သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး၊ စစ်ကိုင်း မြို့တချို့မှာ ဆန္ဒပြမှုဆက်ရှိ


ကပ်ရောဂါစိုးရိမ်စရာအခြေအနေနဲ့ စစ်အုပ်ချုပ်မှုဆန့်ကျင်သူများ။
ကပ်ရောဂါစိုးရိမ်စရာအခြေအနေနဲ့ စစ်အုပ်ချုပ်မှုဆန့်ကျင်သူများ။

Zawgyi/Unicode

မြန်မာနိုင်ငံတဝန်း ကိုဗစ် တတိယလှိုင်း အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် မလိုအပ် ဘဲ နေအိမ်အပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားတဲ့ မြို့နယ် အတော်များများ ရှိနေပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေရှိနေဆဲဖြစ်သလို တဘက်မှာ ဖမ်းဆီးမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ပုံမှန်ရှိနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသက ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ကလေးမြို့နဲ့ ရွှေဘိုမြို့တို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာတော့ လုံခြုံရေးတွေ တင်းကြပ်စွာ ချထားတဲ့ကြားကပဲ ဒီကနေ့ မြတောင်သပိတ်စစ်ကြောင်းဟာ စစ်တပ်အလံကို မီးရှို့ ဆန္ဒပြခဲ့ကြသလို အောင်မြေသာဇံမြို့နယ်မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပြီး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းလည်း လမ်းမတွေပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဒေသမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ပလိုင်းရွာမှာ စစ်ရှောင်နေကြတဲ့ ရွာသား ၆ ဦးကို စစ်ကောင်စီက ဒီကနေ့ ဖမ်းဆီးသွားပြီး ကျန်တဲ့ စစ်ရှောင်တွေလည်း နေရပ်မပြန်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အလားတူ ပြည်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ၂ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့ညက စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့က စုံနံသာကျေးရွာအုပ်ချုပ်ရေးမှူးတဦး မနေ့ ဇူလိုင်လ ၂၄ ရက်နေ့ညက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တဦးလည်း မနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode

မန်တလေး၊ စဈကိုငျး မွို့တခြို့မှာ ဆန်ဒပွမှုဆကျရှိ








#MyanmarMilitaryCoup #MyanmarProtest #MyanmarViolence #MyanmarArrest #VOABurmese

XS
SM
MD
LG