သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထန္တလန္ မီးရႈိ႕ခံရမႈ အေပၚ မ်က္ျမင္သက္ေသတဦး ေျပာျပခ်က္ 


ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ မီးေလာင္မႈကို ေအာက္တိုဘာလ ၂၉ ရက္ေန႔ က ေကာင္းကင္က ႐ိုက္ယူထားပံု။ ဓာတ္ပံု - AFP

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ကို ေအာက္တိုဘာလ ၂၉ ရက္ေန႔က မီးတင္ရိႈ႕ခဲ့တာဟာ ေဒသခံ ျပည္သူကာကြယ္ေရးတပ္ဖြဲ႔ PDF ေတြမဟုတ္ဘဲ စစ္ေကာင္စီတပ္ဖဲြ႕ဝင္ေတြသာ ျဖစ္တယ္လို႔ၿမိဳ႕ခံမ်က္ျမင္တဦးက VOA ကို ေျပာ ပါတယ္။ စစ္ေကာင္စီေျပာခြင္႔ရ ကေတာ႔ PDF ေတြ က ရိႈ႕တယ္လို႔ ေျပာဆိုထားတာပါ။

ေလာေလာဆယ္မွာ ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြမွာလည္း စိုးရိမ္ေၾကာက္ရြံ႔ ေနၾကၿပီး ေတာင္ယာစပါး ရိတ္သိမ္းဖို႔ အခက္အခဲျဖစ္ေနတယ္လို႔သိရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းက ကိုခင္ေမာင္စိုးမင္း က ထန္တလန္ၿမိဳ႕ခံ မ်က္ျမင္သက္ေသတဦး၊ ၿမိဳ႕ေပၚကအိမ္မီးေလာင္ခံရသူ ညီအမ၂ ဦး ၊ တိမ္းေရွာင္ေနတဲ့ ဝန္ထမ္းေဟာင္းတဦးကို ေမးျမန္းၿပီး တင္ဆက္ထားပါတယ္။

ထန္တလန္ၿမိဳ႕ မီးတင္ရိႈ႔ခံခဲ့ရတဲ့ အခ်ိန္က ၿမိဳ႕ထဲမွာ အရပ္သားဆိုလို႔ သိသိသာသာရွိတာ ပူးပန္ဟိုက္ ရယ္၊ သူ႔မိခင္ နဲ႔ သူ႔အေဒၚ တို႔ (၃)ဦးပဲရွိပါတယ္။ အဲဒီအခ်ိန္က ၿမိဳ႕ထဲမွာရွိေနတဲ့ မိသားစု ၃ ဦးထဲက တဦးျဖစ္တဲ့ ပူးပန္ဟုိက္ ကေတာ့ သူတို႔ၿမိဳ႕ကို ေဒသခံ ျပည္သူကာကြယ္ေရးတပ္ဖြဲ႔ PDF ေတြမီးရိႈ႔တာမဟုတ္ဘဲ စစ္ေကာင္စီတပ္ဖြဲ႔က မီးရိႈ႔တာ သူ႔မ်က္ျမင္ပါလို႔ေျပာပါတယ္။

“ အဲဒါ လံုး၀ လံုး၀ မဟုတ္ပါဘူး။ PDF ေတြက လံုး၀ မီးရိႈႈ႕တာ မဟုတ္ပါဘူး။ PDF တို႔က ၿမိဳ႕ထဲမွာလည္း မသြားဘူး။ ၿမိဳ႕ အျပင္မွာဘဲ အားလံုးထြက္သြားတာ။ က်ေနာ္ ကိုယ္တိုင္ ျမင္ရတာကို က်ေနာ္ ေသခ်ာ ေျပာရဲတယ္။ မီးရိႈႈ႕တာကေတာ့ က်ေနာ္ ေသခ်ာ သိတယ္။ ဆိုင္ကယ္ ၂ စီးနဲ႔ စစ္သား ၄ ေယာက္လာၿပီးေတာ့ သူတို႔ ကိုယ္တိုင္ မီးရိႈ႕တာ။ တအိမ္ကို ၂ ေယာက္ မီးရိႈ႕ၿပီး ေနာက္ တအိမ္ကို မီးရိႈ႕ၿပီး ၃-၄ အိမ္ကို မီးရိႈ႕ၿပီးမွ ေလာင္သြားၿပီ ဆိုမွ သူတို႔ ဆိုင္ကယ္နဲ႔ ထြက္သြားတယ္။ တေနရာ ၂ ေနရာ ၃-၄ ေနရာေလာက္ မီးရိႈ႕၊ ရိႈ႕ၿပီးေတာ့ သူတို႔ စခန္းကို သြားၾကတာဘဲ။ အဲလိုမ်ိဳးဘဲ။ က်ေနာ္ ပုန္းတဲ႔ ေနရာက လမ္းေဘးမွာ။ အိမ္ေအာက္က လမ္းမ ေဘးမွာဘဲ။ က်ေနာ္ ေသခ်ာ သိတယ္။ ”

အဲဒီလို ထန္တလန္ၿမိဳ႕ မီးေလာင္ေတာ့ သူတို႔သုံးဦးလည္း တဆင့္ၿပီး တဆင့္ပုန္းေအာင္ၿပီး ၿမိဳ႕နဲ႔ မလွမ္းမကမ္းက ေက်းရြာကို သြားေရာက္ကာ ပုန္းခိုခဲ့ရေပမယ့္ အဲဒီေက်းရြာေတြမွာလည္း စိုးရိမ္ေၾကာင့္ၾက ေနၾကရၿပီး စားဝတ္ေနေရးလည္း ခက္ခဲေနၾကရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“ က်ေနာ္ ထင္တာက သံုးပံု တပံုေလာက္က အိႏၵိယဘက္ကို သြားတယ္။ သံုးပံု ၂ ပံုကေတာ့ ေက်းရြာေတြမွာ ေနၾကတာ။ စိုးရိမ္ ပူပန္ရင္းနဲ႔ဘဲ အခု ပစၥည္းေတြ ဘာေတြ၊ ဆန္ေတြ ရွိတဲ႔ဟာေတြကို ေတာထဲမွာဘဲ။ အိုးခြက္ ပန္းကန္ေတြလည္း အဆင္သင့္နဲ႔ စစ္သား မေတြ႕ေအာင္။ တကယ္လို႔ စစ္သားလာၿပီးေတာ့ အိမ္ေတြ ဘာေတြ မီးရိႈႈ႕မွာ စိုးလို႔ တရက္စာ၊ ၂ ရက္စာေလာက္ပဲ အိမ္မွာထားၿပီးေတာ့ ဒုကၡေရာက္ေတာ့မွဘဲ စားစရာေတြ ဘာေတြလည္း မရွိေတာ့ဘူး။ ဟိုဘက္မွာလည္း က်ေနာ္တို႔ ရိကၡာေတြ အကုန္ မီးေလာင္သြားၿပီ ဆိုေတာ့ ၀ွက္ဖို႔ ေနရာလည္း မရွိဘူး။ ”

တကယ္ေတာ့ ထန္တလန္ၿမိဳ႕သူၿမိဳ႕သားေတြဟာ သူတို႔ၿမိဳ႕ ဒုတိယအႀကိမ္ လက္နက္ႀကီးနဲ႔ အပစ္ခံရ၊ မီးတင္ရႈိ႔ခံခဲ့ရတဲ့ စက္တင္ဘာ ၁၈ ရက္ေန႔ ကတည္းက စၿပီးၿမိဳ႕ကို စြန္႔ခြာကုန္ၾကပါတယ္။ အဲဒီအခ်ိန္က ထန္တလန္ၿမိဳ႕လယ္ အိမ္က ညီအမ ၂ ေယာက္ဟာလည္း ၿမိဳ႕အနီးက မိဘေတြ ေနထိုင္ရာရြာကို ထြက္ေျပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ၂၉ ရက္ေန႔က မီးရိႈ႔ခံရတဲ့အခါမွာေတာ့ သူတို႔အိမ္လည္း မီးေလာင္တဲ့ အထဲ ပါသြားတယ္လို႔ သိရပါတယ္။ ဒါအျပင္ သူတို႔မိဘေတြရဲ႕ ရြာအပါအဝင္ ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြမွာ ေတာင္ယာစပါးေတြကို အခါတိုင္း ႏွစ္ေတြလို ရိတ္သိမ္းဖို႔ မလြယ္ေတာ့ဘူးလို႔ ေျပာပါတယ္။

“ အခုေလ စပါးရိတ္ခ်ိန္ ေရာက္ၿပီ။ က်မတို႔ မသြားရဲလို႔ေလ။ ဒီတိုင္းဘဲ ၾကည့္ရံုကလြဲၿပီး ဘာမွ မလုပ္ႏိုင္ေတာ့ဘူး။ စစ္သားေတြကလည္း အေ၀းၾကည့္ မွန္ဘီလူးနဲ႔ ဆိုေတာ့ အေ၀းကေန ၾကည့္ရင္ လယ္ကြင္းႀကီးကို ျမင္ႏိုင္တယ္။ အဲဒါေၾကာင့္ မသြားရဲဘူး။ ဟိုအရင္ တပတ္က စပါးရိတ္ဖို႔ သြားတဲ႔ လူ ၂ ေယာက္ေလ အဲဒီ လူ ၂ ေယာက္ကို စစ္သားေတြက ေတာင္ကုန္းေပၚကေန ပစ္တာေလ ေသနတ္နဲ႔။ အဲဒါေၾကာင့္ က်မတို႔လည္း မသြားရဲေတာ့ဘူး။ အဲဒါမ်ိဳး ျဖစ္တာ။”

“ စပါးလည္း ရိတ္လို႔လည္း မရေတာ့ဘူးဆိုေတာ့ ဆင္းရဲႏြမ္းပါးမႈနဲ႔ ၾကံဳေတြ႕ရေတာ့မွာေပါ့။ ေရွ႕ေလွ်ာက္ကေတာ့ စပါးမရွိ၊ ေရမရွိ၊ အစာမရွိရင္ေတာ့ ေသရံုပါဘဲ။ ဒါဆိုရင္ က်မတို႔လည္း စပါးကို မရိတ္ေတာ့ဘဲ ဒီတိုင္း ေနရမွာေပါ့ ဆိုၿပီး ဆံုးျဖတ္လိုက္ရပါတယ္။ သူတို႔က မလာရင္ေတာင္ အေ၀းကေန ပစ္ႏိုင္တယ္ေလ။ ”

ထန္တလန္ၿမိဳ႕မွာ ေအာက္တိုဘာ ၂၉ ရက္ေန႔ မီးရႈိ႔မခံရခင္ကတည္းက ၿမိဳ႕မွာ ဝန္ထမ္းအမ်ားစုဟာ စီဒီအမ္ ေခၚ စစ္ေကာင္စီကို အၾကမ္းမဖက္ မပူးေပါင္း ဆႏၵျပခဲ့သလို ၿမိဳ႕သူ၊ ၿမိဳ႔သားေတြနဲ႔အတူ ၿမိဳ႕ကို စြန္႔ခြာ ကုန္ၾကတယ္လို႔လည္း စည္ပင္ဝန္ထမ္ေဟာင္းတဦးက ေျပာပါတယ္။

“ မီးမေလာင္ခင္ ကတည္းက ဌာန ၄ ခု၊ ၅ခုလံုးဘဲ အဲဒီ ဌာနထဲမွာေတာင္မွ အရာရွိေပါ့ေနာ္။ အဲဒါဘဲ ရွိတယ္။ သူတို႔ လက္ေအာက္ ၀န္ထမ္းေတြကေတာ့ အကုန္လံုး CDM ၀င္တာေပါ့။ CDM လုပ္တာေပါ့။ မီးမေလာင္ခင္ ကတည္းက အကုန္လံုး ၀န္ထမ္းေတြက CDM မွာ ပါ၀င္သြားတာေလ။ အဲေတာ့ ထန္တလန္ကေတာ့ ရံုးလည္း မဖြင့္ဘူး။ ရံုးလည္း ဘယ္သူမွ မတက္ဘူး။ ”

ခ်င္းျပည္နယ္ ၊ ထန္တလန္ၿမိဳ႕ဟာ ေအာက္တိုဘာ ၂၉ ရက္ေန႔ မီးတင္ရိႈ႔ခံခဲ့ရတာ မတိုင္ခင္က စက္တင္ဘာလ ၁၈ ရက္ေန႔ကလည္း လက္နက္ႀကီးက်ဥ္ဆံေတြက်ၿပီး မီးေလာင္ခဲ့ရာမွာ ခရစ္ယာန္ ဘုရားေက်ာင္း ၂ ေက်ာင္းနဲ႔ တည္ခိုခန္း တခန္းအပါအဝင္ အိမ္ေျခ ၁၉ လုံး မီးေလာင္ကြ်မ္းခဲ့ပါတယ္။ အမ်ားကေတာ့ စစ္ေကာင္စီတပ္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္လို႔ပဲ ယူဆေနၾကပါတယ္။

အဲဒီအခ်ိန္က စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္လည္း ခရစ္ယာန္သင္းအုပ္ဆရာတဦး ေသဆုံးခဲ့ပါတယ္။ အဲဒီေနာက္ ၿမိဳ႕သူၿမိဳ႕သားေတြဟာ ၿမိဳ႕ကို စြန္႔ခြာၿပီး အနီးအနားေက်းရြာေတြနဲ႔ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ ျပည္နယ္ဖက္ကို ထြက္ေျပးခိုလႈံခဲ့ၾကပါတယ္။ စက္တင္ဘာလ ၉ ရက္ေန႔ကလည္း လက္နက္ႀကီးက်ည္ဆုံေတြေၾကာင့္ ပထမဆုံး အႀကိမ္ မီးေလာင္ခံခဲ႔ရပါတယ္။ အဲဒီအခ်ိန္က ေနအိမ္တလုံး မီးေလာင္ပ်က္စီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထန်တလန် မီးရှို့ခံရမှု အပေါ် မျက်မြင်သက်သေတဦး ပြောပြချက်


ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်နေ့က မီးတင်ရှို့ခဲ့တာဟာ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့မြို့ခံမျက်မြင်တဦးက VOA ကို ပြော ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ကတော့ PDF တွေ က ရှို့တယ်လို့ ပြောဆိုထားတာပါ။

လောလောဆယ်မှာ မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း စိုးရိမ်ကြောက်ရွံ့ နေကြပြီး တောင်ယာစပါး ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းက ကိုခင်မောင်စိုးမင်း က ထန်တလန်မြို့ခံ မျက်မြင်သက်သေတဦး၊ မြို့ပေါ်ကအိမ်မီးလောင်ခံရသူ ညီအမ၂ ဦး ၊ တိမ်းရှောင်နေတဲ့ ဝန်ထမ်းဟောင်းတဦးကို မေးမြန်းပြီး တင်ဆက်ထားပါတယ်။

ထန်တလန်မြို့ မီးတင်ရှို့ခံခဲ့ရတဲ့ အချိန်က မြို့ထဲမှာ အရပ်သားဆိုလို့ သိသိသာသာရှိတာ ပူးပန်ဟိုက် ရယ်၊ သူ့မိခင် နဲ့ သူ့အဒေါ် တို့ (၃)ဦးပဲရှိပါတယ်။ အဲဒီအချိန်က မြို့ထဲမှာရှိနေတဲ့ မိသားစု ၃ ဦးထဲက တဦးဖြစ်တဲ့ ပူးပန်ဟိုက် ကတော့ သူတို့မြို့ကို ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေမီးရှို့တာမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့တာ သူ့မျက်မြင်ပါလို့ပြောပါတယ်။

“ အဲဒါ လုံး၀ လုံး၀ မဟုတ်ပါဘူး။ PDF တွေက လုံး၀ မီးရှိုှု့တာ မဟုတ်ပါဘူး။ PDF တို့က မြို့ထဲမှာလည်း မသွားဘူး။ မြို့ အပြင်မှာဘဲ အားလုံးထွက်သွားတာ။ ကျနော် ကိုယ်တိုင် မြင်ရတာကို ကျနော် သေချာ ပြောရဲတယ်။ မီးရှိုှု့တာကတော့ ကျနော် သေချာ သိတယ်။ ဆိုင်ကယ် ၂ စီးနဲ့ စစ်သား ၄ ယောက်လာပြီးတော့ သူတို့ ကိုယ်တိုင် မီးရှို့တာ။ တအိမ်ကို ၂ ယောက် မီးရှို့ပြီး နောက် တအိမ်ကို မီးရှို့ပြီး ၃-၄ အိမ်ကို မီးရှို့ပြီးမှ လောင်သွားပြီ ဆိုမှ သူတို့ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။ တနေရာ ၂ နေရာ ၃-၄ နေရာလောက် မီးရှို့၊ ရှို့ပြီးတော့ သူတို့ စခန်းကို သွားကြတာဘဲ။ အဲလိုမျိုးဘဲ။ ကျနော် ပုန်းတဲ့ နေရာက လမ်းဘေးမှာ။ အိမ်အောက်က လမ်းမ ဘေးမှာဘဲ။ ကျနော် သေချာ သိတယ်။ ”

အဲဒီလို ထန်တလန်မြို့ မီးလောင်တော့ သူတို့သုံးဦးလည်း တဆင့်ပြီး တဆင့်ပုန်းအောင်ပြီး မြို့နဲ့ မလှမ်းမကမ်းက ကျေးရွာကို သွားရောက်ကာ ပုန်းခိုခဲ့ရပေမယ့် အဲဒီကျေးရွာတွေမှာလည်း စိုးရိမ်ကြောင့်ကြ နေကြရပြီး စားဝတ်နေရေးလည်း ခက်ခဲနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“ ကျနော် ထင်တာက သုံးပုံ တပုံလောက်က အိန္ဒိယဘက်ကို သွားတယ်။ သုံးပုံ ၂ ပုံကတော့ ကျေးရွာတွေမှာ နေကြတာ။ စိုးရိမ် ပူပန်ရင်းနဲ့ဘဲ အခု ပစ္စည်းတွေ ဘာတွေ၊ ဆန်တွေ ရှိတဲ့ဟာတွေကို တောထဲမှာဘဲ။ အိုးခွက် ပန်းကန်တွေလည်း အဆင်သင့်နဲ့ စစ်သား မတွေ့အောင်။ တကယ်လို့ စစ်သားလာပြီးတော့ အိမ်တွေ ဘာတွေ မီးရှိုှု့မှာ စိုးလို့ တရက်စာ၊ ၂ ရက်စာလောက်ပဲ အိမ်မှာထားပြီးတော့ ဒုက္ခရောက်တော့မှဘဲ စားစရာတွေ ဘာတွေလည်း မရှိတော့ဘူး။ ဟိုဘက်မှာလည်း ကျနော်တို့ ရိက္ခာတွေ အကုန် မီးလောင်သွားပြီ ဆိုတော့ ဝှက်ဖို့ နေရာလည်း မရှိဘူး။ ”

တကယ်တော့ ထန်တလန်မြို့သူမြို့သားတွေဟာ သူတို့မြို့ ဒုတိယအကြိမ် လက်နက်ကြီးနဲ့ အပစ်ခံရ၊ မီးတင်ရှို့ခံခဲ့ရတဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ကတည်းက စပြီးမြို့ကို စွန့်ခွာကုန်ကြပါတယ်။ အဲဒီအချိန်က ထန်တလန်မြို့လယ် အိမ်က ညီအမ ၂ ယောက်ဟာလည်း မြို့အနီးက မိဘတွေ နေထိုင်ရာရွာကို ထွက်ပြေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ ရက်နေ့က မီးရှို့ခံရတဲ့အခါမှာတော့ သူတို့အိမ်လည်း မီးလောင်တဲ့ အထဲ ပါသွားတယ်လို့ သိရပါတယ်။ ဒါအပြင် သူတို့မိဘတွေရဲ့ ရွာအပါအဝင် မြို့နယ်အတွင်းက ကျေးရွာတွေမှာ တောင်ယာစပါးတွေကို အခါတိုင်း နှစ်တွေလို ရိတ်သိမ်းဖို့ မလွယ်တော့ဘူးလို့ ပြောပါတယ်။

“ အခုလေ စပါးရိတ်ချိန် ရောက်ပြီ။ ကျမတို့ မသွားရဲလို့လေ။ ဒီတိုင်းဘဲ ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ စစ်သားတွေကလည်း အဝေးကြည့် မှန်ဘီလူးနဲ့ ဆိုတော့ အဝေးကနေ ကြည့်ရင် လယ်ကွင်းကြီးကို မြင်နိုင်တယ်။ အဲဒါကြောင့် မသွားရဲဘူး။ ဟိုအရင် တပတ်က စပါးရိတ်ဖို့ သွားတဲ့ လူ ၂ ယောက်လေ အဲဒီ လူ ၂ ယောက်ကို စစ်သားတွေက တောင်ကုန်းပေါ်ကနေ ပစ်တာလေ သေနတ်နဲ့။ အဲဒါကြောင့် ကျမတို့လည်း မသွားရဲတော့ဘူး။ အဲဒါမျိုး ဖြစ်တာ။”

“ စပါးလည်း ရိတ်လို့လည်း မရတော့ဘူးဆိုတော့ ဆင်းရဲနွမ်းပါးမှုနဲ့ ကြုံတွေ့ရတော့မှာပေါ့။ ရှေ့လျှောက်ကတော့ စပါးမရှိ၊ ရေမရှိ၊ အစာမရှိရင်တော့ သေရုံပါဘဲ။ ဒါဆိုရင် ကျမတို့လည်း စပါးကို မရိတ်တော့ဘဲ ဒီတိုင်း နေရမှာပေါ့ ဆိုပြီး ဆုံးဖြတ်လိုက်ရပါတယ်။ သူတို့က မလာရင်တောင် အဝေးကနေ ပစ်နိုင်တယ်လေ။ ”

ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မီးရှို့မခံရခင်ကတည်းက မြို့မှာ ဝန်ထမ်းအများစုဟာ စီဒီအမ် ခေါ် စစ်ကောင်စီကို အကြမ်းမဖက် မပူးပေါင်း ဆန္ဒပြခဲ့သလို မြို့သူ၊ မြို့သားတွေနဲ့အတူ မြို့ကို စွန့်ခွာ ကုန်ကြတယ်လို့လည်း စည်ပင်ဝန်ထမ်ဟောင်းတဦးက ပြောပါတယ်။

“ မီးမလောင်ခင် ကတည်းက ဌာန ၄ ခု၊ ၅ခုလုံးဘဲ အဲဒီ ဌာနထဲမှာတောင်မှ အရာရှိပေါ့နော်။ အဲဒါဘဲ ရှိတယ်။ သူတို့ လက်အောက် ဝန်ထမ်းတွေကတော့ အကုန်လုံး CDM ဝင်တာပေါ့။ CDM လုပ်တာပေါ့။ မီးမလောင်ခင် ကတည်းက အကုန်လုံး ဝန်ထမ်းတွေက CDM မှာ ပါဝင်သွားတာလေ။ အဲတော့ ထန်တလန်ကတော့ ရုံးလည်း မဖွင့်ဘူး။ ရုံးလည်း ဘယ်သူမှ မတက်ဘူး။ ”

ချင်းပြည်နယ် ၊ ထန်တလန်မြို့ဟာ အောက်တိုဘာ ၂၉ ရက်နေ့ မီးတင်ရှို့ခံခဲ့ရတာ မတိုင်ခင်က စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း လက်နက်ကြီးကျဉ်ဆံတွေကျပြီး မီးလောင်ခဲ့ရာမှာ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းနဲ့ တည်ခိုခန်း တခန်းအပါအဝင် အိမ်ခြေ ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အများကတော့ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ပဲ ယူဆနေကြပါတယ်။

အဲဒီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်လည်း ခရစ်ယာန်သင်းအုပ်ဆရာတဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မြို့သူမြို့သားတွေဟာ မြို့ကို စွန့်ခွာပြီး အနီးအနားကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဖက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ကလည်း လက်နက်ကြီးကျည်ဆုံတွေကြောင့် ပထမဆုံး အကြိမ် မီးလောင်ခံခဲ့ရပါတယ်။ အဲဒီအချိန်က နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG