သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္း ပုလဲၿမိဳ႕ဝန္းက်င္ စစ္ေကာင္စီနဲ႔ေဒသခံေတြ တိုက္ပြဲျဖစ္


ယင္းမာပင္ေဒသ စစ္ေရွာင္ဒုကၡသည္မ်ား (26.07.2021) (ဓာတ္ပုံ- CJ)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္းထဲမွာရွိတဲ့ ပုလဲျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ ျမန္မာစစ္ေကာင္စီတပ္ေတြဟာ ပုလဲၿမိဳနယ္ ႏြယ္အင္း႐ြာအနီးမွာ စက္တင္ဘာလ ၂၁ရက္ေန႔ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ဒီကေန႔မနက္မွာေတာ့ ႏြယ္အင္း႐ြာသားေတြကို ဓါးစာခံေတြအျဖစ္လွည္းေတြနဲ႔ေခၚေဆာင္သြားတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ ။

စစ္ကိုင္းတိုင္းထဲ့ ကနီ ပုလဲ ဝက္လက္ ..ယင္းမာပင္စတဲ့ေနရာေတြကိုစစ္ေကာင္စီဘက္က အင္တာနက္ျဖတ္ေတာက္ထားၿပီးစက္တင္ဘာလ ၁၂ရက္ေန႔ေလာက္ကတည္းက စစ္အင္အားေတြတိုးခ်ၿပီး ႐ြာသားေတြကိုဖမ္းဆီးႏွိပ္စက္မူေတြ၊ ပစၥည္းလုယူမူေတြ ရွိေနတဲ့အတြက္ စက္တင္ဘာလ ၂၁ရက္ေန႔ မွာေတာ့ ပုလဲ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕နဲ ႏြယ္အင္း႐ြာအနီးမွာ တိုက္ပြဲေတြျဖစ္ခဲ့ေၾကာင္း၊ တိုက္ပြဲျဖစ္ခဲ့ၿပီး ေနာက္ ဒီကေန႔မနက္မွာေတာ့ အမ်ိဳးသမီးငယ္ေတြအပါအဝင္ ႐ြာသားေတြကို ဓါးစားခံအျဖစ္ဖမ္းေခၚၿပီးျပန္သြားတယ္လို႔ ပုလဲ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္တဦးကအခုလိုေျပာျပပါတယ္။

"ဆိုင္ကယ္ေတြဘာေတြခိုးၿပီး႐ြာထဲကထြက္လာတာေလ။ ႐ြာထဲက ပစၥည္းေတြေကာဆိုင္ကယ္ေတြေပၚတင္ ၊ လမ္းေၾကာင္းထြက္ဖို႔ဆိုင္ကယ္ေတြနဲ႔ထြက္ဖို႔ အဝင္ က်ေနာ္တို႔ကသူတို႔ရွိတဲ့႐ြာကို သြားဝိုင္းၿပီး စၿပီးပစ္လိုက္တာ ။ တူမီးသမားေတြေကာေ ျပာင္းရွည္ေတြနဲ႔ေကာပစ္တာ သူတို႔ဘက္ကလည္းက်သြားတယ္။ သူတို႔ဘက္ကလက္နက္ႀကီးနဲျပန္ပစ္ေတာ့ ရဲေဘာ္ေတြလည္းေတာ္ေတာ္ေလး႐ုတ္႐ုတ္သဲသဲနဲ႔ျပန္ဆုတ္ခဲ့ရတယ္။ ဆိုးဆိုးဝါးဝါးမျဖစ္ခဲ့ဘူးေပါ့ ဒီေန႔မနက္ေတာ့လွည္းေတြနဲ႔ဒဏ္ရာရတဲ့ေကာင္ေတြကိုတင္ၿပိး ႐ြာသားေတြေကာ သက္ႀကီး႐ြယ္အိုေတြေကာမိန္းကေလးေတြေကာဖမ္းေခၚလာၿပိးေရွ႕ကတင္ထားၿပီးထြက္လာတာေပါ့ လူသားဒိုင္ေသခ်ာလုပ္လာတာပစ္ရင္ လည္းဒီ႐ြာသားေတြပဲေသေ ပေစေပါ့။"

စက္တင္ဘာလ ၂၂ရက္ေန႔မနက္ပိုင္းမွာေတာ့ ႏြယ္အင္း႐ြာသားေတြကို ဓါးစားခံလုပ္ၿပီးေခ်ာင္းဦးဘက္ကို ထြက္သြားတာေတြ႕လိုက္တယ္လို႔ ႏြယ္အင္း႐ြာနေဘးကေဒသခံေက်း႐ြာသားတဦးကလည္း အခုလိုေျပာပါတယ္။

"ႏြယ္အင္း႐ြာ ကပစ္ခတ္မူျဖစ္ၿပီး အဲဒီ႐ြာထဲမွာပဲစတည္းခ်ၿပီး မနက္ခင္းပိုင္းကို လွည္းေတြနဲ႔ တန္ဆာခံလုပ္ၿပီးေခ်ာင္းဦးဘက္ကိုထြက္လာခဲ့တယ္ လူသားဒိုင္းလုပ္လာတာကလွည္းက ၄စီးနဲ႔ လူက ၁၄ေယာက္ကေတာ့အနည္းဆုံးပါတယ္။"

အဲဒီေဒသေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြ စိုးမိုးထားတဲ့ေနရာမဟုတ္တဲ့အတြက္ ေဒသခံျပည္သူေတြက ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြသာရွိပါတယ္ ။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရက စစ္အာဏာရွင္အျမစ္ျပတ္ေအာင္ တြန္းလွန္ ခုခံစစ္ စတင္ေနၿပီလို႔
စက္တင္ဘာလ ၇ ရက္ေန႔က ေၾကညာခဲ့ၿပီးေနာက္ စစ္ကိုင္းတိုင္းဘက္မွာ စစ္တပ္က စစ္ျပင္ဆင္မႈေတြ ပိုလုပ္လာတယ္လို႔ေဒသခံေတြက ေျပာပါတယ္။ ပုလဲ ၿမိဳနယ္အတြင္းမွာေတာ့ စက္တင္ဘာလကုန္ကတည္းက ၿမိဳ့တြင္းတိုက္ပြဲေတြျဖစ္ေနတာလို႔လည္း ပုလဲျပည္သူကာကြယ္ေရးတပ္ဖြဲ ေခါင္းေဆာင္ကေျပာပါတယ္။

"႐ြာသားေတြကိုေတာ့အဲဒီအေရွ႕ဘက္႐ြာထိေခၚလာတယ္ လမ္းတေလ်ာက္မွာ ျပည္သူေတြနဲ႔ဆိုေတာ့ က်ေနာ္တို႔ကလည္းဘာမွ မလုပ္ႏိုင္ေတာ့ အေရွ႕ဘက္႐ြာမွာဆက္ေမႊတယ္။ ႐ြာေတြထဲကေန သူတိုလိုခ်င္တာဆက္ယူတယ္ ။ ပုလဲမွာေတာ့ D Day မစခင္ကတည္း တပတ္ ၁၀ ရက္ရွိၿပီဆက္တိုက္ ျဖစ္ေနတာၿမိဳ႕ေပၚမွာပဲ တိုက္ေနတာတိုက္ပြဲျဖစ္ေနတာ D Day စၿပီး ၂ရက္ေလာက္တိုက္ၿပီး ထပ္မတိုက္ႏိုင္ဘူး။က်ေနာ္တို႔မွာ ၄ရက္ေလာက္နားလိုက္ေသးတယ္။ ျပန္မတိုက္ဘူး နားတယ္ဆိုတာကလည္းလက္နက္ကလည္းမျပည့္စုံတာရယ္ လက္နက္ကလည္းမရ ေသးဘူးဆိုေတာ့ မတိုက္ေသးဘူးဆိုၿပီးေနေနတာ။ အခုက မတိုက္ရင္လည္း ဒီေကာင္ေတြကလူထုအေပၚမွာအႏိုင္က်င့္ေနတာနဲ႔မရ ေတာ့ဘူး ၁၉ ရက္ေန႔စၿပီးစစ္ျပင္တယ္တျမန္ေန႔ (၂၀) ရက္ေန႔ေလာက္က စတိုက္တယ္။"

ဒီတိုက္ပြဲအျခအေနနဲပတ္သက္လို႔စစ္ေကာင္စီဘက္ကိုဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ဆက္သြယ္လို႔မရခဲ့ပါဘူး။

အခုရက္ပိုင္း ကနီ၊ ယင္းမာပင္၊ ပုလဲ၊ အရာေတာ္ ဝက္လက္စတဲ့ ၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြကိုလည္း ျဖတ္ေတာက္ခံထားရပါတယ္။ အဲဒီေဒသေတြဘက္မွာ စစ္ေကာင္စီဘက္ကတ႐ြာဝင္၊ တ႐ြာထြက္ ၿပီး ပစၥည္းလုယူတာ ျပည္သူေတြကိုလိုက္လံဖမ္းဆီး ႏွိပ္စက္တာေတြရွိေနတဲ့အတြက္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက ရရာလက္နက္စြဲကိုင္ၿပီး စစ္တပ္နဲ႔ တိုက္ခိုက္ေနၾကတာျဖစ္ပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကိုင်း ပုလဲမြို့ဝန်းကျင် စစ်ကောင်စီနဲ့ဒေသခံတွေ တိုက်ပွဲဖြစ်

(Unicode)

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြန်မာစစ်ကောင်စီတပ်တွေဟာ ပုလဲမြိုနယ် နွယ်အင်းရွာအနီးမှာ စက်တင်ဘာလ ၂၁ရက်နေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီကနေ့မနက်မှာတော့ နွယ်အင်းရွာသားတွေကို ဓါးစာခံတွေအဖြစ်လှည်းတွေနဲ့ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ ။

စစ်ကိုင်းတိုင်းထဲ့ ကနီ ပုလဲ ဝက်လက် ..ယင်းမာပင်စတဲ့နေရာတွေကိုစစ်ကောင်စီဘက်က အင်တာနက်ဖြတ်တောက်ထားပြီးစက်တင်ဘာလ ၁၂ရက်နေ့လောက်ကတည်းက စစ်အင်အားတွေတိုးချပြီး ရွာသားတွေကိုဖမ်းဆီးနှိပ်စက်မူတွေ၊ ပစ္စည်းလုယူမူတွေ ရှိနေတဲ့အတွက် စက်တင်ဘာလ ၂၁ရက်နေ့ မှာတော့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ နွယ်အင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ခဲ့ပြီး နောက် ဒီကနေ့မနက်မှာတော့ အမျိုးသမီးငယ်တွေအပါအဝင် ရွာသားတွေကို ဓါးစားခံအဖြစ်ဖမ်းခေါ်ပြီးပြန်သွားတယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကအခုလိုပြောပြပါတယ်။

"ဆိုင်ကယ်တွေဘာတွေခိုးပြီးရွာထဲကထွက်လာတာလေ။ ရွာထဲက ပစ္စည်းတွေကောဆိုင်ကယ်တွေပေါ်တင် ၊ လမ်းကြောင်းထွက်ဖို့ဆိုင်ကယ်တွေနဲ့ထွက်ဖို့ အဝင် ကျနော်တို့ကသူတို့ရှိတဲ့ရွာကို သွားဝိုင်းပြီး စပြီးပစ်လိုက်တာ ။ တူမီးသမားတွေကောေ ပြာင်းရှည်တွေနဲ့ကောပစ်တာ သူတို့ဘက်ကလည်းကျသွားတယ်။ သူတို့ဘက်ကလက်နက်ကြီးနဲပြန်ပစ်တော့ ရဲဘော်တွေလည်းတော်တော်လေးရုတ်ရုတ်သဲသဲနဲ့ပြန်ဆုတ်ခဲ့ရတယ်။ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘူးပေါ့ ဒီနေ့မနက်တော့လှည်းတွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုတင်ပြိး ရွာသားတွေကော သက်ကြီးရွယ်အိုတွေကောမိန်းကလေးတွေကောဖမ်းခေါ်လာပြိးရှေ့ကတင်ထားပြီးထွက်လာတာပေါ့ လူသားဒိုင်သေချာလုပ်လာတာပစ်ရင် လည်းဒီရွာသားတွေပဲသေေ ပစေပေါ့။"

စက်တင်ဘာလ ၂၂ရက်နေ့မနက်ပိုင်းမှာတော့ နွယ်အင်းရွာသားတွေကို ဓါးစားခံလုပ်ပြီးချောင်းဦးဘက်ကို ထွက်သွားတာတွေ့လိုက်တယ်လို့ နွယ်အင်းရွာနဘေးကဒေသခံကျေးရွာသားတဦးကလည်း အခုလိုပြောပါတယ်။

"နွယ်အင်းရွာ ကပစ်ခတ်မူဖြစ်ပြီး အဲဒီရွာထဲမှာပဲစတည်းချပြီး မနက်ခင်းပိုင်းကို လှည်းတွေနဲ့ တန်ဆာခံလုပ်ပြီးချောင်းဦးဘက်ကိုထွက်လာခဲ့တယ် လူသားဒိုင်းလုပ်လာတာကလှည်းက ၄စီးနဲ့ လူက ၁၄ယောက်ကတော့အနည်းဆုံးပါတယ်။"

အဲဒီဒေသတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့နေရာမဟုတ်တဲ့အတွက် ဒေသခံပြည်သူတွေက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသာရှိပါတယ် ။

မြန်မာနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်အမြစ်ပြတ်အောင် တွန်းလှန် ခုခံစစ် စတင်နေပြီလို့
စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဘက်မှာ စစ်တပ်က စစ်ပြင်ဆင်မှုတွေ ပိုလုပ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။ ပုလဲ မြိုနယ်အတွင်းမှာတော့ စက်တင်ဘာလကုန်ကတည်းက မြို့တွင်းတိုက်ပွဲတွေဖြစ်နေတာလို့လည်း ပုလဲပြည်သူကာကွယ်ရေးတပ်ဖွဲ ခေါင်းဆောင်ကပြောပါတယ်။

"ရွာသားတွေကိုတော့အဲဒီအရှေ့ဘက်ရွာထိခေါ်လာတယ် လမ်းတလျောက်မှာ ပြည်သူတွေနဲ့ဆိုတော့ ကျနော်တို့ကလည်းဘာမှ မလုပ်နိုင်တော့ အရှေ့ဘက်ရွာမှာဆက်မွှေတယ်။ ရွာတွေထဲကနေ သူတိုလိုချင်တာဆက်ယူတယ် ။ ပုလဲမှာတော့ D Day မစခင်ကတည်း တပတ် ၁၀ ရက်ရှိပြီဆက်တိုက် ဖြစ်နေတာမြို့ပေါ်မှာပဲ တိုက်နေတာတိုက်ပွဲဖြစ်နေတာ D Day စပြီး ၂ရက်လောက်တိုက်ပြီး ထပ်မတိုက်နိုင်ဘူး။ကျနော်တို့မှာ ၄ရက်လောက်နားလိုက်သေးတယ်။ ပြန်မတိုက်ဘူး နားတယ်ဆိုတာကလည်းလက်နက်ကလည်းမပြည့်စုံတာရယ် လက်နက်ကလည်းမရ သေးဘူးဆိုတော့ မတိုက်သေးဘူးဆိုပြီးနေနေတာ။ အခုက မတိုက်ရင်လည်း ဒီကောင်တွေကလူထုအပေါ်မှာအနိုင်ကျင့်နေတာနဲ့မရ တော့ဘူး ၁၉ ရက်နေ့စပြီးစစ်ပြင်တယ်တမြန်နေ့ (၂၀) ရက်နေ့လောက်က စတိုက်တယ်။"

ဒီတိုက်ပွဲအခြအနေနဲပတ်သက်လို့စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုရက်ပိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော် ဝက်လက်စတဲ့ မြို့နယ်တွေမှာ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ခံထားရပါတယ်။ အဲဒီဒေသတွေဘက်မှာ စစ်ကောင်စီဘက်ကတရွာဝင်၊ တရွာထွက် ပြီး ပစ္စည်းလုယူတာ ပြည်သူတွေကိုလိုက်လံဖမ်းဆီး နှိပ်စက်တာတွေရှိနေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင်ပြီး စစ်တပ်နဲ့ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG