သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလ စာနာမႈအကူအညီ ခ်င္းဒုကၡသည္ေတြဆီ ေရာက္ရွိေရး လူမႈအဖဲြ႕အစည္းတခ်ိဳ႕သံသယရွိ


UN OCHA ေၾကညာခ်က္ ( ႏိုဝင္ဘာ ၃ ရက္ ၊ ၂၀၂၁ )

= = [[ Zawgyi ]] = =

ကုလ စာနာမႈအကူအညီ ခ်င္းဒုကၡသည္ေတြဆီ ေရာက္ရွိေရး လူမႈအဖြဲ႕အစည္းတခ်ိဳ႕သံသယရွိ

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဖက္ျခမ္းက ခ်င္းျပည္နယ္ ၊ စစ္ကိုင္းတိုင္း ၊ မေကြးတိုင္းတို႔မွာ လက္နက္ကိုင္ပဋိပကၡအေျခအေနဟာ ပိုမို ဆိုးရြားလာေနၿပီး ၊ စစ္ေရွာင္ဒုကၡသည္ေတြ အေရးေပၚ အကူအညီ အမ်ားအျပား လိုအပ္ေနတယ္လို႔ UN-OCHA ေခၚ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔က ႏိုဝင္ဘာ(၃)ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ UN-OCHA ရဲ႕ ေၾကညာခ်က္ေၾကာင့္ ႏိုင္ငံတကာ အကူအညီေတြ ပိုရ လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ၊ လက္ေတြ႕မွာ တားဆီးပိတ္ပင္မႈေတြ ရွိေနတာေၾကာင့္ လိုအပ္သူေတြထံ အကူအညီေတြ ေရာက္ဖို႔ မလြယ္ေသးဘူးလို႔ ျပည္ပေရာက္အကူအညီ ေပးေရးအဖြဲ႔တခ်ဳိ႕ ေျပာပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

UN-OCHA ရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ ခ်င္း ၊ စစ္ကိုင္းနဲ႔ မေကြးတိုင္းေတြမွာ မၾကာေသးမီက စစ္ေကာင္စီတပ္နဲ႔ ခ်င္းေဒသ ကာကြယ္ေရးတပ္ CDF ၾကား တိုက္ပဲြျဖစ္ေနတာ၊ မေကြးနဲ႔ စစ္ကိုင္းဖက္မွာလည္း ေဒသခံ PDF ေတြနဲ႔ တိုက္ပဲြျဖစ္ေနတဲ့ အေျခအေနက ပိုဆိုးလာတယ္လို႔ ေဖၚျပပါတယ္။ ဒီအေျခအေနေတြေၾကာင့္ စစ္ေရွာင္ဒုကၡသည္ ဦးေရ တိုးလာေနၿပီး အေရးေပၚ အကူအညီေတြ ပိုလိုအပ္ေနတယ္လို႔လည္း ေဖၚျပထားတာပါ။

UN-OCHA ရဲ႕ ေၾကညာခ်က္ေၾကာင့္ ႏိုင္ငံတကာ အကူအညီေတြ ပိုရလာႏိုင္ေပမယ့္ အကူအညီေပးေရးလမ္းေၾကာင္း တားျမစ္ပိတ္ပင္ ခံရဖြယ္ရွိတာေၾကာင့္ လတ္တေလာမွာ အေရးေပၚအကူအညီေတြ ရဖို႔ သိပ္မလြယ္ကူေသးဘူးလို႔ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီဧရိယာ အေျခစိုက္ Chin Community USA ခ်င္းလူမႈအဖြဲ႔အစည္း ဥကၠဌ ဒြန္ခန္ခပ္(ပ္)က ေျပာပါတယ္။

" လတ္တေလာကေတာ့ အကူအညီေတြရဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အစားအေသာက္ ေဆးဝါးကအစ အင္မတန္မွ လိုအပ္ေနတယ္။ ဒါေပမဲ့ ခ်က္ခ်င္း အကူအညီရဖို႔ ၾကန္႔ၾကာႏိုင္တာေပါ့။ ဘာလို႔လဲဆိုေတာ့ ဒီ ေထာက္ပံ့သြားလာေနတဲ့ လမ္းေၾကာင္းေတြကို စစ္ေကာင္စီက ေနၿပီးေတာ့ အကုန္ပိတ္ထားတာဆိုေတာ့ ၊ တကယ္ ရခဲ့ရင္ေတာင္မွ လိုအပ္တဲ့ေနရာကို ထိထိေရာက္ေရာက္ ေရာက္ႏိုင္ဖို႔ဆိုတာ ဒီအခ်ိန္မွာ အင္မတန္မွ ခက္ခဲပါတယ္။ "

ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ ခ်င္းျပည္နယ္ ထန္တလန္ျမဳိ႕က လက္နက္ကိုင္ပဋိပကၡအတြင္း တျမဳိ႕လုံးနီးပါး မီးေလာင္ကၽြမ္းတာေၾကာင့္ ျမဳိ႕ခံအားလုံး ေဘးလြတ္ရာ ထြက္ေျပး တိမ္းေရွာင္သြားရၿပီး အေရးေပၚအကူအညီ အေျမာက္အမ်ား လိုအပ္ေနတာပါ။

ႏိုင္ငံတကာက ေပးလာမယ့္ အကူအညီေတြကို ၾကဳိဆိုေပမယ့္ ၊ ေဒသတြင္း ထိုးစစ္ေတြကို တားဆီးႏိုင္မွသာ စစ္ေရွာင္ဒုကၡသည္ အေရးနဲ႔ လူသားခ်င္းစာနာမႈ အကူညီေပးေရးကိစၥကိုပါ ေျဖရွင္းႏိုင္လိမ့္မယ္လို႔ အေမရိကန္၊ အင္ဒီယားနားျပည္နယ္ အေျခစိုက္ BACI ျမန္မာ-အေမရိကန္ လူမႈကူညီေရးအသင္း အမႈေဆာင္ဒါ႐ိုက္တာ အီလိုင္ဇာ ဘာနီးက ေျပာပါတယ္။

" OCHA ကထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ ႏိုင္ငံတကာက အကူအညီေတြ ပံ့ပိုးေပးလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ခ်င္ပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီ တပ္ေတြကေန တိုက္ေနတဲ့ဟာကို မရပ္မခ်င္း ဒီဟာေတြ ပိုဆိုးလာဖို႔ပဲ ရွိပါတယ္။ ဆိုေတာ့ နံပါတ္(၁)ကေတာ့ တိုက္ေနတာကို ရပ္ပါ။ နံပါတ္(၂)ကေတာ့ တကယ္လိုအပ္ေနတဲ့ ကေလးေတြ အမ်ဳိးသမီးေတြ အပါအဝင္၊ လိုအပ္ေနတဲ့ စားစရာ ရႏိုင္ဖို႔ရာ ႏိုင္ငံတကာကေနၿပီး ဝင္လာတဲ့ဟာရယ္၊ ဒီေဒသမွာရွိတဲ့ အရပ္ဖက္လူမႈအဖြဲ႔အစည္း ေတြကေနၿပီးေတာ့မွ ကူညီေထာက္ပံ့မႈေတြ အားလုံးကို အဟန္႔အတားမရွိ ပံ့ပိုးေပးဖို႔ လိုတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။ "

ထန္တလန္အေရးကို ကုလ-လုံျခဳံေရးေကာင္စီမွာ အေလးထားေဆြးေႏြးၿပီး အေရးယူေဆာင္ရြက္ေပးဖို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က ေအာက္တိုဘာ(၂၉)ေန႔မွာ အစီရင္ခံစာထုတ္ျပန္ တိုက္တြန္းထားပါတယ္။

ဒါေပမဲ့ လုံျခဳံေရးေကာင္စီအေပၚ ေမွ်ာ္လင့္ခ်က္နည္းေနၿပီး အျခား လမ္းေၾကာင္းေတြနဲ႔ ခ်ည္းကပ္ေဆာင္ရြက္ဖဲြ႕ ခ်င္းလူမႈအဖြဲ႔အစည္းေတြ ၾကဳိးပမ္းေနတယ္လို႔ ခ်င္းလူမႈအဖြဲ႔အစည္း ဥကၠဌ ဒြန္ခန္ခပ္(ပ္)က ေျပာပါတယ္။

" လုံျခဳံေရးေကာင္စီအေနနဲ႔ အေရးယူဖို႔က ခက္ခဲတာေပါ့။ တ႐ုတ္နဲ႔ ႐ုရွားက အၿမဲတမ္း ဗီတိုအာဏာ သုံးၿပီးေတာ့မွ စစ္ေကာင္စီဖက္ကေနၿပီး ကာကြယ္ေပးေလ့ရွိတဲ့ သမိုင္းလည္းရွိတယ္။ ဆိုေတာ့ လုံျခဳံေရးေကာင္စီက ေနၿပီးေတာ့မွ အကယ္၍ အေရးမယူဘူးဆိုလို႔ ရွိရင္၊ က်ေနာ္တို႔ က်န္တဲ့လမ္းေၾကာင္းေတြကေန သြားရမွာေပါ့။ ICC တို႔ ICJ တို႔ ဆိုတဲ့ ႏိုင္ငံတကာ တရား႐ုံးေတြကို က်ေနာ္တို႔သြားရမယ္။ ဒီဥစၥာက Crime against Humanity တခုထဲ မဟုတ္ပဲနဲ႔ War Crime လည္း ျဖစ္ေတာ့ ၊ အဓိကေတာ့ ICJ ကို က်ေနာ္တို႔သြားလို႔ရတယ္။ ထန္တလန္မွာ မီးရႈိ႕တဲ့ကိစၥကေတာ့ေလ ဒီစစ္တပ္က မီးရႈိ႕တယ္ဆိုတဲ့ဥစၥာ က်ေနာ္တို႔မွာ အေထာက္အထားေတြ အခိုင္အမာရွိပါတယ္။"

ေမလကစခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ျမန္မာႏိ္ုင္ငံ အေနာက္ေျမာက္ဖက္ေဒသမွာ အမ်ဳိးသမီးနဲ႔ ကေလးေတြ အပါအ၀င္ လူေပါင္း ၃၇,၀၀၀ ေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရၿပီး အိႏၵိယႏိုင္ငံနယ္စပ္အနီး ထန္တလန္ၿမိဳ႕နယ္မွာ ခိုလႈံေနသူ ၁ ေသာင္းေက်ာ္ အပါအ၀င္ ခ်င္းျပည္နယ္မွာ ၁၈,၃၀၀ ထက္မနည္း ရွိေနေၾကာင္းလည္း UN-OCHA ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယ နယ္စပ္ကို တိမ္းေရွာင္သြားသူေပါင္း ၁ ေသာင္းခဲြေလာက္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


= = {{ Unicode }} = =

ကုလ စာနာမှုအကူအညီ ချင်းဒုက္ခသည်တွေဆီ ရောက်ရှိရေး လူမှုအဖွဲ့အစည်းတချို့သံသယရှိ

မြန်မာနိုင်ငံ အနောက်မြောက်ဖက်ခြမ်းက ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့မှာ လက်နက်ကိုင်ပဋိပက္ခအခြေအနေဟာ ပိုမို ဆိုးရွားလာနေပြီး ၊ စစ်ရှောင်ဒုက္ခသည်တွေ အရေးပေါ် အကူအညီ အများအပြား လိုအပ်နေတယ်လို့ UN-OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က နိုဝင်ဘာ(၃)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ UN-OCHA ရဲ့ ကြေညာချက်ကြောင့် နိုင်ငံတကာ အကူအညီတွေ ပိုရ လာနိုင်မယ်လို့ မျှော်လင့်ရပေမယ့် ၊ လက်တွေ့မှာ တားဆီးပိတ်ပင်မှုတွေ ရှိနေတာကြောင့် လိုအပ်သူတွေထံ အကူအညီတွေ ရောက်ဖို့ မလွယ်သေးဘူးလို့ ပြည်ပရောက်အကူအညီ ပေးရေးအဖွဲ့တချို့ ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

UN-OCHA ရဲ့ ကြေညာချက်ထဲမှာတော့ ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မကြာသေးမီက စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ် CDF ကြား တိုက်ပွဲဖြစ်နေတာ၊ မကွေးနဲ့ စစ်ကိုင်းဖက်မှာလည်း ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေက ပိုဆိုးလာတယ်လို့ ဖေါ်ပြပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ တိုးလာနေပြီး အရေးပေါ် အကူအညီတွေ ပိုလိုအပ်နေတယ်လို့လည်း ဖေါ်ပြထားတာပါ။

UN-OCHA ရဲ့ ကြေညာချက်ကြောင့် နိုင်ငံတကာ အကူအညီတွေ ပိုရလာနိုင်ပေမယ့် အကူအညီပေးရေးလမ်းကြောင်း တားမြစ်ပိတ်ပင် ခံရဖွယ်ရှိတာကြောင့် လတ်တလောမှာ အရေးပေါ်အကူအညီတွေ ရဖို့ သိပ်မလွယ်ကူသေးဘူးလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီဧရိယာ အခြေစိုက် ချင်းလူမှုအဖွဲ့အစည်း ဥက္ကဌ ဒွန်ခန်ခပ်(ပ်)က ပြောပါတယ်။

" လတ်တလောကတော့ အကူအညီတွေရဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစားအသောက် ဆေးဝါးကအစ အင်မတန်မှ လိုအပ်နေတယ်။ ဒါပေမဲ့ ချက်ချင်း အကူအညီရဖို့ ကြန့်ကြာနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီ ထောက်ပံ့သွားလာနေတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီက နေပြီးတော့ အကုန်ပိတ်ထားတာဆိုတော့ ၊ တကယ် ရခဲ့ရင်တောင်မှ လိုအပ်တဲ့နေရာကို ထိထိရောက်ရောက် ရောက်နိုင်ဖို့ဆိုတာ ဒီအချိန်မှာ အင်မတန်မှ ခက်ခဲပါတယ်။ "

ပြီးခဲ့တဲ့ ရက်ပိုင်းထဲ ချင်းပြည်နယ် ထန်တလန်မြို့က လက်နက်ကိုင်ပဋိပက္ခအတွင်း တမြို့လုံးနီးပါး မီးလောင်ကျွမ်းတာကြောင့် မြို့ခံအားလုံး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်သွားရပြီး အရေးပေါ်အကူအညီ အမြောက်အများ လိုအပ်နေတာပါ။

နိုင်ငံတကာက ပေးလာမယ့် အကူအညီတွေကို ကြိုဆိုပေမယ့် ၊ ဒေသတွင်း ထိုးစစ်တွေကို တားဆီးနိုင်မှသာ စစ်ရှောင်ဒုက္ခသည် အရေးနဲ့ လူသားချင်းစာနာမှု အကူညီပေးရေးကိစ္စကိုပါ ဖြေရှင်းနိုင်လိမ့်မယ်လို့ အမေရိကန်၊ အင်ဒီယားနားပြည်နယ် အခြေစိုက် BACI မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်း အမှုဆောင်ဒါရိုက်တာ အီလိုင်ဇာ ဘာနီးက ပြောပါတယ်။

" OCHA ကထုတ်ပြန်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာက အကူအညီတွေ ပံ့ပိုးပေးလာမယ်လို့တော့ မျှော်လင့်ချင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ တပ်တွေကနေ တိုက်နေတဲ့ဟာကို မရပ်မချင်း ဒီဟာတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဆိုတော့ နံပါတ်(၁)ကတော့ တိုက်နေတာကို ရပ်ပါ။ နံပါတ်(၂)ကတော့ တကယ်လိုအပ်နေတဲ့ ကလေးတွေ အမျိုးသမီးတွေ အပါအဝင်၊ လိုအပ်နေတဲ့ စားစရာ ရနိုင်ဖို့ရာ နိုင်ငံတကာကနေပြီး ဝင်လာတဲ့ဟာရယ်၊ ဒီဒေသမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကနေပြီးတော့မှ ကူညီထောက်ပံ့မှုတွေ အားလုံးကို အဟန့်အတားမရှိ ပံ့ပိုးပေးဖို့ လိုတယ်ဆိုတာကိုတော့ ကျနော်တို့ ပြောချင်ပါတယ်။ "

ထန်တလန်အရေးကို ကုလ-လုံခြုံရေးကောင်စီမှာ အလေးထားဆွေးနွေးပြီး အရေးယူဆောင်ရွက်ပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အောက်တိုဘာ(၂၉)နေ့မှာ အစီရင်ခံစာထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ လုံခြုံရေးကောင်စီအပေါ် မျှော်လင့်ချက်နည်းနေပြီး အခြား လမ်းကြောင်းတွေနဲ့ ချည်းကပ်ဆောင်ရွက်ဖွဲ့ ချင်းလူမှုအဖွဲ့အစည်းတွေ ကြိုးပမ်းနေတယ်လို့ ချင်းလူမှုအဖွဲ့အစည်း ဥက္ကဌ ဒွန်ခန်ခပ်(ပ်)က ပြောပါတယ်။

" လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဖို့က ခက်ခဲတာပေါ့။ တရုတ်နဲ့ ရုရှားက အမြဲတမ်း ဗီတိုအာဏာ သုံးပြီးတော့မှ စစ်ကောင်စီဖက်ကနေပြီး ကာကွယ်ပေးလေ့ရှိတဲ့ သမိုင်းလည်းရှိတယ်။ ဆိုတော့ လုံခြုံရေးကောင်စီက နေပြီးတော့မှ အကယ်၍ အရေးမယူဘူးဆိုလို့ ရှိရင်၊ ကျနော်တို့ ကျန်တဲ့လမ်းကြောင်းတွေကနေ သွားရမှာပေါ့။ ICC တို့ ICJ တို့ ဆိုတဲ့ နိုင်ငံတကာ တရားရုံးတွေကို ကျနော်တို့သွားရမယ်။ ဒီဥစ္စာက Crime against Humanity တခုထဲ မဟုတ်ပဲနဲ့ War Crime လည်း ဖြစ်တော့ ၊ အဓိကတော့ ICJ ကို ကျနော်တို့သွားလို့ရတယ်။ ထန်တလန်မှာ မီးရှို့တဲ့ကိစ္စကတော့လေ ဒီစစ်တပ်က မီးရှို့တယ်ဆိုတဲ့ဥစ္စာ ကျနော်တို့မှာ အထောက်အထားတွေ အခိုင်အမာရှိပါတယ်။"

မေလကစခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဖက်ဒေသမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၃၇,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အိန္ဒိယနိုင်ငံနယ်စပ်အနီး ထန်တလန်မြို့နယ်မှာ ခိုလှုံနေသူ ၁ သောင်းကျော် အပါအဝင် ချင်းပြည်နယ်မှာ ၁၈,၃၀၀ ထက်မနည်း ရှိနေကြောင်းလည်း UN-OCHA ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယ နယ်စပ်ကို တိမ်းရှောင်သွားသူပေါင်း ၁ သောင်းခွဲလောက် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG