သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ ခ်င္း စစ္ေရွာင္ေတြၾကား ရာသီတုပ္ေကြးျဖစ္သူ မ်ားေန


ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ယာယီဒုကၡသည္စခန္းမ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္က ေက်း႐ြာတခ်ဳိ႕နဲ႔ စစ္ေဘးဒုကၡသည္စခန္းတခ်ဳိ႕မွာ ရာသီတုပ္ေကြးေရာဂါ ျဖစ္ေနၾကပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္ထဲက ေက်းရြာေတာ္ေတာ္မ်ားမ်ားမွာဆို ႐ြာအလိုက္ တုပ္ေကြးျဖစ္ေနၾကတယ္လို႔ ေက်းရြာမွာ ေဆးလိုက္ကုေပးေနသူက ေျပာပါတယ္။ ခ်င္းျပည္နယ္ပလက္ဝ ၿမိဳ႕ေပၚက စစ္ေဘးဒုကၡသည္စခန္းေတြမွာလည္း အလားတူ ရာသီတုပ္ေကြးျဖစ္သူေတြ မ်ားေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ထဲက လိပ္ခေမာ္အုပ္စု၊ အုန္းေတာအုပ္စု၊ ေခ်ာင္းဝအုပ္စုတို႔မွာရွိတဲ့ ေက်းရြာေတြမွာ ရာသီတုပ္ေကြးကူးစက္ခံရသူေတြ အမ်ားအျပားရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေနရာေတြမွာ မိသားစုဝင္အမ်ားစု ရာသီတုပ္ေကြးျဖစ္ေနတာကို ေတြ႔ရတယ္လို႔ အဲဒီေက်းရြာေတြကို သြားေရာက္ၿပီး ေဆးလိုက္ ကုေပးေနတဲ့ ေဆးဆရာ ဦးေမာင္လွယဥ္ကေျပာပါတယ္။

“က်ေနာ္တို႔ ေက်ာက္ျဖဴၿမိဳ႕နယ္က လိပ္ခေမာ္၊ အုန္းေတာအုပ္စု၊ ဂံုးခြ်ိန္ေက်းရြာေတြ ဆိုရင္ေတာ့ အပူခ်ိန္မ်ားၿပီး ကိုယ္လက္ကိုက္ခဲတဲ့ ေရာဂါေတြ ျဖစ္ေနတာေတြ႔ရတယ္။ က်ေနာ္တို႔အေခၚနဲ႔ဆိုရင္ေတာ့ မိုးအကုန္ ေဆာင္းအကူး ရာသီအကူးအေျပာင္းျဖစ္တဲ့အတြက္ ရာသီတုပ္ေကြးဆိုၿပီးေတာ့ ေတြ႔ရတယ္။ တခ်ို႕အိမ္ေတြမွာဆိုရင္ လူႀကီးက စျဖစ္ၿပီးေတာ့ ေနာက္ကေလးေတြေရာ ျဖစ္တယ္။ ဥပမာ တအိမ္မွာ လူငါးေယာက္ ရွိတယ္ဆိုရင္ သံုးေယာက္အနည္းဆံုးျဖစ္တယ္။ ကေလးေတြ ျဖစ္တာလည္းေတြ႔ရပါတယ္။”

ဖ်ားနာၾကသူေတြဟာ နွာေစးေခ်ာင္းဆိုးတာ၊ နွာရည္ယိုတာနဲ႔ ကိုယ္လက္ကိုက္ခဲၿပီး အပူခ်ိန္တက္တဲ့လကၡဏာေတြ ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ လကၡဏာေတြျဖစ္တဲ့ အနံ႔ေပ်ာက္တာ၊ ဝမ္းေလွ်ာတာမ်ဳိးေတြေတာ့ မျဖစ္ၾကဘူးလို႔လည္း ေျပာပါတယ္။ မိုးအကုန္ေဆာင္းအကူး ရာသီအကူးအေျပာင္းကာလမွာ ဒီလို ရာသီတုပ္ေကြး ျဖစ္ေလ့႐ွိတယ္ဆိုေပမယ့္ ဒီနွစ္မွာေတာ့ ခါတိုင္းထက္ ပိုမ်ားေနတာေတြ႔ရတယ္လို႔လည္း ေဆးဆရာဦးေမာင္လွယဥ္ကေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေညာင္ေခ်ာင္း စစ္ေဘးဒုကၡသည္စခန္းမွာလည္း နွာေစးေခ်ာင္းဆိုးၿပီး ေနမေကာင္းျဖစ္ေနသူေတြ အမ်ားအျပား ရွိေနတယ္လို႔ ေညာင္ေခ်ာင္းစစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ကိုခိုင္မ်ိုးေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းမွာေတာ့ ဖ်ားနာသူေတြက သက္ႀကီးပိုင္းေတြေကာ၊ ကေလးေတြေရာ အရြယ္စံုေပါ့။ ေတာ္ေတ္ာေလး ေနမေကာင္းျဖစ္ေနၾကတယ္။ စိုးရိမ္ေတာ့ စိုးရိမ္တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမွာ ကေလးေတြဖ်ားရင္ တရက္နွစ္ရက္နဲ႔ အဖ်ားမက်ဘူး။ ေခ်ာင္းဆိုးတယ္။ နွာေစးတယ္။ ေတာ္ေတာ္ေလးေတာ့ အခက္အခဲျဖစ္ေနၾကတယ္။ ေဆးရံုေဆးခန္းကို ေတာ့ က်ေနာ္လွမ္းေျပာထားပါတယ္။”

အဲဒီစစ္ေဘးဒုကၡသည္စခန္းမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔လည္း ေဆးဝါးကုသ ဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ ကိုခိုင္မ်ိုးေအာင္က ေျပာပါတယ္။

“ေနမေကာင္းတဲ့သူေတြကိုေတာ့ က်ေနာ္တို႔ ေဆးရံုကိုသြားဖို႔ပဲ က်ေနာ္တို႔ ညႊန္းရတယ္၊ တဘက္မွာလည္း ဒီစစ္ေရွာင္ေတြက စားဖို႔ ေသာက္ဖို႔ေတာင္ အႏိုင္နိုင္ျဖစ္ေနၾကတာ။ ေဆးရံုေဆးခန္းသြားဖို႔ ဆိုတာကလည္း ပိုက္ဆံက ေတာ္ေတာ္လိုတာကို ဆိုေတာ့ ေတာ္ေတာ္ ေလး အခက္အခဲျဖစ္ေနၾကတယ္ ဒီစခန္းမွာ။”

ရခိုင္ျပည္နယ္အတြင္းမွာ ရာသီတုပ္ေကြး ကူးစက္မႈေတြရွိေနတာနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဌာနဘက္က အသိေပးထုတ္ျပန္တာမ်ဳိး မ႐ွိေသးပါဘူး။ ရာသီတုပ္ေကြး ကူးစက္မႈေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနေျပာခြင့္ရ ေဒါက္တာစိုးဝင္းပိုင္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။

ရခိုင္ျပည္နယ္ထဲက ဒုကၡသည္စခန္းေတြမွာသာမကခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚက စစ္ေဘးဒုကၡသည္စခန္းေတြမွာလည္း ရာသီတုပ္ေကြး ကူးစက္ခံရတာေတြရွိေနတယ္လို႔ စစ္ေဘးဒုကၡသည္တဦးျဖစ္တဲ့ ကိုတင္ဦးကေျပာပါတယ္။

“စစ္ေရွာင္စခန္းမွာေတာ့ ၂၀၊ ၃၀ ေလာက္ရွိတယ္။ က်ေနာ္တို႔ ပလက္ဝမွာေတာ့ စိုးရိမ္ စရာေတာ့ မရွိပါဘူး။ နွာေစး အေအးမိ ဒီေလာက္ပဲ ၿပီးေတာ့ နွာရည္ယိုတယ္။”

ရန္ကုန္ၿမိဳ႕အပါအဝင္ ေဒသေတာ္ေတာ္မ်ားမ်ားမွာ ရာသီတုပ္ေကြးျဖစ္ပြားသူေတြ ႐ွိေနၿပီး အရင္ တုပ္ေကြးေတြထက္ ပိုျပင္းထန္တဲ့ ေရာဂါလကၡဏာျပၾကတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ ျဖစ္ထားသူေတြ ရာသီတုပ္ေကြးကူးစက္တ့ဲအခါ ေရာဂါဒဏ္ကို ပိုၿပီး ျပင္းျပင္းထန္ထန္ ခံစားရတယ္လို႔လည္း ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

ရခိုင်နဲ့ ချင်း စစ်ရှောင်တွေကြား ရာသီတုပ်ကွေးဖြစ်သူ များနေ

ရခိုင်ပြည်နယ်က ကျေးရွာတချို့နဲ့ စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်နေကြပါတယ်။ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတော်တော်များများမှာဆို ရွာအလိုက် တုပ်ကွေးဖြစ်နေကြတယ်လို့ ကျေးရွာမှာ ဆေးလိုက်ကုပေးနေသူက ပြောပါတယ်။ ချင်းပြည်နယ်ပလက်ဝ မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း အလားတူ ရာသီတုပ်ကွေးဖြစ်သူတွေ များနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက လိပ်ခမော်အုပ်စု၊ အုန်းတောအုပ်စု၊ ချောင်းဝအုပ်စုတို့မှာရှိတဲ့ ကျေးရွာတွေမှာ ရာသီတုပ်ကွေးကူးစက်ခံရသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာတွေမှာ မိသားစုဝင်အများစု ရာသီတုပ်ကွေးဖြစ်နေတာကို တွေ့ရတယ်လို့ အဲဒီကျေးရွာတွေကို သွားရောက်ပြီး ဆေးလိုက် ကုပေးနေတဲ့ ဆေးဆရာ ဦးမောင်လှယဉ်ကပြောပါတယ်။

“ကျနော်တို့ ကျောက်ဖြူမြို့နယ်က လိပ်ခမော်၊ အုန်းတောအုပ်စု၊ ဂုံးချွိန်ကျေးရွာတွေ ဆိုရင်တော့ အပူချိန်များပြီး ကိုယ်လက်ကိုက်ခဲတဲ့ ရောဂါတွေ ဖြစ်နေတာတွေ့ရတယ်။ ကျနော်တို့အခေါ်နဲ့ဆိုရင်တော့ မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းဖြစ်တဲ့အတွက် ရာသီတုပ်ကွေးဆိုပြီးတော့ တွေ့ရတယ်။ တချို့အိမ်တွေမှာဆိုရင် လူကြီးက စဖြစ်ပြီးတော့ နောက်ကလေးတွေရော ဖြစ်တယ်။ ဥပမာ တအိမ်မှာ လူငါးယောက် ရှိတယ်ဆိုရင် သုံးယောက်အနည်းဆုံးဖြစ်တယ်။ ကလေးတွေ ဖြစ်တာလည်းတွေ့ရပါတယ်။”

ဖျားနာကြသူတွေဟာ နှာစေးချောင်းဆိုးတာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်ကိုက်ခဲပြီး အပူချိန်တက်တဲ့လက္ခဏာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ လက္ခဏာတွေဖြစ်တဲ့ အနံ့ပျောက်တာ၊ ဝမ်းလျှောတာမျိုးတွေတော့ မဖြစ်ကြဘူးလို့လည်း ပြောပါတယ်။ မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလမှာ ဒီလို ရာသီတုပ်ကွေး ဖြစ်လေ့ရှိတယ်ဆိုပေမယ့် ဒီနှစ်မှာတော့ ခါတိုင်းထက် ပိုများနေတာတွေ့ရတယ်လို့လည်း ဆေးဆရာဦးမောင်လှယဉ်ကပြောပါတယ်။

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်အတွင်းက ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း နှာစေးချောင်းဆိုးပြီး နေမကောင်းဖြစ်နေသူတွေ အများအပြား ရှိနေတယ်လို့ ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ကျနော်တို့ ညောင်ချောင်းစစ်ရှောင်စခန်းမှာတော့ ဖျားနာသူတွေက သက်ကြီးပိုင်းတွေကော၊ ကလေးတွေရော အရွယ်စုံပေါ့။ တော်တေ်ာလေး နေမကောင်းဖြစ်နေကြတယ်။ စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ကလေးတွေဖျားရင် တရက်နှစ်ရက်နဲ့ အဖျားမကျဘူး။ ချောင်းဆိုးတယ်။ နှာစေးတယ်။ တော်တော်လေးတော့ အခက်အခဲဖြစ်နေကြတယ်။ ဆေးရုံဆေးခန်းကို တော့ ကျနော်လှမ်းပြောထားပါတယ်။”

အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့လည်း ဆေးဝါးကုသ ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“နေမကောင်းတဲ့သူတွေကိုတော့ ကျနော်တို့ ဆေးရုံကိုသွားဖို့ပဲ ကျနော်တို့ ညွှန်းရတယ်၊ တဘက်မှာလည်း ဒီစစ်ရှောင်တွေက စားဖို့ သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ။ ဆေးရုံဆေးခန်းသွားဖို့ ဆိုတာကလည်း ပိုက်ဆံက တော်တော်လိုတာကို ဆိုတော့ တော်တော် လေး အခက်အခဲဖြစ်နေကြတယ် ဒီစခန်းမှာ။”

ရခိုင်ပြည်နယ်အတွင်းမှာ ရာသီတုပ်ကွေး ကူးစက်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနဘက်က အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ရာသီတုပ်ကွေး ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြောခွင့်ရ ဒေါက်တာစိုးဝင်းပိုင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာသာမကချင်းပြည်နယ် ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ရာသီတုပ်ကွေး ကူးစက်ခံရတာတွေရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ကိုတင်ဦးကပြောပါတယ်။

“စစ်ရှောင်စခန်းမှာတော့ ၂၀၊ ၃၀ လောက်ရှိတယ်။ ကျနော်တို့ ပလက်ဝမှာတော့ စိုးရိမ် စရာတော့ မရှိပါဘူး။ နှာစေး အအေးမိ ဒီလောက်ပဲ ပြီးတော့ နှာရည်ယိုတယ်။”

ရန်ကုန်မြို့အပါအဝင် ဒေသတော်တော်များများမှာ ရာသီတုပ်ကွေးဖြစ်ပွားသူတွေ ရှိနေပြီး အရင် တုပ်ကွေးတွေထက် ပိုပြင်းထန်တဲ့ ရောဂါလက္ခဏာပြကြတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ထားသူတွေ ရာသီတုပ်ကွေးကူးစက်တဲ့အခါ ရောဂါဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတယ်လို့လည်း ပြောကြပါတယ်။

#WhatIsHappeningInMyanmar #SeasonalFlu #voaburmese #ရာသီတုတ်ကွေး #စစ်ဘေးရှောင် #ဗွီအိုအေမြန်မာပိုင်း

=

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG