သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ပက္လက္ၿမိဳ႕တြင္းတိုက္ခိုက္မႈ ေထြ/အုပ္႐ုံးနဲ႔လဝက႐ုံး မီးေလာင္ပ်က္စီး


ကန္ပက္လက္ၿမိဳ႕ (ဓာတ္ပံု-CJ)

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕မွာ ကန္ပက္လက္ခ်င္းကာကြယ္ေရးအဖြဲ႔ CDF နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ပစ္ခတ္တိုက္ခိုက္ခဲ့ၾကရာမွာ ကန္ပက္လက္ၿမိဳ႕အစိုးရ႐ုံးတခ်ိဳ႕ မီးေလာင္ ပ်က္စီးခဲ့ပါတယ္။ ဒီအေၾကာင္းရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကန္ပက္လက္ၿမိဳ႕အတြင္း ကန္ပက္လက္ခ်င္းကာကြယ္ေရးအဖြဲ႔ CDF နဲ႔ စစ္ေကာင္စီတပ္တို႔ ဒီမနက္နဲ႔မေန႔ညပိုင္း ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာမွာ အစိုးရ႐ုံးတခ်ိဳ႕မီးေလာင္ပ်က္စီးခဲ့တာပါ။ မေန႔ညတိုက္ပြဲေၾကာင့္ မီးေလာင္ပ်က္စီးခဲ့တဲ့ အဲဒီ ႐ုံးေနရာကိုလာေရာက္ၾကည့္ရႈတဲ့ စစ္ေကာင္စီတပ္ကို ခ်င္းကာကြယ္ေရးအဖြဲ႔ CDF ကေနပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ခံတဦးကေျပာပါတယ္။

“ဒီေန႔မနက္က်ေတာ့ စစ္သားေတြက (၉) နာရီခြဲေလာက္က ဆင္းလာတဲ့အခါမွာ ကန္ပက္လက္အေရွ႕ဘက္ကေန ဘုန္းႀကီး ေက်ာင္းအနားေပါ့။ အဲဒီအနားေလာက္မွာ စၿပီးမွ ေသနတ္ေတြပစ္ခတ္ၾကတယ္။ ပစ္ေနၾကတယ္တဲ့။ ေသတဲ့သူကေတာ့မသိရဘူး။ "

မေန႔ညပိုင္းမွာ ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္မႈအတြင္း အစိုးရအေထြေထြအုပ္ခ်ဳပ္ေရး႐ုံးနဲ႔ လူဝင္မႈႀကီးၾကပ္ေရး႐ုံး မီးေလာင္ကြၽမ္းခဲ့တယ္လို႔CDF ေခါင္းေဆာင္တဦးကေျပာပါတယ္။

“မေန႔ည (၁၀) နာရီမွာ အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ေထြအုပ္႐ုံးနဲ႔ လဝက႐ုံးက မီးေလာင္တယ္။ အကုန္လုံးေလာင္တယ္။ ဘာမွမက်န္ဘူး။ တိုင္ေတြဘာေတြ ဘာမွလည္းမရွိေတာ့ဘူး။ ပထမ (၈) နာရီေလာက္မွာေတာ့ ေတာ္ေတာ္ေလးပစ္ၾကတယ္။"

မေန႔က ကန္ပက္လက္ခ်င္းကာကြယ္ေရးအဖြဲ႔ CDF တပ္စခန္းတခုကို စစ္ေကာင္စီတပ္ကေန မီးရႈိ႕ခဲ့လို႔ အခုလိုအစိုးရ႐ုံးေတြကို တန္ျပန္မီးရႈိ႕တာလို႔ယူဆေၾကာင္း ၿမိဳ႕ခံတဦးကေျပာပါတယ္။

“CDF စခန္းတခုကို စစ္တပ္ကမီးရႈိ႕လိုက္တယ္တဲ့။အထက္လက္ေမာ္နားမွာလို႔ ေျပာတယ္။ အဲဒါ မီးရႈိ႕လိုက္တာနဲ႔ ညက်ေတာ့ ကန္ပက္လက္ကေကာင္စီ႐ုံးနဲ႔ လဝက႐ုံးကိုမီးရႈိ႕ၾကတယ္။ အဲဒါကေတာ့လူငယ္ေတြရဲ႕လက္ခ်က္လို႔ အဓိကေတာ့။ ရမ္းသန္းၿပီးေတာ့ ေသနတ္ေတြပစ္တဲ့အခါက်ေတာ့ ၿမိဳ႕ထဲေတြမွာလက္နက္ႀကီးေတြက်ည္ဆံေတြက်တယ္။"

ဒီကေန႔ျဖစ္တဲ့တိုက္ပြဲအတြင္းၿမိဳ႕ခံတခ်ိဳ႕ ေနရပ္ကေန တိမ္းေရွာင္ေနရတာလည္းရွိေနပါတယ္။ ကန္ပက္လက္ၿမိဳ႕ဘက္ တိုက္ပြဲအေျခအေနနဲ႔ပက္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ကန္ပက္လက္ၿမိဳ႕မွာ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ေမလလယ္ က စၿပီး ပစ္ခတ္တိုက္ခိုက္မႈ ေတြရွိလာေနခဲ့တာပါ။ ေမလကေန ဒီကေန႔အထိတိုက္ပြဲျဖစ္ပြားမႈအႀကိမ္ (၃၀) ရွိေနၿပီး ႏွစ္ဘက္ထိခိုက္မႈေတြရွိေနတယ္လို႔ CDF ေခါင္းေဆာင္တဦးကေျပာပါတယ္။ ဒီလိုတိုက္ပြဲေတြေၾကာင့္ၿမိဳ႕ခံျပည္သူ(၆၀၀)ေက်ာ္ဟာ ခါ႐ိုင္းဒုကၡသည္စခန္း ေအာင္ရင္းဒုကၡသည္စခန္းနဲ႔ မေကြးတိုင္း ေဆာၿမိဳ႕နယ္ေတြဘက္မွာတိမ္းေရွာင္ေနရပါတယ္။

ခ်င္းျပည္နယ္မွာဆိုရင္ မင္းတပ္၊ ကန္ပက္လက္၊ ဟားခါး၊ ထန္တလန္၊ မတူပီ၊ ဖလမ္းစတဲ့ၿမိဳ႕နယ္က ေဒသခံ ကာကြယ္ ေရးတပ္ဖြဲ႔ေတြနဲ႔စစ္ေကာင္စီတပ္ဖြဲ႔ေတြအၾကား တိုက္ပြဲေတြျဖစ္ ပြါးေနတာပါ။

ျမန္မာစစ္တပ္ကေန ႏိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကန႔္ကြက္ ဆႏၵျပမႈေတြျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း အၾကမ္းဖက္ႏွိမ္နင္းခံရတဲ့ေနာက္မွာေတာ့ စစ္ေကာင္စီတပ္ကို ဆန႔္က်င္ေတာ္လွန္မႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


================

{{Unicode}}

ကန်ပက်လက်မြို့တွင်းတိုက်ခိုက်မှု ထွေ/အုပ်ရုံးနဲ့လဝကရုံး မီးလောင်ပျက်စီး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာမှာ ကန်ပက်လက်မြို့အစိုးရရုံးတချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကန်ပက်လက်မြို့အတွင်း ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ ဒီမနက်နဲ့မနေ့ညပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ အစိုးရရုံးတချို့မီးလောင်ပျက်စီးခဲ့တာပါ။ မနေ့ညတိုက်ပွဲကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ အဲဒီ ရုံးနေရာကိုလာရောက်ကြည့်ရှုတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးအဖွဲ့ CDF ကနေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ဒီနေ့မနက်ကျတော့ စစ်သားတွေက (၉) နာရီခွဲလောက်က ဆင်းလာတဲ့အခါမှာ ကန်ပက်လက်အရှေ့ဘက်ကနေ ဘုန်းကြီး ကျောင်းအနားပေါ့။ အဲဒီအနားလောက်မှာ စပြီးမှ သေနတ်တွေပစ်ခတ်ကြတယ်။ ပစ်နေကြတယ်တဲ့။ သေတဲ့သူကတော့မသိရဘူး။ "

မနေ့ညပိုင်းမှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အစိုးရအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး မီးလောင်ကျွမ်းခဲ့တယ်လို့CDF ခေါင်းဆောင်တဦးကပြောပါတယ်။

“မနေ့ည (၁၀) နာရီမှာ အုပ်ချုပ်ရေးမှူးရုံး၊ ထွေအုပ်ရုံးနဲ့ လဝကရုံးက မီးလောင်တယ်။ အကုန်လုံးလောင်တယ်။ ဘာမှမကျန်ဘူး။ တိုင်တွေဘာတွေ ဘာမှလည်းမရှိတော့ဘူး။ ပထမ (၈) နာရီလောက်မှာတော့ တော်တော်လေးပစ်ကြတယ်။"

မနေ့က ကန်ပက်လက်ချင်းကာကွယ်ရေးအဖွဲ့ CDF တပ်စခန်းတခုကို စစ်ကောင်စီတပ်ကနေ မီးရှို့ခဲ့လို့ အခုလိုအစိုးရရုံးတွေကို တန်ပြန်မီးရှို့တာလို့ယူဆကြောင်း မြို့ခံတဦးကပြောပါတယ်။

“CDF စခန်းတခုကို စစ်တပ်ကမီးရှို့လိုက်တယ်တဲ့။အထက်လက်မော်နားမှာလို့ ပြောတယ်။ အဲဒါ မီးရှို့လိုက်တာနဲ့ ညကျတော့ ကန်ပက်လက်ကကောင်စီရုံးနဲ့ လဝကရုံးကိုမီးရှို့ကြတယ်။ အဲဒါကတော့လူငယ်တွေရဲ့လက်ချက်လို့ အဓိကတော့။ ရမ်းသန်းပြီးတော့ သေနတ်တွေပစ်တဲ့အခါကျတော့ မြို့ထဲတွေမှာလက်နက်ကြီးတွေကျည်ဆံတွေကျတယ်။"

ဒီကနေ့ဖြစ်တဲ့တိုက်ပွဲအတွင်းမြို့ခံတချို့ နေရပ်ကနေ တိမ်းရှောင်နေရတာလည်းရှိနေပါတယ်။ ကန်ပက်လက်မြို့ဘက် တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား မေလလယ် က စပြီး ပစ်ခတ်တိုက်ခိုက်မှု တွေရှိလာနေခဲ့တာပါ။ မေလကနေ ဒီကနေ့အထိတိုက်ပွဲဖြစ်ပွားမှုအကြိမ် (၃၀) ရှိနေပြီး နှစ်ဘက်ထိခိုက်မှုတွေရှိနေတယ်လို့ CDF ခေါင်းဆောင်တဦးကပြောပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့်မြို့ခံပြည်သူ(၆၀၀)ကျော်ဟာ ခါရိုင်းဒုက္ခသည်စခန်း အောင်ရင်းဒုက္ခသည်စခန်းနဲ့ မကွေးတိုင်း ဆောမြို့နယ်တွေဘက်မှာတိမ်းရှောင်နေရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ဖလမ်းစတဲ့မြို့နယ်က ဒေသခံ ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ် ပွါးနေတာပါ။

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းခံရတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #ChinFighting #VOABurmese

#CDF#ကန်ပက်လက်#ထွေအုပ်ရုံးနဲ့လဝကရုံး#ဗွီအိုအေ

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG