သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္း ကန္ပက္လက္နဲ႔ မေကြး ေဆာၿမိဳ႕အၾကား တိုက္ပြဲျဖစ္ပြား


ခ်င္းျပည္နယ္က စစ္ေဘးေရွာင္မ်ား May 31, 2021. (ဓာတ္ပံု- REUTERS)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ကန္ပက္လက္ ၿမိဳ႕နဲ႔ မေကြးတိုင္း ေဆာၿမိဳ႕ၾကားမွာ စစ္ေကာင္စီနဲ႔ ကန္ပက္လက္ CDF တို႔ တိုက္ပြဲျဖစ္ပြားတာရွိသလို စစ္ေကာင္စီဘက္က လက္နက္ႀကီးပစ္ခတ္တာေၾကာင့္ လူေနအိမ္ေတြေပၚ က်ေရာက္တာေတြ ရွိပါတယ္။ ကန္ပက္လက္ၿမိဳ႕မွာေတာ့ အသြားအလာ တိတ္ဆိတ္ေနၿပီး ၿမိဳ႕ခံေတြက စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့ သတင္း ကိုေဇာ္ဝင္းလႈိင္က ေျပာျပပါမယ္။

မေန႔ စက္တင္ဘာ ၁၄ ရက္က ေဆာၿမိဳ႕က တက္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကန္ပက္လက္ CDF တို႔ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နဲ႔ မေကြးတိုင္း ေဆာၿမိဳ႕ၾကားမွာမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ေသဆုံးတာေတြ ရွိခဲ့တယ္လို ကန္ပက္လက္ CDF က အခုလို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ မေန႔က ေဆာကေန ကန္ပက္လက္ကို အားျပဳဖို႔တက္လာတဲ့ စစ္သားေတြကို ကန္ပက္လက္ကေနလည္း စစ္သားေတြက သြားႀကိဳတာေပါ့။ အဲ့လိုမ်ိဳးသြားႀကိဳတဲ့ အပိုင္းကို ကြၽန္ေတာ္တို႔ အၾကား ၂ ၾကားကို ကြၽန္ေတာ္တို႔က CDF အေနနဲ႔ စတိုက္တာျဖစ္ပါတယ္။ ဟုတ္ကဲ့ အထိခိုက္အက်ဆုံးကေတာ့ စစ္သားေတြဘက္ကေတာ့ ၁၀ ေယာက္ထက္မနည္း က်မယ္လို႔ ကြၽန္ေတာ္တို႔ ေရွ႕တန္းမွာ သြားေနတဲ့ ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြက သတင္းပို႔တာေပါ့ေလ။ သူတို႔ဘက္ကေန လက္နက္ႀကီးေတြနဲ႔ ပုံမွန္ထုေနတယ္။ ရမ္းသမ္းၿပီးမွ ပစ္ေနတယ္။ လက္နက္ႀကီးေတြ စိတ္ႀကိဳက္သုံးၿပီးမွ တိုက္တာေပါ့။ ကြၽန္ေတာ္တို႔ကို တိုက္တာေပါ့။ အဲ့လိုမ်ိဳးေတာ့ရွိတယ္။”

ခ်င္းျပည္နယ္အတြင္း လတ္တေလာ ျဖစ္ေပၚေနတဲ့ တိုက္ပြဲ အေျခအေနေတြနဲ ပတ္သက္လိုေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ဒီတိုက္ပြဲရဲ႕ေနာက္ဆက္တြဲအေနနဲ႔ ဒီကေန႔ စက္တင္ဘာ ၁၅ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ ကန္ပက္လက္ၿမိဳ႕ လူေနအိမ္ေတြအေပၚ လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲခဲ့တာေတြရွိခဲ့ပါတယ္။

လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲလို႔ ကန္ပက္လက္ၿမိဳ႕မွာ အသြားအလာမရွိဘဲ တိတ္ဆိတ္ေနတယ္လို႔ ကန္ပက္လက္ ေဒသခံ တဦးက အခုလိုေျပာပါတယ္။

“အခ်ိန္ကေတာ့ ၁၀ နာရီဝန္းက်င္ေလာက္ေပါ့ေနာ္။ ၁၀ နာရီ ဝန္းက်င္ေလာက္ကေန ညေန ၁ နာရီခြဲေလာက္ထိ ခဏနားလိုက္ ျပန္ၿပီးပစ္လိုက္ ခဏနားလိုက္ ျပန္ၿပီးပစ္လိုက္ အဲ့လိုျဖစ္ေနတယ္။ တိုက္ပြဲကေတာ့ ၿမိဳ႕ထဲက်ေတာ့ လုံး၀ တိုက္ပြဲမရွိဘူး သူတို႔ဟာသူတို႔ ရမ္းသမ္းၿပီး ပစ္ခတ္ေနတာ။ လူထိခိုက္မႈေတာ့ ေလာေလာဆယ္မရွိဘူး။ ပ်က္စီးဆုံးရႈံးတာက်ေတာ့ လူေနအိမ္ကက်ေတာ့ ၃ လုံးေလာက္ ထိတယ္။ ဘဏ္႐ုံးနား အနီးတဝိုက္က်တယ္။ ၿပီးရင္ လွ်ပ္စစ္ ႐ုံးဘက္ အဲ့နားေတြက်တယ္။ လူေန ရပ္ကြက္ ကြၽန္ေတာ္တို႔ ကန္ပက္လက္မွာ ၿမိဳ႕မ ၁ ၊ ၂ ဆိုၿပီး ရွိတယ္ဆိုေတာ့ ၿမိဳ႕မ ၂ လို႔ ေျပာရမွာေပါ့။ အတိအက်က ၄ လုံးေလာက္ ရွိတယ္။ ေလာေလာဆယ္ ဘယ္သူမွ အျပင္မထြက္တာ အျပင္မထြက္ေတာ့ဘူးေပါ့ေနာ္။ ကိုယ့္အိမ္ထဲကိုယ္ စားနပ္ရိကၡာစု ကိုယ့္အိမ္ထဲကိုယ္ေန အဲ့လိုပဲရွိတယ္။ ၿမိဳ႕ထဲက်ေတာ့ သိပ္ၿပီး သြားလာတာ မရွိေတာ့ဘူး။”

ၿပီးခဲ့တဲ့ စက္တင္ဘာ ၆ ရက္ကလည္း ကန္ပက္လက္ CDF နဲ႔ စစ္ေကာင္စီတပ္ေတြ ေဆာၿမိဳ႕နဲ႔ ကန္ပက္လက္ၿမိဳ႕ၾကားမွာ တိုက္ပြဲျဖစ္ပြားခဲ့တာေတြရွိၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ေသဆုံးတာေတြရွိခဲ့ပါတယ္။ CDF ဘက္က တိုက္ပြဲေတြ ဆက္လက္ျပင္းထန္လာႏိုင္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ ေဆာနဲ႔ ကန္ပက္လက္ၾကားကို အသြားအလာ မျပဳလုပ္ဖို႔ အသိေပးထားပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ချင်း ကန်ပက်လက်နဲ့ မကွေး ဆောမြို့အကြား တိုက်ပွဲဖြစ်ပွား

(Unicode)

ချင်းပြည်နယ် ကန်ပက်လက် မြို့နဲ့ မကွေးတိုင်း ဆောမြို့ကြားမှာ စစ်ကောင်စီနဲ့ ကန်ပက်လက် CDF တို့ တိုက်ပွဲဖြစ်ပွားတာရှိသလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် လူနေအိမ်တွေပေါ် ကျရောက်တာတွေ ရှိပါတယ်။ ကန်ပက်လက်မြို့မှာတော့ အသွားအလာ တိတ်ဆိတ်နေပြီး မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့ သတင်း ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

မနေ့ စက်တင်ဘာ ၁၄ ရက်က ဆောမြို့က တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကန်ပက်လက် CDF တို့ ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေးတိုင်း ဆောမြို့ကြားမှာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးတာတွေ ရှိခဲ့တယ်လို ကန်ပက်လက် CDF က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မနေ့က ဆောကနေ ကန်ပက်လက်ကို အားပြုဖို့တက်လာတဲ့ စစ်သားတွေကို ကန်ပက်လက်ကနေလည်း စစ်သားတွေက သွားကြိုတာပေါ့။ အဲ့လိုမျိုးသွားကြိုတဲ့ အပိုင်းကို ကျွန်တော်တို့ အကြား ၂ ကြားကို ကျွန်တော်တို့က CDF အနေနဲ့ စတိုက်တာဖြစ်ပါတယ်။ ဟုတ်ကဲ့ အထိခိုက်အကျဆုံးကတော့ စစ်သားတွေဘက်ကတော့ ၁၀ ယောက်ထက်မနည်း ကျမယ်လို့ ကျွန်တော်တို့ ရှေ့တန်းမှာ သွားနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေက သတင်းပို့တာပေါ့လေ။ သူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပုံမှန်ထုနေတယ်။ ရမ်းသမ်းပြီးမှ ပစ်နေတယ်။ လက်နက်ကြီးတွေ စိတ်ကြိုက်သုံးပြီးမှ တိုက်တာပေါ့။ ကျွန်တော်တို့ကို တိုက်တာပေါ့။ အဲ့လိုမျိုးတော့ရှိတယ်။”

ချင်းပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ ပတ်သက်လိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီတိုက်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကန်ပက်လက်မြို့ လူနေအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိခဲ့ပါတယ်။

လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ ကန်ပက်လက်မြို့မှာ အသွားအလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ကန်ပက်လက် ဒေသခံ တဦးက အခုလိုပြောပါတယ်။

“အချိန်ကတော့ ၁၀ နာရီဝန်းကျင်လောက်ပေါ့နော်။ ၁၀ နာရီ ဝန်းကျင်လောက်ကနေ ညနေ ၁ နာရီခွဲလောက်ထိ ခဏနားလိုက် ပြန်ပြီးပစ်လိုက် ခဏနားလိုက် ပြန်ပြီးပစ်လိုက် အဲ့လိုဖြစ်နေတယ်။ တိုက်ပွဲကတော့ မြို့ထဲကျတော့ လုံး၀ တိုက်ပွဲမရှိဘူး သူတို့ဟာသူတို့ ရမ်းသမ်းပြီး ပစ်ခတ်နေတာ။ လူထိခိုက်မှုတော့ လောလောဆယ်မရှိဘူး။ ပျက်စီးဆုံးရှုံးတာကျတော့ လူနေအိမ်ကကျတော့ ၃ လုံးလောက် ထိတယ်။ ဘဏ်ရုံးနား အနီးတဝိုက်ကျတယ်။ ပြီးရင် လျှပ်စစ် ရုံးဘက် အဲ့နားတွေကျတယ်။ လူနေ ရပ်ကွက် ကျွန်တော်တို့ ကန်ပက်လက်မှာ မြို့မ ၁ ၊ ၂ ဆိုပြီး ရှိတယ်ဆိုတော့ မြို့မ ၂ လို့ ပြောရမှာပေါ့။ အတိအကျက ၄ လုံးလောက် ရှိတယ်။ လောလောဆယ် ဘယ်သူမှ အပြင်မထွက်တာ အပြင်မထွက်တော့ဘူးပေါ့နော်။ ကိုယ့်အိမ်ထဲကိုယ် စားနပ်ရိက္ခာစု ကိုယ့်အိမ်ထဲကိုယ်နေ အဲ့လိုပဲရှိတယ်။ မြို့ထဲကျတော့ သိပ်ပြီး သွားလာတာ မရှိတော့ဘူး။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေ ဆောမြို့နဲ့ ကန်ပက်လက်မြို့ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိခဲ့ပါတယ်။ CDF ဘက်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဆောနဲ့ ကန်ပက်လက်ကြားကို အသွားအလာ မပြုလုပ်ဖို့ အသိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG