သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကယားနဲ႔ခ်င္းမွာ စစ္ပြဲေၾကာင့္ ပ်က္စီးတဲ့အေဆာက္အဦး ၁,၀၀၀ ေက်ာ္ရွိ


မၾကာေသးခင္က အိမ္ေျခရာနဲ႔ခ်ီမီးေလာင္ခဲ့တဲ့ ထန္တလန္ၿမိဳ႕ မီးေလာင္ျပင္ျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ကယားျပည္နယ္နဲ႔ခ်င္းျပည္နယ္ထဲမွာ တိုက္ပြဲေတြေၾကာင့္ ပ်က္စီးခဲ့တဲ့အေဆာက္အဦးအေရအတြက္ ဟာ ျပည္နယ္ႏွစ္ခုေပါင္း ၁,၀၀၀ ေက်ာ္ ရွိသြားၿပီလို႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ေျပာလိုက္ပါ တယ္။ ဒါဟာ စစ္ေကာင္စီနဲ႔ ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြၾကား တိုက္ပြဲေတြ ပိုၿပီးျပင္းထန္လာတဲ့ ေမလေနာက္ပိုင္းမွာ ပ်က္စီးခဲ့တာပါ။ ေနအိမ္အမ်ားစုဟာ မီးေလာင္ပ်က္စီးခဲ့တာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္၊ တိုက္ခိုက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံ ကို ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္လာတဲ့ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ကယားျပည္နယ္မွာ လည္း လူေနအိမ္ေျခ ၅၀၀ ေက်ာ္ ပ်က္စီးခဲ့တယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ အဲဒီ အထဲမွာ ဒီးေမာ့ဆိုၿမိဳ႕နယ္က ထိခိုက္ပ်က္စီးမႈ အမ်ားဆုံးျဖစ္ပါတယ္။ ဖယ္ခုံ၊ လြိဳင္ေကာ္၊ ဖ႐ူဆို စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း လူေနအိမ္ေတြ ပ်က္စီးခဲ့တာပါ။

ကရင္နီလူ႔အခြင့္အေရးအဖြဲ႔ ( KnHRG) ရဲ႕ ဒါ႐ိုက္တာ ကိုဗညားကေတာ့ ဒီပ်က္စီးမႈေတြက ဒီးေမာ့ဆို ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြစခဲ့တဲ့ ေမလ ၂၁ ရက္ေနာက္ပိုင္းကတည္းက မွတ္တမ္းတင္ထားတဲ့စာရင္း ျဖစ္တယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ဘာသာေရး အေဆာက္အဦးကေတာ့ ၆ လုံးေပါ့ေနာ္၊ ကက္သလစ္က ၅ လုံးျဖစ္တယ္၊ ႏွစ္ခ်င္းခရစ္ ယာန္က တလုံးေပါ့ေနာ္။ ဒါကေတာ့ လက္နက္ႀကီးထိမွန္တဲ့ ဘာသာေရးအေဆာက္အဦးျဖစ္တယ္ ေပါ့ေနာ္။ အိမ္ေျခကေတာ့ ေနာက္ဆုံးစာရင္းအရကေတာ့ ၅၂၀ နီးပါး ပ်က္စီးတယ္ေပါ့ေနာ္။ ၂၂၀ ေက်ာ္က မီးေလာင္ လုံးဝကို ပ်က္စီးသြားတယ္ေပါ့။ က်န္တဲ့ ၂၀၀ ေက်ာ္ကေတာ့ အနည္းအက်ဥ္း ပ်က္စီးတာရွိတယ္ေပါ့။ ဒါေပမဲ့ ၁၀၀ နီးပါးကေတာ့ အမ်ားႀကီး ျပန္ၿပီးေဆာက္ရမယ့္ ပုံစံမ်ိဳးေပါ့။ အဲဒီေတာ့ ပုံစံ ၃ ခုနဲ႔၅၅၀ ေက်ာ္ေက်ာ္ေတာ့ ရွိပါတယ္။”

ေမလထဲက စတင္ၿပီး အခုခ်ိန္အထိ ကယားျပည္နယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံလက္နက္ကိုင္ေတြ ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေပါင္း ၁၀၀ ထက္မနည္းရွိေနပါၿပီ။ ဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံ ၁၀၀ ေက်ာ္ေသဆုံးခဲ့တယ္လို႔ တိုးတက္ေသာ ကရင္နီ ျပည္သူ႔အင္အားစုက ထုတ္ျပန္ထားပါတယ္။

အလားတူ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ေနတဲ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ေပၚမွာ ပ်က္စီးခဲ့တဲ့ အေဆာက္အဦေပါင္း ၅၀၀ နီးပါးရွိသြားၿပီလို႔ ခ်င္းလူ႔အခြင့္ေရးအဖြဲ႔ CHRO က ေျပာပါတယ္။ ဒီအေရအတြက္ဟာ ဩဂုတ္လေနာက္ပိုင္းကစၿပီး အဖြဲ႔က မွတ္တမ္းတင္ ထားတဲ့ စာရင္း ျဖစ္ပါတယ္။ အဲဒီအထဲက ေနအိမ္ ၂၀၀ ေက်ာ္ကေတာ့ ႏိုဝင္ဘာလ ၂၅ ရက္နဲ႔ ၂၉ ရက္ၾကားမွာ ဖ်က္စီးခံခဲ့ရတယ္လို႔ေျပာပါတယ္။

အေဆာက္အဦးအမ်ားစုဟာ မီးေလာင္ဖ်က္ဆီးခံရတာျဖစ္ၿပီး အဲဒီအထဲမွာ ဘာသာေရးဆိုင္ရာ အေဆာက္အဦးေတြလည္း အမ်ားအျပား ပါဝင္ပါတယ္။ အထူးသျဖင့္ စစ္ေကာင္စီတပ္ေတြ စခန္းခ် ေနရာယူထားတဲ့ ထန္တလန္ၿမိဳ႕ေပၚက ေနရာအနီးတဝိုက္မွာ ထီးထီးမားမားရွိေနတဲ့ အေဆာက္အဦး ေတြ ပစ္မွတ္ထား တိုက္ခိုက္ခံရတယ္လို႔ ေဒသခံေတြက ခန႔္မွန္းၾကပါတယ္။

ဒီလို ေနအိမ္ အေဆာက္အဦးေတြ ပ်က္စီးခဲ့ရတာေၾကာင့္ အရပ္သားေတြရဲ႕ နစ္နာမႈေတြအတြက္ စိုးရိမ္မိတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO ရဲ႕ ဒုတိယအမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္ (Salai Za Uk) က ဗြီအိုေအကို ေျပာပါတယ္။

“ အိုးအိမ္ေတြဖ်က္ဆီးခံေနရတယ္၊ က်ေနာ္တို႔ အထူးပဲစိုးရိမ္ေနမိပါတယ္။”

ေဒသခံျပည္သူ႔ကာကြယ္ေရး အဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲေတြျဖစ္ခဲ့ၿပီးေနာက္ ထန္တလန္ ၿမိဳ႕မွာ အႀကီးအက်ယ္ မီးေလာင္မႈ ႏွစ္ႀကိမ္ျဖစ္ခဲ့ပါတယ္။ ပထမတႀကိမ္ ေလာင္ကြၽမ္းခဲ့စဥ္က သူတို႔ ရႈိ႕တဲ့မီး မဟုတ္ဘူးလို႔ စစ္ေကာင္စီက ျငင္းဆန္ၿပီး ေဒသခံအဖြဲ႔ေတြက မီးရႈိ႕ခဲ့တာလို႔ စြပ္စြဲခဲ့ပါတယ္။

ခ်င္းျပည္နယ္က ကိစၥေတြနဲ႔ပတ္သက္ၿပီး ကုလလုံၿခဳံေရးေကာင္စီရဲ႕ မၾကာေသးခင္က ျမန္မာအေရး သေဘာထားထုတ္ျပန္ခ်က္အေပၚမွာလည္း ခ်င္းအရပ္ဘက္အဖြဲ႔အစည္းေတြက အားမရၾကပါဘူး။ ကုလလုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္တန႔္ၾကဖို႔ပဲ တိုက္တြန္းခဲ့တာ ျဖစ္ၿပီး စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြကိုေတာ့ ထိထိေရာက္ေရာက္ ထည့္သြင္းေျပာၾကားခဲ့တာမရွိဘူးလို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕အပါအဝင္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းနဲ႔ ကရင္နီေဒသက ျပည္သူေတြရဲ႕ ေနအိမ္နဲ႔ ဘာသာေရးအေဆာက္အဦေတြအေပၚ စစ္တပ္က ပစ္မွတ္ထား တိုက္ခိုက္ေနတာေတြဟာ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ တႏိုင္ငံလုံ းပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး NCA သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္ ၁၀ ဖြဲ႕က ႏိုဝင္ဘာလ ၅ ရက္မွာ ေၾကညာခ်က္ ထုတ္ခဲ့ပါ တယ္။ က်ဴးလြန္သူေတြကို အေရးယူေပးဖို႔အတြက္ကိုလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕က ေၾကညာခ်က္ထဲမွာ ေတာင္းဆိုခဲ့ပါတယ္။

စစ္ေကာင္စီကေတာ့ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္ထဲမွာ သူတို႔အဆို အၾကမ္းဖက္အဖြဲ႔ေတြရဲ႕ လက္ခ်က္ေၾကာင့္ ထိခိုက္ခဲ့တယ္ဆိုတဲ့ စာရင္းေတြကို ထုတ္ျပန္ပါတယ္။ ခ်င္းျပည္နယ္မွာ လူေနအိမ္ ၁၀ လုံး၊ ကယားျပည္နယ္မွာ ၃ လုံး ပ်က္စီးခဲ့တယ္လို႔ စစ္ေကာင္စီစာရင္းမွာ ေဖာ္ျပထားပါတယ္။

ဒီအဖြဲ႔ေတြရဲ႕ မိုင္းေထာင္၊ မီးရႈိ႕ဖ်က္ဆီးမႈေတြေၾကာင့္ တိုင္းနဲ႔ျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္ေပါင္း ၁၄၁ ၿမိဳ႕နယ္က လူေနအိမ္ေျခေပါင္း ၃၆၀ ပ်က္စီးခဲ့တယ္လို႔ ေျပာထားပါတယ္။ ဒါဟာ ေဖေဖာ္ဝါရီလ ၁ ရက္ကေန ႏိုဝင္ဘာလ ၂၀ ရက္အထိ စာရင္ ျဖစ္တယ္လို႔လည္း စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

{{Unicode}}

ကယားနဲ့ချင်းမှာ စစ်ပွဲကြောင့် ပျက်စီးတဲ့အဆောက်အဦး ၁,၀၀၀ ကျော်ရှိ

ကယားပြည်နယ်နဲ့ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့တဲ့အဆောက်အဦးအရေအတွက် ဟာ ပြည်နယ်နှစ်ခုပေါင်း ၁,၀၀၀ ကျော် ရှိသွားပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါ တယ်။ ဒါဟာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ မေလနောက်ပိုင်းမှာ ပျက်စီးခဲ့တာပါ။ နေအိမ်အများစုဟာ မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး တချို့ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံ ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကယားပြည်နယ်မှာ လည်း လူနေအိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အဲဒီ အထဲမှာ ဒီးမော့ဆိုမြို့နယ်က ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပါတယ်။ ဖယ်ခုံ၊ လွိုင်ကော်၊ ဖရူဆို စတဲ့ မြို့နယ်တွေမှာလည်း လူနေအိမ်တွေ ပျက်စီးခဲ့တာပါ။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG) ရဲ့ ဒါရိုက်တာ ကိုဗညားကတော့ ဒီပျက်စီးမှုတွေက ဒီးမော့ဆို မြို့နယ်ထဲမှာ တိုက်ပွဲတွေစခဲ့တဲ့ မေလ ၂၁ ရက်နောက်ပိုင်းကတည်းက မှတ်တမ်းတင်ထားတဲ့စာရင်း ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဘာသာရေး အဆောက်အဦးကတော့ ၆ လုံးပေါ့နော်၊ ကက်သလစ်က ၅ လုံးဖြစ်တယ်၊ နှစ်ချင်းခရစ် ယာန်က တလုံးပေါ့နော်။ ဒါကတော့ လက်နက်ကြီးထိမှန်တဲ့ ဘာသာရေးအဆောက်အဦးဖြစ်တယ် ပေါ့နော်။ အိမ်ခြေကတော့ နောက်ဆုံးစာရင်းအရကတော့ ၅၂၀ နီးပါး ပျက်စီးတယ်ပေါ့နော်။ ၂၂၀ ကျော်က မီးလောင် လုံးဝကို ပျက်စီးသွားတယ်ပေါ့။ ကျန်တဲ့ ၂၀၀ ကျော်ကတော့ အနည်းအကျဉ်း ပျက်စီးတာရှိတယ်ပေါ့။ ဒါပေမဲ့ ၁၀၀ နီးပါးကတော့ အများကြီး ပြန်ပြီးဆောက်ရမယ့် ပုံစံမျိုးပေါ့။ အဲဒီတော့ ပုံစံ ၃ ခုနဲ့၅၅၀ ကျော်ကျော်တော့ ရှိပါတယ်။”

မေလထဲက စတင်ပြီး အခုချိန်အထိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တွေ ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းရှိနေပါပြီ။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ပျက်စီးခဲ့တဲ့ အဆောက်အဦပေါင်း ၅၀၀ နီးပါးရှိသွားပြီလို့ ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO က ပြောပါတယ်။ ဒီအရေအတွက်ဟာ ဩဂုတ်လနောက်ပိုင်းကစပြီး အဖွဲ့က မှတ်တမ်းတင် ထားတဲ့ စာရင်း ဖြစ်ပါတယ်။ အဲဒီအထဲက နေအိမ် ၂၀၀ ကျော်ကတော့ နိုဝင်ဘာလ ၂၅ ရက်နဲ့ ၂၉ ရက်ကြားမှာ ဖျက်စီးခံခဲ့ရတယ်လို့ပြောပါတယ်။

အဆောက်အဦးအများစုဟာ မီးလောင်ဖျက်ဆီးခံရတာဖြစ်ပြီး အဲဒီအထဲမှာ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေလည်း အများအပြား ပါဝင်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်တွေ စခန်းချ နေရာယူထားတဲ့ ထန်တလန်မြို့ပေါ်က နေရာအနီးတဝိုက်မှာ ထီးထီးမားမားရှိနေတဲ့ အဆောက်အဦး တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ဒီလို နေအိမ် အဆောက်အဦးတွေ ပျက်စီးခဲ့ရတာကြောင့် အရပ်သားတွေရဲ့ နစ်နာမှုတွေအတွက် စိုးရိမ်မိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် (Salai Za Uk) က ဗွီအိုအေကို ပြောပါတယ်။

“ အိုးအိမ်တွေဖျက်ဆီးခံနေရတယ်၊ ကျနော်တို့ အထူးပဲစိုးရိမ်နေမိပါတယ်။”

ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ထန်တလန် မြို့မှာ အကြီးအကျယ် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပထမတကြိမ် လောင်ကျွမ်းခဲ့စဉ်က သူတို့ ရှို့တဲ့မီး မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ပြီး ဒေသခံအဖွဲ့တွေက မီးရှို့ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ချင်းပြည်နယ်က ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ မကြာသေးခင်က မြန်မာအရေး သဘောထားထုတ်ပြန်ချက်အပေါ်မှာလည်း ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက အားမရကြပါဘူး။ ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ပဲ တိုက်တွန်းခဲ့တာ ဖြစ်ပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေကိုတော့ ထိထိရောက်ရောက် ထည့်သွင်းပြောကြားခဲ့တာမရှိဘူးလို့ ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့အပါအဝင်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသက ပြည်သူတွေရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အဦတွေအပေါ် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ တနိုင်ငံလုံ းပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့က နိုဝင်ဘာလ ၅ ရက်မှာ ကြေညာချက် ထုတ်ခဲ့ပါ တယ်။ ကျူးလွန်သူတွေကို အရေးယူပေးဖို့အတွက်ကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ကြေညာချက်ထဲမှာ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ သူတို့အဆို အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် ထိခိုက်ခဲ့တယ်ဆိုတဲ့ စာရင်းတွေကို ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်မှာ လူနေအိမ် ၁၀ လုံး၊ ကယားပြည်နယ်မှာ ၃ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီစာရင်းမှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့တွေရဲ့ မိုင်းထောင်၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ မြို့နယ်ပေါင်း ၁၄၁ မြို့နယ်က လူနေအိမ်ခြေပေါင်း ၃၆၀ ပျက်စီးခဲ့တယ်လို့ ပြောထားပါတယ်။ ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၀ ရက်အထိ စာရင် ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း #ထန်တလန်#ဒီးမော့ဆို#ကိုဗညား

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG