သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕ျပင္ လက္နက္ႀကီးက်၊ အမ်ဳိးသမီးတဦး ေသဆံုး၊ အမ်ဳိးသားတဦး ဒဏ္ရာရ


ကယားျပည္နယ္အတြင္းက စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္နယ္စပ္ မိုးၿဗဲၿမိဳ႕ျပင္က ေတာင္ယာခင္းတခုမွာ လက္နက္ႀကီးက်ရာမႈေၾကာင္း အမ်ဳိးသမီးတဦးေသဆံုးၿပီး အမ်ဳိးသားတဦး ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကားမွာလည္း တိုက္ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကို ထပ္မံတိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနတဲ့ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္နယ္စပ္ မိုးၿဗဲၿမိဳ႕ျပင္ဘက္ကို ဒီေန႔ ေအာက္တိုဘာ ၂၉ ရက္ေန႔မနက္အေစာပိုင္းက စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ေတာင္ယာခင္းတခုေပၚ လက္နက္ႀကီးက်ည္တခုက်ၿပီး အမ်ဳိးသမီးတေယာက္ေသဆံုးခဲ့ပါတယ္။ အမ်ဳိးသားတေယာက္လည္း ျပင္းျပင္းထန္ထန္ ဒဏ္ဒဏ္ရာ ရခဲ့တယ္လို႔ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔လည္း ၿခံထဲေတြေရာက္ေနတာေပါ့ေနာ္၊ အဲ့ဒါျဗဳန္းခနဲျဖစ္သြားတယ္။ ဒီရြာအျပင္ မိုးၿဗဲအထြက္ ဘက္ေနာ္။ အဲ့ဒါ မနက္ ၁၀ နာရီကတည္းက စပစ္တာေပါ့ေနာ္၊ အခုထိသူ ပစ္ေနတုန္းပဲေပါ့ေနာ္။ ဒီလက္နက္ႀကီးနဲ႔ေပါ့ေနာ္၊ ေဝးေဝးတခ်က္ ေဝးတခ်က္ ပစ္တာ။ မနက္ ဒီအရပ္သားထိတာ။ အမ်ဳိးသားတဦးက စိုးရိမ္ရအေျခအေနေပါ့။ ဒါေပမဲ့ အမ်ဳိးသမီးတဦးက ပြဲခ်င္းၿပီေသဆံုးသြားတာေပါ့ေနာ္။ အခုေလာေလာအေျခအေနက ဒီေလာက္ပဲ သိရေသးတယ္၊ ေနာက္ စစ္ေဘးေရွာင္အပိုင္းက ၿပီးခဲ့တဲ့ တေလာ ခိုလံႈတဲ့ေနရာမွာ အမ်ားအျပား သူတို႔ ထပ္ေရွာင္သြားတာေပါ့ေနာ္။”

စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့ေနရာနားမွာ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ မနက္ ၁၁ နာရီခြဲေလာက္မွာေတာ့ စစ္တပ္နဲ႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ေနတယ္လို႔ မိုးၿဗဲၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ ျပန္ၾကားေရးတာဝန္ခံတဦးက VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ မိုးၿဗဲရဲ႕ ၿမိဳ႕အထြက္နဲ႔ တမိုင္ေလာက္အကြာမွာ ၄၂၂ စစ္တပ္ရွိတယ္၊ အဲ့စစ္တပ္ကေနၿပီးေတာ့ ဒီမိုးၿဗဲကို ျဖတ္ၿပီးေတာ့ မိုးၿဗဲကို စစ္ေၾကာင္းထုိးဖို႔ သူတို႔ျပင္တယ္ေပါ့ေနာ။ ျပင္တယ္လို႔ က်ေနာ္တို႔ သတင္းရလို႔ က်ေနာ္တို႔ PDF ကင္းေထာက္လြတ္တယ္၊ အဲ့ဒီေနရာမွာ သူတို႔က ျပည္သူနဲ႔ PDF ကင္းေထာက္မွားၿပီးေတာ့ သူတို႔က ပစ္လိုက္တာ။ ျပည္သူထိသြားတာေပ့ါေနာ္၊ ျပည္သူကို ပစ္လိုက္တဲ့ အခ်ိန္မွာ က်ေနာ္လည္းရွိတယ္ခင္ဗ်၊ အဲ့ဒါကို က်ေနာ္ ျပည္သူကို ဆြဲထုတ္ဖို႔ ႀကိဳးစားရာမွာ သူတို႔က အဆက္မျပတ္ ပစ္ခတ္တဲ့အခါမွာ က်ေနာ္တို႔ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္တာေပ့ါခင္ဗ်။ အျပင္းအထန္ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ၿပီးေတာ့ လူနာလည္း ဆြဲလို႔ အဆင္မေျပတာနဲ႔ က်ေနာ္တို႔ ေနာက္ကို ဆုတ္တယ္၊ ဆုတ္ေတာ့ သူတို႔ လက္နက္ႀကီးနဲ႔ ဒီၿမိဳ႕အတြင္း လူေနရပ္ကြက္ေတြကို ဆက္တိုက္ပစ္လာတယ္ခင္ဗ်။

ေအာက္တုိဘာ ၂၄ ရက္ကေန႔ကလည္း မိုးၿဗဲၿမိဳ႕ျပင္ဘက္မွာ စစ္ေကာင္စီယာဥ္တန္းတခုကို ျပည္သူ႔ ကာကြယ္ေရး အဖဲြ႔ေတြက ၾကားျဖတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ခမရ ၄၂၂ တပ္ရင္းက မိုးၿဗဲၿမိဳ႕ေပၚ လူေနအိမ္ဘက္ကို လက္နက္ႀကီးနဲ႔ လွမ္းပစ္ခတ္တာေၾကာင့္ အမ်ဳိးသမီး ၁ ဦးေသဆံုးခဲ့ၿပီး အသက္ ၉ ႏွစ္နဲ႔ ၁၃ ႏွစ္အရြယ္ ကေလးငယ္ ႏွစ္ဦးအပါအဝင္ ျပည္သူ ၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သလို ေနအိမ္တခ်ဳိ႕ ပ်က္စီးခဲ့ပါတယ္။

ျပီးခဲ့တဲ့ ၃ ၊ ၄ ရက္အတြင္း မိုးၿဗဲၿမိဳ႕တဝိုက္မွာ တိုက္ပြဲေတြရပ္ေနတာေၾကာင့္ ေဘးလြတ္ရာ တိမ္းေရွာင္ေနတဲ့ ေဒသခံတခ်ဳိ႕က ၿမိဳ႕ဘက္ ျပန္လာၾကၿပီး ေျမပဲ၊ ေျပာင္းဖူး၊ စပါးေတြ ရိပ္သိမ္းေနၾကခ်ိန္ အခုလို လက္နက္ႀကီးေတြက်ခဲ့တာပါ။ ေတာင္ယာခင္းထဲမွာ ပိတ္မိတ္ေနတဲ့ ေဒသခံတခ်ဳိ႕ကိုလည္း ကယ္ထုတ္ေပးခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ခမရ ၄၂၂ တပ္ရင္းတပ္စြဲထားတဲ့ ေနရာဘက္ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာလို႔ ေဒသခံက VOA ကို ေျပာပါတယ္။

“တိုက္ပြဲျဖစ္လို႔ပဲေပါ့ ဒီအေစာပိုင္း ၁၀ နာရီဝန္းက်င္က လက္နက္ငယ္နဲ႔ပဲ ျဖစ္ခတ္ၾကတာေပါ့၊ မိုးၿဗဲၿမိဳ႕ အထြက္ဘက္မွာေပါ့ေနာ္။ ၿပီးေတာ့ လက္နက္ႀကီးနဲ႔ ျပန္ပစ္တာေပါ့ေနာ္။ အဲ့ဒီ ခမရ ၄၂၂ ေပါ့ေနာ္။ ခမရ ၄၂၂ ပစ္တယ္။ ေနာက္ ၄၂၂ ရဲ႕ အေနာက္ဘက္မွာ သူတို႔ေတာင္ကုန္းေပၚမွာ ေနရာယူထားတာရွိတယ္၊ အဲ့မွာလည္း ပစ္တယ္၊ ေနာက္အခုက အေရွ႕ေတာင္ဘက္ေလာက္က်မယ္။ ဒီကုန္သားဘက္ကေနလည္း

ပစ္ခတ္သံေတြ ၾကားတာေပ့ါေနာ္ ဒီလက္နက္ႀကီးနဲ႔ေပါ့ေနာ္ အဲ့ဒါ ကုန္သားဘက္လို႔ပဲ ခန္႔မွန္ယူလို႔ရတာေပါ့ေနာ္။”

ကယားျပည္နယ္ထဲက မိုးၿဗဲနဲ႔ကပ္ေနတဲ့ ဖယ္ခံုၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက အရပ္သားျပည္သူေတြရွိတဲ့ဘက္ေတြ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြ လုပ္တဲ့တြက္ ကသဲ႐ြာ၊ ေရႊျပည္ေအးရြာ စတဲ့ရြာေတြက ရြာလံုးကြ်တ္ ထြက္ေျပးတိမ္ေရွာင္ေနၾကရတာ အခုခ်ိန္ထိပဲလို႔ ေဒသခံတဦးက VOA ကို ေျပာပါတယ္။ ေဒသခံကာကြယ္ေရးတပ္ဖဲြ႔ေတြ လႈပ္ရွားေနတဲ့ ဖယ္ခံုၿမိဳ႕နယ္လက္မွာလည္း စစ္ေကာင္စီတပ္ေတြ အင္အားတုိးထားၿပီး ထိုးစစ္ဆင္ေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

မိုးဗြဲမြို့ပြင် လက်နက်ကြီးကျ၊ အမျိုးသမီးတဦး သေဆုံး၊ အမျိုးသားတဦး ဒဏ်ရာရ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ပြင်က တောင်ယာခင်းတခုမှာ လက်နက်ကြီးကျရာမှုကြောင်း အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ပြင်ဘက်ကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မနက်အစောပိုင်းက စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် တောင်ယာခင်းတခုပေါ် လက်နက်ကြီးကျည်တခုကျပြီး အမျိုးသမီးတယောက်သေဆုံးခဲ့ပါတယ်။ အမျိုးသားတယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့လည်း ခြံထဲတွေရောက်နေတာပေါ့နော်၊ အဲ့ဒါဗြုန်းခနဲဖြစ်သွားတယ်။ ဒီရွာအပြင် မိုးဗြဲအထွက် ဘက်နော်။ အဲ့ဒါ မနက် ၁၀ နာရီကတည်းက စပစ်တာပေါ့နော်၊ အခုထိသူ ပစ်နေတုန်းပဲပေါ့နော်။ ဒီလက်နက်ကြီးနဲ့ပေါ့နော်၊ ဝေးဝေးတချက် ဝေးတချက် ပစ်တာ။ မနက် ဒီအရပ်သားထိတာ။ အမျိုးသားတဦးက စိုးရိမ်ရအခြေအနေပေါ့။ ဒါပေမဲ့ အမျိုးသမီးတဦးက ပွဲချင်းပြီသေဆုံးသွားတာပေါ့နော်။ အခုလောလောအခြေအနေက ဒီလောက်ပဲ သိရသေးတယ်၊ နောက် စစ်ဘေးရှောင်အပိုင်းက ပြီးခဲ့တဲ့ တလော ခိုလှုံတဲ့နေရာမှာ အများအပြား သူတို့ ထပ်ရှောင်သွားတာပေါ့နော်။”

စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့နေရာနားမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေလည်း ရှိနေပါတယ်။ ဒါကြောင့် မနက် ၁၁ နာရီခွဲလောက်မှာတော့ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ မိုးဗြဲရဲ့ မြို့အထွက်နဲ့ တမိုင်လောက်အကွာမှာ ၄၂၂ စစ်တပ်ရှိတယ်၊ အဲ့စစ်တပ်ကနေပြီးတော့ ဒီမိုးဗြဲကို ဖြတ်ပြီးတော့ မိုးဗြဲကို စစ်ကြောင်းထိုးဖို့ သူတို့ပြင်တယ်ပေါ့နော။ ပြင်တယ်လို့ ကျနော်တို့ သတင်းရလို့ ကျနော်တို့ PDF ကင်းထောက်လွတ်တယ်၊ အဲ့ဒီနေရာမှာ သူတို့က ပြည်သူနဲ့ PDF ကင်းထောက်မှားပြီးတော့ သူတို့က ပစ်လိုက်တာ။ ပြည်သူထိသွားတာပေ့ါနော်၊ ပြည်သူကို ပစ်လိုက်တဲ့ အချိန်မှာ ကျနော်လည်းရှိတယ်ခင်ဗျ၊ အဲ့ဒါကို ကျနော် ပြည်သူကို ဆွဲထုတ်ဖို့ ကြိုးစားရာမှာ သူတို့က အဆက်မပြတ် ပစ်ခတ်တဲ့အခါမှာ ကျနော်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တာပေ့ါခင်ဗျ။ အပြင်းအထန် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီးတော့ လူနာလည်း ဆွဲလို့ အဆင်မပြေတာနဲ့ ကျနော်တို့ နောက်ကို ဆုတ်တယ်၊ ဆုတ်တော့ သူတို့ လက်နက်ကြီးနဲ့ ဒီမြို့အတွင်း လူနေရပ်ကွက်တွေကို ဆက်တိုက်ပစ်လာတယ်ခင်ဗျ။

အောက်တိုဘာ ၂၄ ရက်ကနေ့ကလည်း မိုးဗြဲမြို့ပြင်ဘက်မှာ စစ်ကောင်စီယာဉ်တန်းတခုကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ ၄၂၂ တပ်ရင်းက မိုးဗြဲမြို့ပေါ် လူနေအိမ်ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အသက် ၉ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ ၊ ၄ ရက်အတွင်း မိုးဗြဲမြို့တဝိုက်မှာ တိုက်ပွဲတွေရပ်နေတာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ဒေသခံတချို့က မြို့ဘက် ပြန်လာကြပြီး မြေပဲ၊ ပြောင်းဖူး၊ စပါးတွေ ရိပ်သိမ်းနေကြချိန် အခုလို လက်နက်ကြီးတွေကျခဲ့တာပါ။ တောင်ယာခင်းထဲမှာ ပိတ်မိတ်နေတဲ့ ဒေသခံတချို့ကိုလည်း ကယ်ထုတ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမရ ၄၂၂ တပ်ရင်းတပ်စွဲထားတဲ့ နေရာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံက VOA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့ပဲပေါ့ ဒီအစောပိုင်း ၁၀ နာရီဝန်းကျင်က လက်နက်ငယ်နဲ့ပဲ ဖြစ်ခတ်ကြတာပေါ့၊ မိုးဗြဲမြို့ အထွက်ဘက်မှာပေါ့နော်။ ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့နော်။ အဲ့ဒီ ခမရ ၄၂၂ ပေါ့နော်။ ခမရ ၄၂၂ ပစ်တယ်။ နောက် ၄၂၂ ရဲ့ အနောက်ဘက်မှာ သူတို့တောင်ကုန်းပေါ်မှာ နေရာယူထားတာရှိတယ်၊ အဲ့မှာလည်း ပစ်တယ်၊ နောက်အခုက အရှေ့တောင်ဘက်လောက်ကျမယ်။ ဒီကုန်သားဘက်ကနေလည်း

ပစ်ခတ်သံတွေ ကြားတာပေ့ါနော် ဒီလက်နက်ကြီးနဲ့ပေါ့နော် အဲ့ဒါ ကုန်သားဘက်လို့ပဲ ခန့်မှန်ယူလို့ရတာပေါ့နော်။”

ကယားပြည်နယ်ထဲက မိုးဗြဲနဲ့ကပ်နေတဲ့ ဖယ်ခုံမြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အရပ်သားပြည်သူတွေရှိတဲ့ဘက်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်တဲ့တွက် ကသဲရွာ၊ ရွှေပြည်အေးရွာ စတဲ့ရွာတွေက ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေကြရတာ အခုချိန်ထိပဲလို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ ဖယ်ခုံမြို့နယ်လက်မှာလည်း စစ်ကောင်စီတပ်တွေ အင်အားတိုးထားပြီး ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

#မိုးဗြဲ#အမျိုးသမီးတဦးသေ#လက်နက်ကြီး#ခမရ၄၂၂#ဗွီအိုအေ၊မြန်မာ#PDF#ရှမ်း#ကယား

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG