတွက် စစ်ကောင်စီတပ် ကနေ ပြည်သူ့စစ်ဖွဲ့စည်းဖို့ စာရင်းကောက်ခံနေပါတယ်။ ကျေးရွာသားအများစုက ပြည်သူ့စစ်သင်တန်းကို မတက်ချင်တာကြောင့် မဲနှိုက်ရတဲ့စံနစ်နဲ့ လူရွေးချယ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းထဲမှာ ဒေသတွင်းစစ်ဆင်ရေးတွေလုပ်ဖို့ တပ်မ ၁၁ တပ်တွေ ဝင်ရောက်တပ်စွဲထားပါတယ်။ အဲဒီက အမှတ် ၁၁ တပ်မမှူးက ပလက်ဝမြို့အနီးတဝိုက်ကျေးရွာ ၉ ရွာမှာ ပြည်သူ့စစ်ဖွဲ့ဖို့ လူဦးရေစာရင်းကောက်ခိုင်းထားပြီး ဒီကနေ့နောက်ဆုံးထားပေးပို့ရမယ်လို့ အောက်မီးလက်ဝ ကျေးရွာသားတဦးကပြောပါတယ်။

“ပြည်သူ့စစ်ဖွဲ့ဖို့ တပ်မကနေ တောင်းဆိုထားတာရှိတယ်။ (၂၈၉) တပ်ရင်းမှာနေတဲ့တပ်မမှူး။ တပ်မ (၁၁) အဖွဲ့ပေါ့။ သူတို့က အခု ကျေးရွာ (၉) ရွာလောက်ကို အစည်းဝေးခေါ်ထားတယ်။ ဒီပြည်သူ့စစ်ကဏ္ဍက ဟိုး အရင်တုန်းက ခေတ်အဆက်ဆက်ကနေပြီးတော့ ဖွဲ့စည်းတာတွေရှိပြီးသားဖြစ်တယ်။ အဲဒါတွေကို ပြန်ပြီးမှ ဖွဲ့စည်းပေးဖို့ပြောထားတယ်သူတို့က။ တရွာကိုအိမ်ခြေများရင်များသလိုပေါ့။ အခုကျနော်တို့ မီးလက်ဝအောက်ရွာဆိုရင်တော့ အမာခံကအယောက် (၁၀)၊ အရန်က အယောက် (၂၀)။ စုစုပေါင်း (၃၀) လောက်ပေါ့။ ကျန်တဲ့ရွာတွေလည်း ဒီအတိုင်းပါပဲ။ ဒီ (၉) ရွာစလုံးလိုလို ဒီနေ့က စာရင်းအရောက်ပို့ပေးရမယ်ဆိုပြီးမှ သူတို့ကပြောထားတယ်လေ။’’

အောက်မီးလက်ဝ၊ လောင်းဂဒိုး၊ စိမ်းစင်း၊ ငပွေ၊ အန်ခို၊ စီဖလောင်း၊ တမန်းသား၊ အစရှိတဲ့ရွာ (၉) ရွာမှာ လူဦးရေ အချိုးအစားအလိုက် ရွာတရွာမှာ ပြည်သူ့စစ် အမာခံ (၁၀ဦး) အရန်အတွက် ၂၀ စုစုပေါင်း ၃၀ ကောက်ခိုင်း ထားတယ်လို့ဆိုပါတယ်။

ရွာသားအများစုက ပြည်သူ့စစ်သင်တန်းကို မတက်ချင်တာကြောင့် မဲနှိုက်ရတဲ့စံနစ်နဲ့ လူရွေးချယ်ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ရွာအလိုက် လူဦးရေကန့်သတ်ချက်နဲ့ မတက်မနေရဆိုတဲ့ သဘောအနေနဲ့တော့ခေါ်ထားတယ်ပေါ့။ တက်မယ့်လူက သူကမဲနှိုက်မှာပေါ့။ ရွာတရွာမှာလူ (၁၀၀) ရှိရင် အဲဒီ (၁၀၀) ထဲက လူအယောက် (၂၀) မဲနှိုက်မယ်။အဲဒီ မဲနှိုက်တဲ့သူပဲ တက်ရမယ်။ ’’

အသက် ၁၈ နှစ်မှ ၅၀ နှစ်အကြား ရွာသားတွေရဲ့စာရင်းကို ဒီကနေ့ပေးပို့ရပြီး ပြည်သူ့စစ်အခြေခံစစ်သင်တန်းကိုတော့ နယ်မြေခံတပ်ကနေလာရောက်ပို့ချမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်အတွင်းမှာ အင်အားမလုံလောက်လို့ ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့ ဖွဲ့တာလို့ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကပဲ ဆက်ပြောပါတယ်။

“သူတို့ကတော့နယ်မြေလုံခြုံရေးအတွက်အဲဒီလိုပဲ ပြောမှာပေါ့။ အခု ဒီ ကျနော်တို့ဒလက်ချောင်းမှာဆို စိမ်းလဲ့ကျေးရွာမှာဆို အရပ်သားကိုပဲ ကင်းစောင့်ခိုင်းတာလေ။ ရွာသားကိုယ်တိုင်စောင့်ရတာ။ သူတို့မှာ အင်အားမလုံလောက်တဲ့အတွက် လူထုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ သဘောဖြစ်နိုင်တာပေါ့။’’

ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲမဖြစ်တာတနှစ်ကျော်ကြာခဲ့ပေမယ့် အစိုးရကိုခုခံတော်လှန်နေတဲ့ ချင်းကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေ ကျေးရွာတွေအကြားမှာ စိမ့်ဝင်နေတဲ့အခြေအနေမှာရှိနေပါတယ်။

ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေအကြား တိုက်ပွဲမရှိသေးပေမဲ့ မြို့တွင်း ဌာနဆိုင်ရာရုံးတွေအပေါ် CDF အဖွဲ့တွေက ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ပြောပါတယ်။

“လွန်ခဲ့တဲ့အပတ် တနင်္ဂနွေနေ့ကတော့မြို့ပေါ်မှာတောင် စာကပ်တယ်။ အများအားဖြင့် ဒီဌာနဆိုင်ရာ (၉) ခုလောက်ကို သူတို့က သတိပေးနေတာဖြစ်တယ်။ မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ အဲဒီလိုမျိုး သတိထားဖို့ပေါ့။ ထမင်းဝအောင်စားထား အဲဒီလိုမျိုး။ အဓိကကတော့ ခြိမ်းခြောက်တယ်လို့ပြောလို့ရတာပေါ့။’’

မြန်မာစစ်တပ်က အာဏာသိမ်းယူတာကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပစ်ခတ်နှိမ်နင်းခံရပြီးတဲ့နောက် ချင်းပြည်နယ်မြို့နယ်အများပြားမှာ ချင်းကာကွယ်ရေးအဖွဲ့ CDF ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်ခဲ့ကြတာပါ။

ပလက်ဝမြို့နယ်အတွင်းမှာလည်း ချင်းကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာပြီး စတင်လှုပ်ရှားလာတဲ့အခြေအနေကြောင့် မြန်မာစစ်တပ်ကနေ ပြည်သူ့စစ်ဖွဲ့စည်းဖို့ကြိုးပမ်းလာခဲ့တာပါ။

ပလက်ဝမြို့နယ်တွင်း ယခင်က ရခိုင်လက်နက်ကိုင်(AA )နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ပလက်ဝနဲ့ ဆမီးမြို့ပေါ်မှာ ထောင်နှင့်ချီတဲ့ ပြည်သူတွေစစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အများစုက ခုအထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

#ချင်းပလက်ဝ #ပြည်သူ့စစ်ဖွဲ့

XS
SM
MD
LG