သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ ထိုးစစ္ရပ္ေရး လံုၿခံဳေရးေကာင္စီ ကူညီလုပ္ေဆာင္ဖုိ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြတိုက္တြန္း


ခ်င္းဒုကၡသည္ေကာ္မတီဦးေဆာင္ၿပီး အိႏၵိယေရာက္ျမန္မာျပည္သားေတြက စစ္အာဏာသိမ္းၿပီးေနာက္ ေသဆံုးခဲ့သူေတြအတြက္ ဆုေတာင္းပြဲ။ (မတ္ ၂၄၊ ၂၀၂၁)

{{Zawgyi/Unicode}}

အာဏာသိမ္း စစ္ေကာင္စီအေပၚ လက္နက္ကိုင္ ခုခံေတာ္လွန္မႈေတြ အမ်ားအျပားရွိေနတဲ့ ခ်င္းျပည္နယ္တြင္းနဲ႔ နယ္စပ္ေဒသမွာ အၾကမ္းဖက္မႈေတြ တိုးလာေနတာကို ရပ္တန္႔ေအာင္ ကူညီေဆာင္ရြက္ေပးဖို႔ လူ႔အခြင့္အေရးအဖြဲ႔၅၀၀ ေက်ာ္က ကုလသမဂၢလံုၿခံဳေရးေကာင္စီကို တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္လာတဲ့ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြကို ႏွိမ္နင္းဖို႔ ျမန္မာစစ္တပ္က ခ်င္းျပည္နယ္ထဲမွာ လက္နက္နဲ႔ တပ္အင္အား တိုးခ်ဲ႕ ခ်ထားတာေတြ ရွိေနတဲ့အေၾကာင္း ေဒသခံ သတင္းမီဒီယာေတြ၊ မ်က္ျမင္ေတြ႔သူေတြနဲ႔ ကုလသမဂၢ အစီရင္ခံစာေတြမွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အိႏိၵယႏိုင္ငံနဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ ခ်င္းျပည္နယ္မွာ ျမန္မာစစ္တပ္က ထိုးစစ္ဆင္တာေတြမလုပ္ခင္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ဆံုးျဖတ္ခ်က္ ခ်မွတ္ၿပီး ၾကားဝင္ ဟန္႔တားဖို႔ ျပည္တြင္းျပည္ပက လူ႔အခြင့္အေရးအဖြဲ႔၅၂၁ ဖြဲ႔ကိုယ္စား ႏိုင္ငံတကာ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာအဖြဲ႔ Human Rights Watch က မေန႔က ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ခ်င္းျပည္နယ္တြင္း တိုက္ခိုက္မႈေတြ တိုးလာေနတဲ့ အေျခအေနအျပင္ ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ႕ အာဏာတပ္မက္မႈေၾကာင့္ ျဖစ္လာတဲ့ ႏိုင္ငံတဝန္း ႀကံဳေတြ႔လာရတဲ့ လူထုေတြရဲ႕ ဒုကၡေတြ၊ ႏိုင္ငံေရး၊ လူ႔အခြင့္အေရးနဲ႔ လူသားေဘးဒုကၡဆိုင္ရာ အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ လံုၿခံဳေရးေကာင္စီ အေရးေပၚ အစည္းအေဝးတရပ္ ေခၚယူဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ေနာက္ပိ္ုင္းကစလို႔ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြနဲ႔ အၾကမ္းဖက္မႈေတြ ဆက္တိုက္ ေပၚေပါက္ေနခဲ့တာပါ။ ျမန္မာစစ္တပ္အေနနဲ႔ တိုင္းျပည္ကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ အၾကမ္းဖက္အဖြဲ႔ေတြအျဖစ္ သူတို႔ နာမည္တပ္ထားတဲ့ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၊ တိုင္းရင္းသားအဖြဲ႔ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြရဲ႕ ခုခံေတာ္လွန္စစ္ေတြကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{{Unicode}}

ချင်းပြည်နယ် ထိုးစစ်ရပ်ရေး လုံခြုံရေးကောင်စီ ကူညီလုပ်ဆောင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေတိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီအပေါ် လက်နက်ကိုင် ခုခံတော်လှန်မှုတွေ အများအပြားရှိနေတဲ့ ချင်းပြည်နယ်တွင်းနဲ့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့၅၀၀ ကျော်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ မြန်မာစစ်တပ်က ချင်းပြည်နယ်ထဲမှာ လက်နက်နဲ့ တပ်အင်အား တိုးချဲ့ ချထားတာတွေ ရှိနေတဲ့အကြောင်း ဒေသခံ သတင်းမီဒီယာတွေ၊ မျက်မြင်တွေ့သူတွေနဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တာတွေမလုပ်ခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်ပြီး ကြားဝင် ဟန့်တားဖို့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့၅၂၁ ဖွဲ့ကိုယ်စား နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာအဖွဲ့ Human Rights Watch က မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်တွင်း တိုက်ခိုက်မှုတွေ တိုးလာနေတဲ့ အခြေအနေအပြင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အာဏာတပ်မက်မှုကြောင့် ဖြစ်လာတဲ့ နိုင်ငံတဝန်း ကြုံတွေ့လာရတဲ့ လူထုတွေရဲ့ ဒုက္ခတွေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားဘေးဒုက္ခဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့တာပါ။ မြန်မာစစ်တပ်အနေနဲ့ တိုင်းပြည်ကိုထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ အကြမ်းဖက်အဖွဲ့တွေအဖြစ် သူတို့ နာမည်တပ်ထားတဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်တွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

**************

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG