သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြဲမ်ားေၾကာင္႔ ခ်င္းနဲ႔ကယား ေဒသခံ ခရစ္ယန္ေတြ ဘာသာေရးဝတ္ျပဳရခက္


လြိဳင္ေကာ္ၿမိဳ႕ဘုရားေက်ာင္းတခု လက္နက္ႀကီးထိမွန္ "AFP PHOTO / KANTARAWADDY TIMES " (ယခင္ဓါတ္ပုံ)

တိုက္ပဲြဲမ်ားေၾကာင္႔ ခ်င္းနဲ႔ကယား ေဒသခံ ခရစ္ယန္ေတြ ဘာသာေရးဝတ္ျပဳရခက္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ခရစ္ယာန္ဘာသာဝင္ အမ်ားစုေနထိုင္ၾကတဲ့ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြၾကား တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြြက္ ဘာသာေရး အခမ္းအနား ေတြ၊ ဘာသာေရးဝတ္ျပဳမႈေတြ မလုပ္ႏိုင္တဲ့အေျခအေန ျဖစ္ေနပါတယ္။ အထူးသျဖင့္ တိုက္ပြဲျဖစ္တဲ့ေနရာ ေတြမွာ စစ္တပ္က ဘုရား႐ွိခိုးေက်ာင္းေတြထဲ ဝင္ၿပီးတပ္စြဲတာေတြရွိတဲ့အတြက္ ေဒသခံ ခရစ္ယာန္ဘာသာ ဝင္ေတြအေနနဲ႔ ဝတ္ျပဳႏိုင္ဖို႔ အခက္အခဲျဖစ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း က ေျပာျပပါမယ္။

ျမန္မာႏုိင္ငံမွာ လက္နက္ကိုင္ပဋိပကၡေတြျဖစ္ေနတဲ့ ေဒသေတြထဲက တုိက္ပဲြျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္၊ ကယားျပည္နယ္တုိ႔မွာ ခရစ္ယာန္ဘာသာဝင္အမ်ားစု ေနထုိင္ၾကပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲေတြျဖစ္တဲ့ေနရာေတြက ခရစ္ယာန္ ဘာသာေရး အေဆာက္အဦးေတြထဲမွာ စစ္တပ္က ညအိပ္တပ္စြဲတာ၊ ဘုရားေက်ာင္းထဲက ပစၥည္းေတြကို ႐ုိက္ခ်ဳိး ဖ်က္ဆီးတာေတြ လုပ္တယ္လို႔ ေဒသခံေတြက ဗီြအိုေအကို ေျပာပါတယ္။ ဒီလိုအေျခအေနေၾကာင့္ ဘုရားေက်ာင္းတက္ရဲသူမ႐ွိျဖစ္ေနတယ္လို႔ ခ်င္းျပည္နယ္က ခရစ္ယာန္ဘာသာဝင္တဦးက ေျပာပါတယ္။

“ဟိုအရင္ကဆိုရင္ ဟားခါး၊ ထန္တလန္ဘက္ စစ္ေၾကာင္းတက္လာတဲ့အခ်ိန္မွာ ဘုရားေက်ာင္းေတြမွာ သူတို႔ အိပ္တယ္၊ ၿပီးေတာ့ သူတို႔က ဟုိဟာ ေစာ္ကားတာေပါ့၊ ဘုရားေက်ာင္းရဲ႕ အသံုးအေဆာင္ေတြ တခ်ဳိ႕ဆိုရင္ ဘုရားေက်ာင္းေတြ မီး႐ိႈ႕တယ္၊ တခ်ဳိ႕ဆိုရင္ေတာ့ သူတို႔ ႐ုိက္ခြဲတယ္၊ ဘုရားေက်ာင္းကပစၥည္းေတြ အကုန္လံုးပ်က္စီးတယ္။ အဲ့လိုမ်ဳိးေတြ မ်ားတာေပါ့ေနာ္၊ တခ်ဳိ႕ဆိုရင္ေတာ့ အကုန္လံုးဖ်က္ဆီးတယ္ ဆိုေတာ့ ဘုရားေက်ာင္းတက္မယ့္ေနရာေတြလည္း မရွိဘူးေပါ့ေနာ္။”

ခရစ္ယာန္ဘာသာဝင္ေတြအေနနဲ႔ ဗုဒၶဟူးေန႔၊ စေနေန႔နဲ႔ တနဂၤေႏြေန႔ ညဘက္ေတြမွာ ဘုရားေက်ာင္းသြား ဝတ္ျပဳၾကေလ့႐ွိတဲ့အျပင္ တနဂၤေႏြေန႔ဆိုရင္ မနက္ပိုင္းမွာပါ ဘုရားေက်ာင္းမွာ လူစုၿပီး ပံုမွန္ ဝတ္ျပဳ ဆုေတာင္းၾကတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိအေျခအေနမွာ ဘာသာေရးအခမ္းအနားေတြ ဘုရားေက်ာင္းမွာ ဝတ္ျပဳတာေတြကို မလုပ္ႏိုင္ဘဲ တိုက္ပြဲေၾကာင့္ ေျပးေနရတယ္လို႔ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္က ေဒသခံတဦးက ေျပာပါတယ္။

“ဘာသာေရးနဲ႔ ပတ္သက္ၿပီး အခု တိုက္ပြဲၿငိမ္တဲ့ အခ်ိန္ကာလအတြင္းမွာဆိုရင္ေတာ့ အဲ့လိုမ်ဳိး စုေဝးႏိုင္တယ္၊ ဘုရားေက်ာင္းမွာဆိုရင္ မစုေဝးႏိုင္ဘူး၊ ဒါေပမယ့္ အိမ္မွာေတာ့ အတတ္ႏိုင္ဆံုး က်ေနာ္တို႔ ခရစ္ယာန္ ဆိုရင္ေတာ့ အတတ္ႏိုင္ဆံုး က်ေနာ္တို႔ စုစည္းၿပီေတာ့ ဘုရားကို ႐ွိခိုးႏိုင္တာေပါ့ေနာ္၊ ဒါေပမယ့္ တိုက္ပြဲ အေျခအေနဆိုးလာရင္ေတာ့ မလုပ္ႏိုင္ဘူး အဲ့လိုမ်ဳိးေပါ့ေနာ္၊ ေတာထဲေတာင္ထဲမွာပဲ က်ေနာ္တို႔ေျပးေန တယ္၊ အခက္အခဲေတြ အမ်ားႀကီး ႀကံဳေတြ႕ရတယ္။”

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒသခံတဦးကေတာ့ ဘာသာေရး ဝတ္ျပဳဆုေတာင္းမႈေတြ မလုပ္ႏိုင္တဲ့ အေျခအေနေၾကာင့္ အမ်ားႀကီး နစ္နာဆံုး႐ႈံးေနတယ္လို႔ ေျပာပါတယ္။

“တိုက္ပြဲေတြေၾကာင့္ အမ်ားစုက က်ေနာ္တို႔ ဒီခရစ္ယာန္ရဲ႕ ဘာသာေရးအေဆာက္အဦးေတြ ပ်က္စီးတာ ပိုမ်ားတယ္ေပါ့ေနာ္၊ အဲ့ဒါတခ်က္ေပါ့၊ ေနာက္တခုက တိုက္ပြဲေတြေၾကာင့္ က်ေနာ္တို႔ ဒီ ဝတ္ျပဳကာကြယ္ျခင္း မွာလည္း က်ေနာ္တို႔ အမ်ားႀကီးဆံုး႐ံႈးတယ္၊ ေနာက္ က်ေနာ္တို႔က အသင္းေတာ္ရွိၾကတယ္ေလ၊ က်ေနာ္တို႔ ဒီ စုၿပီးေတာ့ ေနထိုင္လို႔လည္း မရေတာ့သလို စုၿပီးေတာ့ ဘုရားရွိခိုးတာေတြ ဝတ္ျပဳတာေတြ လုပ္ဖို႔လည္းမရွိေတာ့ဘူး၊ အဆင္မေျပေတာ့ဘူးေပါ့ေနာ္။”

စစ္ေကာင္စီက ခရစ္ယာန္ဘုရားေက်ာင္းေတြအေပၚ တိုက္ခိုက္တာေတြလည္း ႐ွိေနတာမို႔ ဘာသာေရး လြတ္လပ္ခြင့္ေတြ လူ႔အခြင့္အေရးလြတ္လပ္ခြင့္ေတြ အျမန္ဆံုးရေစခ်င္တယ္လို႔ ခရစ္ယာန္ဘာသာေရး ေခါင္းေဆာင္တဦးကေျပာပါတယ္။

“တခ်ဳိ႕ဘုရားေက်ာင္းဆိုရင္ တက္တဲ့လူေတြေရွ႕မွာ ႐ုပ္ဆိုးေအာင္ အေပါက္ေဟာင္းေလာင္းေတြ ျဖစ္ေအာင္ ဘုရားေက်ာင္းထဲမွာ လာစုၿပီး မေနရဲေအာင္ ၿခိမ္းေျခာက္ခံရတာေပါ့ေနာ္၊ လက္နက္ႀကီးနဲ႔ ထုထားတာတို႔ ဥပမာ က်ေနာ္တို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္က ေဒါငံခါး ကက္သလစ္ဘုရားေက်ာင္းဆိုလည္း အေရွ႕မ်က္ႏွာစာမွာ လက္နက္ႀကီးနဲ႔ ထုထားတာ အဲ့လိုမ်ဳိးေတြေပ့ါေနာ္၊ ဆိုေတာ့ ေတာ္ေတာ္ေလး ဝမ္းနည္းစရာေကာင္းပါတယ္ လို႔ ဒါေတြက ဘာသာေရးအေဆာက္အဦးေတြ မလုပ္သင့္တဲ့ဟာေတြ လုပ္တဲ့အခါမွာ တကယ္ပဲ ဒီ ဘာသာေရးမွာ ခ်ဳိးေဖာက္ခံရတယ္လို႔ ေနာက္ၿပီးေတာ့မွ ဘယ္အခ်ိန္မွာ က်ေနာ္တို႔ တကယ့္စစ္မွန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္မရလဲဆိုတာကိုေတာ့ အျမန္ဆံုးရခ်င္တယ္၊ လူ႔အခြင့္အေရးေရာ ဘာသာေရး အခြင့္အေရးေရာေပ့ါေနာ္။”

စစ္ေကာင္စီနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႕ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ကယားျပည္နယ္မွာ ဘာသာေရးဆိုင္ရာ အေဆာက္အဦးေတြ ပ်က္စီးေနသလို ခ်င္းျပည္နယ္ထဲမွာလည္း ၾသဂုတ္လကစလို႔ လက္ရွိအခ်ိန္အထိ ခရစ္ယာန္ဘုရားေက်ာင္း ၂၂ ခုထက္မနည္း ပ်က္စီးခဲ့တယ္လို႔ ခ်င္းလူ႔အခြင့္အေရး အဖြဲ႕ CHRO ရဲ႕ ဒုတိယအမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္က ဗီြအိုေအကို ေျပာထားပါတယ္။

ျမန္မာႏုိင္ငံဟာ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ပတ္သက္လို႔ အထူးစိုးရိမ္ရတဲ့ အေျခအေန႐ွိေနတယ္လို႔ အေမရိကန္အစိုးရက ႏွစ္စဥ္ထုတ္ျပန္တဲ့ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထုတ္ျပန္ပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ႏိုဝင္ဘာလ ၁၇ ရက္ေန႔ကပဲ ေျပာၾကားခဲ့ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

တိုက်ပွဲများကြောင့် ချင်းနဲ့ကယား ဒေသခံ ခရစ်ယန်တွေ ဘာသာရေးဝတ်ပြုရခက်

{{Unicode}}

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဘာသာရေး အခမ်းအနား တွေ၊ ဘာသာရေးဝတ်ပြုမှုတွေ မလုပ်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။ အထူးသဖြင့် တိုက်ပွဲဖြစ်တဲ့နေရာ တွေမှာ စစ်တပ်က ဘုရားရှိခိုးကျောင်းတွေထဲ ဝင်ပြီးတပ်စွဲတာတွေရှိတဲ့အတွက်ဒေသခံ ခရစ်ယာန်ဘာသာ ဝင်တွေအနေနဲ့ ဝတ်ပြုနိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေထဲက တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ကြပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေက ခရစ်ယာန် ဘာသာရေး အဆောက်အဦးတွေထဲမှာ စစ်တပ်က ညအိပ်တပ်စွဲတာ၊ ဘုရားကျောင်းထဲက ပစ္စည်းတွေကို ရိုက်ချိုး ဖျက်ဆီးတာတွေ လုပ်တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် ဘုရားကျောင်းတက်ရဲသူမရှိဖြစ်နေတယ်လို့ ချင်းပြည်နယ်က ခရစ်ယာန်ဘာသာဝင်တဦးက ပြောပါတယ်။

“ဟိုအရင်ကဆိုရင် ဟားခါး၊ ထန်တလန်ဘက် စစ်ကြောင်းတက်လာတဲ့အချိန်မှာ ဘုရားကျောင်းတွေမှာ သူတို့ အိပ်တယ်၊ ပြီးတော့ သူတို့က ဟိုဟာ စော်ကားတာပေါ့၊ ဘုရားကျောင်းရဲ့ အသုံးအဆောင်တွေ တချို့ဆိုရင် ဘုရားကျောင်းတွေ မီးရှို့တယ်၊ တချို့ဆိုရင်တော့ သူတို့ ရိုက်ခွဲတယ်၊ ဘုရားကျောင်းကပစ္စည်းတွေ အကုန်လုံးပျက်စီးတယ်။ အဲ့လိုမျိုးတွေ များတာပေါ့နော်၊ တချို့ဆိုရင်တော့ အကုန်လုံးဖျက်ဆီးတယ် ဆိုတော့ ဘုရားကျောင်းတက်မယ့်နေရာတွေလည်း မရှိဘူးပေါ့နော်။”

ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့ ညဘက်တွေမှာ ဘုရားကျောင်းသွား ဝတ်ပြုကြလေ့ရှိတဲ့အပြင် တနင်္ဂနွေနေ့ဆိုရင် မနက်ပိုင်းမှာပါ ဘုရားကျောင်းမှာ လူစုပြီး ပုံမှန် ဝတ်ပြု ဆုတောင်းကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာဘာသာရေးအခမ်းအနားတွေ ဘုရားကျောင်းမှာ ဝတ်ပြုတာတွေကို မလုပ်နိုင်ဘဲ တိုက်ပွဲကြောင့် ပြေးနေရတယ်လို့ ချင်းပြည်နယ် မတူပီမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

“ဘာသာရေးနဲ့ ပတ်သက်ပြီး အခု တိုက်ပွဲငြိမ်တဲ့ အချိန်ကာလအတွင်းမှာဆိုရင်တော့ အဲ့လိုမျိုး စုဝေးနိုင်တယ်၊ ဘုရားကျောင်းမှာဆိုရင် မစုဝေးနိုင်ဘူး၊ ဒါပေမယ့် အိမ်မှာတော့ အတတ်နိုင်ဆုံး ကျနော်တို့ ခရစ်ယာန် ဆိုရင်တော့ အတတ်နိုင်ဆုံး ကျနော်တို့ စုစည်းပြီတော့ ဘုရားကို ရှိခိုးနိုင်တာပေါ့နော်၊ ဒါပေမယ့် တိုက်ပွဲ အခြေအနေဆိုးလာရင်တော့ မလုပ်နိုင်ဘူး အဲ့လိုမျိုးပေါ့နော်၊ တောထဲတောင်ထဲမှာပဲ ကျနော်တို့ပြေးနေ တယ်၊ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။”

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးကတော့ ဘာသာရေး ဝတ်ပြုဆုတောင်းမှုတွေ မလုပ်နိုင်တဲ့ အခြေအနေကြောင့် အများကြီး နစ်နာဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

“တိုက်ပွဲတွေကြောင့် အများစုက ကျနော်တို့ ဒီခရစ်ယာန်ရဲ့ ဘာသာရေးအဆောက်အဦးတွေ ပျက်စီးတာ ပိုများတယ်ပေါ့နော်၊ အဲ့ဒါတချက်ပေါ့၊ နောက်တခုက တိုက်ပွဲတွေကြောင့် ကျနော်တို့ ဒီ ဝတ်ပြုကာကွယ်ခြင်း မှာလည်း ကျနော်တို့ အများကြီးဆုံးရှုံးတယ်၊ နောက် ကျနော်တို့က အသင်းတော်ရှိကြတယ်လေ၊ ကျနော်တို့ ဒီ စုပြီးတော့ နေထိုင်လို့လည်း မရတော့သလို စုပြီးတော့ ဘုရားရှိခိုးတာတွေ ဝတ်ပြုတာတွေ လုပ်ဖို့လည်းမရှိတော့ဘူး၊ အဆင်မပြေတော့ဘူးပေါ့နော်။”

စစ်ကောင်စီက ခရစ်ယာန်ဘုရားကျောင်းတွေအပေါ် တိုက်ခိုက်တာတွေလည်း ရှိနေတာမို့ဘာသာရေး လွတ်လပ်ခွင့်တွေ လူ့အခွင့်အရေးလွတ်လပ်ခွင့်တွေ အမြန်ဆုံးရစေချင်တယ်လို့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးကပြောပါတယ်။

“တချို့ဘုရားကျောင်းဆိုရင် တက်တဲ့လူတွေရှေ့မှာ ရုပ်ဆိုးအောင် အပေါက်ဟောင်းလောင်းတွေ ဖြစ်အောင် ဘုရားကျောင်းထဲမှာ လာစုပြီး မနေရဲအောင် ခြိမ်းခြောက်ခံရတာပေါ့နော်၊ လက်နက်ကြီးနဲ့ ထုထားတာတို့ ဥပမာ ကျနော်တို့ ဒီးမော့ဆိုမြို့နယ်က ဒေါငံခါး ကက်သလစ်ဘုရားကျောင်းဆိုလည်း အရှေ့မျက်နှာစာမှာ လက်နက်ကြီးနဲ့ ထုထားတာ အဲ့လိုမျိုးတွေပေ့ါနော်၊ ဆိုတော့ တော်တော်လေး ဝမ်းနည်းစရာကောင်းပါတယ် လို့ ဒါတွေက ဘာသာရေးအဆောက်အဦးတွေ မလုပ်သင့်တဲ့ဟာတွေ လုပ်တဲ့အခါမှာ တကယ်ပဲ ဒီ ဘာသာရေးမှာ ချိုးဖောက်ခံရတယ်လို့ နောက်ပြီးတော့မှ ဘယ်အချိန်မှာ ကျနော်တို့ တကယ့်စစ်မှန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်မရလဲဆိုတာကိုတော့ အမြန်ဆုံးရချင်တယ်၊ လူ့အခွင့်အရေးရော ဘာသာရေး အခွင့်အရေးရောပေ့ါနော်။”

စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ ပျက်စီးနေသလို ချင်းပြည်နယ်ထဲမှာလည်း သြဂုတ်လကစလို့ လက်ရှိအချိန်အထိ ခရစ်ယာန်ဘုရားကျောင်း ၂၂ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ဗွီအိုအေကို ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ အမေရိကန်အစိုးရက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထုတ်ပြန်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG