သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထန္တလန္ စစ္ေဘးေရွာင္တို႔ စားေသာက္ေနေရး အခက္ၾကံဳ 


မီးရႈိ႕ခံရၿပီး ျမင္ရတဲ့ ထန္တလန္ျမဳိ႕ တေနရာ ( photo - CJ )

[ Zawgyi ]

ၿမိဳ႕တြင္းတိုက္ပြဲေၾကာင့္ ေနအိမ္ေတြ မီးေလာင္ၿပီး ၿမိဳ႕ကို စြန္႔ခြါခဲ့ရတဲ့ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ၿမိဳ႕ခံေတြအေနနဲ႔ အစားအေသာက္နဲ႔ ေဆး၀ါး အကူအညီေတြအျပင္ ေနထိုင္ေရးပါ အခက္အခဲ ၾကဳံေနပါတယ္။ ေနအိမ္ေတြ မီးရိႈ႕ခံရတဲ့ မေကြးတိုင္း ႏွမ္းခါးေက်းရြာ အနီးမွာလည္း စစ္ေကာင္စီတပ္က တပ္စြဲထားတဲ့အတြက္ စိုးရိမ္ၿပီး ေနရပ္ မျပန္ႏိုင္ပဲ ျဖစ္ေနၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္က ေျပာျပထားပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၈ ရက္က စစ္ေကာင္စီတပ္ေတြနဲ႔ ထန္တလန္ CDF တို႔ ထန္တလန္ၿမိဳ႕တြင္းမွာ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ ပစ္ခတ္တာေၾကာင့္ ေနအိမ္ ၂၀ နီးပါး မီးေလာင္ကြ်မ္း ခဲ့ၿပီးတဲ့ေနာက္ ေသာင္းနဲ႔ခ်ီတဲ့ ထန္တလန္ၿမိဳ႕ခံေတြဟာ ၿမိဳ႕ကို စြန္႔ခြါၿပီး နီးစပ္ရာေက်းရြာေတြမွာ ထြက္ေျပး တိမ္းေရွာင္ေနရတာပါ။

ၿမိဳ႕ခံတခ်ိဳ႕ဟာ အိႏၵိယဘက္ကို ထြက္ေျပးတိမ္းေရွာင္တာေတြရွိေပမယ့္ အမ်ားစုဟာ နီးစပ္ရာ ေက်းရြာေတြကို ထြက္ေျပးရတာျဖစ္ၿပီး အစားအေသာက္အျပင္ ၊ ေဆး၀ါးကုသဖို႔ အခက္အခဲရွိေနသလို ေနထိုင္ေရးမွာလည္း အခက္ေတြ႕ေနပါတယ္။

ဒုကၡသည္ေတြ အေျခအေနနဲ႔ပတ္သက္လို႔ ထြက္ေျပး တိမ္းေရွာင္ေနရသူတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“စားဖို႔ေသာက္ဖို႔ကေတာ့ ခက္ခဲတာေပါ့။ ဒီလိုပဲ အျမန္ေျပးၾကတာဆိုေတာ့ေလ။ စားစရာေသာက္စရာေတြက အမ်ားႀကီးေတာ့ ယူမသြားႏိုင္ဘူးေပါ့ေနာ္။ အခုကက်ေတာ့ နည္းနည္းမွ်စားၾကတာေပါ့။ ဒီလုိပါပဲ ရွိတဲ့ ရြာသားေတြဆီကေနလည္း မွ်စားတာရွိတယ္။ ၿပီးေတာ့ ဒုကၡသည္ အခ်င္းခ်င္း မွ်စားၾကတာလည္းရွိတယ္။ က်န္းမာေရး အခက္အခဲကလည္း ရွိေတာ့ ရွိတယ္ေပါ့ေနာ္။ ေနမေကာင္းတဲ့သူေတြကက်ေတာ့ ရြာမွာက ဆရာ၀န္မရွိ ေဆးကုသမႈကလည္း ခက္ခဲတာေပါ့ေနာ္။ ကေလးေတြေကာ သက္ႀကီးရြယ္အိုေတြေကာ မ်ားတယ္ဆိုေတာ့ အဓိက ကေတာ့ အစားအေသာက္နဲ႔ က်န္းမာေရး အတြက္ပါပဲ။ ေနဖို႔ကက်ေတာ့ ေက်ာင္းေတြမွာထားတယ္။ ဒုကၡသည္ေတြက ရြာတိုင္းလိုလိုမွာ ရွိေနတာဆိုေတာ့ တေနရာမွာ ပံုၿပီးေတာ့ ရွိတာ မဟုတ္တဲ့ အခါက်ေတာ့ ရြာတိုင္းလိုလိုမွာ ျဖစ္ေနတဲ့အခါက်ေတာ့ ရြာကလည္း ခ်င္းေတာင္ဘက္ကရဲ႕ရြာက်ေတာ့ အိမ္ေျခက ၅၀ ကေန ၁၀၀ ၾကားေလာက္ပဲရွိတာေလ။ ရြာကေသးေသးေလး ေအာက္ျပည္က ရြာေတြက ရြာႀကီးေတြေပါ့ေနာ္။ အိမ္ေျခ ၂၀၀၀ ၃၀၀၀ ရွိတယ္။ ဒီဘက္က ရြာေတြက က်ေတာ့ အိမ္ေျခ ၅၀ ၁၀၀ ေလာက္ပဲရွိတဲ့အခါက်ေတာ့ လူေတြက ပံုလာတဲ့အခါက်ေတာ့ ေနစရာ အခက္အခဲရွိတာေပါ့။”

ထန္တလန္ CDF က စက္တင္ဘာ ၉ ရက္က ထန္တလန္ၿမိဳ႕က လံုလဲရ္ ေက်းရြာက စစ္ေကာင္စီ တပ္စြဲထားတဲ့ စခန္းတခုကို တိုက္ခိုက္ၿပီး လက္နက္ေတြ ယူေဆာင္ခဲ့သလို စခန္းေတြကိုလည္း မီးရိႈ႕တာေတြ ျပဳလုပ္ၿပီးေနာက္မွာ စစ္ေကာင္စီဘက္က ေလေၾကာင္း ပစ္ကူေတြပါ အသံုးျပဳခဲ့ၿပီး ေနာက္ရက္မွာပဲ ထန္တလန္ ၿမိဳ႕ထဲထိပါ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။

လက္နက္ႀကီးေတြ ပစ္ခတ္တာေၾကာင္ ့ေနအိမ္ေတြ မီးေလာင္ေနတဲ့အတြက္ မီးၿငိမ္းဖို႔ သြားေရာက္တဲ့ ခရစ္ယာန္ သင္းအုပ္ ဆရာတဦး က်ဥ္ဆံ ထိမွန္ေသဆံုးခဲ့ၿပီး စစ္ေကာင္စီဘက္က ပစ္ခတ္တယ္လို႔ ေသဆံုးခဲ့ရတာဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚ ေနပါတယ္။

ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ျပန္ၾကားေရး ဒု၀န္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ လံုၿခံဳေရးအဖြဲ႕ေတြ ကင္းလွည့္ေနစဥ္ PDF ၁၀၀ ခန္႔က တုိက္ခိုက္လာတဲ့အတြက္ အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ခ်ိန္မွာ သင္းအုပ္ဆရာကို က်ဥ္ဆံထိမွန္ ေသဆံုးခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားၿပီး က်ဥ္ဆံထိမွန္ ေသဆံုးတာနဲ႔ပတ္သက္လို႔ ဆက္လက္ စံုစမ္းေနတယ္လို႔သာ သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ စက္တင္ဘာ ၁၀ ရက္နဲ႔ စက္တင္ဘာ ၁၃ ရက္တို႔မွာ ေနအိမ္ ၅၀ နီးပါး မီးေလာင္ကြ်မ္းခဲ့တဲ့ မေကြးတိုင္း ႏွမ္းခါးရြာသားေတြအေနနဲ႔ ရြာအနီးမွာ စစ္တပ္က တပ္စြဲထားတဲ့အတြက္ ေနရပ္ကို မျပန္ႏိုင္ဘဲ ျဖစ္ေနတာပါ။

ဒီအေျခအေနကို ႏွမ္းခါး ရြာသားတဦးက အခုလိုေျပာပါတယ္။

“ရြာျပန္ဆို သိပ္မေနၾကေသးဘူးခင္ဗ်။ ၁၀၀ ရာခိုင္ႏႈန္းဆို ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ ရြာမွာရွိတယ္။ ဘာလို႔လည္းဆိုေတာ့ ရြာရဲ႕လံုၿခံဳေရးမရွိတဲ့အေနအထားနဲ႔ ကြ်န္ေတာ္တို႔ ႏွမ္းခါးရြာရဲ႕ ေျမာက္ဖက္ ၄ မိုင္ အကြာေလာက္မွာ စစ္ေကာင္စီရဲ႕ တပ္ေတြရွိေသးလို႔ခင္ဗ်။ စစ္ေကာင္စီရဲ႕ တပ္ေတြ ရုတ္တရက္ေရာက္လာလုိ႔ ရွိရင္ ေရွာင္တိမ္းလို႔လြယ္ေအာင္လည္း စီစဥ္ထားခဲ့တယ္။ စစ္ေဘးေရွာင္စခန္းေတြလိုလည္း အမ်ားႀကီး မထားဘူး။ အိမ္ေထာင္စု ၁ စု ၂ စု ၅ စုေလာက္ပဲ ထားတယ္။ က်န္တဲ့သူေတြကိုပါ ခြဲျခားထားတာေပါ့။ လူမ်ားရင္ ေရွာင္တိမ္းရတာမလြယ္တာရယ္ စစ္ေကာင္စီတပ္ေတြရဲ႕ သတ္ျဖတ္မႈေတြ ျဖစ္လာရင္ အစုလိုက္ အျပံဳလိုက္မျဖစ္ေအာင္ ခြဲျခားၿပီးထားတယ္။”

ၿပီးခဲ့တဲ့ ရက္က မိုးရြာသြန္းတဲ့အတြက္ ေခ်ာင္းေရနဲ႔အတူ စစ္ေဘးဒုကၡသည္ေတြအတြက္ ပစၥည္းေတြ ေရေမ်ာပါသြားတဲ့အတြက္ လွဴဒါန္းထားတဲ့ ပစၥည္းတခ်ိဳ႕ ဆံုးရံႈးခဲ့ရၿပီး လက္ရွိအခ်ိန္မွာ အိမ္အသံုးအေဆာင္ေတြအျပင္ အမိုးအကာေတြလည္း လိုအပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

ထန်တလန် စစ်ဘေးရှောင်တို့ စားသောက်နေရေး အခက်ကြုံ

မြို့တွင်းတိုက်ပွဲကြောင့် နေအိမ်တွေ မီးလောင်ပြီး မြို့ကို စွန့်ခွါခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က မြို့ခံတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေအပြင် နေထိုင်ရေးပါ အခက်အခဲ ကြုံနေပါတယ်။ နေအိမ်တွေ မီးရှို့ခံရတဲ့ မကွေးတိုင်း နှမ်းခါးကျေးရွာ အနီးမှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက် စိုးရိမ်ပြီး နေရပ် မပြန်နိုင်ပဲ ဖြစ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန်က ပြောပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်တွေနဲ့ ထန်တလန် CDF တို့ ထန်တလန်မြို့တွင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် နေအိမ် ၂၀ နီးပါး မီးလောင်ကျွမ်း ခဲ့ပြီးတဲ့နောက် သောင်းနဲ့ချီတဲ့ ထန်တလန်မြို့ခံတွေဟာ မြို့ကို စွန့်ခွါပြီး နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။

မြို့ခံတချို့ဟာ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေရှိပေမယ့် အများစုဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးရတာဖြစ်ပြီး အစားအသောက်အပြင် ၊ ဆေးဝါးကုသဖို့ အခက်အခဲရှိနေသလို နေထိုင်ရေးမှာလည်း အခက်တွေ့နေပါတယ်။

ထန္တလန္ စစ္ေရွာင္ ဒုကၡသည္မ်ား
ထန္တလန္ စစ္ေရွာင္ ဒုကၡသည္မ်ား


ဒုက္ခသည်တွေ အခြေအနေနဲ့ပတ်သက်လို့ ထွက်ပြေး တိမ်းရှောင်နေရသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“စားဖို့သောက်ဖို့ကတော့ ခက်ခဲတာပေါ့။ ဒီလိုပဲ အမြန်ပြေးကြတာဆိုတော့လေ။ စားစရာသောက်စရာတွေက အများကြီးတော့ ယူမသွားနိုင်ဘူးပေါ့နော်။ အခုကကျတော့ နည်းနည်းမျှစားကြတာပေါ့။ ဒီလိုပါပဲ ရှိတဲ့ ရွာသားတွေဆီကနေလည်း မျှစားတာရှိတယ်။ ပြီးတော့ ဒုက္ခသည် အချင်းချင်း မျှစားကြတာလည်းရှိတယ်။ ကျန်းမာရေး အခက်အခဲကလည်း ရှိတော့ ရှိတယ်ပေါ့နော်။ နေမကောင်းတဲ့သူတွေကကျတော့ ရွာမှာက ဆရာဝန်မရှိ ဆေးကုသမှုကလည်း ခက်ခဲတာပေါ့နော်။ ကလေးတွေကော သက်ကြီးရွယ်အိုတွေကော များတယ်ဆိုတော့ အဓိက ကတော့ အစားအသောက်နဲ့ ကျန်းမာရေး အတွက်ပါပဲ။ နေဖို့ကကျတော့ ကျောင်းတွေမှာထားတယ်။ ဒုက္ခသည်တွေက ရွာတိုင်းလိုလိုမှာ ရှိနေတာဆိုတော့ တနေရာမှာ ပုံပြီးတော့ ရှိတာ မဟုတ်တဲ့ အခါကျတော့ ရွာတိုင်းလိုလိုမှာ ဖြစ်နေတဲ့အခါကျတော့ ရွာကလည်း ချင်းတောင်ဘက်ကရဲ့ရွာကျတော့ အိမ်ခြေက ၅၀ ကနေ ၁၀၀ ကြားလောက်ပဲရှိတာလေ။ ရွာကသေးသေးလေး အောက်ပြည်က ရွာတွေက ရွာကြီးတွေပေါ့နော်။ အိမ်ခြေ ၂၀၀၀ ၃၀၀၀ ရှိတယ်။ ဒီဘက်က ရွာတွေက ကျတော့ အိမ်ခြေ ၅၀ ၁၀၀ လောက်ပဲရှိတဲ့အခါကျတော့ လူတွေက ပုံလာတဲ့အခါကျတော့ နေစရာ အခက်အခဲရှိတာပေါ့။”

ထန်တလန် CDF က စက်တင်ဘာ ၉ ရက်က ထန်တလန်မြို့က လုံလဲရ် ကျေးရွာက စစ်ကောင်စီ တပ်စွဲထားတဲ့ စခန်းတခုကို တိုက်ခိုက်ပြီး လက်နက်တွေ ယူဆောင်ခဲ့သလို စခန်းတွေကိုလည်း မီးရှို့တာတွေ ပြုလုပ်ပြီးနောက်မှာ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူတွေပါ အသုံးပြုခဲ့ပြီး နောက်ရက်မှာပဲ ထန်တလန် မြို့ထဲထိပါ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့်နေအိမ်တွေ မီးလောင်နေတဲ့အတွက် မီးငြိမ်းဖို့ သွားရောက်တဲ့ ခရစ်ယာန် သင်းအုပ် ဆရာတဦး ကျဉ်ဆံ ထိမှန်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တယ်လို့ သေဆုံးခဲ့ရတာဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးအဖွဲ့တွေ ကင်းလှည့်နေစဉ် PDF ၁၀၀ ခန့်က တိုက်ခိုက်လာတဲ့အတွက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ချိန်မှာ သင်းအုပ်ဆရာကို ကျဉ်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ကျဉ်ဆံထိမှန် သေဆုံးတာနဲ့ပတ်သက်လို့ ဆက်လက် စုံစမ်းနေတယ်လို့သာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်နဲ့ စက်တင်ဘာ ၁၃ ရက်တို့မှာ နေအိမ် ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း နှမ်းခါးရွာသားတွေအနေနဲ့ ရွာအနီးမှာ စစ်တပ်က တပ်စွဲထားတဲ့အတွက် နေရပ်ကို မပြန်နိုင်ဘဲ ဖြစ်နေတာပါ။

ဒီအခြေအနေကို နှမ်းခါး ရွာသားတဦးက အခုလိုပြောပါတယ်။

“ရွာပြန်ဆို သိပ်မနေကြသေးဘူးခင်ဗျ။ ၁၀၀ ရာခိုင်နှုန်းဆို ၁၀ ရာခိုင်နှုန်းလောက်ပဲ ရွာမှာရှိတယ်။ ဘာလို့လည်းဆိုတော့ ရွာရဲ့လုံခြုံရေးမရှိတဲ့အနေအထားနဲ့ ကျွန်တော်တို့ နှမ်းခါးရွာရဲ့ မြောက်ဖက် ၄ မိုင် အကွာလောက်မှာ စစ်ကောင်စီရဲ့ တပ်တွေရှိသေးလို့ခင်ဗျ။ စစ်ကောင်စီရဲ့ တပ်တွေ ရုတ်တရက်ရောက်လာလို့ ရှိရင် ရှောင်တိမ်းလို့လွယ်အောင်လည်း စီစဉ်ထားခဲ့တယ်။ စစ်ဘေးရှောင်စခန်းတွေလိုလည်း အများကြီး မထားဘူး။ အိမ်ထောင်စု ၁ စု ၂ စု ၅ စုလောက်ပဲ ထားတယ်။ ကျန်တဲ့သူတွေကိုပါ ခွဲခြားထားတာပေါ့။ လူများရင် ရှောင်တိမ်းရတာမလွယ်တာရယ် စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာရင် အစုလိုက် အပြုံလိုက်မဖြစ်အောင် ခွဲခြားပြီးထားတယ်။”

ပြီးခဲ့တဲ့ ရက်က မိုးရွာသွန်းတဲ့အတွက် ချောင်းရေနဲ့အတူ စစ်ဘေးဒုက္ခသည်တွေအတွက် ပစ္စည်းတွေ ရေမျောပါသွားတဲ့အတွက် လှူဒါန်းထားတဲ့ ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်မှာ အိမ်အသုံးအဆောင်တွေအပြင် အမိုးအကာတွေလည်း လိုအပ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG