သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ပက္လက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ တုိက္ပြဲျဖစ္ပြား


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕ စာသင္ေက်ာင္းမွာ မေန႔ကနဲ႔ ဒီေန႔မနက္ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) တို႔အၾကား တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ ကန္ပက္လက္ၿမိဳ႕ အထက္တန္းေက်ာင္းမွာ စခန္းခ်ထားတဲ့ စစ္ေကာင္စီတပ္ကို CDF အဖြဲ႔က ပစ္ခတ္တာျဖစ္ၿပီး တိုက္ပြဲအတြင္း ၿမိဳ႕နယ္တရား႐ုံးလည္း မီးေလာင္သြားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

စစ္ေကာင္စီတပ္ေတြ စခန္းခ်ထားတဲ့ ကန္ပက္လက္ၿမိဳ႕ အထက္တန္းေက်ာင္းမွာ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) က ဒီမနက္တိုက္ခိုက္လို႔ တိုက္ပြဲျဖစ္ၿပီး တိုက္ပြဲေၾကာင့္ ၿမိဳ႕နယ္တရား႐ုံးလည္း မီးေလာင္ခဲ့တယ္လို႔ ကန္ပက္လက္ၿမိဳ႕ခံ ကိုပီတာက ေျပာပါတယ္။

“ဒီေန႔မနက္ ၈ နာရီ၊ ၉ နာရီေလာက္မွာ သူတို႔ပစ္တယ္။ အထက အထက္တန္းေက်ာင္း တပ္စခန္းထဲမွာ။ သူတို႔က အထကမွာပဲ ေနရာယူတာကိုး။ နာရီဝက္ေလာက္ပဲ ပစ္တယ္။ ၿပီးလို႔ ၁၁ နာရီေလာက္မွာ တရား႐ုံး မီးေလာင္တယ္၊ ၿမိဳ႕နယ္တရား႐ုံး။"

ညေန ၃ နာရီအထိ စစ္ေကာင္စီဘက္က ပစ္ခတ္ေနမႈေၾကာင့္ စိုးရိမ္စိတ္နဲ႔ အိမ္မျပန္ႏိုင္ၾကေသးဘူးလို႔ တျခားၿမိဳ႕ခံတဦးက ေျပာပါတယ္။

“တိုက္ပြဲေၾကာင့္ သူတို႔ စစ္ေကာင္စီက ပစ္လိုက္တဲ့ လက္နက္ႀကီးေတြေၾကာင့္ အဲဒီတရား႐ုံးေပါ့ေနာ္ မီးေတာက္ေလာင္သြားတယ္လို႔ ထင္ပါတယ္။ အခုဆိုရင္ ေသနတ္သံေတြ ဆက္တိုက္ၾကားေနရတယ္။ စစ္ေကာင္စီဘက္ကေန။ အဲဒီလမ္းမွာ ပစ္ေနတယ္ေပါ့ေနာ္။ ျပည္သူေတြ သြားလာေနတဲ့ဟာေတြ။ က်ေနာ္တုိ႔ဆိုရင္ ၿမိဳ႕ထဲကေန အိမ္ကိုျပန္ဖို႔ လုံးဝ မျပန္ႏိုင္ဘူး ျဖစ္ေနေတာ့ သူမ်ားအိမ္မွာ ပုန္းခိုေနရတယ္။"

မေန႔က မြန္းလြဲပိုင္းမွာလည္း အထကေက်ာင္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ကို CDF အဖြဲ႔က ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ခံ ကိုပီတာက ေျပာပါတယ္။

“မေန႔က တိုက္ပြဲေတြကေတာ့ ပစ္တာခတ္တာေတြ ရွိတယ္။ အဲဒီေက်ာင္းမွာပဲ။ ထိခိုက္မႈက က်ေနာ္တုိ႔ သတင္းၾကားတာေတာ့ တေယာက္ေလာက္ ထိတယ္လို႔ေတာ့ ၾကားတယ္။ အထကမွာ။"

ဒီေန႔ ဒီဇင္ဘာ ၄ ရက္ေန႔ ဒီမနက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈမွာ စစ္ေကာင္စီဘက္က ၂ ဦးေသဆုံးၿပီး မေန႔က ပစ္ခတ္တိုက္ခိုက္မႈမွာေတာ့ စစ္ေကာင္စီတပ္သား ၂ ဦး က်ဆုံး၊ ၁ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ CDF-Kanpetlet က သတင္းထုတ္ျပန္ထားပါတယ္။ ဗြီအိုေအအေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ထိခိုက္ဒဏ္ရာရမႈ မရွိဘူးလို႔ ျငင္းပါတယ္။

“ပစ္ခတ္မႈေတာ့ ရွိေကာင္းရွိႏိုင္တာေပါ့။ ရွိေကာင္းရွိႏိုင္တယ္ ဆုိတာက အေဝးကေန ေခ်ာင္းပစ္တာတို႔ ဘာတို႔ ရွိႏိုင္တာေပါ့။ ဒဏ္ရာရတာ ဘာညာေတာ့ မေန႔ကလည္း မရွိဘူး။ ဒီေန႔မနက္လည္း မရွိပါဘူး။"

စစ္ေရးပဋိပကၡေၾကာင့္ လူဦးေရ ၆,၀၀၀ ရွိတဲ့ ကန္ပက္လက္ၿမိဳ႕မွာ လူဦးေရ ၂,၀၀၀ ေလာက္သာ က်န္ရွိေနၿပီး လူ ၄,၀၀၀ ခန႔္ဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၃ ရက္ေန႔ကလည္း ကန္ပက္လက္ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) နဲ႔ စစ္ေကာင္စီတပ္တို႔ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ရာမွာ အစိုးရ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးနဲ႔ လူဝင္မႈႀကီးၾကပ္ေရး႐ုံး မီးေလာင္ကၽြမ္းခဲ့ပါတယ္။

ကန္ပက္လက္ၿမိဳ႕မွာ ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ေမလလယ္ကစၿပီး ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိလာေနခဲ့သလို တိုက္ပြဲအႀကိမ္ ၃၀ ေက်ာ္ ျဖစ္ပြါးခဲ့ပါတယ္။

ဒီလိုတိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ခံျပည္သူ ၆၀၀ ေက်ာ္ဟာ ခါ႐ိုင္းဒုကၡသည္စခန္း၊ ေအာင္ရင္းဒုကၡသည္စခန္းနဲ႔ မေကြးတိုင္း ေဆာၿမိဳ႕နယ္ေတြဘက္မွာ တိမ္းေရွာင္ေနရပါတယ္။

ဒါ့အျပင္ မေကြးတိုင္း ေဆာနယ္စပ္မွာလည္း တိမ္းေရွာင္ေနၾကတယ္လို႔ ေဆာနယ္စပ္ေရာက္ စစ္ေရွာင္ေကာ္မတီဝင္တဦးက ေျပာပါတယ္။

“စစ္ေရွာင္က ေဆာနယ္မွာက ၄၀၀၊ ၅၀၀ ေလာက္ ရွိမယ္ထင္တယ္ေနာ။ တေနရာတည္းမွာ မဟုတ္ဘူး၊ ၃ ေနရာမွာ။ ကန္ပက္လက္ၿမိဳ႕ေပၚနဲ႔ ၿမိဳ႕ပတ္ဝန္းက်င္က လူေတြေပါ့။ အလွဴရွင္ေတြ စုၾကတဲ့အခါ ဆန္ေတြဘာေတြ ေပးတယ္ေပါ့။ အဲဒီေဆာနယ္က ရြာသားေတြက ေပးတယ္။ ဒါေပမယ့္ ကန္ပက္လက္ဘက္ကိုေတာ့ ျပန္တက္လို႔ေတာ့ မရေသးလို႔။"

ခ်င္းျပည္နယ္မွာဆိုရင္ မင္းတပ္၊ ကန္ပက္လက္၊ ဟားခါး၊ ထန္တလန္၊ မတူပီ၊ ဖလမ္း စတဲ့ၿမိဳ႕နယ္က ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ျဖစ္ပြါးေနတာပါ။

ျမန္မာစစ္တပ္က ႏိုင္ငံအာဏာသိမ္းယူခဲ့ၿပီး တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ကန႔္ကြက္ ဆႏၵျပမႈေတြ ျဖစ္ခဲ့တာမွာ အၾကမ္းဖက္ ႏွိမ္နင္းခံရတဲ့ ေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီတပ္ကို ေဒသခံေတြက ဆန႔္က်င္ေတာ္လွန္မႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြါးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ကန်ပက်လက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ် ကန်ပက်လက်မြို့ စာသင်ကျောင်းမှာ မနေ့ကနဲ့ ဒီနေ့မနက် စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ကန်ပက်လက်မြို့ အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို CDF အဖွဲ့က ပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲအတွင်း မြို့နယ်တရားရုံးလည်း မီးလောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ကန်ပက်လက်မြို့ အထက်တန်းကျောင်းမှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ဒီမနက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲကြောင့် မြို့နယ်တရားရုံးလည်း မီးလောင်ခဲ့တယ်လို့ ကန်ပက်လက်မြို့ခံ ကိုပီတာက ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီ၊ ၉ နာရီလောက်မှာ သူတို့ပစ်တယ်။ အထက အထက်တန်းကျောင်း တပ်စခန်းထဲမှာ။ သူတို့က အထကမှာပဲ နေရာယူတာကိုး။ နာရီဝက်လောက်ပဲ ပစ်တယ်။ ပြီးလို့ ၁၁ နာရီလောက်မှာ တရားရုံး မီးလောင်တယ်၊ မြို့နယ်တရားရုံး။"

ညနေ ၃ နာရီအထိ စစ်ကောင်စီဘက်က ပစ်ခတ်နေမှုကြောင့် စိုးရိမ်စိတ်နဲ့ အိမ်မပြန်နိုင်ကြသေးဘူးလို့ တခြားမြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကြောင့် သူတို့ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အဲဒီတရားရုံးပေါ့နော် မီးတောက်လောင်သွားတယ်လို့ ထင်ပါတယ်။ အခုဆိုရင် သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ စစ်ကောင်စီဘက်ကနေ။ အဲဒီလမ်းမှာ ပစ်နေတယ်ပေါ့နော်။ ပြည်သူတွေ သွားလာနေတဲ့ဟာတွေ။ ကျနော်တို့ဆိုရင် မြို့ထဲကနေ အိမ်ကိုပြန်ဖို့ လုံးဝ မပြန်နိုင်ဘူး ဖြစ်နေတော့ သူများအိမ်မှာ ပုန်းခိုနေရတယ်။"

မနေ့က မွန်းလွဲပိုင်းမှာလည်း အထကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံ ကိုပီတာက ပြောပါတယ်။

“မနေ့က တိုက်ပွဲတွေကတော့ ပစ်တာခတ်တာတွေ ရှိတယ်။ အဲဒီကျောင်းမှာပဲ။ ထိခိုက်မှုက ကျနော်တို့ သတင်းကြားတာတော့ တယောက်လောက် ထိတယ်လို့တော့ ကြားတယ်။ အထကမှာ။"

ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ဒီမနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး မနေ့က ပစ်ခတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Kanpetlet က သတင်းထုတ်ပြန်ထားပါတယ်။ ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ငြင်းပါတယ်။

“ပစ်ခတ်မှုတော့ ရှိကောင်းရှိနိုင်တာပေါ့။ ရှိကောင်းရှိနိုင်တယ် ဆိုတာက အဝေးကနေ ချောင်းပစ်တာတို့ ဘာတို့ ရှိနိုင်တာပေါ့။ ဒဏ်ရာရတာ ဘာညာတော့ မနေ့ကလည်း မရှိဘူး။ ဒီနေ့မနက်လည်း မရှိပါဘူး။"

စစ်ရေးပဋိပက္ခကြောင့် လူဦးရေ ၆,၀၀၀ ရှိတဲ့ ကန်ပက်လက်မြို့မှာ လူဦးရေ ၂,၀၀၀ လောက်သာ ကျန်ရှိနေပြီး လူ ၄,၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ကန်ပက်လက် ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ အစိုးရ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား မေလလယ်ကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာနေခဲ့သလို တိုက်ပွဲအကြိမ် ၃၀ ကျော် ဖြစ်ပွါးခဲ့ပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် မြို့ခံပြည်သူ ၆၀၀ ကျော်ဟာ ခါရိုင်းဒုက္ခသည်စခန်း၊ အောင်ရင်းဒုက္ခသည်စခန်းနဲ့ မကွေးတိုင်း ဆောမြို့နယ်တွေဘက်မှာ တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် မကွေးတိုင်း ဆောနယ်စပ်မှာလည်း တိမ်းရှောင်နေကြတယ်လို့ ဆောနယ်စပ်ရောက် စစ်ရှောင်ကော်မတီဝင်တဦးက ပြောပါတယ်။

“စစ်ရှောင်က ဆောနယ်မှာက ၄၀၀၊ ၅၀၀ လောက် ရှိမယ်ထင်တယ်နော။ တနေရာတည်းမှာ မဟုတ်ဘူး၊ ၃ နေရာမှာ။ ကန်ပက်လက်မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်က လူတွေပေါ့။ အလှူရှင်တွေ စုကြတဲ့အခါ ဆန်တွေဘာတွေ ပေးတယ်ပေါ့။ အဲဒီဆောနယ်က ရွာသားတွေက ပေးတယ်။ ဒါပေမယ့် ကန်ပက်လက်ဘက်ကိုတော့ ပြန်တက်လို့တော့ မရသေးလို့။"

ချင်းပြည်နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ဖလမ်း စတဲ့မြို့နယ်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာပါ။

မြန်မာစစ်တပ်က နိုင်ငံအာဏာသိမ်းယူခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာမှာ အကြမ်းဖက် နှိမ်နင်းခံရတဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ကို ဒေသခံတွေက ဆန့်ကျင်တော်လှန်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွါးနေပါတယ်။

XS
SM
MD
LG